Friday, February 6, 2009

နှစ်ရှည်ထောင်ဒဏ်ကျ သားအဖနှစ်ဦး အခြေအနေကို ပြန်လည်ပြောပြ

နှစ်ရှည်ထောင်ဒဏ်ကျ သားအဖနှစ်ဦး အခြေအနေကို ပြန်လည်ပြောပြ
2009-02-05

၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် မောင်ဒီငြိမ်းလင်းကို မနေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်နဲ့ ၆ လ ဖြစ်သွားတာနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသော ဖခင် ကိုညီညီမင်း (ဝဲ) နှင့် သား မောင်ဒီငြိမ်းလင်း (ယာ)တို့ ဖြစ်ပါသည်။ (Image: RFA)

သူ့ရဲ့ ဖခင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဇော်ဇော်မင်းကလည်း ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ကျခံနေရပြီး တောင်ငူထောင်ကို ပို့ခံထားရပါတယ်။ အဖိုးဖြစ်သူက လွန်ခဲ့တဲ့ ၁ဝ နှစ်က သာယာဝတီထောင်မှာ ဆုံးပါးသွားတဲ့ ထီးလင်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်း ဖြစ်ပါတယ်။

မောင်ဒီငြိမ်းလင်းနဲ့ ကိုဇော်ဇော်မင်းတို့ သားအဖရဲ့ လက်ရှိအခြေအနေကို ကိုနေရိန်ကျော်က မေးမြန်း တင်ပြထားပါတယ်။


>>ဆက်သွယ်မေးမြန်းချက်(နားဆင်ရန်)

RFA


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.rfa.org/burmese မှ ကူးယူ မျှဝေပါသည်။