Sunday, October 11, 2009

ပိတ်ဆို့မှု ပယ်သင့် မပယ်သင့် မဆုံးဖြတ်ရသေး

ပိတ်ဆို့မှု ပယ်သင့် မပယ်သင့် မဆုံးဖြတ်ရသေး

2009-10-11 ( RFA )

မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီိးပွားရေး အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်သင့် မသင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒရေးရာ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးက အောက်တိုဘာလ ၁ဝ ရက်နေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖို့အတွက် အနောက်တိုင်းသံတမန်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံခွင့်ရချိန်မှာ တိုက်တွန်းမယ် မတိုက်တွန်းဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ ဗြိတိန် သံအမတ်ကြီး Andrew Heyn က သတင်းထောက်တွေကို ဘန်ကောက်မြို့မှာ ပြောကြားပါတယ်။

ဒါပေမယ့် အရေးယူပိတ်ဆို့တဲ့ မူဝါဒကို ပယ်သင့်မသင့် အနောက်နိုင်ငံတွေက ထားရှိတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတယ်လို့ ဆိုပါတယ်။ ဒီလို မေးမြန်းတဲ့အခါ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ရှိနေတဲ့ကိစ္စ၊ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကိစ္စ၊ တိုင်းရင်းသား လူနည်းစုတွေကို ကိုင်တွယ်ဆက်ဆံနေတဲ့ ကိစ္စတွေဘက် ဆွေးနွေးဖို့ ဦးတည်သွားတယ်လို့ ဗြိတိသျှ သံအမတ်ကြီးက ပြောပါတယ်။

အချက်အလက်ရှာတဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အတော့်ကို ရှင်းလင်း ပြတ်သားပြီး အရေးယူပိတ်ဆို့တာနဲ့ ပတ်သက်လို့တော့ မူဝါဒ မချမှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။