Saturday, May 1, 2010

စစ်အစိုးရအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှု တရားရုံးချုပ် စတင်ကိုင်တွယ်

VOA | မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံနဲ့လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က တရားစွဲဆို လိုက်တဲ့အမှုကို ကြားနာသင့်မသင့် ဆိုတာ ရန်ကုန်တိုင်း တရားရုံးကနေ ပြန်လည်သုံးသပ်နေတယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

တရားစွဲဆိုထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက မနေ့က ရန်ကုန်တိုင်းတရားရုံးမှာ သွားတင်ခဲ့ကြတာပါ။ အဲဒီမှာ တရားရုံးတာဝန်ရှိသူတွေက ဒီကနေ့ အကြောင်းပြန်ကြားမယ်လို့ ပြောလိုက်တဲ့အတွက် တရားရုံးချုပ်ကို ဒီကနေ့ သွားခဲ့ကြတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

"ကျနော်တို့ နေ့ခင်း ၁ နာရီမှာ သူတို့ ချိန်းထားတဲ့အတိုင်း သွားပါတယ်။ အဲဒီမှာ တရားရုံးချုပ်က ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီကိစ္စတွေကို သူတို့ ဆက်လက်ဆောင်ရွက်နေတယ်၊ အဲဒါ အခြေအနေကို ပြန်ပြီးတော့ ကျနော်တို့ဆီကို အကြောင်းကြားပါ့မယ်။ ကျနော်တို့ ဖုန်းနံပါတ်နဲ့ လိပ်စာလေးတွေ ပေးခဲ့ပါဆိုလို့ ကျနော် အဲဒါပေးခဲ့တယ်။ ကျနော်တို့က လည်း မေးပါတယ်။ ကျနော်တို့ ဘယ်လောက် စောင့်ရမလဲ အကြောင်းကြားတာကို ဆိုတော့ အဲဒါတော့ သူတို့လည်း မသိတော့ မဖြေနိုင်ကြဘူး။ ဒီနေ့ ဘာမှအဖြေမထွက်သေးဘူးပေါ့ဗျာ။ ကျနော်တို့ စောင့်ရဦးမယ့်သဘောပေါ့။"

အကျိုးဆောင် ရှေ့နေတွေက စုစုပေါင်း အမှု ၂ မှုကို မနေ့တုန်းက တင်ခဲ့ကြတာဖြစ်ပါတယ်။ တမှုကတော့ ဒေါ်အောင်ဆန်းစုကြည်က တင်တာဖြစ်ပြီး နောက်တခုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် အမတ်တွေက တင်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တင်တဲ့အမှုကတော့ စစ်အစိုးရ၀န်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ နိုင်ငံနဲ့လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်တွေကို ၀တ္တရား ကျေပွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ လွှတ်တော်အမတ်တွေ တင်ထားတဲ့ အမှုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတွေအရ စစ်အစိုးရ ပြဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေး ပျက်ကွက်ခဲ့တဲ့ နစ်နာသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက အဲဒီတာဝန်ကို လုပ်ဆောင်ပေးစေလိုတဲ့ ဒီဂရီချပေးဖို့ ဆိုတဲ့ အမှုဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပြင်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က မနေ့က ခွင့်ပြုချက် ချပေးခဲ့တဲ့အတွက် သက်ဆိုင်သူ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဂျင်နီယာတွေ ညှိနှိုင်း တိုင်ပင် ရအောင် တွေ့ဆုံခွင့်ပေးဖို့ အာဏာပိုင်တွေထံကို တောင်းဆိုထားတဲ့အကြောင်း ဦဉာဏ်ဝင်းက ပြောပါတယ်။

"ပြင်ဆင်ခွင့်က ခွင့်ပြုပြီ။ ဒေါ်အောင်ဆန်းစုကြည်က under arrest (နေအိမ်အကျယ်ချုပ်) ဖြစ်တော့ သူ့မှာ လုံခြုံရေး ရှိတယ်။ သူတို့ခွင့်ပြုမှ အလုပ်သမား ၀င်ရတာတို့၊ ပစ္စည်းသယ်ရတာတို့ ဒါတွေ ရှိတယ်။ အဲဒါကြောင့် အဲဒါတွေအတွက် ကျနော်တို့ တင်ပြထားတာပါ။"

ရန်ကုန်စည်ပင်သာယာက နေအိမ်ပြင်ဆင်ခွင့် ပြုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်လုံခြုံရေး တာဝန်ယူထား သူတွေရဲ့ ခွင့်ပြုချက် ရဖို့အပြင် တခြားအာဏာပိုင် အဆင့်ဆင့်ထံကနေ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, April 29, 2010

တိုက်ဆိုင်လှတဲ့ ပေါက်ကွဲမှုတွေ

ရဲဘော်ဖိုးသံချောင်း | နအဖရဲ့ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ်လို့ တွက်ခဲ့ကြ ၊ တွက်ထားကြသူတွေ မနည်းပါဘူး။ အခုတော့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ မြန်လည်း မြန်၊ ပုံသဏ္ဌာန်တွေလည်း စုံ၊ စိတ်ဝင်စားစရာကောင်းလှပါတယ်။ နအဖဟာ နယ်စပ်တွေကို ဖိအားပေးနေတုန်း ရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးတွေကွဲပါတယ်။ မြန်မာပြည်ရဲ့ အရှေ့ဖျားဆုံး တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ်တွေကို တပ်တွေ ပို့နေတုန်း အနောက်ဖျားက ရခိုင်ပြည်နယ်မှာ ဗုံးတွေ ကွဲပြန်ပါတယ်။ ဒီဗုံးကွဲမှုတွေရဲ့ အနှံ့အပြားဖြစ်မှုနဲ့ အရေအတွက်ဟာ သိပ်ထူးခြားနေပါတယ်။
အချိန်ကာလအရ ပြောရရင်လည်း မြန်မာပြည် နိုင်ငံရေးရဲ့ တကယ့် အကွေ့အချိုးကာလ၊ အရေးကြီး ကာလ ဖြစ်နေပါတယ်။

နောက်ထူးခြားတာ တချက်က ဘယ်မှာမှ လက်သည်မပေါ်၊ သဲလွန်စလေးတောင်မှ မရတာပါ။ နအဖရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ထောက်လှမ်းရေး အဖွဲ့မျိုးစုံတို့ဟာ ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေကြလို့လား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အပစ်ရပ် အဖွဲ့တွေအပေါ် ဆင်နွှဲတော့မယ့် နောက်ဆုံး နှိပ်ကွပ်ပွဲကြီးအတွက် အသားကုန် လုံးပန်းနေကြလို့လား။

