Saturday, May 22, 2010

သခင်စိုးမြင့် ၏ နာရေး သတင်းဓါတ်ပုံများ

(001) | ရန်ကုန်မြို့၊ တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉နာရီခွဲတွင် ရေဝေး သုဿာန်သို့ စတင်ထွက်ခွာပါသည်။ ပထမဦးဆုံး မိသားစုမှ ဂါရဝပြု ပြီးနောက် ကြွရောက်လာတဲ့ သံတမန်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ဧည့်ပရိတ်သတ်များမှ နောက်ဆုံး အနေဖြင့် ဂါရဝပြု နှုတ်ဆက်ပါတယ် ။
ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့ရာ _

အစီအစဉ် (၁ )အရ .. မိသားစုမှ နောက်ဆုံး ဂါဝရပြုခြင်း၊
အစီအစဉ် (၂ )အရ .. တောင်ဥက္ကလာ မှ မြို့နယ်စည်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်ခြင်း ၊
အစီအစဉ် ( ၃ )အရ .. ဘဘ ဦးတင်ဦး မှ သံဝေဂ ဂါထာ ဖတ်ခြင်း၊
အစီအစဉ် ( ၄)အရ .. သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ၊ ဂုဏ်ရည်များကို တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားခြင်း၊
အစီအစဉ် ( ၅ )အရ.. သခင်စိုးမြင့် သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် (တို့ဗမာ သီချင်းကို) သခင်စိုးမြင့် ၏သားမှ ဦးဆောင်၍ ကြွရောက်လာသူများနှင့် အတူတူ သံပြိုင် သီဆို၍ အခမ်းအနား အစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည် ။။

ထို့နောက် ရိုးရာအစဉ်အလာအတိုင်း ကြေးစည်ထမ်းသူ၊ သခင်စိုးမြင့် ၏ ဓာတ်ပုံ ကိုင်ဆောင်သူ၊ လွမ်းသူပန်းခြင်း နှင့် ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက် ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းကာသယ်ဆောင်၍ သဂြိုလ်စက်သို့ ပို့ဆောင် င်္သဂြိုလ် ပါသည်။

သခင်စိုးမြင့် ၏ ဈာပနသို့ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ (အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျ)၊ ဝါရင့် နိုင်ငံရေးသမားများ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း အပါအဝင် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဆွေမျိုး မိတ်သင်္ဂဟများမှ လိုက်ပါပို့ဆောင်ကြပါသည်။

ဈာပန အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ပါသည်။


ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။




ပေးပို့ပေးသော (001) အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, May 19, 2010

ထိုင်းနိုင်ငံတွင်း ဆန္ဒပြပွဲများမှ ဗွီဒီယိုများ









source by : france24

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 18, 2010

တပ်ချုပ်ကြီးနှင့် အင်တာဗျူးကြည့်ခြင်း - အပိုင်း ( ၂ )


ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


သိုး။ ရုပ်ရည်ကြန်အင်ကို ကြည့်ကတည်းက တနေရာရာမှာ ထူးချွန်ကြောင်း သိသာထင်ရှားလှပါတယ် ခင်ဗျာ။ ဒါနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို မျက်နှာပြောင်တိုက်ပြီး အာဏာ ပြန်မပေးတာတော့ ဟုတ်ပါပြီ။ အဲဒီတုန်းက တပ်ချုပ်ကြီး ဗိုလ်စောမောင်ကို ဘာလို့ ဖြုတ်လိုက်ရတာတုန်းဗျ။

ချုပ်။ “ဟာ..ဒီကောင့်အကြောင်းတော့ မပြောနဲ့။ သိပ်ဆိုးတဲ့ကောင်၊ စစ်တပ်က စစ်တန်းလျားကို ပြန်မယ်တဲ့၊ ဒါ ပြောစရာလား၊ စစ်တပ်မှာ ပဲနဲ့ငါးပိဘဲ ရှိတယ်။ အရှည်မတွေးတတ်တဲ့ကောင်၊ ရူးနေပြီဆိုပြီး ဖြုတ်လိုက်တာဘဲ။ အခုဆို ငါ့ကို ကြည့်ပါလား၊ နောင်သားစဉ်မြေးဆက် စားလို့တောင် မကုန်နိုင်ဘူး။

