Tuesday, August 9, 2011

၂၃နှစ်မြောက် ၈လေးလုံး အခမ်းအနား KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပ

ကေအိုင်အို ဌာနချုပ်က ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား 8/8/2011 (ဓါတ်ပုံ MG/S.H.A.N.)

မကြာသေးမီကမှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ၌ ပြန်လည်အခြေချ ဖွဲ့စည်းခွင့် ရရှိသော မြန်မာနိုင်င်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း အဖွဲ့ သည် ၂၃ နှစ်မြောက် ၈ လေးလုံး လူထု အရေးတော်ပုံ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာမြို့၌ ယနေ့ တခမ်းတနား ကျင်းပကြောင်း သိရသည် ။

၎င်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီခန့်အထိ လိုင်ဇာမြို့ ခန်းမတွင် ကျင်းပခဲ့ရာ KIO ၊ ချင်းအမျိုး သားတပ်မတော် ၊ ရခိုင်တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် အပါအဝင် မဟာမိတ်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ဒေသခံများ စုစုပေါင်း အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည် ။

၁၉၉၄ ခုနှစ်က KIOနှင့် နဝတစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်အပြီး ၁၉၉၇ ခုနှစ်တွင် KIO ထိန်းချုပ် နယ်မြေ အတွင်းမှ ABSDF (NB) ထွက်ခွာခဲ့ရာ ၄င်းအဖွဲ့အား လွန်ခဲ့သည့်လပိုင်းက KIO နယ်မြေအတွင်း ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည် ။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ငြိမ်းချမ်းရေး ရှေးရှုဖို့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ ဒေါ်စုပြောကြား

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်နေစဉ်။
၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်နေစဉ်။ သြဂုတ် ၈၊ ၂၀၁၁။ (ဓာတ်ပုံ ASSOCIATED PRESS)

ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီ လိုလားသူတွေက စုပေါင်းကျင်းပတဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ခဲ့ပါတယ်။

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားဟာ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြု သဘောဆောင်တဲ့ အခမ်းအနားမျိုး ဖြစ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကို ကြည့်မြင်တိုင် နတ်စင်လမ်းမှာရှိတဲ့ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ၁၉၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေထဲက အကျဉ်းကျခံမနေရဘဲ အပြင်မှာ ကျန်နေတဲ့ ကျောင်းသားတွေအပြင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဦးစီးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အခမ်းအနားဖြစ်အောင် ကြိုးစားပြီး ကျင်းပနိုင်ခဲ့တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မှာကြားထားတာ ရှိတယ်၊

ဒီ ရှစ်လေးလုံး ၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ သွားပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ပုံစံနဲ့ပဲ သွားခဲ့တယ်။

တကယ်တမ်းကျတော့ ၈ ရက် ၈ လ ၈၈ နေ့ ဆိုတာက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နေ့ပါ။ တနိုင်ငံလုံးကို သက်ရောက်မှုရှိတဲ့ နေ့ပါ။ အဲဒီနေ့ကို တည်ဆဲအစိုးရ အနေနဲ့လည်း အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ စုပေါင်းပြီး လုပ်မယ် ဆိုရင်တော့ အားလုံးအတွက် ကောင်းမွန် သွားပါလိမ့်မယ်။ အဲဒီလိုမျိုး လုပ်လာလိမ့်မယ် လို့လည်း ကျနော်က မျှော်လင့်ပါတယ်။”

အခုလို ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးဖို့ အကျဉ်းထောင်တွေထဲမှာ အခုထိ နေနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ကျောင်းသား ခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီက ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ မျိုးဆက်သစ် လူငယ်တွေ၊ အကျဉ်းသား မိသားစုဝင်တွေနဲ့ ၈၈ အရေးအခင်းကာလမှာ လှုပ်ရှားခဲ့သူ ထောင်နဲ့ချီပြီး တက်ရောက် လာတာ တွေ့ရတယ်လို့ အခမ်းအနားကို တက်ရောက် ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးဝင်းထိန်က ပြောပါတယ်။

“ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား လာတက်တယ်။ နောက် NLD က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ အပြင်ကို တခြားပါတီက ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အသက်အရွယ် မျိုးစုံက လူတွေက ဒီအခမ်းအနားကို တလေးတစားနဲ့ အထူးဂုဏ်ပြုပြီး တက်ရောက်ကြတယ်လို့ သဘော ပေါက်ပါတယ်။ စည်းစည်းလုံးလုံးပဲ ပါတီက လူတွေရော၊ ပါတီမဟုတ်ဘဲနဲ့ လူတွေရော ဒီနေ့ အမှတ်တရ ပြောရမယ် ဆိုရင်တော့ ကြက်ပျံ မကျ စည်ကားတယ်ပေါ့။ လူတွေ ထောင်နဲ့ချီပြီး တက်ရောက် ကြတယ်။”

အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ကိုတိုးကျော်လှိုင်က ဒီမိုကရေစီ လူထုလှုပ်ရှားမှုမှာ အသက်ပေးသွား သူတွေကို ရည်စူးပြီး တမိနစ် ငြိမ်သက်ခြင်း အစီအစဉ်ကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ သာဓု ပရိယတ္တိ စာသင်တိုက်ရဲ့ ဆရာတော် ဦးအဂ္ဂံသက အတွေးရဲကြဖို့၊ ခြောက်တိုင်းမကြောက် မြှောက်တိုင်း မမြောက်တဲ့ စိတ်ထားနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ကြောင်း တရားကို ဟောကြားခဲ့တယ်လို့ ပြောပါတယ်။

“ဆရာတော်ကြီးက အတွေးရဲဖို့ တွေးတတ်ရမယ်၊ တွေးတဲ့အခါမှာလည်း ပေါက်မြောက်အောင် တွေးရမယ်၊

ပေါက်မြောက်အောင် တွေးတဲ့အခါမှာ ပြောတာကိုယုံပြီး ခြောက်ရင်လည်း မကြောက် ဘူးပေါ့ဗျာ။

ကိုယ့်ကြောင့် ကိုယ့်လွတ်လပ်တဲ့ အမြင်မျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုး။

ဒါကိုလည်း ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ခြိုက်ပါတယ် ဆိုတဲ့အကြောင်း ကျနော်တို့ကို လည်းပဲ ပြောပြပါတယ်။ ဆရာတော်ကြီးကိုလည်း ပြောပြပါတယ်။

“တရားက ကောင်းပါတယ်တဲ့၊ တရားက ဟိုဘက်ရော ဒီဘက်ရော မျှပြီး ဟောပါတယ်။ ကျနော်တို့ လူငယ်တွေကိုလည်း အတွေးရဲဖို့ပေါ့။ အတွေးရဲတဲ့အခါမှာ ကြောက်လည်း မကြောက်ဘူးဆိုတဲ့ အကြောင်း တရားလေး ဟောသွားပါတယ်။ တရားလေးက အတော့်ကို ထိမိပါတယ်။”

၂၃ကြိမ်မြောက် ၈၈ နှစ်ပတ်လည် အခမ်းအနား မှတ်တမ်း စာအုပ် ထဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်သူမှ မေ့မသွားစေချင်ဘူး လို့ မှတ်တမ်း ရေးသား ခဲ့ပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်မှာရှိတဲ့ ဗြိတိန် အပါအ၀င် နိုင်ငံခြား သံရုံးက ပုဂ္ဂိုလ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

အခုလို ပရိသတ် အများအပြား တက်ရောက်ခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဘက်က တားဆီး နှောင့်ယှက်မှုမျိုးတော့ မတွေ့ရဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဓာတ်ပုံရိုက်တာတို့၊ ကားနံပါတ် မှတ်တာတို့၊ မလှမ်းမကမ်းမှာ အဓိကရုဏ်း နှိမ်နင်းရေးကား တစီး နှစ်စီးလောက် ရောက်လာတယ်။ အဲဒါတွေတော့ သတိထားမိပါတယ်။ သို့သော်လည်း အခမ်းအနားလာတဲ့ ပုဂ္ဂိုလ်တွေက အေးအေးဆေးဆေးနဲ့ အခမ်းအနား တက်ရောက်ကြတဲ့ အနေအထားပါ။

“ဒီအခမ်းအနားနဲ့ ပတ်သက်လို့ အခမ်းအနား ကာလမှာလည်း လုံခြုံရေး ဘယ်လို လုပ်မယ်၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရင် ထုံးစံအတိုင်း လူတွေက ၀ိုင်းအုံတဲ့ အတွက်ကြောင့်မို့ ဘယ်လို လုပ်မယ် ဆိုတဲ့ဟာက မနေ့ကတည်းက ဆွေးနွေးပြီးသားပါ။

ဒီနေ့ မနက်မှာလည်း ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ အပြင် ကျနော်တို့ NLD က လူငယ်တွေနဲ့ ပေါင်းပြီးတော့ လုံခြုံရေး လုပ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး၊ အနှောင့်အယှက် ကင်းကင်းနဲ့ ပြီးသွားတာပါ။”

ဦးဝင်းထိန် ပြောပြသွားတာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 7, 2011

(၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အခမ်းအနား (ဗွီဒီယို) အော်ရီဂွန်ပြည်နယ်


source by : http://www.youtube.com/user/chochohtun

အပြည့်အစုံ ဖတ်ရန် ...

(၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အခမ်းအနား (အော်ရီဂွန်ပြည်နယ်)



















အော်ရီဂွန်ပြည်နယ် မြန်မာ့ ဒီမိုကရေစီ အင်အာစုများမှ (၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အခမ်းအနားကို သြဂုတ်လ (၆)ရက်၊၂၀၁၁ တွင် ပေါ့တ်လန်းမြို့မှာ အောင်မြင်စွာ ကျင်းပခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို အခမ်းအနားမှုးမှ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး အလေးပြုခြင်း ၃ရပ်ဖြင့် စတင် ခဲ့ပါသည်။

အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ABSDF ရဲဘော်ဟောင်းများ၊NLD ပါတီဝင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်များ၊ ကရင်၊ ကရင်နီ၊ မွန်၊ဇိုမီး၊ ကချင် နှင့် အခြားသော အမေရိကန်မိတ်ဆွေတချို့ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် အဖွဲ့အစည်းအသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြား ခဲ့ကြပြီး အင်အားစု အသီးသီးများမှ ကိုယ်စားလှယ်များက ရှစ်လေးလုံး အတွေ့အကြုံနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ(အော်ရီဂွန်ပြည်နယ်) ၏ ထုတ်ပြန် ကြေငြာချက် ကိုလည်း တက်ရောက် လာသူများအား ဝေငှခဲ့ကြသည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ယ္ခုလက်ရှိ အခြေအနေများကို မှန်ကန်စွာ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် အင်အားစုအသီးသီး ပါဝင်သော တတိုင်း တပြည်လုံးဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ဆောင်ရွက်သင့်ကြောင်း၊ သိုမဟုတ်ပဲ ယ္ခင် စစ်အုပ်စု ဟောင်းခေတ်ကလို လိမ်နည်း၊ လှည့်နည်း၊ အချိန်ဆွဲနည်းများဖြင့် ကျင့်သုံးပြီး လိုအပ်ပါက အကြမ်းဖက် ဖြေရှင်းနည်းကိုသာ သုံးပါက ပိုမိုဆိုးဝါးလှသော သမိုင်းနိဂုံးချုပ်ခြင်းများကိုသာ ဦးသိန်းစိန် အစိုးရ အနေဖြင့် ရင်ဆိုင်ရ လိမ့်မည်ဖြစ်ကြောင်း ရေးသား တောင်းဆိုထားပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Saturday, August 6, 2011

၈၈၈၈ နှစ်ပတ်လည် ဆုတောင်း

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်နေ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ၂၃ နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ မျက်မှောက် နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောဆို လှုပ်ရှားမှုတွေကို စနေ့နေ့က ဆောင်ရွက်ခဲ့ကြပါတယ်။

8888 23rd anni

တနိုင်ငံလုံးက လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။

စစ်အစိုးရလက်ထက် မတရားဖမ်းဆီး ထောင်ချ ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက် မရှိ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ်တွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေတာကို ရပ်သွားအောင် လုပ်ဖို့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်မှာ တာဝန်ရှိတယ်လို့ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုများ အော်ရီဂွန် ပြည်နယ်က တာဝန်ခံ ကိုထွန်းထွန်းက ပြောပါတယ်။

တိုင်းပြည်တွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့ရာမှာလည်း တတိုင်းပြည်လုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး၊ တတိုင်းပြည်လုံး ပါဝင်တဲ့ ဆွေးနွေးရေးတွေကို ကမ္ဘာသိအောင် ကြေညာပြီး လုပ်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ အော်ရီဂွန်ပြည်နယ် အနေနဲ့ စစ်ကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ၊ လက်ရှိ ပြည်တွင်းမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး သမားတွေအတွက် လက်တွေ့ကျတဲ့ ငွေကြေး အပါအဝင် ကူညီပေးမှုတွေကိုလည်း တတ်အားသလောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

၈၈၈၈ ဆိုတာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားမှု ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ရဲ့ တိုင်းရေးပြည်ရာ ဆောင်ရွက်ချက်တွေကို ကျောင်းသားနဲ့ ပြည်သူတွေက မကျေနပ်ရာကနေ တနိုင်ငံလုံး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီမှာ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်တပ်က ဆန္ဒပြသူတွေကို ပစ်သတ်ပြီး အာဏာသိမ်း ခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်ဖြင့် နားဆင်ရန်

source by : http://www.bbc.co.uk

အပြည့်အစုံ ဖတ်ရန် ...

