Friday, June 4, 2010

EU ၏ရပ်တည်ချက်တွေ ပြောင်းလည်းတော့မှာလား

တိုကျို - ဂျပန် | ဇွန်လ ၃ ရက်နေ့ မနေ့က NLD - LA (Japan)၊ Burma Office (Japan), ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကခေါင်းဆောင် တွေနဲ့ EU (European Union) က အထူးကိုယ် စားလှယ် (EU Special Envoy) မစ္စတာ ပီယဲရိုး ဖတ်စီနို (Mr. Piero Fassino) ဦးဆောင်တဲ့ ၇ ဦး အဖွဲ့နဲ့တွေ့ဆုံ ပြီး မြန်မာ့ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။


ဒေါက်တာဦးမင်းညို နဲ့ ဦးသောင်းမြင့်ဦး တို့ပါဝင် တဲ့ မြန်မာဖက်ကခေါင်းဆောင်တွေ က အခု စစ်အစိုးရ စီစဉ်နေတဲ့ ရွေးကောက် ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံဆွေးနွေးမှု (Unconditional Dialogue) လုပ်ဖို့ အတွက် မြန်မာစစ် အစိုးရ ကို ဖိအားပေး တိုက်တွန်းပေး ဖို့ အဓိကထား ဆွေးနွေးကြ ပါတယ်။

ဒါပေမယ့် မစ္စတာ ဖတ်စီနို က စစ် အစိုးရရဲ့ ရွေးကောက်ပွဲ ကို လက်ခံဖို့ပဲ တိုက်တွန်းဆွေး နွေးသွားတယ် လို့ သိရပါတယ်။ NLD - LA (Japan) နဲ့ ခေါင်းဆောင်တွေ က စစ်အစိုးရ ရွေးကောက်ပွဲ ကိုဆန့်ကျင်သွားမှာ ဖြစ် ပြီး NLD ဗဟိုရဲ့ ရပ်တည် ချက် အတိုင်း၊ မြန်မာတိုင်းရင်းသားပြည်သူတို့ရဲ့ ဆန္ဒကိုထင်ဟတ်နိုင်မယ့် မိမိတို့ရဲ့ သဘောထားကို ထင်သာ မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မစ္စတာဖတ်စီနို တို့ အဖွဲ့ဟာ ဂျပန်က အပြန်မှာ တရုတ်နိုင်ငံကို ၀င်ကြဦး မှာဖြစ်ပြီး ရွေးကောက်ပွဲ ကိစ္စ ကိုပဲ တရုတ်အစိုးရနဲ့ ဆက်လက်ဆွေးနွေး ဖွယ်ရာရှိတယ်လို့သိရပါတယ်။ တကယ်တော့ မစ္စတာ ဖတ်စီနိုဟာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ တရားမျှတမှု မရှိတာလဲ သိတယ်လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကိုလဲ တစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူးလို့လည်း သိရပါတယ်။

ကုလသမဂ္ဂ အထူးသံ ဂမ်ဘာရီ နဲ့ ဥရောပ အထူးသံ ဖတ်စီနို တို့ကြောင့် မြန်မာ့အရေး ဟာ ပိုမို တိုးတက် မလာတဲ့ အပြင် ပိုမဆိုး လာအောင်ပဲ ဆုတောင်းရတော့မလို ဖြစ်နေပြီလို့ မြန့်မာ့ အရေးစောင့်ကြည့်သူ များက မချင့်မရဲပြောဆိုနေ ကြပါတယ်။

ဘာသာပြန် ပေးပို့ပေးတဲ့ ၀၀၉ အား ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်များဘလောက်မှာ မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်ခင်ဗျာ။

အပြည့်အစုံ ဖတ်ရန် ...

Friday, May 28, 2010

ကဗျာဆရာ ကိုစောဝေ ပြန်လည်လွတ်မြောက်

မျိုးချစ်သူ |ဖေဖော်ဝါရီဆယ့်လေး ကဗျာကို ရေးသားသူ ကိုစောဝေသည် ယနေ့ နံနက်ပိုင်းတွင် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။

“မနက်က လွတ်လာတာ၊ သူက ဖုန်းဆက်ပါတယ်။ အိမ်ကို မရောက်သေးဘူး၊ လာနေပြီလို့ ပြောတယ်” ဟု ဇနီး မနန်းစန်းစန်းအေး က ပြောသည်။

ကိုစောဝေသည် ၎င်းရေးသားသည့် ဖေဖော်ဝါရီဆယ့်လေး ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ဖော်ပြခံခဲ့ရပြီးနောက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခြင်းခံခဲ့ရကာ စုစုပေါင်း (၂၈) လခန့် နေခဲ့ရကြောင်း သိရသည်။