သိုး။ ယုံပါတယ် တပ်ချုပ်ကြီးရယ်၊ ယုံပါတယ်၊ ဒါနဲ့ (၁၉၉၃) မှာ အမျိုးသားညီလာခံကြီးကို ထလုပ်တယ်နော်။ ဘာရည်ရွယ် ချက်နဲ့များလည်း ခင်ဗျာ။

ချုပ်။ သြော်..ဒါကတော့ ရှင်းပါတယ်ကွာ၊ (၁၉၉၀) ရွေးကောက်ပွဲကို အတည်မပြုဘူးလို့ မျက်နှာပြောင်တိုက် ကြေညာ လိုက်ရင် ငါတို့အတွက် အန္တရာယ်နဲနဲရှိတယ်ကွ။ ဒါကြောင့် ပြည်သူတွေကို သူတို့ကြားလေ့ကြားထမရှိတဲ့ အမျိုးသား ညီလာခံဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ နှာနှပ်လိုက်ရတာဗျို့။ ပြောရရင်တော့ မျှော်လင့်ချက်လေး ပေးလိုက်ရတာဘဲ၊ ရှင်းပလား။

စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ

သိုး။ ဟုတ်ကဲ့၊ ဒါကတော့ ရှင်းပါပြီ။ ဒါပေမဲ့ တပ်ချုပ်ကြီးတို့ စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ကျင်းပတဲ့ အမျိုးသား ညီလာခံကြီးက ဘာလို့များ ဒီလောက် ကြာရှည်သွားရတာလည်းဗျာ။ ရှင်းပြပါဦး။

ချုပ်။ ဒါက ဒီလိုရှိတယ်ကွ။ တကယ်တမ်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဆိုတာ ငါတို့လက်ထဲမှာဘဲ ရှိတယ်။ ငါတို့ကို ကန့်ကွက်မယ့် အတိုက်အခံပါတီတွေလည်း မပါဘူး။ တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း မပါဘူး။ တကယ်တမ်းသာ ဖွဲ့စည်းပုံ ရေးဆွဲမယ်ဆို တစ်လတောင် မကြာဘူး။ ဒါပေမဲ့ မြန်မြန်ကြီးပြီးရင် မြန်မြန်ကြီး လိမ်တာ ပေါ်သွားမယ်ကွာ။ အဲဒီကာလတွေတုန်းက ငါတို့အနေနဲ့ မြန်မာပြည်ကို အလုံးစုံ ချုပ်ကိုင်ဖို့ ဘာမှ မပြင်ဆင်ရသေးဘူးဗျ။ နောက်ဆုံး (၁၉၈၈) တုန်းက မြန်မာ့အသံကို စစ်တပ်က ၀င်သိမ်းတော့ ငါတို့စစ်တပ်ကကောင်တွေ ဘယ်လိုအသံလွှင့်ရမှန်း မသိခဲ့ဘူး။ အရပ်သား ပညာရှင်တွေကို မနဲခြိမ်းခြောက်ပြီး ပြန်ခေါ်ရတဲ့အထိ အကြပ်ရိုက်တာတွေ ရှိခဲ့တယ်လေ။ ဒါကြောင့် တပ်ပိုင် မြ၀တီရုပ်သံကို အရေးပေါ် တည်ထောင်ရတာဗျို့။ ဒီလိုမျိုးတွေပေါ့ကွာ။ အဲဒီတုန်းက ငါတို့မှာ အာဏာဆုပ်ကိုင်ရေးသာ သိတာ၊ နိုင်ငံတစ်ခုရဲ့ လှုပ်ရှားလည်ပတ်မှု ယန္တရားကို ဘာတစ်ခုမှ မသိဘူးကွ။ အဲဒီလို အနေအထားမျိုးမှာ ညီလာခံကြီးသာ ပြီးလိုက်လို့ကတော့ သွားပြီ။ တတိုင်းပြည်လုံး ဆူပွက်သွားလိမ့်မယ်၊ ငါတို့လည်း သေပြီ။

သိုး။ ဒါဆို ဘယ်လိုအချိန်မျိုးမှာမှ ညီလာခံကြီးကို ပြီးဖို့ စိတ်ကူးခဲ့လဲ။

ချုပ်။ ဒါကတော့ ပြောရခက်တယ်ကွ။ ယေဘုယျအားဖြင့်တော့ ငါတို့က တစ်ပြည်လုံးကို ချုပ်ကိုင်မိတဲ့အချိန်၊ ဒါမှမဟုတ် (၁၉၈၈) တုန်းက လှုပ်ရှားတက်ကြွခဲ့တဲ့ မျိုးဆက်တွေ စိတ်ပုတီးကိုင်ပြီး တရားဘောင်ဝင်တဲ့ အချိန်မျိုးတွေမှာ ပြီးမယ်ဆို ပြီးလို့ရပါတယ်။

