Wednesday, September 29, 2010

နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ဆေးဝါးဘုရင်သစ်များ အဖြစ် ပေါ်လာနေသည်

သျှမ်းသံတော်ဆင့်|ရှမ်းပြည်ရှိ နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်းတွင် အဓိက လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ရှမ်းသတင်းဌာန လေ့လာတွေ့ ရှိချက် အသစ်က ဆိုသည်။

ယနေ့ထုတ်ဝေသော ရှမ်းမူးယစ်ဆေးဝါးစောင့်ကြည့်ရေး စာစောင်တွင် မြန်မာစစ် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်မှာ သတ်မှတ်ထားသည့်အချိန်အတိုင်း မဖြစ်ဘဲ များစွာ နောက်ကျနေကြောင်း၊ ရှမ်းပြည်တွင် ၅၅ မြို့နယ်ရှိရာ ၄၆ မြို့နယ်တွင် ဘိန်းများဆက်လက်စိုက်ပျိုးနေဆဲ ဖြစ်သည်ဟုဆိုသည်။ ဒေသခံများက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု မလုပ်လာနိုင်ရန်အတွက် မြန်မာစစ်တပ်က ဘိန်းခွန်များ ကောက်ယူကာ၊ ဒေသခံပြည်သူ့စစ် တို့ကို စိတ်ကြွဆေးများ အပါအ၀င်ဘိန်းကုန်ကူး ခွင့်ပေး ထားသည်။

ယခင်က တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့များသည် အခွင့်ထူးခံများ အဖြစ်ဖြင့် ရှမ်းပြည်နယ် တ၀ှမ်းမူးယစ်ဆေး အဓိက ထုတ်လုပ်သူများ ဖြစ်ခဲ့သည်။ ယခုအခါတွင်မှု နအဖစစ် အစိုးရ၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်ကိုငြင်းဆန် သော ၀သပ အဖွဲ့အပါအ၀င် အပစ်ရပ်ရေးအဖွဲ့တို့သည် စစ်အစိုးရ၏ ကန့်သတ် ချုပ်ချယ်မှုနှင့် ဖိအားများပေးမှုများကို ခံနေကြရသည်။

“၀တွေရဲ့ လေဟာနယ်မှာ နအဖ ပြည်သူ့စစ်တွေက နေရာဝင်ယူပြီး ထိုင်း-မြန်မာနယ်ခြားတလျှောက်မှာ ဘိန်းချက်စက်ရုံ အသစ်တွေတည်ကြတယ်။ ဒါတွေက နိုင်ငံရေးအရ အညံ့ခံလို့ နအဖက ပေးတဲ့ ဆုလာဘ်တွေပေါ့။ ဟုရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ ခင်းဆိုင်ကျိုင်ရင်က ရှင်းပြတယ်။

ယခင်က မသိသေးသော မူးယစ်ဆေးဝါးကုန်ကူးသူများနှင့် ဒေသများသည် တိုးပွါး လာပြီး ပြည်သူ့စစ်များရှိရာ ဒေသ၊ ပြည်သူ့စစ်ခေါင်းဆောင်တို့၏ ဘိန်းချက်စက်ရုံများ၊ နေရာ၊ သူတို့နှင့် နီးစပ်သည့် နအဖစစ်အရာရှိ တို့ရှိရာကို မြေပုံတွင် ဖေါ်ပြထားသည်။ ရှမ်းပြည်မြောက်ပိုင်း တခုတည်းတွင် ပြည်သူ့စစ် အဖွဲ့မျိုးစုံ ၄၀၀ ခန့် ရှိသည်။

ဘိန်းစိုက်ပျိုးမှုတွေ တိုးလာသော်လည်း လွန်ခဲ့သည့် ၂၀၀၉ -၂၀၁၀ ဘိန်းရာသီတွင် ရာသီဥတု ပြောင်းလဲပြီး ထူးထူးခြားခြား ခြောက်သွေ့သောကြောင့် ဘိန်းထွက်မှု ကျဆင်းခဲ့ရသည်။

ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးစီမံကိန်းကို သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဆောင်ရွက် လျက်ရှိသည်။ ၎င်းမှ ရှမ်းပြည်အတွင်း မူးယစ်ဆေးဝါး အခြေအနေနှင့် ပတ်သက်၍ အချိန်အခါအလိုက် အစီရင်ခံစာများ၊နှစ်ပတ်လည်စာစောင် များ ထုတ်ဝေသည်။

အပြည့်အစုံကို ၂၀၁၀ အောက်တိုဘာလထုတ် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး စာစောင်တွင် ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန် -
Khuensai Jaiyen (tel) 081 531 2837
Saengchuen Soikhamhuang (tel) 081 111 9071

Email: Shan@cm.ksc.co.th This e-mail address is being protected from spambots. You need JavaScript enabled to view it (until 30 September)
shan@ksc.th.com This e-mail address is being protected from spambots. You need JavaScript enabled to view it (beginning 1 October)

source by : http://www.mongloi.org