Monday, November 8, 2010

မြ၀တီမြို့မှာ ပိတ်မိနေသော ဒုက္ဒသည်များ ကိုမိုးသီး နှင့် ရဲဘော်များ ကယ်ထုတ်


ယနေ့ နံနက်မှာ စပြီ ဒီကေဘီအေနှင့် နအဖ တပ်များ မြ၀တီမြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပါသည်။
ကျနော် ဒုက္ခသည်များကိုထားတဲ့ယာယီ စခန်းကိုရောက်တော့ လူတွေက ပြောတာက အများစု မြ၀တီမြို့ထဲ ဆက်လက် ပိတ်မိနေတုံးပြောပါသည်။ တချို့မထွက်ရဲပဲ အိမ်အောက်များ၊ တောစပ်များတွင် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ ညမိုးချုပ်သွားရင် တိုက်ပွဲပိုပြင်းလာနိင်ပါတယ်။

ဒါကြောင့် ကျနော်၊ ကိုရင်ထွေး၊ ကိုကိုအောင်နဲ့ ကိုပါကြီးတို့ မြစ်ကမ်းစပ်ကို စွန့်စားသွားကြည့်ခဲ့ကြတယ်။ လူတွေ ဟိုတဖက်ကမ်းမှာ ခြုံစပ်တွေမှာ ပုန်းအောင်းနေတယ်။ ပစ်ခတ်သံများကြောင့် မထွက်ရဲကြပါ။ ကျနော်တို့ လက်ပြပြီး လာဖို့ ခေါ်ခဲ့ကြသောလည်း သူတို့ ကြောက်နေကြပါတယ်။

တချို့ကြောက်ကြောက်နဲ့ ချောင်းကို ဖြတ်ပြီးကူးလာတယ်။ အလယ်ကောင်မှာ သောင်လေး ထွန်းနေပါတယ်.။

ရေသိပ်မများသောလည်း ဟိုဖက်ကမ်းနှင့် ဒီဖက်ကမ်း ကိုက် ၂၀၀ခန့် ကျယ်ပါတယ်။ ဘုရားလေးတခုကို မြင်နေရတယ်။ ဘုရား အောက်ခြေမှာ လက်နက်ကိုင်များကို တွေ့တယ်။ ဒီကေဘီအေလား နအဖ လား ကျနော်တို့ မခွဲနိင်ပါ။

နောက်တော့ ဒုက္ခသည်တချို့ ဒီဖက်ကမ်းကို ကူးလာတယ်။ ကျနော်တို့ သွားကူခဲ့ကြပါတယ်။
ပစ်ခတ်မှုများကြောင့် ကြားညပ်နေကြတုန်း ဖြစ်သည်ဟု ထွက်ပြေးလာသော ဒုက္ခသည်များက ဆိုပါသည်။ ထွက်ပြေးလာသော ဒုက္ခသည်များမှာ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုများ က အများစုဖြစ်နေသည်ကို ထူးခြားစွာတွေ့ရပါသည်။ သူတို့ ဖြတ်သန်း နေစဉ် ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အတွက် အဖိုးအိုတဦး ကျွန်းအလယ်ကောင်မှာ ကျခဲ့တယ်လို့  ဆိုပါတယ်။

သူကို ကျနော်တို့ သွားရောက်သယ်ယူပြီး ထိုင်းဖက်ကမ်းကို သယ်လာနိင်ခဲ့တယ်။ အမယ်အိုကြီးများမှာ ငိုယိုပြီး ထွက်ပြေးလာတယ်။ မောနေကြတယ်။ သူတို့ ဘာမှ သယ်မလာနိင်ပါ။ အများစုက အ၀တ်တထည် ကိုယ်တခု ဖြစ်ကြပါတယ်။


source by : http://komoethee.blogspot.com