Friday, September 17, 2010

ရဲဘော်တို့ လာ၊ စုရုံးနေ


ကဒေါင်းတို့ မည်သည်

သူတပါးအလိုကျ

ကပြ အသုံးတော်ခံ

အားမာန်လျှော့လေ့

ရှိသော်ငြား၊

ခွပ်ဒေါင်းတို့ မည်သည်ကား

အနိုင်မခံ

အရှုံးမပေး

သွေးချင်းချင်းနီသည်ထိ

အားလျှော့ရိုးထုံးစံမရှိ။


၂၀၁၀ရဲ့ တိုက်ပွဲခေါ်သံ

ခွပ်ဒေါင်းအလံကား

ဘူမိနက်သန်

အောင်မြေမှန်တွင်

စိုက်ထူထားသည်မို့

ရဲဘော်တို့လာ-

စုရုံးကြစို့။

အဆုံးစစ်ပွဲကို

နွှဲပါစို့။


ခင်မမမျိုး (၁၇၊၉၊ ၂၀၁၀)