ဘာကြောင့်ပဲဖြစ်ဖြစ် နအဖအစိုးရ အုပ်စိုးမှုယန္တရားရဲ့ ယိုပေါက် ဟာကွက်တွေကို အထင်အရှား မြင်တွေ့ နေရတာကတော့ အမှန်ပါပဲ။ လာမယ့်ရွေးကောက်ပွဲအမီ နအဖကို အပြတ်ဖားနေကြရတဲ့ “ဆောင်းပါးရှင်” ဆိုသူတွေမှာတော့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘယ်လို တွယ်ရမယ်မှန်းမသိ ဖြစ်နေပြီး အသားလွတ် ရမ်းသမ်းချနေရတဲ့ အခြေအနေဆိုက်နေပါတယ်။

တချို့ကတော့လည်း “သူခိုးလိမ္မာမျက်နှာကြီးမို့” လက်သည်မပေါ်တာ၊ ရဲတွေက တက်တက်ကြွကြွ မရှာဖွေတာလို့ ပြောနေကြပါတယ်။ ဘာမဆိုဖြစ်နိုင်တဲ့ အနေအထားမို့ ဒါလည်း စဉ်းစားစရာအဖြစ် သတ်မှတ်သင့်ပါတယ်။

တကယ်တော့ နအဖကို ဆန့်ကျင်တာပဲ ဖြစ်ဖြစ်၊ အချင်းချင်းတွယ်ကြတာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုကို ထိခိုက်သေကြေစေတဲ့အထိ ဖြစ်တာကတော့ မကောင်းတာအမှန်ပါပဲ။ ဒါမျိုးကို တော်လှန်ရေးမဆန်တဲ့ လုပ်ရပ်လို့ပဲ သတ်မှတ် ရမှာပါ။ အားမပေးသင့်ပါဘူး။

ဒါပေမယ့် ရက်စက်ရှည်ကြာတဲ့ အုပ်စိုးမှုတခုကို မခံနိုင်လွန်းလို့ ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်တဲ့လူတွေကိုတော့ နားလည်ဖို့ လိုပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ အမျိုးသားတော်လှန်ရေး၊ လူတန်းစားတော်လှန်ရေး စတာတွေ ဖြစ်လာတယ်ဆိုရင်၊ အထူးသဖြင့် အစပိုင်းမှာ ဒီလိုပဲ တဦးချင်းစွန့်စား လုပ်ကြတဲ့၊ မဆိုင်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ပေါ်လာလေ့ရှိကြတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ အယူအဆ မကြည်လင်တာကြောင့်မို့ မင်းလောင်းပုံစံနဲ့ အင်္ဂလိပ်ကို ထ’ချကြတာကို မြန်မာပြည်ရဲ့ မဝေးလှတဲ့ သမိုင်းမှာ လှမ်းတွေ့နိုင်ပါတယ်။ ကျေးလက်တွေမှာ ဓားပြဂိုဏ်းလိုလို၊ သူပုန်အဖွဲ့လိုလိုဆိုတာတွေကလည်း ဒီသဘောပါပဲ။ မြန်မာပြည်က ‘ရော်ဘင်ဟု’ တွေဟာ ခေတ်မီနိုင်ငံရေး အတွေးအခေါ် မတပ်ဆင်နိုင်တဲ့ လယ်သမား သူပုန်တွေသာ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေမှာ လွန်ကျွံတယ်လို့ ထင်မြင်စရာရှိတာ၊ မဆိုင်သူကို ထိခိုက်တာတွေ ပါလာ တတ်ပါတယ်။ နိုင်ငံရေး အားနည်းသေးလို့သာ ဖြစ်ပါတယ်။

ရုရှနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ တော်လှန်ရေးမတိုင်မီ အနားခစ္စလို့ခေါ်တဲ့ လုပ်ကြံရေး ဂိုဏ်းက အရင်ပေါ်လာတာပါ။ လီနင်ရဲ့အစ်ကိုကိုယ်တိုင် အဲဒီအထဲမှာပါခဲ့ပြီး ဖမ်းမိလို့ ကွပ်မျက်တာလည်း ခံခဲ့ရပါတယ်။

မြန်မာပြည်မှာတော့ ၁၃၀၀ ပြည့် အရေးတော်ပုံနောက်ပိုင်းမှာကိုပဲ နဂါးနက်ဂိုဏ်းဆိုတာ ပေါ်ခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ ပေါ်ကာစတုန်းက လုပ်ကြံရေးဂိုဏ်းတမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဂိုဏ်းသားတွေဟာ နောက်ပိုင်းမှာ တော်လှန်တဲ့ အတွေးအခေါ်တွေ၊ အသိတွေနဲ့ ပေါင်းစပ်မိတော့ ရာသက်ပန် တော်လှန်ရေးသမားတွေဖြစ်လာပြီး တော်လှန်ရေးထဲမှာပဲ ကျဆုံးသွားကြပါတယ်။ အလားတူပဲ လက်နက်ကိုင်တော်လှန်ရေး ထဲကို ပြောင်းလဲပါဝင်လာကြတဲ့ ဓားပြတွေ၊ ‘ရော်ဘင်ဟု’ တွေ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့လို တိုင်းပြည်ရဲ့ စီးပွားရေးက အောက်ဆုံးရောက်နေ၊ ကြံ့ဖွံ့လို နအဖရဲ့ လူမိုက်တွေက နေရာတကာမှာ ရမ်းကားအနိုင်ကျင့်နေ၊ ဒီကြားထဲမှာ နအဖရဲ့ ဒီမိုကရေစီကြောင့် မှန်ကန်တဲ့နိုင်ငံရေး အတွေးအခေါ်တွေကို ဖြန့်ချိခွင့်မရဖြစ်နေတဲ့ အခြေအနေမှာ နည်းမျိုးပေါင်းစုံသော ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတာဟာ သဘာဝကျတယ်လို့ပဲ ဆိုရမှာပါ။

ဒီလို နာကျည်း ပေါက်ကွဲမှုတွေကို နည်းမှန် လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို အထူးပြောနေစရာမလိုပါဘူး။ သူတို့လုပ်တဲ့နည်းဟာ မအောင်မြင်နိုင်ဘူး၊ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်စေ နိုင်တယ်ဆိုတာတွေ ထောက်ပြရပါမယ်။ နအဖကို ရွံမုန်းနာကြည်းတယ်၊ ဖြုတ်ချရမယ်ဆိုတဲ့ သာမန်စဉ်းစား တွေးခေါ်နည်းလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာ ရှင်းနေပါတယ်။ မှန်ကန်တဲ့ အတွေးအခေါ်ကို လူထုဆီ ပို့ဖို့ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်လှပါဘူး။ အထူးသဖြင့် မြန်မာပြည်လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကျေးလက်လူထုဆီကို ပို့ဖို့ဖြစ်ပါတယ်။