Friday, August 5, 2011

ရှစ်လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနား ပြည်သူအားလုံး ပါဝင်ရန် တိုက်တွန်း




လာမယ့် တနင်္လာနေ့မှာ ကျရောက်မယ့် ရှစ်လေလုံး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ၂၃ နှစ်ပြည့် အခမ်းအနားမှာ ပြည်သူလူထု တရပ်လုံး ပါဝင်ဆောင်ကြဖို့ ဒီအခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ လိုလားသူတွေက တိုက်တွန်း လိုက်ပါတယ်။

၈ လေးလုံး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၂၃ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးအင်အားစု အသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လိုလားသူတွေက ကျင်းပဖို့ရှိနေပြီး ဒီအခမ်းအနားကို ပြည်သူလူထု တရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်း ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို လာမယ့် တနင်္လာနေ့မှာ နတ်စင်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ရှိတဲ့ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပပြုလုပ်ဖြစ်ပြီး ပြည်သူတွေအားလုံး တက်ရောက်ဖို့ အခမ်းအနား ဖြစ်မြောက်ရေး ပါဝင် ဆောင်ရွက်နေတဲ့ ကိုမျိုးရန်နောင်သိန်းက အခုလို ပြောပါတယ်။

“၈.၈.၈၈ ၂၃ နှစ်ပြည့် အထိမ်းအမှတ်ပေါ့နော်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျနော်တို့ အားလုံးက ဒါ အမျိုးသားရေး ပွဲတခုအဖြစ်အနေနဲ့ ကြည်လင်တဲ့ အမျိုးသားရေး အမြင်နဲ့ ကျင်းပမယ်လို့ ဆုံးဖြတ်တဲ့အခါမှာ ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ ကွန်ရက်အဖွဲ့တွေရော အားလုံးပဲပေါ့နော် ဘယ်သူ ဘယ်ဝါရယ် မဟုတ်ဘဲနဲ့ အားလုံးနဲ့ သက်ဆိုင်တဲ့ ပွဲအဖြစ်နဲ့။

ကျန်တဲ့အခါမှာလည်း ငြိမ်းချမ်းရေးကို ကျနော်တို့ ဦးတည်တယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တယ်။ ပြီးတော့ အပြူသဘောဆောင်တဲ့ ဦးတည်ချက်နဲ့ သွားကြမှာဖြစ်တယ်။ ကျနော်တို့နဲ့ နိုင်ငံရေး အယူအဆ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဘယ်ဘက်မှာ ဘယ်လို ရှိနေသည်ဖြစ်စေ အားလုံးကို ဖိတ်ကြားမှာ ဖြစ်တယ်။ နိုင်ငံသားအားလုံးကို ဖိတ်ကြားတဲ့ ပွဲဖြစ်ပါတယ်။”

ဒီဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားထားသလို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး ပါတီစုံစနစ် ခွင့်ပြုခဲ့ချိန်ကနေ ဒီကနေ့ထိ မှတ်ပုံတင် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံတကာ သံရုံးတွေကိုလည်း ဖိတ်ကြားထားတယ် လို့လည်း အခြား ရှစ်လေးလုံး ၂၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေက ပြောပြကြပါတယ်။

အခမ်းအနား အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုမျိုးရန်နောင်သိန်း ကပဲ အခုလို ဆက်ပြောပြပါတယ်။

“ကျနော်တို့ အဲ့ဒီနေ့ အခမ်းအနားမှာ ဆုတောင်း ၂ ချက်တော့ လုပ်မယ်။

ဆုတောင်းမယ်။

နိုင်ငံရေးအကျဉ်းသားများပေါ့ အမြန်ဆုံး လွှတ်မြောက်ပါစေ။ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အမြန်ဆုံး ဖြစ်မြောက်ပါစေ ဆိုတဲ့ ဆုတောင်း ၂ ချက်။

ဒီ ဆုတောင်း ၂ ချက်ကို ကျနော်တို့ ဆုတောင်းမယ်။ ဆုတောင်းတာကလည်းပဲ ဒီ အခမ်းအနားကို တက်ရောက်သည် ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ ဒီ အချက်တွေက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အချက်တွေ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသားတိုင်းက မလာဖြစ်ခဲ့ရင်တောင်မှ ကိုယ့်အိမ်မှာ နေပြီးတော့ အဲဒီနေ့ရက်မှာ ဆုတောင်းပေးပါ။