သိုး။ တစ်ပြည်လုံးကို ဆုပ်ကိုင်ဖို့ ဘယ်လိုအစီအစဉ်တွေများ ဆွဲခဲ့လဲဗျာ။ ပွင့်ပွင့်လင်းလင်းပေါ့။

ချုပ်။ ဒါက ဒီလိုရှိတယ်ကွ။ ငါတို့ မတရား လုပ်တာကို သိနိုင်တာ၊ ဒုက္ခပေးနိုင်တာက အတွင်းစည်းရယ် အပြင်စည်းရယ် နှစ်ခုဘဲရှိတယ်ကွ။ အတွင်းစည်း ဆိုတာကတော့ ပြည်တွင်းက ပြည်သူလူထု အုံကြွမှုပေါ့ကွာ။ အပြင်စည်းကတော့ နိုင်ငံတကာပေါ့။ အထူးသဖြင့် ငပွကြီး အမေရိကန်။ ကျုပ်တို့က သူ့ကို သိပ်ကြောက်တာ၊ ရွံ့ကြောက်ကြီးပေါ့။ ပေါ်တင်လည်း မပြောရဲတော့ ဒီအမေရိကန်ကြီး ဘယ်နိုင်ငံမှာ စစ်ဖြစ်တယ်၊ အမေရိကန် ဘယ်နှစ်ယောက် သေတယ်ဆိုရင် ငါတို့က သိပ်ပျော်တာ။ ငါတို့ရဲ့ အသံလွှင့်ဌာနတွေ မှာလည်း အမေရိကန်တွေသေရင် ဦးစားပေး သတင်းဘဲ။ အကြမ်းဖက် တွေဘက်က သေရင်တော့ အသာဖွက်ထားရတယ်။ အကြမ်းဖက်သမားတွေ စိတ်ဓါတ်ကျမှာ စိုးလို့။ ကိုယ်ချင်းစာတယ်လေကွာ။ အဲဒီတော့ အပြင်စည်းကို ကာကွယ်ဖို့ရာ မြောက်ပိုင်းက ပေါက်ဖော်ကြီးကို ပြေးဖားရတယ်။ သူက ဗီတိုအာဏာကိုင်ထားတယ် မဟုတ်လား။ ပြီးတော့ ကွန်မြူနစ်ဝါဒကို လက်ခုပ်တီး သလိုလိုနဲ့ ရုရှားကိုလည်း ပြေးကပ်ရသေးတယ်။

တကယ်တော့ ငါတို့က ဘာစနစ်မှ နားမလည်ဘူးကွ။ ကွန်မြူနစ်၊ ဆိုရှယ်လစ် ဘာတစ်ခုမှကို မသိဘူး။ ကမ္ဘာမှာ ပေါ်ပင်ဖြစ်တဲ့ဟာ လုပ်လိုက်ရတာဘဲ။ ဒီမိုကရေစီစနစ်ဆိုတာ ဝေလာဝေး။ ဘာမှ မသိဘူး။ ငါတို့သိတာက အာဏာရှင်စနစ်။ ဒါပေမဲ့ ခက်တာက အဲဒီစနစ်ကြီးက ကမ္ဘာမှာ မသုံးတော့ဘူးကွ။ မူဆိုလီနီနဲ့ ဟစ်တလာတို့ကို သိပ်သတိရတယ် ကွာ။ သူတို့သာ ရှိနေရင် ငါတို့ခေတ်ကြီးပေါ့ကွာ။ နောက်ပြီး တရုတ်နဲ့ ရုရှားတို့တင်ပြီးလား ဆိုတော့ မရသေးဘူးကွ။ အာဆီယံဆိုတဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေကိုပါ ပြေးဖားရသေးတယ်။ တော်သေးတယ်ကွ။ သူတို့ကြိုက်တဲ့ ရေနံတွေ၊ သစ်တွေ၊ သဘာဝဓါတ်ငွေ့တွေက မြန်မာပြည်ကြီးမှာ အပေါသား။ ငါတို့ စစ်အာဏာရှင်တစ်စုအတွက် တော့ ဆယ်သက် စားမကုန်တဲ့အပြင် ခုနက ပြောတဲ့ နိုင်ငံတွေကိုပါ ပိုးကြေးပန်းကြေး ပေးလို့ရသေးတယ်။

