Saturday, February 27, 2010

မင်္ဂလာ သတင်းနဲ့ မုဒိတာ


သတ္တမနည်းပညာ ရပ်ဝန်းနှင့် မြန်မာဘာလောဂ်ဂါ ပရက်စ်တို့ စုစည်း စီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအသင်း R.S.F မှ ပေးအပ် ချီးမြင့်သော ၂၀၀၉ ခုနှစ်အတွက် “အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနဲ့စာပေဆု” ကို စည်းလုံးခြင်းရဲ့ အင်အား စတင်တည်ထောင်သူ ကိုဖိုးတရုတ်အား ပေးအပ်ချီးမြင့်ခြင်း ခံရကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျား။

ဒီဆုကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသော B.M.A (မြန်မာ့သတင်းသမဂ္ဂ) ညီလာခံတွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

ယခုလို အောင်မြင်မှု ရရှိအောင် ပံ့ပိုးကူညီ ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပမှ ဆောင်းပါးရှင်များနဲ့ မိတ်ဆွေ သင်္ဂဟများ၊ စစ်ဖက်နီးစပ်သူများ၊ ဒီမိုကရေစီ လိုလားသော တပ်မတော်အရာရှိများ၊ အားပေးဖတ်ရှုကြသော စာဖတ်ပရိသတ်များ၊ နည်းပညာဖြင့် ၀ိုင်းဝန်း ဆောင်ရွက် ပေးခဲ့ကြသူများ နဲ့ အတူ ၈၈ ရဲ့ နော်မန် မှ လှိုက်လှဲစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါတယ် ခင်ဗျား။