အရင်အလံဟောင်းကို ခေါင်းပေါင်း မြို့တော်ဝန် ဝါးတီးဝတ်စုံနဲ့ ကျကျနနတွေ့ရပြီး..

နောက်ပိုင်း နဝတခေတ်မှာတော့ မြို့တော်ခန်းမမှာထားပြီး မြို့တော်ဝန်က အလံတော်ကို ဖလားပေါ်မှာပဲ စိုက်ထူရုံပဲ ပြုလုပ်ပါတော့တယ်..။
ထိုမဆလခေတ် ရုပ်မြင်သံကြားနဲ့ ရေဒီယိုက ထုတ်လွှင့်နေကြ သီချင်းဖြစ်တဲ့
တို့ပြည်ထောင်စု အလံတော်သည်
တလူလူလွှင့်လို့ ချီလာပြီ
ပြည်သူအပေါင်းတို့ ပျော်ရွှင်သည်
အားလုံးအလေးပြုကြပါမည်...
ဆိုလား သေချာတော့ မမှတ်မိတော့ပါ..
အခုခေတ် လူငယ်တွေကတော့ ကြားဘူးချင်မှ ကြားဘူးပါလိမ့်မယ်...။
မဆလခေတ် အဲ့ဒီသီချင်းကို လူငယ်တွေဖျက်ဆို ခဲ့တာကတော့
တို့ပြည်ထောင်စု အလံတော်သည်
ဗိုလ်ချုပ်ဈေးက ဝယ်လာသည်
တစ်ထည် ၅ကျပ်တန်ပါသည် ..
ဆေးဆိုးပန်းရိုက် ဖြစ်ပါသည်..
ဆိုပြီး ဖျက်ဆိုကြပါတယ်..။
ပြီးခဲ့တဲ့(၂၁)ရက်နေ့က မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက အံ့သြရလောက်တဲ့ ၂၁ရက်နေ့ နေ့လည် ၃နာရီ ၃၃မိနစ်မှာ ယတြာမျိုးစုံနဲ့ တင်ခဲ့တဲ့ အလံကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့အလံနဲ့ ထပ်တူ တူနေသလို ရှမ်းပြည်နယ်ရဲ့အလံ၊ ခွပ်ဒေါင်းအလံတွေနဲ့ အရောင်တွေ အကုန်တူနေတာပါပဲ..။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အလံနဲ့ တူနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်က နိုင်ငံရေးသမားကြီးတစ်ဦးအား မေးမြန်းကြည့်ရာမှာတော့ NCGUBမှ ထိုအလံကိစ္စကို အမြဲကန့်ကွက်နေကြောင်းနဲ့၊ ဘာလို့. စစ်အာဏာရှင်တွေက ယူသုံးရတာလဲလို့ မေးမြန်းကြည့်ရမှာတော့ စစ်အစိုးရလည်း NCGUB ဖြစ်ချင်လို့နေမှာပေါ့ကွာလို့ ပြန်ဖြေဆိုသွားပါတယ်။

ယတြာအလံတင်ပွဲမှာတော့ တိုက်ပုံအဖြူ၊ ရတာခိုင်ရအောင် ရခိုင်ပုဆိုး၊ စင်ကြယ်ဖိနပ်နဲ့ ခေါင်းပေါင်းမပါ အလှူအိမ်က ဖိနပ်မှားစီးလာတဲ့ ပုံစံလိုလို အိပ်ယာက ကမန်းကတန်းထလာတဲ့ ပုံစံလိုလို နိုင်ငံတော် အလံတင်အခမ်းအနား ဝတ်စုံတဲ့...။ ဓာတ်ပုံ ဧရာဝတီဘလော့(ဂ်)
လာမယ့်ပြည်ထောင်စုနေ့မှာတော့ ဒီအလံ ဒီအရောင်နဲ့ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေ ဘယ်လိုများ ဇာတ်ကကြဦးမလဲ ဆိုတာတော့ စဉ်းစားစရာ ဖြစ်နေပါတယ်..။ အလံတင်တဲ့နေ့မှာလည်း မစင်ကြယ်တဲ့ မြို့တော်ဝန်အောင်သိန်းလင်းက စင်ကြယ်ဖိနပ်စီးပြီး ဝတ်ထားတဲ့ တိုက်ပုံ၊ တောင်ရှည်ပုဆိုးတွေနဲ့ မအပ်စပ်ပဲ လူပျက်ယောင်ယောင် ယတြာချေသွားပါတယ်။ လောလောဆယ်မှာတော့ အလံတင်ပြီး ကြပ်ပြေးကို နေ့လည် ၃နာရီ ၃၀ မိနစ်မှာ ဆင်ဖြူရောက်ပြီး နောက်နေ့မှာပဲ .. မြန်မာပြည်အနောက်ပိုင်းနဲ့ အလယ်ပိုင်းကို ဂီရီမုန်တိုင်းက ဝင်မွှေသွားတာဟာ.. ဒဿဂီရိလို ဘီလူးခေါင်းဆောင်းထားတဲ့ ဗိုလ်ချုပ်တွေအတွက် နိမိတ်ပြလိုက်တာပါပဲ.. မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ နာမည်ကြီး ဝေဒပညာရှင် စံဇာဏီဘိုက ပြောကြားရာမှာတော့ ထိုနေ့မှာ ပြုလုပ်တဲ့ အလံတင် အခမ်းအနားဟာ ကောင်းရင်လည်း အရမ်းကောင်း သွားနိုင်တယ်။ ဆိုးရင်လည်း အရမ်းဆိုးသွားနိုင်တဲ့ တုန့်ပြန်မှုတွေ ရှိတယ်လေ။ ဟုပြောဆိုသွားပါတယ်.. လက်ရှိအနေအထားရ ကောင်းနိုင်မယ့် အနေအထား တစ်ခုမှ မမြင်ရသေးပါဘူး..။
အလံသစ်ဟာ နအဖအတွက် နောက်ဆုံး ကျဆုံးခန်းဖြစ်ပြီး အလံပေါ်မှာ ကြယ်ဖြူဖောက် အာဏာရှုးတွေပျောက် ဆိုတဲ့နေ့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း....။
source by : http://ahtunhtun2.blogspot.com