တကယ်က ဒီအရေးတော်ပုံမှာ လယ်သမားတွေပါလာဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ သူတို့ပါလာမှ ပွဲက ပြတ်မှာပါ။ ဒါပေမယ့် ဒီနေ့အခြေအနေမှာ လယ်သမားတွေကို စည်းရုံးဖို့ဆိုတာ တယ်လွယ်လှတာ မဟုတ်ပါဘူး။ သူတို့ဆီကို ကားစီးသွား ပြောချင်တာ ပြော၊ တောထမင်း တောဟင်းစားပြီး ပြန်လာရုံနဲ့ မရပါဘူး။ အချိန်ယူ လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။ သူတို့အကြားမှာ အကြာကြီးနေလို့ရအောင် ဘယ်လိုလုပ်မလဲ။ ရအဖတွေ၊ ကြံ့ဖွံ့တွေ မသိအောင် ဘယ်လိုဝပ်မလဲ စတဲ့လက်တွေ့ပြဿနာတွေကို ဖြေရှင်းရပါမယ်။ မြို့ပြနဲ့ ကျေးလက် ပေါင်းစည်းတဲ့ လှုပ်ရှားမှုတွေ ဘယ်လိုဖော်ထုတ်မလဲ စဉ်းစား အဖြေရှာကြရပါမယ်။ ဒါဆိုရင် တိုက်ပွဲခွင်လည်း ကျယ်လာ၊ နည်းသဏ္ဌာန်တွေလည်း စုံလာ၊ လူထုထောက်ခံမှုလည်း ပိုရလာမှာ ဖြစ်ပါတယ်။

နောက်ပြီး လယ်သမား သားသမီးအများစုဖြစ်တဲ့ သံဃာတွေ၊ စစ်သားတွေရဲ့အသည်းနှလုံး ကိုလည်း ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, April 25, 2010

ပြည်သူကို ချစ်တာလား အာဏာကို ချစ်တာလား

** ပြည်သူကို ချစ်တာလား အာဏာကို ချစ်တာလား **





ရေး..ထက်အောင်ရှိုင်း
ဆို .. သီရိမင်းလွင်


ရွေးကောက်ပွဲကြီးကို မင်းယုံကြည်နေလား
လက်ညှိုးထောင် ခေါင်းငြိမ့်ခိုင်းတာ မင်းမြင်နေရဲ့သား
တဖက်သက်ရေးဆွဲတဲ့ အခြေခံကို အသုံးချသွားတော့မဲ့
အခြေအနေကို ဘယ်သူမှ လက်မခံဘူး .. ..

ဒီမိုကရေစီ ဘောင်မ၀င် နှစ်ထောင့်ရှစ် ဇွတ်ညစ်ကာ လုပ်ခဲ့တယ်
နာဂစ်ကြောင့် သောကတွေကြားထဲဝယ် လာပြန်ပြီ နှစ်ထောင့်တဆယ်
တော်ရုံတန်ရုံ လိမ်ပါကွာ ပြည်သူ့ရဲ့ သဘောထားကို ကိုယ်စားမပြုပါ
လက်တွေ့အုပ်ချုပ်မှာ စစ်တပ်ပါ ယုံကြည်စရာတစက်မရှိပါ .. .. ..

ရွေးကောက်ပွဲတိုင်းမှာ မင်းပြိုင်ချင်တာလား
မမျှတတဲ့ဥပဒေ မင်းခုံမင်နေလား
ကိုယ်ကောင်းစားဘို့အတွက်နဲ့ အာဏာရှင် မှိုင်းမိသွားမှခက်မယ်
အချိန်မလွန်ခင် စဉ်းစားဆုံးဖြတ်အုံး .. ..