သိုး။ ကြားဖြတ်လေး မေးပါရစေခင်ဗျာ၊ ပြည်သူတွေ ဘာများစားရပါသလဲ။

ချုပ်။ အင်း… ဒါကတော့ ပြည်သူတွေအတွက် ရိုးနေပါပြီကွာ။ အခုလည်း တော်တော်များများ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေကြတာဘဲ။ ငါတို့ရဲ့ ပိုးကြေးပန်းကြေးနဲ့ ပြည်ပ နိုင်ငံတွေ တိုးတက်ရင် ငါတို့ မြန်မာပြည်သူတွေလည်း နိုင်ငံခြားမှာ အလုပ်အကိုင် ကောင်းတာပေါ့။ သွယ်ဝိုက်ပြီးတော့ အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးနေတာမို့ ငါတို့ကို ကျေးဇူးတင်မယ်ဆို တင်ထိုက်ပါတယ်ကွ။

သိုး။ ဟုတ်တာပေါ့၊ ကျေးဇူးတင်သင့်တာပေါ့။ ဒါနဲ့ ခုနက စကားလေး ပြန်ဆက်ပါဦး။

ချုပ်။ ကောင်လေး…မင်းက ငယ်တော့ စကားတွေ ပြောနိုင်ပေမဲ့ ငါကတော့ မောပြီဟ၊ မနက်ဖြန် ဒီအချိန်ပြန်လာခဲ့၊ ငါလည်း ပြောချင်နေတာ၊ အခုတော့ မောပြီ၊ ခေတ္တ နားစို့။

ဟု တပ်ချုပ်ကြီးက ပြောပြီး ကျွန်တော်တို့ရဲ့ အင်တာဗျူးလေးကို ယာယီ ရပ်ဆိုင်းလိုက်ရပါသည်။ တပ်ချုပ်ကြီး ပုံစံကလည်း အတော်ကို မောဟိုက်နေတဲ့ပုံမို့ ဆက်မေးရမှာ လည်း အားနာလှသည်။ ထို့ကြောင့် ယခု အင်တာဗျူးအား ပထမပိုင်းအဖြစ် ခေတ္တရပ်နား လိုက်ရပါတော့သည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Monday, May 17, 2010

နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွား ရှာလေပြီ

နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။

၎င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ် မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။

၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။









ပေးပို့သူ မမြတ်လေးငုံ အား ကျေးဇူး အထူးတင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, May 13, 2010

ရေ......ရေ.....ရေ......!!!!!!

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား……….

အမိမြန်မာပြည်မှ ကျွန်တော်တို့ရဲ့ညီအစ်ကိုမောင်နှမများ၊ မိသားစုများ လတ်တလော ဖြစ်ပေါ်ခံစားနေရသော ပူပြင်းခြောက်သွေ့မှု ဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးမှု ဒုက္ခများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်ဆိုး၊ ရောဂါဆိုးတို့မှ ကင်းဝေးနိုင်ကြစေရန် အမြန်ဆုံး တတ်စွမ်းသမျှ ကူညီထောက်ပံ့ နိုင်စေရေးအတွက် Lotus Foundation ညီအစ်ကို မောင်နှမများမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။


Lotus Foundation ညီအစ်ကို မောင်နှမများအနေဖြင့် အမိမြန်မာပြည်၌ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံး ကူညီထောက်ပံ့မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူ + မရွေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် မနက်ဖြန် (13-05-2010) နေ့တွင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံးရေများကို စတင်ပေးဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့် စုံစမ်းသိရှိရပါသည်။ ယင်းသို့ သောက်သုံးရေ ပေးဝေ လှူဒါန်းသွားမည့် အစီအစဉ်များတွင် Lotus Foundation အနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့သွားမည်ဖြစ်ပါသည်။

မရွှေဇီးကွက်မှ နောက်ရက်များတွင်လည်း လိုအပ်မည့် နေရာဒေသအသီးသီးသို့ ဆက်လက်၍ သောက်သုံးရေ ပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း Lotus Foundation အဖွဲ့တာဝန်ခံသို့ ပြန်လည်ပြောကြားခဲ့ပါသည်။

