Thursday, September 9, 2010

ပြည်တွင်းက သူတွေကို သတိပေး ပေးကြပါ

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူး လုံခြုံရေးအဖွဲ့) မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ် များအား လာရောက် ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင် တစ်ဦးမှ ဆက်သွယ် ပြောဆို လာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီး ဝန်ထမ်းတွေပဲ ဆိုပြီး သိပ်ပြီး ဂရုမစိုက်ကြတဲ့အတွက် အန္တရာယ်များကြောင်း ... စအဖ မှ အင်တာနက် ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော် များများမှာ ထည့်ထားကြောင်း.. ယခု ရက်ပိုင်း အတွင်း လာရောက် ထည့်သွင်းထားတာ ဖြစ်ကြောင်း... ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက် ဖြန့်ဝေ ပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေ ပေးကြပါရန်....