ဒီမိုကရေစီ ဆိုတာဟာ ပြည်သူ့ရဲ့ သဘောထားမှန် အစစ်မှသာ
၉၀ ခုကလို ရလာဒ်ပါ အာဏာရှင် ပြန်လုတယ်
အခြေခံပြည်သူတွေအပေါ် စာနာပါ
စနစ်တခုပြောင်းတိုင်းမှာ ဒုက္ခသာ ခါးစီးပိုးရင်းသာ ဘ၀ပျက်တာ
အာဏာရှင်များကြောင့်ပါ .. ..

~~~~~~~~~~~~~~~~~~~~~********~~~~~~~~~~~~~~~~~~~~~~~

(ပို့ပေးလာသော ထက်အောင်ရှိုင်း အား ကျေဇူးတင်ရှိပါသည်။)

အပြည့်အစုံ ဖတ်ရန် ...

Friday, April 23, 2010

အနှစ်မရှိတဲ့ တောမှာ ကြက်ဆူပင် မင်းမူ - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်ရဲထက်

ကျနော်တို့ စစ်တက္ကသိုလ်မှာ အပတ်စဉ်အလိုက် သူ့ရေစက်အလိုက် တစ်ပတ်စဉ်နှင့် တစ်ပတ်စဉ်တွင် စိုက်ပျိုးကြရသော အပင်များ ရှိရကား၊ ကျနော့် အပတ်စဉ်မှာတော့ဖြင့် ထူးထူးခြားခြား ကံစပ်သည်က “ကိုရွှေကြက်ဆူ” ပဲ ဖြစ်ပါတော့တယ်။ ဇာတ်လမ်းလေးက တော်တော် စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒီမှာ ဟာသများ၊ စည်းကမ်း တင်းကြပ်လှပါသော စစ်တက္ကသိုလ်သည်လည်း ကြက်ဆူနဲ့တွေ့တော့ ခံနိုင်ရိုးလား စတဲ့ တကယ့် ဇာတ်လမ်းများနဲ့ ဗိုလ်လောင်းများ ခံစားခဲ့ရ သည်များကို တင်ပြသွားပါမယ်။

တစ်နေ့ပေါ့ဗျာ… ကျနော်တို့ ဒုတိယနှစ် တက်နေတဲ့ အချိန်ပေါ့။ ကျနော်တို့စကားအရ ပြောရရင်တော့ “ဂျိုထချိန်” ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ဂျိုထချိန် မရခဲ့ပါဘူး။ ဒါက ကြက်ဆူကြောင့်လေ။ ဖြစ်ချင်တော့ အောက်အပတ်စဉ်က တပ်ခွဲ တစ်ခွဲမှ လူ ၃၀ သာသာ၊ ကျနော်တို့တပ်ခွဲ တာဝန်ယူထားရတဲ့ ကြက်ဆူခင်းက ၁ ဧက ကျော်တယ်။ ပြီးတော့ မြေပြန့် မှာလည်း မဟုတ်။ အမှိုက်ကျင်းရွာဘက်က တောင်ကုန်းတွေပေါ်မှာရှိတယ်။ ဇာတ်လမ်းက အဲဒီမှာ စတာပဲ။ အင်း… သတင်း ကြားမိပါသေးတယ်။ ကြက်ဆူပင်တွေကို တရားမ၀င် ရောင်းလို့ မရဘူးဆိုလား။ အဲလိုရောင်းလို့ အဖမ်းခံရတယ် ဆိုလားပဲ။

ကြက်ဆူပင် စိုက်ခင်းတစ်ခင်း

အော်… ကြက်ဆူဆိုတာ တော်တော်လည်း အရေးပါတာပဲဟ လို့တောင် တွေးမိသေး။ စပြီးတော့ စိုက်မယ်ဆိုတော့ အရင်ဆုံး တောင်ကုန်းကို ရှင်းရတာပေါ့။ ရှင်းဆိုတော့ သိကြတဲ့ အတိုင်း အဲဒီမှာက နေကြာရိုင်းပင်တွေချည်းလေ။ နေကြာရိုင်းပင် တွေကို ရှင်းရတော့ ရင်ထဲမကောင်းဘူးဗျ။ ကျနော်တို့က ဘာမှသိပ်သိတာ မဟုတ်ဘူး။ ကြက်ဆူက ဘာကြီးမှန်း လည်း မသိ ပါဘူး။ သူတို့က ဆီထုတ်လို့ရတယ်၊ ဒါကြောင့် တစ်နိုင်ငံလုံး စိုက်ရမယ် ဆိုတော့ကာ စိုက်ရတာကိုး။ နေကြာရိုင်း ဆိုတာက ကျနော်တို့နဲ့ ခံစားချက် တူတယ်ဗျ။

ဘာလို့လဲဆို ခွင့်ပြန်ခါနီးရင် သူက တစ်တောလုံး ပွင့်နေလိုက်တာများ ၀ါထိန်နေတာပဲ။ ဟော ကျနော်တို့များ ခွင့်ရက်စေ့လို့ ကျောင်းပြန်ရောက်ပြီဆိုရင် သူလည်း ညှိုးတော့တာပဲ။ အမှတ်အသား တစ်ခုလိုကိုး။ ဒါကြောင့် သူ့ကိုတော့ သံယောဇဉ် ဖြစ် မိတယ်ဗျာ။ ခုတော့ ဘယ်က ရောက်လာမှန်း မသိတဲ့ ကြက်ဆူဆိုတာကြောင့် ကျနော်တို့ရဲ့ သံယောဇဉ်ကို ဖြတ်ပြီး ရှင်းလင်း နေရတော့ ၀မ်းနည်းသလိုလိုနဲ့ မီးရှို့လိုက်တာ ကံကောင်းလို့ အမှိုက်ကျင်းရွာ မီးထဲ မပါတယ်။ ဘာပြောကောင်းမလဲ… ဗိုလ်လောင်းတွေကော ရွာသူရွာသား တွေကော ပွက်လောကို ရိုက်သွားတာဘဲ။ ကျနော်တို့လဲ မိုးမွှန်အောင်ကို ဆဲခံရတာ၊ သိတဲ့အတိုင်းပဲ၊ ကျနော်တို့ကလည်း ဒီလို အဆဲခံရတာလောက်က ထမင်းစား ရေသောက် သလို ဖြစ်နေတာကိုး။ ကိုယ့် ပြောတာ မဟုတ်သလိုပဲ။ အေးဆေးဘဲ။

ဒီလိုနဲ့ ဗိုလ်လောင်းလောကမှာ ကြက်ဆူကလည်း တော်တော် ခေတ်စားလာပါတယ်။ ဘယ်လောက်ထိ ခေတ်စားသလဲ ဆိုရင် အရင်က တပ်ခွဲစိုက်ခင်း တာဝန်ခံ၊ တပ်ရင်းစိုက်ခင်း တာဝန်ခံ စသဖြင့်သာ ရှိခဲ့တာ ခုတော့ ကြက်ဆူတာဝန်ခံတွေပါ တိုးလာတော့တာကိုး။ နှစ်အလိုက် ကြက်ဆူတာဝန်ခံတွေက ဘာလုပ်ရသလဲ ဆိုရင်တော့ နောက်ဆုံးနှစ် တာဝန်ခံက တပ်ရင်းကနေ တပ်ခွဲအလိုက် ခွဲတမ်းနဲ့ ထုတ်ပေးတဲ့ ပျိုးပင်၊ မျိုးပင်တွေ၊ အစေ့တွေကိုယူပြီး မိမိတပ်ခွဲအလိုက်မှာ ပြန်ပျိုး၊ အဲဒီအတွက် ကျနော်တို့ ဒုတိယနှစ်နဲ့ ပထမနှစ်တွေက ရေလောင်း ပေါင်းသင်ပေါ့ဗျာ။

ဒီမှာ ရယ်စရာလေးတစ်ခု ပြောပြရဦးမယ်။ ကြက်ဆူစေ့ကို ကြည့်တော့ မြေပဲစေ့နဲ့ တူတာနဲ့ စားကြည့်တာ စိမ့်စိမ့်လေးဆိုပြီး စိုက်ဖို့ပေးထားတဲ့ ကြက်ဆူစေ့တွေကို စားပစ်လိုက် ကြတာ နို့ဆီဗူး တစ်ဗူးလောက် ကုန်သွားတော့ နောက်ဆုံးနှစ် တာဝန်ခံက မဖြစ်ချေဘူး၊ ဒီအတိုင်းတာဆို စိုက်စရာ မရှိတော့ရင် သူတော့ ခက်ရချေရဲ့လို့တွေးနေတုန်း စားမိတဲ့ သူ့ခမျာ ၀မ်းတွေသွားလို့ တော်တော်ကို ဆေးသောက်ယူ လိုက်ရသေးတယ်။ အင်း….. ကြက်ဆူများ အကျိုးပေးပုံ ပြောပါတယ်။