သောက်သုံးရေ ပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက် သွားနိုင်စေရန်အတွက် Singapore မှ လှူဒါန်းငွေများကို လာမည့် စနေနေ့ (၁၅-၀၅-၂၀၁၀) နေ့မှစ၍ အပတ်စဉ် နာရေး ကူညီမှုအသင်း (ရန်ကုန်) အဖွဲ့သို့ ပေးပို့ လှူဒါန်းသွားမည်ဖြစ်သည်။

ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကို မောင်နှမများအနေဖြင့် အောက်ဖော်ပြပါ Lotus Foundation အသင်းဝင် ညီအကို မောင်နှမများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

ယခုမျက်မှောက်အခြေအနေရဲ့ တစ်စိတ်တစ်ဒေသကိုတော့ အောက်မှာဖော်ပြထားတဲ့ Link တွေက တဆင့် သိရှိနိုင်ကြပါတယ်။

http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-...


http://moemaka.blogspot.com/2010/05/water-donation-to-local-residen...


http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-...


http://burmese.dvb.no/news.php?id=10804


http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-...


http://www.khitpyaing.org/index.php?route=detail&id=654


Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့် POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Foot note:

Forward မေးလ်မှတဆင့် ပြန်လည်မျှဝေပေးခြင်းပါ။ စင်ကာပူမှ သူငယ်ချင်းများက Lotus foundation မှတဆင့် ထည့်ဝင် ကုသိုလ်ယူနိုင်သလို မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ သူငယ်ချင်းတို့လည်း နီးစပ်ရာ အဖွဲ့အစည်းများမှ တဆင့် ၀ိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။

အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်းသိရှိပြီး ဖြစ်မှာပါနော်။

(၁) လျင်မြန်ခြင်း၊

(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

forever မှ သူငယ်ချင်းများအားလုံး ရေလိုအေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

PS

မေးလ်တစ်ခုထဲမှာတော့ ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇) ဆိုပြီး ဖုန်းနံပါတ်တစ်ခုပါလာတယ်။ ဆက်သွယ်မေးမြန်းကြည့်လိုက်ပါ။
ဒါမှမဟုတ်လည်း ရန်ကုန်နာရေးကူညီမှုအသင်းမှာ စုံစမ်းကြည့်ရင် အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ညနေ lotus foundation နဲ့ တွေ့ဖို့ အစီအစဉ်ရှိတော့ သူတို့ကို သေချာမေးပြီး အကြောင်းပြန်ပေးပါမယ် ....

မြန်မာပြည်မှာဆိုရင်တော့ အဖွဲ့အစည်းတွေ အများကြီးရှိုပါလိမ့်မယ်။ ရန်ကုန်နာရေးကူညီမှု အသင်းမှတဆင့် လှူဒါန်းလိုသူများကတော့ အောက်ပါနံပါတ်များမှ စုံစမ်းမေးမြန်းနိုင်ပါတယ်။

01 580133 , 01 581363, 01 709277 , 01 728089

အရေးပေါ်လိုအပ်ချက်အရ တဆင့်ဖော်ပြပါသည်။

source by :FORWARD MAIL

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 11, 2010

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံတင်

VOA | မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချတဲ့အမှုနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူတွေက ဗဟိုတရားရုံးချုပ်ကို အထူးအယူခံတရပ် မနေ့က တင်သွင်းလိုက်ပါတယ်။ ဗဟိုတရားရုံးချုပ်က လက်ခံမယ် ဆိုရင်တော့ ဒါကို နေပြည်တော်မှာ ကြားနာစစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တနှစ်ခွဲနဲ့ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထူးအယူခံ တင်ပြ လျှောက်ထားခဲ့ကြတာပါ။ ဒီမတိုင်ခင် အတွင်းကတော့ ရှေ့နေဖြစ်သူတွေနဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကိစ္စ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ လက်ရှိအမှုမှာ နဂို မူလကတည်းက ဥပဒေအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ Admission ပြောဖို့၊ Argument ပေးဖို့ ရက်ချိန်း စောင့်နေပါတယ်။”

အဲဒါက ဘယ်ကိုတင်တာလဲခင်ဗျ။

“တရားရုံးချုပ်မှာပါ။”

အရင် ပထမ အယူခံတင်တာက…။

“ပထမတုန်းက အယူခံမဟုတ်ဘူး၊ ပြင်ဆင်မှု။ ဒါက Special Appeal တဲ့၊ အထူးအယူခံလို့ ခေါ်ပါတယ်။”

