Thursday, September 30, 2010

ရခိုင်ဆရာတော်ကို ချက်ချင်းလွှတ်ဖို့ သံဃာ့တပ်ပေါင်းစု တောင်းဆို

RFA | ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရကျောင်းတိုက်က သက်တော် ၅၇၊ ဝါတော် ၃၇ ဝါရှိတဲ့ ဆရာတော် ဦးပညာစာရကို စစ်အစိုးရ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ဖမ်းဆီး လူဝတ်လဲပြီး၊ စက်တင်ဘာ ၂၉ ရက် မနေ့က ထောင်ဒဏ် ၈ နှစ်နဲ့ ၃လအပြင် ဒဏ်ငွေ ၁ သောင်းပါ ချမှတ်လိုက်ပါတယ်။

သမိုင်းသုတေသီ ဆရာတော်ကို ထောင်ချလိုက်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာ သံဃာ့အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုရဲ့ ပြောခွင့်ရဆရာတော် ဦးဓမ္မသီရိက ရခိုင်သမိုင်းသုတေသီ ဆရာတော်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက် ပါတယ်။

ဆရာတော် ဦးပညာစာရနဲ့အတူ တကျောင်းတည်း သီတင်းသုံး နေထိုင်ခဲ့ဖူးတဲ့ ပြည်ပအခြေစိုက် အကြီးဆုံး မြန်မာသံဃာ့အဖွဲ့အစည်း ဖြစ်တဲ့ သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ရဲ့ အတွင်းရေးမှူး အမေရိကန် ကိုလံဘီယာတက္ကသိုလ်က ရခိုင်အမျိုးသား သမိုင်းပါမောက္ခ ဒေါက်တာ နာယကကို RFA မှ ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
Photobucket

source by : http://www.rfa.org