ကျနော်တို့မှာလေ ဒုတိယနှစ် တစ်နှစ်လုံး ကြက်ဆူဒုက္ခပေးလို့ တပ်ပြင်ထွက်လည်း အပြေးအလွှား၊ ဒုတိယနှစ် ထုံးစံအတိုင်း တနင်္ဂနွေနေ့မှာလည်း ကောင်းကောင်းမအိပ်ရ၊ ကျောင်းစည်းကမ်းအရ နံနက် ၅ နာရီ ထရမယ် ဆိုပေမယ့် ကြက်ဆူနတ်နဲ့လည်း တွေ့ရော ဘာပြောကောင်းမလဲ၊ အိပ်လို့ကောင်းချိန် နံနက် ၄ နာရီဆိုရင် တပ်ခွဲမှာ တန်းစီပြီးပြီ။ ကျနော်တို့က ထားဦး။ နောက်ဆုံးနှစ်က တာဝန်ကျ အကိုကြီးတွေနဲ့ တာဝန်ခံတွေ ခမျာမှာလည်း ကျနော်တို့နည်းတူပါပဲ၊ အစောကြီးထပြီး ကြက်ဆူခင်းကို ချီတက်ကြရတာပဲ။ ပါးစပ်ကလည်း ကြက်ဆူကို မေတ္တာပို့ရင်းပေါ့။ ဘာဖြစ်လို့ ဒီလောက် အရေးတယူ လုပ်ခိုင်းရတာလဲပေါ့။

အရင်ကဆို အစောကြီး ထမှာစိုးလို့ တရားမ၀င် အပြစ်ပေးမှာစိုးလို့ ဆိုပြီး ထထကြည့်တဲ့ ကျနော်တို့ရဲ့ နည်းပြမှူးချုပ် (CI) လည်း မလာနိုင်တော့ဘူး။ ကြည့်ရတာ သူလည်း ကြက်ဆူနဲ့တွေ့တော့ ဘာမှမတတ်နိုင်တော့ဘူး ထင်တယ်။ တခါတခါများ ကြက်ဆူဒုက္ခ ပေးပုံက ထမင်းတောင် စားချိန်မမှန်ဘူး။ အချိန်နဲ့စား အချိန်နဲ့ သွားကြရတဲ့ ကျနော်တို့ ဗိုလ် လောင်းတွေမှာ ကြက်ဆူနဲ့တွေ့မှ အချိန်မမှန်တတ်တော့ဘူး။ ကျနော်တို့တင် ဒီဒုက္ခလား ဆိုတော့ မဟုတ်ဘူးဗျာ။ တစ်နိုင်ငံလုံးကို ဖြစ်နေတာ။ အဲဒီ ကိုရွှေကြက်ဆူ စိုက်တာကိုပဲ သတင်းတွေထဲမှာ တခမ်းတနားနဲ့ ဖော်ပြကြတာ။ အရင်ကဆို ဆိုင်ရာဆိုင်ရာ ရုံးဌာနတွေရှေ့မှာ ပန်းမန်ပင်တွေနဲ့ လှနေခဲ့ရာက ဟော… ခုတော့ ကြည့်စမ်း၊ ကြက်ဆူပင်တွေ မင်းမူနေလိုက်တာ ဘာမှန်းကို မသိဘူး။

ကျနော်တို့ကြားထဲမှာလည်း တော်တော်ကို သတင်းကြီးသွားသေးတယ်။ ဘာတဲ့…. ကြက်ဆူပင် ခုတ်ရင် ထောင် ၃ နှစ် ဆိုလားပဲ။ ဟုတ် မဟုတ်တော့ မသိဘူး။ ကျနော်တို့လည်း တော်တော်ကို မြင်ပြင်းကပ်နေတဲ့ အဲဒီကြက်ဆူကို လစ်ရင်လစ်သလို ချတာပဲ။ ဒါလည်း ကိုရွှေကြက်က မမှတ်ဘူး။ ပြန်ပြီး ကြီးလာတာပဲ။ တော်တော် အသက်ပြင်းတဲ့ကောင်။ ဒါနဲ့များ တယုတယ စိုက်နေသေးပေါ့။

သူတို့အပြောအရ ဆိုရင် နိုင်ငံတော်ရဲ့ ကြီးမားတဲ့ စီမံချက်ကို နားမလည်ဘူးပေါ့ဗျာ။ ပြောမယ့်သာပြောတာ ခုဆိုကြက်ဆူတွေက အသီးတင် မဟုတ်ဘူး။ အသီးကနေ မြေးတွေ မြစ်တွေတောင် ရနေပြီ။ ဘာမှလဲ ဖြစ်မလာဘူး။ မသိတော့ပါဘူးဗျာ။ ကျနော်ဥာဏ်မမှီလို့ပဲ နေမှာပေါ့။ ဒါပေမယ့် တခါတလေ ပျော်တော့ပျော်စရာ အကောင်းသားဗျ။ စနေနေ့ဆိုရင် အဲဒီ “ကြက်ဆူကုန်း” မှာ ကျနော်တို့က ကြက်ဆူစိုက်လို့ အဲဒီလို နာမည်ပေးထားတာလေ။ တပျော်တပါးကြီးပဲ၊ သူငယ်ချင်းတွေအားလုံး ဆုံကြရတာကိုး။ နောက်ဆုံးနှစ်က အကိုကြီးတွေကလည်း နားလည်ပေးပါတယ်။ အဲဒီလို ကြက်ဆူနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ကို Broken ထားတယ်ဗျ။ တော်ရုံ ဘာမှ မပြောဘူး။ သူတို့လည်း ဘယ်လုပ်ချင်မလဲ။ နောက်ဆုံးနှစ်ဆိုတော့ နှပ်နေချင်တာပေါ့။

အဲဒီတော့ ကျနော်တို့ ဒုတိယနှစ်သမားတွေ အတွက်ကတော့ မဟာအခွင့်အရေးကြီးပေါ့ဗျာ။ တပ်ခွဲ တစ်ခွဲနဲ့ တစ်ခွဲ စကြနောက်ကြနဲ့ ပျော်စရာကြီး။ ဒါပေမယ့်ဗျာ ရှိသမျှနေရာ အကုန်စိုက်ထားတော့ အရင်လို မိုးချုပ်ရင် လွတ်လွတ်လပ်လပ်သွားလို့ မရတော့ဘူး။ သိတဲ့အတိုင်းပဲလေ။ ဂျူနီယာဆိုတော့ ချောင်ထဲကပဲ သွားချင်တယ်။ ဒီလိုသွားလို့ မြွေကိုက်မှာ တို့ ဘာတို့ မစိုးရိမ်ရဘူး။ အဲဒီကြက်ဆူပင်ကို နင်းမိမှာကိုဘဲ ကြောက်နေရတယ်။ စဉ်းစားကြည့်ပါဦး။ ဖြစ်သင့်သလားလို့။ သူ့ကိုစိုက်ရတာကလည်း လွယ်တယ်မထင်နဲ့။

နောက်တစ်ခု ကျနော် မကြိုက်တာပေါ့နော်။ ဘာလဲဆိုတော့ ကဲ… ဒါကိုလုပ် ဆိုတော့ လုပ်ကြပါပြီ၊ လုပ်ဖို့က အဓိကလား၊ လူကြီးလာကြည့်ဖို့က အဓိကလား၊ အဲဒါကို မကြိုက်တာ။ ပထမအဆင့် တောင်ကုန်းရှင်းတယ်။ အဲဒါကို လူကြီးလာကြည့်ပြီးလို့ ကြိုက်တယ်ဆိုမှ နောက်တဆင့်တက်၊ အဲ… လူကြီးမကြိုက်ရင် အဲဒါကို ပြန်ပြင်၊ ဒီလိုနဲ့ဗျာ ကျင်းတူးတာတောင် ၆ ပေခြား ၂ ပေအကျယ် ၂ ပေအနက်ကို သေသေချာချာ လုပ်ရတယ်။ အဲ… ရှိသေးတယ်၊ ကျင်းကိုလည်း မသိရင် ရွှေမြုပ်မှာ ကျနေတာပဲ။ သေသေချာချာ လေးထောင့် ကျကျလေး လုပ်ပေးရတာ။ ပြီးရင် သန်တဲ့အပင်တွေကို For Show ကားလမ်းဘေးမှာ စိုက်၊ အဲ… မသန်တဲ့အပင်တွေတော့ သိတဲ့အတိုင်းပဲ၊ သွား လမ်းနဲ့ဝေးရာကို၊ အော်… အပင်တောင် ခွဲခြားခံထားရတဲ့ ဘ၀နော်။


အပိုင်း (၂) ကို နောက်တစ်ပတ်မှာ ဆက်လက် ဖော်ပြသွားပါမယ်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, April 22, 2010

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