ပထမအယူခံ တခုကို ပယ်ထားပြီးပြီးနော်၊ အဲဒါ ဘယ်ကလဲ မသိဘူးခင်ဗျ။

“အဲဒါ တရားရုံးချုပ်ကပဲ။”

ဒီအဆင့်ကရော ဘယ်လို ထူးခြားမှု ရှိပါသလဲခင်ဗျ။

“ဒါကတော့ ၃ ပါးထိုင် အရှေ့မှာ Admission ပြောရမယ်။ ပြီးရင် နေပြည်တော်မှာ သွားပြောရမယ်။”

အခု အခြေအနေ အလားအလာကရော ဘယ်လိုရှိလဲခင်ဗျ။

“တရားဥပဒေအရတော့ အစကတည်းက အပြစ်မှ မရှိဘဲ။ ကြံဖန်ပြီး အပြစ်ပေးတာ။ ဒီဟာတွေကိုပဲ ကျနော်တို့ ထောက်ပြရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအတွင်း တရားမ၀င် နေအိမ်ခိုးဝင်လာသူ အမေရိကန် နိုင်ငံသားတဦးကို လက်ခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်အရ ဆိုပြီး ပြစ်ဒဏ်တ၀က်ကိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရှေ့နေတွေကတော့ ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေပါ ဖော်ညွှန်းချက် ဖြစ်တာမို့ ၁၉၇၄ ဖွဲ့စည်းပုံဟာ အသက်မ၀င်တော့ဘူး၊ တရားမ၀င်တော့ဘူး ဆိုပြီးတော့ ထောက်ပြထားကြပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးရော ဗဟိုတရားရုံးချုပ်ရော အဆင့်ဆင့် အယူခံတွေ ပယ်ချခံခဲ့ရပြီး အခုနောက်ဆုံး ရှေ့နေတွေက အထူးအယူခံ တင်ပြလျှောက်ထားခြင်း ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်



source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် စိတ်ပျက်

VOA | ၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ ဒီနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲတွေက နိုင်ငံတကာ လက်ခံ ယုံကြည်နိုင်လောက်တဲ့ အနေအထား မရှိတဲ့အပြင် မြောက်ကိုရီးယားက လက်နယ်ဝယ်ယူတာကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုလည်း လိုက်နာဖို့ လိုတယ်လို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေရမှာ ဖြစ်ပေမဲ့ ပေါ်လစီတွေကိုတော့ ပြန်လည်သုံးသပ်ရမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တနင်္လာနေ့က ၂ နာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ခေါင်းဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် ၁၀ ဦး၊ ဒီ့နောက် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီ တချို့ရဲ့ ကိုယ်စားလှယ်တွေ အပြင် နေပြည်တော်မှာ တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က သူ့ရဲ့ခရီးစဉ် အဆုံးမှာ ရန်ကုန်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲများကို ယုံကြည်ကိုးစားမှု ရှိတဲ့ အချေအတင် ဆွေးနွေးမှုမျိုး ကျင်းပပေးဖို့ အဆိုပြုခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ တဖက်သတ် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ အခုလို ပြောကြားသွားပါတယ်။

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်။
မေ ၁၀၊ ၂၀၁၀။

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ အမျိုးမျိုးမှာ ကျနော်တို့က မြန်မာ့အရေးမှာ အဓိက သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့၊ အများလက်ခံတဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ ဘက်စုံ အားလုံး ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကျနော်တို့ဘက်က သဘောထား အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့သဘောနဲ့ သူတို့ တဖက်သတ် ရှေ့ဆက်သွားမယ့်လမ်းကို ရွေးချယ်ပြီး အဓိကကျတဲ့ တခြားသူတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘူးဆိုတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။

“ဒီအတွက် ရလဒ်ကတော့ ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံယုံကြည်ပြီး တရားဝင် အသိအမှတ်ပြုဖို့ အခွင့်အလမ်း နည်းပါးသွားပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကျန်နေတဲ့ အချိန်လေးမှာ ချက်ချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အခွင့်အလမ်းတွေကို ဖွင့်ပေးဖို့ ကျနော်တို့က မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”

ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုတော့ မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။ ရွေးကောက်ပွဲ ဥပဒေတွေဟာ မတရားတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီကို ပြန်လည် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်လို့ ပါတီဖျက်သိမ်းရတော့မယ့် အခြေအနေ ဆိုက်ခဲ့အပြီး ရက်အနည်းငယ် အကြာမှာ အခုလို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်ဟာ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရကို သတိပေးခဲ့တဲ့ နောက်တချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပြီးခဲ့တဲ့နှစ် ဇွန်လက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို လေးစား လိုက်နာဖို့ ဖြစ်ပါတယ်။ သူက…