ယင်းကဗျာမှာ စာပေစိစစ်ရေးမှ ခွင့်ပြုပြီး ကဗျာဖြစ်သော်လည်း စစ်အာဏာရှင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေအား သွယ်ဝိုက်ပြီး ထိခိုက်သည်ဟူသော ထင်မြင်မှုများကြောင့် လွန်ခဲ့သည့် (၂) နှစ်ခန့်က ထောင်ဒဏ် (၂) နှစ် အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

နအဖစစ်အာဏာပိုင်များက ကဗျာပါ အကြောင်းအရာနှင့်ပတ်သက်၍ အများပြည်သူ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည်ဟူသော ပြစ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ကိုစောဝေ ပြန်လွတ်လာပြီဆိုတော့ ကျနော်တို့လည်း ပျော်တာပေါ့။ ကဗျာဆရာတယောက်က လူသားတွေ အားလုံးအတွက် ရသနဲ့ အလုပ်အကျွေး ပြုနိုင်ပါတယ်။ သူက စိတ်ကူးကောင်းသူ တယောက်ပါ။ သူ ပြန်လွတ်လာတယ်ဆိုရင် သူ ကဗျာတွေ ဆက်ရေးနိုင်ပြီပေါ့” ဟု ရန်ကုန်မှ ကဗျာဆရာတဦးက ပြောသည်။

ကိုစောဝေသည် ရန်ကုန် ရွှေဂုံတိုင်လမ်းမကြီးတွင် အဓိပတိမြန်မာထမင်းဆိုင်ကို ဖွင့်လှစ် ရောင်းချနေသူလည်း ဖြစ်သည်။ ထို့အပြင် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူဖြစ်ကာ HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ကလေးများ ရန်ပုံငွေ ရှာဖွေရေးအတွက် အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့သူဖြစ်သည်။

ကိုစောဝေ၏ မျက်စိမှာ တိမ်စွဲနေသည့်အတွက် ရန်ကုန်သို့ရောက်ရှိပါက မျက်စိကို အရင်ဆုံး ကုသ မည်ဖြစ်ကြောင်း ၎င်း၏ ဇနီးက ပြောသည်။

ပြည်တွင်းသတင်းမီဒီယာများကလည်း ကိုစောဝေ လွတ်လာသည်ကို သတင်းရယူရန် စောင့်ဆိုင်းနေကြကြောင်း ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀ိုင်းက သိရသည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Wednesday, May 26, 2010

ငြိမ်းချမ်းရေးအောင်ပွဲနေ့

27.05

အပြည့်အစုံ ဖတ်ရန် ...

Saturday, May 22, 2010

သခင်စိုးမြင့် ၏ နာရေး သတင်းဓါတ်ပုံများ

(001) | ရန်ကုန်မြို့၊ တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉နာရီခွဲတွင် ရေဝေး သုဿာန်သို့ စတင်ထွက်ခွာပါသည်။ ပထမဦးဆုံး မိသားစုမှ ဂါရဝပြု ပြီးနောက် ကြွရောက်လာတဲ့ သံတမန်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ဧည့်ပရိတ်သတ်များမှ နောက်ဆုံး အနေဖြင့် ဂါရဝပြု နှုတ်ဆက်ပါတယ် ။
ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့ရာ _

အစီအစဉ် (၁ )အရ .. မိသားစုမှ နောက်ဆုံး ဂါဝရပြုခြင်း၊
အစီအစဉ် (၂ )အရ .. တောင်ဥက္ကလာ မှ မြို့နယ်စည်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်ခြင်း ၊
အစီအစဉ် ( ၃ )အရ .. ဘဘ ဦးတင်ဦး မှ သံဝေဂ ဂါထာ ဖတ်ခြင်း၊
အစီအစဉ် ( ၄)အရ .. သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ၊ ဂုဏ်ရည်များကို တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားခြင်း၊
အစီအစဉ် ( ၅ )အရ.. သခင်စိုးမြင့် သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် (တို့ဗမာ သီချင်းကို) သခင်စိုးမြင့် ၏သားမှ ဦးဆောင်၍ ကြွရောက်လာသူများနှင့် အတူတူ သံပြိုင် သီဆို၍ အခမ်းအနား အစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည် ။။

ထို့နောက် ရိုးရာအစဉ်အလာအတိုင်း ကြေးစည်ထမ်းသူ၊ သခင်စိုးမြင့် ၏ ဓာတ်ပုံ ကိုင်ဆောင်သူ၊ လွမ်းသူပန်းခြင်း နှင့် ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက် ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းကာသယ်ဆောင်၍ သဂြိုလ်စက်သို့ ပို့ဆောင် င်္သဂြိုလ် ပါသည်။