အောင်ထက် | ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိက တာဝန်ရှိသူမှာ နအဖ သာလျှင် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင် သူတို့က ဝေဖန် ပြောဆိုကြသည်။

ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာ ရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက် လုပ်ဆောင်ရကြောင်း သိရသည်။

“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူး နေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။

စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ် နေခြင်းဖြစ်သည် ဟု မျက်မြင်များက ပြောသည်။

“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။

“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဆီ သတင်းပို့ လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။

အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။

ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က အပြစ်မြင်နေကြသည်။

ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်း လူနာဆောင်အား ဖယ်ရှား ရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏ လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။

“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။

ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, April 20, 2010

သင်္ကြန် ဗုံးရဲ့ ပဟေဠိပုစ္ဆာများနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်များ

မိုးမခ အထောက်တော်၊ ရန်ကုန်


သင်္ကြန် အတက်နေ့ ကန်တော်ကြီးစောင်းမှာ လက်ပစ်ဗုံး ၃လုံး ပေါက်ကွဲခဲ့တဲ့နောက် ခါတိုင်း ပေါက်ကွဲတဲ့ ဗုံးနဲ့ မတူတာ ထူးခြားချက်တွေ အများအပြား ပေါ်ထွက်လာပြီး ယခုအချိန်ထိတော့ နအဖအစိုးရ က အဆိုပါ မေးခွန်းနဲ့ ပတ်သက်တာတွေကို ဖေါ်ထုတ် ပြောဆိုခြင်း မရှိသေးပါဘူး။

နအဖ သတင်းစာရဲ့ ပေါ်လစီ ဆောင်းပါးကဏ္ဍမှာတော့ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းတွေကို ခါတိုင်း စွပ်စွဲနေကြ အတိုင်းစွပ်စွဲလိုက်ပါတယ်။ အထောက်အထား ရရှိလို့ သက်သေ သက္ကာယ ရှိလို့ ပြောဆိုတာမျိုး မဟုတ်ပဲ အစဉ်အမြဲ အတိုက်အခံ အဖွဲ့အစည်းတွေကို အပြစ်ပုံချတဲ့ သဘောမျိုးနဲ့ ရေးသားခြင်း လို့သာ လူအများက ယူဆကြပါတယ်။

ယခုဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေထဲ မြို့နယ်အဆင့်အရာရှိတွေ၊ ရဲလုံခြုံရေးတွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူး၊ မြို့နယ် မယက ဥက္ကဌ၊ နောက်ဆုံး အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အထိ ဒဏ်ရာရခဲ့တာကို အပတ်စဉ်ဂျာနယ်များမှာ ဖေါ်ပြချက်အရ သိရှိရပါတယ်။

စစ်ဒေသမှူးဟာ ဗိုက်မှာ လက်ပစ်ဗုံး ဒဏ်ရာရခဲ့ပြီး အသဲမှာ ဗုံးစစိုက်ခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက် က ပြောပါတယ်။ လောလောဆယ်မှာ စစ်ဆေးရုံမှာ ကုသမှု ခံယူနေတာဖြစ်ပြီး ကျန်တဲ့ ရဲ၊ အရပ်ဘက် လုံခြုံရေး ၀န်ထမ်းတွေနဲ့ အရပ်သားတွေကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံတွေမှာ ကုသမှု ခံယူနေတယ်လို့ သတင်း ဖေါ်ပြချက်များမှာ တွေ့ရပါတယ်။

အမှတ် ၄ စစ်ဒေသမှူး ရာထူးဟာ ရန်ကုန်မြို့လယ်မြို့နယ်များ ပါဝင်တဲ့ ရန်ကုန် တောင်ပိုင်းခရိုင်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးတွေမှာ တာဝန်ယူရသူဖြစ်ပြီး မြို့တော်ခန်းမမှာ အခြေစိုက်ပါတယ်။ အဆိုပါ စစ်ဘက်ရာထူးကြီးသူ၊ လုံခြုံရေး အရာရှိတွေပါ ဒဏ်ရာရလို့ ဒီအဖြစ်အပျက်ကို ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေရဲ့ လက်ချက်လို့ ရန်ကုန်လူထုက တထစ်ချ မမှတ်ယူပါဘူး။


လူထု၏ ကောက်ချက်များနဲ့ ဆက်စပ်တွေးခေါ်မှုများ

ရန်ကုန်လူထု အများစုဟာ အစိုးရကပဲ ခွဲတာလို့ ယုံကြည် ယူဆနေကြပါတယ်။ ဘာလို့အဲဒီလို ယူဆသလဲဆို အရင့်အရင် ဗုံးကွဲမှုတိုင်းမှာ အဖြေ မထုတ်၊ တရားခံကို မိမိရရ မရှာပဲ လျှောချသွားတာတွေ ကိုသာကြုံတွေ့ခဲ့ရလို့ အခုလိုကောက်ချက် ချတာဖြစ်ပါတယ်။

နောက်ယူဆချက် တခုကတော့ မဏ္ဍပ်လိုင်စင်ရဖို့ အတွက် လုပ်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် ဖြစ်တဲ့အတွက် သူ့ကို ရန်ငြှိုးရှိသူ ပြည်တွင်း တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း က ကြံစည်လုပ်ဆောင်တာ ဆိုတဲ့ ယူဆချက်ပါ။ ဒီအချက်ကြောင့်လည်း ရန်ကုန်နဲ့ မြန်မာပြည်က လူထုက သူတို့အချင်းချင်း ဖြစ်တဲ့ကိစ္စမှာ သာမန်အရပ်သားတွေက အသက်ဆုံးရှုံးရတယ်လို့ မခံချိ မခံသာ ပြောဆိုနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

