Sunday, April 25, 2010

ပြည်သူကို ချစ်တာလား အာဏာကို ချစ်တာလား

** ပြည်သူကို ချစ်တာလား အာဏာကို ချစ်တာလား **





ရေး..ထက်အောင်ရှိုင်း
ဆို .. သီရိမင်းလွင်


ရွေးကောက်ပွဲကြီးကို မင်းယုံကြည်နေလား
လက်ညှိုးထောင် ခေါင်းငြိမ့်ခိုင်းတာ မင်းမြင်နေရဲ့သား
တဖက်သက်ရေးဆွဲတဲ့ အခြေခံကို အသုံးချသွားတော့မဲ့
အခြေအနေကို ဘယ်သူမှ လက်မခံဘူး .. ..

ဒီမိုကရေစီ ဘောင်မ၀င် နှစ်ထောင့်ရှစ် ဇွတ်ညစ်ကာ လုပ်ခဲ့တယ်
နာဂစ်ကြောင့် သောကတွေကြားထဲဝယ် လာပြန်ပြီ နှစ်ထောင့်တဆယ်
တော်ရုံတန်ရုံ လိမ်ပါကွာ ပြည်သူ့ရဲ့ သဘောထားကို ကိုယ်စားမပြုပါ
လက်တွေ့အုပ်ချုပ်မှာ စစ်တပ်ပါ ယုံကြည်စရာတစက်မရှိပါ .. .. ..

ရွေးကောက်ပွဲတိုင်းမှာ မင်းပြိုင်ချင်တာလား
မမျှတတဲ့ဥပဒေ မင်းခုံမင်နေလား
ကိုယ်ကောင်းစားဘို့အတွက်နဲ့ အာဏာရှင် မှိုင်းမိသွားမှခက်မယ်
အချိန်မလွန်ခင် စဉ်းစားဆုံးဖြတ်အုံး .. ..

ဒီမိုကရေစီ ဆိုတာဟာ ပြည်သူ့ရဲ့ သဘောထားမှန် အစစ်မှသာ
၉၀ ခုကလို ရလာဒ်ပါ အာဏာရှင် ပြန်လုတယ်
အခြေခံပြည်သူတွေအပေါ် စာနာပါ
စနစ်တခုပြောင်းတိုင်းမှာ ဒုက္ခသာ ခါးစီးပိုးရင်းသာ ဘ၀ပျက်တာ
အာဏာရှင်များကြောင့်ပါ .. ..

~~~~~~~~~~~~~~~~~~~~~********~~~~~~~~~~~~~~~~~~~~~~~

(ပို့ပေးလာသော ထက်အောင်ရှိုင်း အား ကျေဇူးတင်ရှိပါသည်။)