၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်
အဆင့်မြင့်သတင်းစာပညာ သင်တန်း ပို့ချ
NEJ / ၂၃ စက်တင်ဘာ ၂၀၀၉ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ပြည်တွင်းသတင်းဂျာနယ်အသီးသီးမှ သတင်းထောက်များ၊ အယ်ဒီတာများအား အဆင့်မြင့်သတင်းစာပညာ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အဆင့်မြင့်သတင်းစာပညာ သင်တန်းဖြစ်ပြီး လာမည့် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်ကြားပေးသော သင်တန်းဖြစ်ကြောင်း စာပေနှင့်စာနယ်ဇင်း အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ဒီသင်တန်းက အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ ပါတီတွေကို အင်တာဗျူးလုပ်မယ့်ပုံစံတွေကို သင်နေတာ။ မြန်မာနိုင်ငံသတင်းထောက်တွေက ရွေးကောက်ပွဲအတွက် ပါတီအသီးသီးကိုမေးမြန်းဖို့ မတတ်တာ သေချာတယ်။ သူတို့မှာ အတွေ့အကြုံမရှိဘူးလေ။ အခုလို သင်တန်းမှာ ဒီကိစ္စတွေကို သင်ပေးတာ အရမ်းကောင်းတယ်” ဟု ပြောသည်။
ယခု သင်တန်းအား အမေရိကန်နိုင်ငံသား သတင်းစာဆရာ Dr. Doug Cosper က သင်ကြားပေးမည်ဟု သိရသည်။
၎င်းသည် စာပေနှင့်စာနယ်ဇင်းက ကြီးမှူးဖွင့်လှစ်သော သတင်းစာသင်တန်း ၁/၂၀၀၉ နှင့် ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့သော သတင်းစာသင်တန်း ၂/၂၀၀၉ တို့တွင် စတင်သင်ကြားခဲ့သူဖြစ်သည်။
ဝါရင့်သတင်းစာဆရာတဦးက “အခုလို အဆင့်မြင့်သင်တန်း ပို့ချခွင့်ကို ပေးတာဟာ မြန်မာနိုင်ငံသတင်းလောကအတွက် အင်မတန်မှ တန်ဖိုးရှိတယ်။ သင်တန်းတက်တဲ့သူတွေဆီက ကျနော်တို့ပြန်ကြားရတာက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်တာလို့ သိရတယ်။ ဒါဟာ အားရစရာတခုပါ။ ဘာလို့လည်းဆိုတော့ ပွဲမ၀င်ခင် အပြင်မှာ ကျင်းပပေးနေတာမျိုး ဖြစ်နေလို့ပါပဲ” ဟု ပြောသည်။
အဆိုပါ အဆင့်မြင့်သတင်းစာသင်တန်းတွင် သင်တန်းသားဦးရေ (၂၅) ဦး တက်ရောက်ခွင့်ရပြီး ၎င်းတို့သည် စာနယ်ဇင်းသင်တန်း အမှတ်စဉ် (၁)နှင့် (၂) တို့မှ သင်တန်းသား စုစုပေါင်း (၈၀) ခန့်မှ ရွေးချယ်ထားသူများဖြစ်ကြောင်း သိရသည်။
သင်တန်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၁) ရက်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သင်တန်းကာလမှာ (၁၀) ရက်ကြာမြင့်မည်ဟု သိရသည်။
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ကိုမျိုးရန်နောင်သိမ်း ညှင်းပန်းခံခဲ့ရလို့ လမ်းမလျှောက်နိုင်တော့
2009-09-21 (RFA)စက်တင်ဘာ ၁၈ ရက်နေ့က သံတွဲထောင်က လွတ်လာတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုမျိုးရန်နောင်သိမ်းဟာ စစ်ကြောရေးကာလအတွင်း အာဏာပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက် ခံခဲ့ရတာကြောင့် အာရုံကြောထိခိုက်သွားခဲ့ပြီး ထောင်ထဲမှာ ဆေးဝါးကုသမှုကို လုံလုံလောက်လောက် မရရှိခဲ့တဲ့အတွက် လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂ဝဝ၇ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့က တောင်းဆို ဆန္ဒပြနေသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)ကိုမျိုးရန်နောင်သိမ်းဟာ ၁၉၈၈ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တဲ့အချိန်ကတည်းကစပြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားတဦးပါ။ ၁၉၉၆ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတဦးအနေနဲ့ ဦးဆောင်လှုပ်ရှားခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ထောင်ဒဏ် (၇)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကလွတ်လာပြီးတော့လည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့အတူ နိုင်ငံရေးမှာ ဆက်လက် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ် ၂ဝဝ၇စက်တင်ဘာ ရွှေဝါရောင်သံဃာလှုပ်ရှားမှုအပြီးမှာ ကိုမျိုးရန်နောင်သိမ်းဟာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူအဖမ်းခံရပုံက အခြားသူတွေနဲ့မတူပဲ လူစည်ကားတဲ့နေရာမှာ အမည်မသိလူတွေက အတင်းဝင်ရောက်ရိုက်နှက်ပြီး ချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံရတာ ဖြစ်ပါတယ်။
သူစတင်အဖမ်းခံခဲ့ရပုံနဲ့ စစ်ကြောရေးကာလအတွင်း အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။
မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ကိုကျော်ဇောလွင် အင်းစိန်ထောင်မှာ ညှဉ်းပန်းနှိပ်စက်ခံရ
2009-09-21 ( RFA)အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ သက်ဆိုင်ရာက စက်တင်ဘာ ၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၇ရက်အကြာမှာမှ ရန်ကုန်မြို့ အမေရိကန် ကောင်စစ်ဝန်က အင်းစိန်ထောင်မှာ မနေ့က စက်တင်ဘာ ၂ဝရက်နေ့မှာ တွေ့ခွင့်ရရှိပါတယ်။
မြန်မာနိုင်ငံသို့ အသွား စက်တင်ဘာ ၃ ရက်နေ့က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)ဒီအကြောင်းကို အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ်မှာ နေထိုင်နေတဲ့ ကိုညီညီအောင်ရဲ့ မိတ်ဆွေ မဝါဝါက ပြောပြပါတယ်။
မဝါဝါ။ ။ 'လေယာဉ်ကွင်းမှာ ဖမ်းသွားတာပေါ့နော်၊ အဲဒါက စက်တင်ဘာ ၃ ရက်နေ့၊ အခု ၁၇ ရက် ကြာပြီးတော့မှ စက်တင်ဘာ ၂ဝ ရက်နေ့ ကျမှ ပထမဦးဆုံးအကြိမ် ဒီ US counselor Colin Furst နဲ့ တွေ့ခွင့်ရခြင်း ဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ ဖြစ်တယ်၊ မိနစ် ၄ဝ ကြာ စကားပြောခွင့် ရခဲ့ပါတယ်။'
ကိုညီညီအောင်က သူ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အကြောင်း အမေရိကန် ကောင်စစ်ဝန်ကို ပြောပြတယ်လို့လည်း ဆိုပါတယ်။
ကိုညီညီအောင်ဟာ ရှစ်လေးလုံး လူထုအုံကြွမှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရဖူးပါတယ်။ နောက်ပိုင်း အမေရိကန်ကို ရောက်ရှိလာပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားနေရာက ၂ဝဝ၅ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ အခြေစိုက် လှုပ်ရှားလာပါတယ်။
ကိုညီညီအောင်ဟာ မြန်မာနိုင်ငံ အကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ပါဝင်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုထားတဲ့ လက်မှတ်တွေကို ကုလသမဂ္ဂကို ပေးအပ်ဖို့ တခြားအဖွဲ့ဝင်တွေနဲ့ အတူ နယူးယောက်မြို့ကို ပြီးခဲ့တဲ့ ဇွန်လက ရောက်ရှိလာခဲ့ပါတယ်။
နယူးယောက် ရောက်ရှိခဲ့တုန်းက ကိုညီညီအောင်ဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၊ ကုလသမဂ္ဂဆိုင်ရာ သံအမတ်တွေနဲ့ ဥရောပ ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
လောလောဆယ်မှာ ကိုညီညီအောင်မိခင် ဒေါ်စန်းစန်းတင်အပါအဝင် သူ့မိသားစုဝင် ၅ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေ အဖြစ် အကျဉ်းကျနေပါတယ်။
ကိုညီညီအောင်နဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြပေးပါမယ်။
အသံဖိုင်အား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။
မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
မဲဆောက်မြို့ တွင်ပြုလုပ်ခဲ့သောမေတ္တာပို့ လမ်းလျှောက်ပွဲ
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲပါ့သည်။ (၂၁.၉.၂၀၀၉) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့အရေးဆောင်ရွက်နေကြသည့်ထိုင်းအစိုးရမဟုတ်သောအဖွဲ့များ၊မြန်မာပြည်ဒီမိုကရေစီရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
ဓါတ်ပုံများမျှဝေပေးသော ကိုဝဏ္ဏ နှင့်http://kamikaze-2010.blogspot.com/ အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ထိုင်းနှင့်မြန်မာ ပူးတွဲမေတ္တာပို့လမ်းလျှောက်ပွဲ
မဲဆောက်မြို့တွင် ပြုလုပ်
ရဲရင့် / ၂၁ စက်တင်ဘာ ၂၀၀၉မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပထမဆုံးအကြိမ်ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ (၆) ဖွဲ့နှင့် မြန်မာပြည်ဒီမိုကရေစီရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
လမ်းလျှောက်ပွဲ ဦးဆောင်သူတဦးဖြစ်သူ Forums-Asia အဖွဲ့မှ ခွန်ချာလီဒါဖားကျလိမ်းဆတ်က “ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။
မေတ္တာပို့လမ်းလျှောက်ပွဲကို လူအင်အား (၂၀၀) ခန့်က မဲဆောက်မြို့ထိပ်ရှိ ထိုင်းသူရဲကောင်းကျောက်တိုင်မှ မဲဆောက်မြို့ကိုဖြတ်ကာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ (၁၀) ကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ကြပြီး လမ်းခရီးတလျှောက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည့်ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပြီး မြန်မာသံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပေးကြသည်။
မေတ္တာပို့လမ်းလျှောက်ရာတွင်ပါဝင်သည့် ဂျာမနီမှကြွရောက်လာသည့် ဘုန်းတော်ကြီး အရှင်သောပါကမှ “မြန်မာပြည်မှာ ငြိမ်းချမ်းရေးရစေချင်တယ်။ ဦးပဉ္စင်းတို့တိုင်းပြည်မှာ ပြည်တွင်းစစ်တွေဖြစ်နေတယ်၊ နျူကလီးယားတွေထုတ်နေတယ်၊ ဒါတွေကိုစိုးရိမ်တယ်။ ဒါကြောင့် အခုလိုမေတ္တာပို့လမ်းလျှောက်ရတာဖြစ်တယ်” ဟု မိန့်ကြားသည်။
အစီအစဉ်အရ သောင်ရင်းမြစ်ကမ်းနားအထိ မေတ္တာပို့သရန်ရှိသော်လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားခွင့်မပြုဘဲ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအထိသာ ခွင့်ပြုသဖြင့် ညနေ (၃) နာရီခွဲခန့်တွင် မေတ္တာပို့လမ်းလျှောက်ပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
မြ၀တီ-မဲဆောက် ခရီးသည်တင်ယာဉ်မောင်းတဦးက “မြ၀တီဘက်ကတော့ ဒီကိစ္စ အတော့်ကိုသတိထားတယ်။ ဒီနေ့လမ်းလျှောက်ပွဲရှိတော့ မနက်ကတည်းကနေ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အကုန်လုံးပဲ ကမ်းနားတလျှောက်မှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတယ်။ ဒါလည်း ဟာသတမျိုးပဲ” ဟု ပြောသည်။
ယခင်က အလားတူ မြန်မာများ မေတ္တာပို့လမ်းလျှောက်ပွဲကျင်းပရာ ဒေသခံအာဏာပိုင်များက ခွင့်မပြုဘဲ ဖမ်းဆီးမှုများရှိခဲ့ရာမှ ယခုတကြိမ်တွင် ခွင့်ပြုချက်ရရှိပြီး လမ်းခရီးလုံခြုံရေးအတွက်ပါ တာဝန်ယူပေးခဲ့သည်။
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကြီးမှတဆင့်
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပေါ်ကြေညာချက်
Announcement Letter
မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...