နအဖ အစိုးရအနေနဲ့ ဗုံးကွဲမယ့် အဖြစ်အပျက်ကို ကြိုသိနေသလိုမျိုး လူထုက ခံစားနေရတဲ့ အခြားသော အထောက်အထား တွေလည်း ရှိပါသေးတယ်။ အဲဒီအထောက်အထားတွေက ဘာလဲဆိုတော့ မဏ္ဍပ်နားမှာ လုံခြုံရေးကားတွေ အပြင် ကြက်ခြေနီ တံဆိပ်နဲ့ လူနာတင်ကားတွေပါ အဆင့်သင့်ရှိနေတာ၊ ပေါက်ကွဲပြီး ၁နာရီခွဲ ၀န်းကျင်မှာပဲ မန္တလေး အက်ဖ်အမ်၊ အမ်အာရ်တီဗီ ဖိုး၊ မြန်မာ့အသံစတဲ့ အစိုးရသတင်းမီဒီယာတွေကနေ ကြားဖြတ်သတင်း အနေနဲ့ ဗုံးပေါက်တဲ့ သတင်းကို ချက်ခြင်းကြေငြာတာ၊ သေဆုံးတဲ့ စာရင်းကို အတိအကျ ဖေါ်ပြကြေငြာတာ၊ ဒဏ်ရာရသူ အရေအတွက်ကို အတိအကျကြေငြာတာ၊ နောက်တနေ့ ထုတ်သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းက ချက်ခြင်းပဲ ပေါ်လစီဆောင်းပါးရေးပြီး ရှုတ်ချတာတွေဟာ ယခင်တုန်းက ဖြစ်ပျက်တာတွေနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။ လူတွေအမြင်မှာ ဗုံးကွဲမှာသိလို့ အားလုံး အဆင်သင့်လုပ်ထား သလားလို့ အောက်မေ့ကြရအောင်ပဲ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။


အထက်ပါ အချက်တွေဟာ သမရိုးကျပေါက်တဲ့ ဗုံးမဟုတ်ဘူးလို့ လူတွေ ထင်မှတ်စေတဲ့ အချက်တွေဖြစ်ပါတယ်။ ဗုံးပေါက်တဲ့ မဏ္ဍပ်မှာလည်း စီစီတီဗီ ကင်မရာတပ်ဆင်ထားတာကိုလည်း အဆိုပါ ပုံတွေကို နောက်ပိုင်း သတင်းဓါတ်ပုံများနဲ့ ရုပ်ရှင်များကို သတင်းနဲ့ ၀ါဒဖြန့် ကြေငြာချက်တွေမှာ အသုံးပြုခဲ့လို့ သိရပါတယ်။

လုံခြုံရေး ရဲများရဲ့ ဗရမ်းဗတာ ကိုင်တွယ်မှု

ဗုံးပေါက်ကွဲတာနဲ့ လူအုပ်ကြီးက လွတ်ရာလွတ်ကြောင်း ထွက်ပြေးတာ၊ အန္တရာယ်နဲ့ လွတ်ကင်းအောင် ရှောင်ပြေးကြတာကို ရဲတွေက နံပါတ်ဒုတ်တွေနဲ့ ရိုက်နှက်ပြီး တားဆီးတာတွေ လုပ်ခဲ့တယ်လို့ အဆိုပါမဏ္ဍပ် မှာ ရေကစားသူ၊ ရှေ့မှာရှိနေသူတွေက ပြောဆိုကြပါတယ်။ ဗုံးကွဲတယ်ဆိုတာ သိသိချင်း ဝေးရာကို ပြေးဖို့ ကြိုးစားတဲ့သူကို လုံထိန်းတွေက မပြေးနဲ့ မပြေးနဲ့ လို့ပြောပြီး နောက်ကနေ တုတ်နဲ့လိုက် ရိုက်တာ ကြုံခဲ့ရကြောင်း မဏ္ဍပ်ပေါ်မှာ ရှိနေခဲ့သူ တဦးကပြောပါတယ်။

ထို့အတူပဲ ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း ကိုယ့်ဆွေမျိုးသားချင်း၊ သားသမီး၊ သူငယ်ချင်းကို ကူဖို့ ရှာဖို့ လာတဲ့သူတွေကိုလည်း မပေးဝင်ပဲ တားဆီးရိုက်ထုတ်တာမျိုး လုပ်ပါတယ်။ လူတွေကို ကယ်ဆယ်ဖို့ ၊ အသက်ချမ်းသာရအောင် ဆေးရုံပို့ဖို့ထက်ကို အတွင်းအပြင် ပိတ်ထားပြီး ဗုံးလက်သည်ကို ဖမ်းဆီးရမိဖို့ ကြိုးစားတာမျိုး ကြားသိရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး မကြာခင် အနားမှာ လာရောက်ကြည့်ရှုတဲ့ လူအုပ်ကိုလည်း မောင်းထုတ်၊ ခြောက်ထုတ်၊ မနာခံတဲ့သူကို နံပါတ်တုတ်နဲ့ ရိုက်တာ၊ လက်သီးနဲ့ထိုးတာ ကန်တာတွေတွေ့ ခဲ့ရတယ် လို့သွားကြည့်သူတဦးက သူမြင်ခဲ့ရတာကို ပြောပြပါတယ်။


သတင်းဓါတ်ပုံရိုက်သူကို ဖမ်းဆီး

ယခုနောက်ဆုံး ကြားသိရတဲ့ သတင်းအရဆို ကွယ်လွန်သူ စာရေးဆရာ လင်းယုန်မောင်မောင် ရဲ့သားကြီး ဖြစ်သူ သားကြီးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ကို ရဲနဲ့ ထောက်လှမ်းရေးတွေက အဆိုပါ ဗုံးပေါက်တဲ့ နေ့မှာပဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စည်သူဇေယျ ကို အခင်းဖြစ်ပွားတဲ့ နေရာမှာ မှတ်တမ်း ဓါတ်ပုံရိုက်တဲ့အတွက် ချက်ခြင်းဖမ်းဆီးခဲ့ပြီး သူရဲ့ဖခင်ဖြစ်သူ သားကြီးဇေယျ ကိုတော့ နောက်ပိုင်းမှာ အိမ်မှာလာရောက် ခေါ်ဆောင်သွားတယ်လို့ ကြားသိရပါတယ်။ သားကြီးဇေယျဟာ ၁၉၉၀ ခုနှစ်များက နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရဖူးသူ တဦးဖြစ်တယ်လို့လည်း သိရှိရပါတယ်။

နအဖ အစိုးရအနေနဲ့ အဖြစ်အပျက်မှာ သတင်းယူသူ၊ ဓါတ်ပုံရိုက်သူများကိုတွေ့လျှင် ပြည်ပအခြေစိုက် မီဒီယာများအတွက် လုပ်ကိုင်ပေးနေသူများရယ်လို့ သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးမေးမြန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ (Photos - Daylife, Internet)

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, April 18, 2010

အဖျက်သမား ဘယ်သူလဲ

