MTN | ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အလော်စတားနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) လွတ်မြောက်နယ်မြေ (မလေးရှား) မှဦးစီးကာ (၂၇-၉-၂၀၁၀)နေ့တွင် ဓမ္မိကာရာမ ဘုန်တော်ကြီးကျောင်း (ပီနန်း) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

နေ့လည်ပိုင်းတွင် အခမ်းအနားအစီအစဉ် များစွာဖြင့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဝမ်းနည်ခြင်း ပွဲကို စည်ကားစွာကျင်းပခဲ့ကြပါသည်။ပထမဆုံး နံပါတ်(၁) အစီအစဉ်အရ ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးခဲ့ကြသူများ အတွက် ဝမ်းနည်းခြင်း အနေဖြင့် တမိနစ် ငြိမ်သတ်စွာရပ်၍ အခမ်းအနားကို စတင်ဖွင့် လစ်ခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော သံဃာတော် အရှင်သူမြတ်များမှ သြဝါဒ များချီးမြင့်ခြင်း၊ တက်ရောက်လာသော အဖွဲ့အစည်း တချို့ မှခေါင်းဆောင်များ မှ မိမိတို့ ခံစားချက်များ၊ အမှတ်တရ ဖြစ်စဉ်များကို ပြောကြားခဲ့ကြပါသည်။ အခမ်းအနားကို နေ့လည်(၁) နာရီမှ ညနေ ၃နာရီအထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ဖြစ်မြောက်အောင်ကျင်းပ ပြုလုပ်ခဲ့ကြသော လူငယ်အဖွဲ့များ၊ တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်များ အားလုံး ၊အားလုံးတို့၏ ရင်တွင်း၌ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ ဘာသာ သာသနာကို စော်ကားခဲ့ကြသော မင်းဆိုး မင်းညစ်နှင့် နောက်လိုက်နောက်ပါများအား အသည်းထဲမှ နာကျည်း နေကြမည်ဖြစ်သလို ၊ အမျိုးဘာသာ ၊ သာသနာအတွက် အသက်စွန့်ကာ တာဝန်ကျေ ကျဆုံးခဲ့ကြသော အာဇာနည် ရဟန်းတော်များနှင့် အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ယခုလို ကမ္ဘာကျော် သမိုင်းတွင်သည့် ရွှေဝါရောင်တော်လှန်ရေး နေ့ကိုရောက်ရှိတိုင်း အစဉ်ထာဝရ ဝမ်းနည်စွာ သတိယရှိနေကြမည်မှာ မလွဲဧကန် ဖြစ်မည်ဟု ယုံကြည်ပါမိသည်။
သတင်း- MTN
ဓါတ်ပုံ- CO2
အင်တာနက် အခက်အခဲကြောင့် သတင်း နောက်ကျသွားခဲ့သည်ကို လုပ်ဖော်ကိုင်ဖက် ညီကို နောင်တော်များ နားလည်းခွင့်လွှတ် ပေးကြပါရန်။