သခင်စိုးမြင့် ၏ ဈာပနသို့ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ (အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျ)၊ ဝါရင့် နိုင်ငံရေးသမားများ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း အပါအဝင် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဆွေမျိုး မိတ်သင်္ဂဟများမှ လိုက်ပါပို့ဆောင်ကြပါသည်။

ဈာပန အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ပါသည်။


ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။




ပေးပို့ပေးသော (001) အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, May 19, 2010

ထိုင်းနိုင်ငံတွင်း ဆန္ဒပြပွဲများမှ ဗွီဒီယိုများ









source by : france24

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 18, 2010

တပ်ချုပ်ကြီးနှင့် အင်တာဗျူးကြည့်ခြင်း - အပိုင်း ( ၂ )


ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


သိုး။ ရုပ်ရည်ကြန်အင်ကို ကြည့်ကတည်းက တနေရာရာမှာ ထူးချွန်ကြောင်း သိသာထင်ရှားလှပါတယ် ခင်ဗျာ။ ဒါနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို မျက်နှာပြောင်တိုက်ပြီး အာဏာ ပြန်မပေးတာတော့ ဟုတ်ပါပြီ။ အဲဒီတုန်းက တပ်ချုပ်ကြီး ဗိုလ်စောမောင်ကို ဘာလို့ ဖြုတ်လိုက်ရတာတုန်းဗျ။

ချုပ်။ “ဟာ..ဒီကောင့်အကြောင်းတော့ မပြောနဲ့။ သိပ်ဆိုးတဲ့ကောင်၊ စစ်တပ်က စစ်တန်းလျားကို ပြန်မယ်တဲ့၊ ဒါ ပြောစရာလား၊ စစ်တပ်မှာ ပဲနဲ့ငါးပိဘဲ ရှိတယ်။ အရှည်မတွေးတတ်တဲ့ကောင်၊ ရူးနေပြီဆိုပြီး ဖြုတ်လိုက်တာဘဲ။ အခုဆို ငါ့ကို ကြည့်ပါလား၊ နောင်သားစဉ်မြေးဆက် စားလို့တောင် မကုန်နိုင်ဘူး။

သိုး။ ယုံပါတယ် တပ်ချုပ်ကြီးရယ်၊ ယုံပါတယ်၊ ဒါနဲ့ (၁၉၉၃) မှာ အမျိုးသားညီလာခံကြီးကို ထလုပ်တယ်နော်။ ဘာရည်ရွယ် ချက်နဲ့များလည်း ခင်ဗျာ။

ချုပ်။ သြော်..ဒါကတော့ ရှင်းပါတယ်ကွာ၊ (၁၉၉၀) ရွေးကောက်ပွဲကို အတည်မပြုဘူးလို့ မျက်နှာပြောင်တိုက် ကြေညာ လိုက်ရင် ငါတို့အတွက် အန္တရာယ်နဲနဲရှိတယ်ကွ။ ဒါကြောင့် ပြည်သူတွေကို သူတို့ကြားလေ့ကြားထမရှိတဲ့ အမျိုးသား ညီလာခံဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ နှာနှပ်လိုက်ရတာဗျို့။ ပြောရရင်တော့ မျှော်လင့်ချက်လေး ပေးလိုက်ရတာဘဲ၊ ရှင်းပလား။

စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ

သိုး။ ဟုတ်ကဲ့၊ ဒါကတော့ ရှင်းပါပြီ။ ဒါပေမဲ့ တပ်ချုပ်ကြီးတို့ စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ကျင်းပတဲ့ အမျိုးသား ညီလာခံကြီးက ဘာလို့များ ဒီလောက် ကြာရှည်သွားရတာလည်းဗျာ။ ရှင်းပြပါဦး။