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ပေးထားတဲ့ ကတိအတိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဖို့ ကျနော်တို့က အဆုံးသတ်မှာ တိုက်တွန်းတာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ လက်တွဲလုပ်ကိုင်ဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ကျနော်က ပြောပါတယ်။ သူတို့ပေးထားတဲ့ ကတိက၀တ်တွေကို လိုက်နာတယ်ဆိုတာ ပြသနိုင်တဲ့ ထင်သာမြင်သာတဲ့ လုပ်ငန်းစဉ်တွေရှိဖို့၊ ဒီလိုလုပ်ငန်းစဉ်တွေ မရှိဘူးဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက သဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်း ဘောင်ထဲကနေ သီးခြားလွတ်လပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပိုင်ခွင့်ကို စွဲကိုင်သွားမယ့်အကြောင်း ကျနော် သူတို့ကို ပြောဆိုခဲ့တာပါ။”

အဲဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ မြောက်ကိုရီးယားထံက လက်နက်ဝယ်ယူမှု ပိတ်ပင်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို လိုက်နာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား လက်နက်ရောင်းဝယ်မှု သတင်းတွေ ထွက်ပေါ်လာတဲ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း မြန်မာနိုင်ငံကို လက်နက်များ သယ်ဆောင်ပြီး ဦးတည်လာနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားရဲ့ ကန်နမ်သင်္ဘောကို အမေရိကန် စစ်သင်္ဘောက နောက်ယောင်ခံ လိုက်ခဲ့တဲ့ အတွက်ကြောင့်လည်း သင်္ဘောဟာ ဌာနေကို ပြန်လှည့်သွားခဲ့ရတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။

ဒီအချိန်မှာတော့ အမေရိကန် အနေနဲ့ အခုလို သတိပေးရာမှာ ဘယ်လို ဆက်လက် အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်း ပြောကြားသွားတဲ့ နောက်တချက်ကတော့ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုန်းကန်မှု အကြောင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ၁၀ နှစ်ကြာအောင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ရုန်းကန်တဲ့ ကြိုးပမ်းမှုကိုလည်း သူက ချီးကျူးလိုက်ပြီး မြန်မာစစ်အစိုးရကို ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တာကို တဘက်က တုံ့ပြန်ခြင်း မရှိခဲ့တဲ့ အတွက်လည်း ၀မ်းနည်းမိတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကမ့်ပ်ဘဲလ်တို့ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ သူက အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J Crowley) ကတော့ တနင်္လာနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောကြားသွားပါတယ်။

“မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်နဲ့ စကားပြောဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ မြန်မာစစ်အစိုးရဘက်က လိုက်လျောမှု မရှိတာ၊ နိုင်ငံရေး လုပ်ပိုင်ခွင့်နယ်ပယ် ချဲ့ထွင်ပေးခြင်း မရှိတာ၊ တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိတဲ့အတွက် အမေရိကန် အစိုးရလိုပဲ သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း၊ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံသွားဖို့ အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုတော့ သူ့အနေနဲ့ ထောက်ခံကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။”

ဒါ့အပြင် အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာစစ်အစိုးရအပေါ် ချမှတ်တဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ခဲ့ပြီး ဒဏ်ခတ် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုကိုပါ ဒွန်တွဲလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့တော့ ပီဂျေ ခရော်လီက လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှု အခြေအနေ မရှိခဲ့ဘူးလို့ အခုလို ၀န်ခံ ပြောကြားသွားပါတယ်။

“အိုဘားမား အစိုးရ သက်တမ်း ၁၅ လတာ ကာလအတွင်း မြန်မာစစ်အစိုးရနဲ့ ၃ ကြိမ် တွေ့ဆုံခဲ့အပြီး ပြန်လည် သုံးသပ်ရင် အခုထက်ထိတော့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ အမေရိကန် အတွက်တော့ စိတ်ပျက်စရာလို့ ဆိုရမှာပါ။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီကတော့ အိုဘားမား အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်ပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ဆံသွားမယ် ဆိုတာကိုတော့ အမြဲပဲ သုံးသပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...