ရန်ငြိမ်းအောင် (လူငယ်) | သင်္ကြန်အကြတ်နေ့ ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစား မဏ္ဍပ် အနီးတွင် ဗုံးသုံးလုံး ဆက်တိုက် ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ ၉ ဦး သေဆုံးခဲ့ပြီး၊ ၁၇ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အပြစ်မဲ့ ပြည်သူများ ထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရ မီဒီယာများကတော့ အဖျက်သမားတွေ ဖောက်တာ ဖြစ်သည်ဟု ကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေ ထိခိုက်အောင် လုပ်သူကတော့ အဖျက်သမားသာ ဖြစ်သည်။ သို့သော် အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျ သိဖို့ လိုသည်။ အဖျက်သမား ဘယ်သူလဲ။ ဗုံးဖောက် တဲ့ အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ် မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ရပ်များ မကြာခဏ ဆိုသလို ရှိခဲ့သည်။ သွားလေသူ န-အ-ဖ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦးဧ။် သမီးပင်လျှင် အိမ်ထဲတွင် ဗုံးပေါက်ပြီး သေခဲ့သည်။ ဗိုလ်ချုပ်တင်ဦး ကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ်ပျက်ကျတာ မဟုတ်ဘဲ ဗုံးပေါက်ပြီး ကွယ်လွန်ခဲ့ သလိုလို သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းထွက်စရာ အကြောင်းကလည်း ရှိခဲ့သည်။ ကမ္ဘာအေး စွယ်တော် ဗုံးပေါက်ကွဲမှု တွင် ဗိုလ်ချုပ်ကြီးတင်ဦး လက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံး ပေါက်ကွဲမှု တွင်လည်း သမီးဖြစ်သူက ဓားစာခံ ဖြစ်သွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးတိုင်း စစ်အစိုးရက သတင်းစာရှင်း လင်းပွဲလုပ်၍၊ တရားခံဖော်ထုတ်လေ့ ရှိသည်။ ပြည်ပြေး ဘယ်အုပ်စုက ဘယ် ငနီ က တခြားအုပ်စုက ငနက် နဲ့ တွဲပြီး ငဖြူကို သင်တန်းပေးကာ ငဖြူက ငကြောင် ၊ ငကျား စသူတို့နှင့် ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်း စသဖြင့် ၄င်းတို့ မျက်စေ့ရှေ့မှောက်တွင် လုပ်ဆောင်ခဲ့သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့သော် တရားခံ ကိုကား တခါမျှ မမိခဲ့ဖူးပေ။

ဗိုလ်ချုပ်ကြီးတင်ဦးကို လုပ်ကြံခဲ့သူ မည်သူပါနည်း။ ယခုထိ တရားခံမပေါ်သေး။ ထို့ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ရိပ်သာအနီး ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီး ယခုထိ တရားခံ မပေါ်သေး။ သတင်းစာ ရှင်းလင်းပွဲများတွင် အလွန်တိကျစွာ တရားခံ ဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ၊ အထူး ရဲတပ်ဖွဲ့ဝင်များ၊ ဆိုခဲ့ပါ အမှုများကို တရားခံ ပေါ်အောင် ဘာကြောင့် မဖော်ထုတ်နိုင်ခဲ့ပါသလဲ။

အရေးကြီးဆုံး မေးခွန်း နောက်တခုကတော့ န-အ-ဖ စစ်အုပ်စုဝင်များနှင့် ၄င်းတို့ ဆွေမျိုး မိတ်သင်္ဂဟများ နေထိုင်သော အင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့် ပြုထားခဲ့ရာမှ ယခုနှစ်တွင် ကျင်းပခွင့် မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့ ရွဲ့ခဲ့တာ အဘယ်သို့သော အကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမ ဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ ဦးသေ၊ ၁၇ဝ ကျော် ဒဏ်ရာရခဲ့ပြီ။ ထိုသို့ အပြစ်မဲ့သော ပြည်သူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ် ဖြစ်ရပ်များကို ပြန်လည် သုံးသပ်ကြည့်ပါအုံးမည်။

မဝေးလှသော အတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူများ သေဆုံးခဲ့သော တိုက်ခိုက်မှုကြီး၊ ထိုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရဖြစ်ကြောင်း တကမ္ဘာလုံးက သတ်မှတ်ထားသည်။ ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့သော ကျေးလက် တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

၂၀၀၇- စက်တင်ဘာ ရွှေဝါရောင် မေတ္တာပို့သမှုကြီးကို မြို့လည်ခေါင်တွင် ရက်ရက်စက်စက် ဖြိုခွဲခဲ့သူ၊ ရဟန်းရှင်လူများကို သတ်ဖြတ်ခဲ့သူမှာ န-အ-ဖ ပင် ဖြစ်သည်။ ထိုသို့ လူသတ်မှုများ သာမက ပြန်ပေး ဆွဲပြီး လူသတ်သည့် အမှုများကိုပင် န-အ-ဖ အစိုးရ ကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်း သေဆုံးခဲ့မှု၊ အိမ်မဲမြို့က ကရင်အမျိုးသား ကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေ ပြလျက် ရှိသည်။

ပြည်သူတွေ ပြောနေသော စကားနှင့် ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာ ရှိတော့သည်။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...