ချုပ်။ ဒါက ဒီလိုရှိတယ်ကွ။ တကယ်တမ်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဆိုတာ ငါတို့လက်ထဲမှာဘဲ ရှိတယ်။ ငါတို့ကို ကန့်ကွက်မယ့် အတိုက်အခံပါတီတွေလည်း မပါဘူး။ တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း မပါဘူး။ တကယ်တမ်းသာ ဖွဲ့စည်းပုံ ရေးဆွဲမယ်ဆို တစ်လတောင် မကြာဘူး။ ဒါပေမဲ့ မြန်မြန်ကြီးပြီးရင် မြန်မြန်ကြီး လိမ်တာ ပေါ်သွားမယ်ကွာ။ အဲဒီကာလတွေတုန်းက ငါတို့အနေနဲ့ မြန်မာပြည်ကို အလုံးစုံ ချုပ်ကိုင်ဖို့ ဘာမှ မပြင်ဆင်ရသေးဘူးဗျ။ နောက်ဆုံး (၁၉၈၈) တုန်းက မြန်မာ့အသံကို စစ်တပ်က ၀င်သိမ်းတော့ ငါတို့စစ်တပ်ကကောင်တွေ ဘယ်လိုအသံလွှင့်ရမှန်း မသိခဲ့ဘူး။ အရပ်သား ပညာရှင်တွေကို မနဲခြိမ်းခြောက်ပြီး ပြန်ခေါ်ရတဲ့အထိ အကြပ်ရိုက်တာတွေ ရှိခဲ့တယ်လေ။ ဒါကြောင့် တပ်ပိုင် မြ၀တီရုပ်သံကို အရေးပေါ် တည်ထောင်ရတာဗျို့။ ဒီလိုမျိုးတွေပေါ့ကွာ။ အဲဒီတုန်းက ငါတို့မှာ အာဏာဆုပ်ကိုင်ရေးသာ သိတာ၊ နိုင်ငံတစ်ခုရဲ့ လှုပ်ရှားလည်ပတ်မှု ယန္တရားကို ဘာတစ်ခုမှ မသိဘူးကွ။ အဲဒီလို အနေအထားမျိုးမှာ ညီလာခံကြီးသာ ပြီးလိုက်လို့ကတော့ သွားပြီ။ တတိုင်းပြည်လုံး ဆူပွက်သွားလိမ့်မယ်၊ ငါတို့လည်း သေပြီ။

သိုး။ ဒါဆို ဘယ်လိုအချိန်မျိုးမှာမှ ညီလာခံကြီးကို ပြီးဖို့ စိတ်ကူးခဲ့လဲ။

ချုပ်။ ဒါကတော့ ပြောရခက်တယ်ကွ။ ယေဘုယျအားဖြင့်တော့ ငါတို့က တစ်ပြည်လုံးကို ချုပ်ကိုင်မိတဲ့အချိန်၊ ဒါမှမဟုတ် (၁၉၈၈) တုန်းက လှုပ်ရှားတက်ကြွခဲ့တဲ့ မျိုးဆက်တွေ စိတ်ပုတီးကိုင်ပြီး တရားဘောင်ဝင်တဲ့ အချိန်မျိုးတွေမှာ ပြီးမယ်ဆို ပြီးလို့ရပါတယ်။

သိုး။ တစ်ပြည်လုံးကို ဆုပ်ကိုင်ဖို့ ဘယ်လိုအစီအစဉ်တွေများ ဆွဲခဲ့လဲဗျာ။ ပွင့်ပွင့်လင်းလင်းပေါ့။

ချုပ်။ ဒါက ဒီလိုရှိတယ်ကွ။ ငါတို့ မတရား လုပ်တာကို သိနိုင်တာ၊ ဒုက္ခပေးနိုင်တာက အတွင်းစည်းရယ် အပြင်စည်းရယ် နှစ်ခုဘဲရှိတယ်ကွ။ အတွင်းစည်း ဆိုတာကတော့ ပြည်တွင်းက ပြည်သူလူထု အုံကြွမှုပေါ့ကွာ။ အပြင်စည်းကတော့ နိုင်ငံတကာပေါ့။ အထူးသဖြင့် ငပွကြီး အမေရိကန်။ ကျုပ်တို့က သူ့ကို သိပ်ကြောက်တာ၊ ရွံ့ကြောက်ကြီးပေါ့။ ပေါ်တင်လည်း မပြောရဲတော့ ဒီအမေရိကန်ကြီး ဘယ်နိုင်ငံမှာ စစ်ဖြစ်တယ်၊ အမေရိကန် ဘယ်နှစ်ယောက် သေတယ်ဆိုရင် ငါတို့က သိပ်ပျော်တာ။ ငါတို့ရဲ့ အသံလွှင့်ဌာနတွေ မှာလည်း အမေရိကန်တွေသေရင် ဦးစားပေး သတင်းဘဲ။ အကြမ်းဖက် တွေဘက်က သေရင်တော့ အသာဖွက်ထားရတယ်။ အကြမ်းဖက်သမားတွေ စိတ်ဓါတ်ကျမှာ စိုးလို့။ ကိုယ်ချင်းစာတယ်လေကွာ။ အဲဒီတော့ အပြင်စည်းကို ကာကွယ်ဖို့ရာ မြောက်ပိုင်းက ပေါက်ဖော်ကြီးကို ပြေးဖားရတယ်။ သူက ဗီတိုအာဏာကိုင်ထားတယ် မဟုတ်လား။ ပြီးတော့ ကွန်မြူနစ်ဝါဒကို လက်ခုပ်တီး သလိုလိုနဲ့ ရုရှားကိုလည်း ပြေးကပ်ရသေးတယ်။