ဖြစ်နိုင်လို့ရှိရင် တော့ နတ်စဉ်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ရှိတဲ့ ဓာတုပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ကျောင်းကို ၉ နာရီနဲ့ ၁၂ နာရီအတွင်း လာခဲ့ကြပါလို့ ကျနော် ဖိတ်ကြားလိုပါတယ်။”

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၃ နှစ်က တပါတီ အာဏာရှင်စနစ်အောက်မှာ ၂၆ နှစ်ကြာ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ အုပ်ချုပ်သူတွေ အပေါ် သည်းမခံနိုင်ကြတော့တာကြောင့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က စတင်ပြီး ဒီမိုကရေစီရေးအတွက် စတင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီတောင်းဆိုမှုတွေကို မြန်မာ့တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ရာက ပြည်သူ သုံးထောင်ခန့် သေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

အရင်ကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ ၈ လေးလုံးအောက်မေ့ဖွယ် အခမ်းအနားတွေကို အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားက ကျင်းပ ပြုလုပ်ခဲ့ကြရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ့် အရပ်သားတပိုင်း အစိုးရသစ် လက်ထက် ပထမဆုံး တွေ့မြင်ရမှာမယ့် အခမ်းအနားတခု ဖြစ်ပါတယ်။

ဒီနှစ် နှစ်ပတ်လည် အခမ်းအနားမှာရော အစိုးရဘက်က ဘယ် အတိုင်းအတာ အထိ ကျင်းပပြုလုပ်ခွင့် ပေးလာမယ် ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


source by :
http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

ဆန္ဒပြ စစ်​တွေ​ကျောင်း​သား​များ​နှင့်​ ပြည်နယ်အစိုး​ရ တာဝန်ရှိသူများ​ ​ဆွေး​နွေး


ရခိုင်ပြည်နယ် စစ်​တွေမြို့ စစ်​တွေတက္ကသိုလ်က ရာနဲ့​ချီတဲ့​ကျောင်း​သား​တွေဟာ ​ကျောင်း​ဖယ်ရီခ ​ဈေး​မြင့်​တဲ့​ကိစ္စကို မ​နေ့​က မြို့​တွင်း​ကို ချီတက်ဆန္ဒပြပြီး​တဲ့​နောက် ဒီက​နေ့မှာ ပြည်နယ်အစိုး​ရတာဝန်ရှိသူ​တွေက ​ကျောင်း​သား​တွေနဲ့​ ​တွေ့​ဆုံ​ဖြေရှင်း​နေပြီး​ ထပ်မံဆန္ဒပြတာမရှိ​တော့​ဘူး​လို့ စစ်​တွေမြို့ခံ​တွေထံက သိရပါတယ်။

တက္ကသိုလ်နဲ့​ နီး​စပ်တဲ့​အသိုင်း​အဝိုင်း​ပြောဆိုချက်အရ အထူး​ပြုဘာသာရပ်တခုစီက ​ကျောင်း​သား​ကိုယ်စား​လှယ်​တွေနဲ့​ အစိုး​ရတာဝန်ရှိသူ​တွေ ​တွေ့​ဆုံ​ဖြေရှင်း​နေတာလို့ ဆိုပါတယ်။ ​ပြေလည်မှု ရမရ မသိနိုင်​သေး​ပါဘူး​။

စစ်​တွေမြို့က​နေ နှစ်မိုင်ခွဲ​လောက်လှမ်း​တဲ့​ စစ်​တွေတက္ကသိုလ်က ​ကျောင်း​သူ​ကျောင်း​သား​တွေဟာ အရင်က ​ကျောင်း​နဲ့​မြို့​ အသွား​ ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ်က​နေ ကား​သမား​တွေက အသွား​ ၁၀၀ ကျပ် အပြန် ၂၀၀ ကျပ်တိုး​တောင်း​တဲ့​အတွက် ကား​သမား​တွေနဲ့ အချင်း​များ​ရာက အစိုး​ရက ​ဖြေရှင်း​ပေး​ဖို့​ မ​နေ့​က ​ကျောင်း​သူ​ကျောင်း​သား​ သုံး​ရာ​ကျော် ချီတက်လမ်း​လျှောက်ခဲ့​တာဖြစ်ပါတယ်။

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...