Monday, February 2, 2009

၆၂ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့

Tuesday, 03 February 2009

၆၂ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ Ikebukuro Kumin Center ၆ လွှာမှာ ကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိပါတယ်။ ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစု များနှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ( ဂျပန် ) SND Japan မှ အဖွဲ့ဝင်များအင်အား ၁၀၀ခန့်တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် သျှမ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ လက်ရှိသျှမ်းပြည်အခြေအနေ တို့ကို ရှင်းလင်းတင်ပြကြပြီး ထိုင်းနယ်စပ်ရှိ သျှမ်းဒုက္ခသည်စခန်းအခြေအနေကို Power Point ဖြင့် တင်ဆက်ပြသခဲ့ပါသည်။ အခမ်းအနားတွင်အထူးဧည့်သည်တော်အနေဖြင့် တက်ရောက်ခဲ့သော ကချင်တိုင်းရင်းသားခေါင်းဆောင်၊ ENC ၏ အထွေထွေအတွင်းရေးမှုး ဦးမခေါ်ခွန်ဆာမှ နုတ်ခွန်းဆက်အမှာစကားပြောကြားသွားခဲ့ကြောင်း သတင်းရရှိပါသည်။



နေလ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.sndjapan.org မှ ကူးယူ မျှဝေပါ၏ ။