တကယ်တော့ ငါတို့က ဘာစနစ်မှ နားမလည်ဘူးကွ။ ကွန်မြူနစ်၊ ဆိုရှယ်လစ် ဘာတစ်ခုမှကို မသိဘူး။ ကမ္ဘာမှာ ပေါ်ပင်ဖြစ်တဲ့ဟာ လုပ်လိုက်ရတာဘဲ။ ဒီမိုကရေစီစနစ်ဆိုတာ ဝေလာဝေး။ ဘာမှ မသိဘူး။ ငါတို့သိတာက အာဏာရှင်စနစ်။ ဒါပေမဲ့ ခက်တာက အဲဒီစနစ်ကြီးက ကမ္ဘာမှာ မသုံးတော့ဘူးကွ။ မူဆိုလီနီနဲ့ ဟစ်တလာတို့ကို သိပ်သတိရတယ် ကွာ။ သူတို့သာ ရှိနေရင် ငါတို့ခေတ်ကြီးပေါ့ကွာ။ နောက်ပြီး တရုတ်နဲ့ ရုရှားတို့တင်ပြီးလား ဆိုတော့ မရသေးဘူးကွ။ အာဆီယံဆိုတဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေကိုပါ ပြေးဖားရသေးတယ်။ တော်သေးတယ်ကွ။ သူတို့ကြိုက်တဲ့ ရေနံတွေ၊ သစ်တွေ၊ သဘာဝဓါတ်ငွေ့တွေက မြန်မာပြည်ကြီးမှာ အပေါသား။ ငါတို့ စစ်အာဏာရှင်တစ်စုအတွက် တော့ ဆယ်သက် စားမကုန်တဲ့အပြင် ခုနက ပြောတဲ့ နိုင်ငံတွေကိုပါ ပိုးကြေးပန်းကြေး ပေးလို့ရသေးတယ်။

သိုး။ ကြားဖြတ်လေး မေးပါရစေခင်ဗျာ၊ ပြည်သူတွေ ဘာများစားရပါသလဲ။

ချုပ်။ အင်း… ဒါကတော့ ပြည်သူတွေအတွက် ရိုးနေပါပြီကွာ။ အခုလည်း တော်တော်များများ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေကြတာဘဲ။ ငါတို့ရဲ့ ပိုးကြေးပန်းကြေးနဲ့ ပြည်ပ နိုင်ငံတွေ တိုးတက်ရင် ငါတို့ မြန်မာပြည်သူတွေလည်း နိုင်ငံခြားမှာ အလုပ်အကိုင် ကောင်းတာပေါ့။ သွယ်ဝိုက်ပြီးတော့ အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးနေတာမို့ ငါတို့ကို ကျေးဇူးတင်မယ်ဆို တင်ထိုက်ပါတယ်ကွ။

သိုး။ ဟုတ်တာပေါ့၊ ကျေးဇူးတင်သင့်တာပေါ့။ ဒါနဲ့ ခုနက စကားလေး ပြန်ဆက်ပါဦး။

ချုပ်။ ကောင်လေး…မင်းက ငယ်တော့ စကားတွေ ပြောနိုင်ပေမဲ့ ငါကတော့ မောပြီဟ၊ မနက်ဖြန် ဒီအချိန်ပြန်လာခဲ့၊ ငါလည်း ပြောချင်နေတာ၊ အခုတော့ မောပြီ၊ ခေတ္တ နားစို့။

ဟု တပ်ချုပ်ကြီးက ပြောပြီး ကျွန်တော်တို့ရဲ့ အင်တာဗျူးလေးကို ယာယီ ရပ်ဆိုင်းလိုက်ရပါသည်။ တပ်ချုပ်ကြီး ပုံစံကလည်း အတော်ကို မောဟိုက်နေတဲ့ပုံမို့ ဆက်မေးရမှာ လည်း အားနာလှသည်။ ထို့ကြောင့် ယခု အင်တာဗျူးအား ပထမပိုင်းအဖြစ် ခေတ္တရပ်နား လိုက်ရပါတော့သည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Monday, May 17, 2010

နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွား ရှာလေပြီ

နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။

၎င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ် မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။

၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။









ပေးပို့သူ မမြတ်လေးငုံ အား ကျေးဇူး အထူးတင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...