Thursday, February 25, 2010

မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း မစ္စတာ ကင်တားနား က ရဲချုပ်ခင်ရီ ကို သတိပေးခဲ့


2010-02-24 ( RFA )


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက သူမကြာခင်က သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာပြည်သူတွေဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကန့်သတ် ပိတ်ပင်ခံထားရဆဲ ဖြစ်တာ တွေ့ရတဲ့အတွက် နိုင်ငံတကာ အတွေ့အကြုံအရ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း စစ်အစိုးရ ရဲချုပ် ခင်ရီ ကို သတိပေးခဲ့တယ်လို့ ပြောပါတယ်၊၊

သတင်းစာရှင်းလင်းပွဲ တခုတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ စကားပြောကြားနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါ့ပြင် စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်စွာ အမြင်ထုတ်ဖော် ပြောဆိုခွင့် မရှိဘူးဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အများက လက်ခံယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်၊၊

သူ့ အနေနဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို အပြီးသတ် ရေးသားနေဆဲ ဖြစ်ပြီး လာမယ့် မတ်လ ၁၅ ရက်နေ့ ဂျီနီဗာမြို့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြတဲ့အခါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်၊၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ် မေးမြန်းထားပါတယ်၊၊

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်ရန် ဒီမှာ ပါ ခင်ဗျား ...။


source by : http://www.rfa.org