Thursday, January 21, 2010

မြန်မာ့နိုင်ငံရေးပြဿနာ သော့ချက် ၃ ရပ် ရှိတယ်လို့ သုံးသပ်

2010-01-20 ( RFA )

နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီ ၁၅ ရက်နေ့က ၂ဝ၁ဝ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။


နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)

ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ဒုတိယမြောက် စာ ပေးပို့အပြီး ဦးအောင်ကြည်နဲ့ ဒုတိယ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ပထမတွေ့ဆုံမှု အပြီး အသက်ရွယ်ကြီးလို့ နေအိမ်မှာ နေကြရတဲ့ အဖွဲ့ချုပ် ခေါင်းဆောင် ၃ ဦးကို တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။

ဒီလို တွေ့ဆုံအပြီး ၂ ရက်မြောက်တဲ့ နေ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက် တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ညီလာခံတခုမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခတ်ဆုယ အိုခါဒါနဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စ၊ ရွေးကောက်ပွဲ တရားမျှတရေးနဲ့ လွတ်လပ်မှုရှိရေး ကိစ္စတွေ ပါဝင်ခဲ့ပါတယ်။

စစ်အစိုးရ ဝန်ကြီး ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အခု ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားပါတယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံမှုအကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော သို့လောသို့လော ဖြစ်နေပါတယ်။

ဒီလိုကာလမှာပဲ ဇန်နဝါရီလ ၁၉ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကတ်ကန့်ပဲလ်က စစ်အစိုးရ အဆင့်မြင့် အရာရှိပိုင်းနဲ့ မကြာခင်မှာ တွေ့ဆုံဘို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရဆက်ဆံရေး ကိစ္စတွေကိုလည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကတော့ လောလောဆယ် အခြေအနေဟာ မြန်မာနိုင်ငံ အနာဂတ်ရေး အတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုတဲ့ အရေးကြီးတဲ့ ကာလပါလို့ ပြောကြပါတယ်။ မြန်မာ့ နိုင်ငံရေး ပြဿနာပြေလည်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ၂ ဖက် ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖြစ်မဲ့ အခြေအနေမျိုးအတွက် အရေးပါတဲ့ အဓိက သော့ချက် ၃ ချက်ရှိတယ်လို့ သုံးသပ်ကြ ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။


နားဆင်ရန်




source by : http://www.rfa.org