Monday, February 2, 2009

62 Shan State Day

Tuesday, 03 February 2009

၆၂ ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားကို သျှမ်းစာပေနှင့်ယဉ်ကျေးမူ့အသင်း ( ဂျပန် ) က ဦးစီးကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ Ikebukuro ရှိ အကယ်ဒမီ ခန်းမတွင် ကျင်းပခဲ့ရာ ပရိတ်သတ်ပေါင်း ၂၀၀ကျော်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။

အခမ်းအနားတွင် သျှမ်းရိုးရာ အစားအစာများ၊ သျှမ်းရိုးရာအကများ၊ ကိန္နိရာအက၊ ဓါးသိုင်းအက၊ လမုန်းအက နှင့် သျှမ်းရိုးရာ ၀တ်စုံဖတ်ရှင်ရိုး များနှင့် ကဏ္ဍစုံစုံလင်လင်တင်ဆက် ဖျော်ဖြေဧည့်ခံခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ဂျပန်နိုင်ငံတွင် ၁၆ ကြိမ်မြောက်ကျင်းပပြီးစီးခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြတဲ့ ဒီလိုနေ့ ဒီလိုရက်ကိုရောက်ပြီဆိုရင် သျှမ်းပြည်ရဲ့ အငွေ့အသက်လေးများနဲ့ မွေးရပ်မြေသျှမ်းပြည်အလွမ်းပြေဖြေသိမ့်ကြတဲ့ဂျပန်ရောက် သျှမ်းပြည်နယ် နယ်ပေါင်းစုံမှ ရောက်လာသူများအတွက်ပျော်ပွဲလေးတစ်ခုပါပဲ။ သျှမ်းရိုးရာအစားအစာကို အထူးခုံမင်ပြီးတကူးတကလာကြတဲ ဂျပန်ပရိတ်သတ်ကလဲ များမှများ။ ပွဲကို ကဏ္ဍစုံလင်စွာတင်ဆက်ပေးခဲ့တာကြောင့် အားလုံးပျော်ပျော်ရွင်ရွင်နဲ့ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ထူးခြားချက်ကတော့နှစ်စဉ်ကျင်းပခဲ့တာတွေနဲ့ မတူ တမူထူးခြားအောင်“ မန္တလာ ကာလာအိုကေနှင့် DJ” မှ DJ စက်ကို အခမဲ့ အားဖြည့်ကူညီခဲ့ပြီး DJ Ke Ke မှ လက်စွမ်းပြ တင်ဆက်ခဲ့ပါတယ်..။



နေလ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.sndjapan.org မှ ကူးယူ မျှဝေပါ၏ ။