Sunday, February 8, 2009

အရေးကြီး ကာလကို ရောက်တော့မယ်

အရေးကြီး ကာလကို ရောက်တော့မယ်

ဗသြ



ပြည်သူတွေဖက်ကလည်း လက်နက်ကုန် ထုတ်မသုံးရသေး ဘူးဆိုတာ မမေ့သင့်ဘူး။ နအဖ အကြောက်ဆုံး ဖြစ်တဲ့၊ ညူကလီယာလက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကြီးတခုဖြစ်တဲ့ ပြည်သူ့အင်အား ဖော်ပြမှုဆို တဲ့ လက်နက်ကြီးကို မသုံးစွဲရသေးဘူး။ အခုမှ လူထုတွေဟာ ဒီလက်နက်ကြီးကို တည်ဆောက်ဆဲ ရှိသေး တယ်လို့ မြင်ရမယ်။ ဒါ့အပြင် ဒီလက်နက်မှာ ကျည်ဆံကုန်တယ်လို့ မရှိဘူးဆိုတာလည်း မှတ်သားထား သင့်တယ်။

အပြည့်အစုံ >>


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://nguyinpyin.net မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Saturday, February 7, 2009

Felicitation letter for Shan National Day by Free Burma Federation

Felicitation Letter for Shan National Day by Free Burma Federation


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့  ပင့်ကူကွန်ရက်

တပ်မတော် အရာရှိဟောင်းတဦး / ၅ ဖေဖော်ဝါရီ ၂၀၀၉

၂၄-၁-၂၀၀၈ ရက်နေ့က ကျနော်ဟာ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် သဘောထားများ၊ အတိုက်အခံ အဖွဲ့အစည်းများအပေါ် နအဖက ထိန်းချုပ် ထိုးဖောက်နိုင်ပုံ အကြောင်း စတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလို အပြန်အလှန် ဆွေးနွေးခဲ့ရာမှာ နယ်စပ်မှာရှိတဲ့ အတိုက်အခံအဖွဲ့အစည်းများအား ထိန်းချုပ်ထိုးဖောက်နိုင်ဖို့ ဘန်ကောက်ရှိ မြန်မာသံရုံး စစ်သံမှူးက အဓိကထား တိုက်ရိုက် ကိုင်တွယ်ရကြောင်း၊ ထောက်လှမ်းရေး ကွန်ရက် တည်ဆောက်ကာ သတင်းပေးများ၊ သူလျှိုများ မွေးမြူထားပြီး အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကြကြောင်း၊ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ သင်တန်းများကို သူလျှိုများက စတင်တက်ရောက်သည်မှ စပြီး ယုံကြည်မှု ရှိလာသည်နှင့်အမျှ အတွင်းစည်းရုံးလုပ်ငန်းထဲသို့ ၀င်ရောက် လုပ်ကိုင်ခွင့်ရသည်အထိ ကြိုးစားလာကြကြောင်း၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားအဖြစ် အသွင်ယူပြီး သတင်းပေး ဆောင်ရွက်ကြကြောင်း၊ လေ့ကျင့်ထားသည့် မိန်းကလေးများကို အားနွဲ့သူအဖြစ် အခွင့်ကောင်းယူကာ အဖွဲ့အစည်းအချို့ က ရုံးလုပ်ငန်းများတွင် ခိုင်းလို့ရအောင် ဖန်တီး လာကြောင်း၊ ဒီကေဘီအေကဲ့သို့ ကရင်လူမျိုးများ ဖွင့်လှစ်တဲ့ စားသောက်ဆိုင်များကို ခြေကုပ်ယူပြီး အဖွဲ့အစည်းက လာရောက် စားသောက်ရာမှာ သတင်းယူကြောင်း၊ မြ၀တီမှ နေ့ချင်းပြန် သွားရောက် သတင်းယူတဲ့ လက်လုပ်လက်စားများကို မွေးမြူထားသလို ဈေးပေါပေါ ဆက်လို့ရတဲ့ ဆက်သွယ်ရေး အိပ်ချိန်း ဖုန်းလိုင်း နေရာများမှာလည်း ထောက်လှမ်းရေးများကို ထားတတ်ကြောင်း၊ ထိုင်းနိုင်ငံသုံး လက်ကိုင်ဖုန်းများကို ခိုးယူ နားထောင်လို့ ရတဲ့ ကြားဖြတ် အသံဖမ်းစက်ထားရှိရာ လက်ကိုင်ဖုန်းရဲ့  အသံ မူလထက် တိုးသွားသည် ဖြစ်စေ၊ မိမိအသံ ပြန်ကြားနေရသည် ဖြစ်စေ အဲဒီလို ဖြစ်လာပါက ကြားဖြတ် နားထောင်နေကြောင်း၊ မြ၀တီရှိ ထောက်လှမ်းရေး (စရဖ- SB)နဲ့ ဘန်ကောက် စစ်သံမှူးရုံးတို့ အပြန်အလှန် သတင်းဖလှယ် တည်ဆောက်ကြပြီး ထောက်လှမ်းရေး ကွန်ရက်ထားရှိကြောင်း၊ ထိုင်းနိုင်ငံ NSC (အမျိုးသားလုံခြုံရေးကောင်စီ) ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်သွယ်ပြီး ဖိအားပေးခြင်းမျိုး လုပ်ခိုင်းတတ်ကြောင်း၊ ထိုင်း-မြန်မာ ကုန်သည်ကြီးများကို နယ်စပ်မှာ ကျွေးမွေးပြီး အခွင့်အလမ်းများ ပေးထားရာ ထိုင်း-မြန်မာ ကုန်သည်ကြီးများ အသင်းရုံးသည်လည်း နအဖရဲ့ ထောက်လှမ်းရေး သတင်းပေးဌာနဖြစ်နေတတ်ကြောင်း၊ နအဖက နယ်စပ်တံခါးများကို တဖက်သတ် ပိတ်လိုက်ခြင်းဖြင့် ထိုင်းကုန်သည်များက စီးပွားရေးထိခိုက်လာလို့ ထိုင်းအစိုးရကို ဖိအားပေးလာတတ်ကြောင်း၊ မြန်မာစစ်သံမှူးရုံးမှ ထိုင်းနိုင်ငံ အစိုးရရဲ့  အတွင်းသဘောထား လျှို့ဝှက်ချက် သတင်းများနဲ့ အတိုက်အခံ အဖွဲ့အစည်းများရဲ့  သတင်းများကို စိစစ်သုံးသပ် တည်ဆောက်ကာ ကြပ်ပြေးစစ်ရုံးသို့ သတင်းပို့ပြီး နအဖက နည်းဗျူဟာများနဲ့ စီမံချက်များ ရေးဆွဲရကြောင်း၊ မာနယ်ပလော တိုက်ခဲ့စဉ်က ကျော်မြင့်အမည်နဲ့ သူလျှိုတဦးကို စစ်သံမှူးရုံးက သုံးကာ မာနယ်ပလော စခန်းကြီးရဲ့ အတွင်းသတင်း နောက်ဆုံး အခြေအနေများကို စဉ်ဆက်မပြတ် သတင်းရယူပြီး စစ်ရေး အရှိန်အဟုန် မြှင့်ခဲ့ကြောင်း၊ ဒါကြောင့် ဘန်ကောက်ရှိ မြန်မာသံရုံးသံအမတ်ကြီးနဲ့ စစ်သံမှူးဆိုရင် အခြားနိုင်ငံများနှင့်မတူဘဲ ထောက်လှမ်းရေး အတွေ့အကြုံရှိသူများကိုသာ နအဖက အထူးစိစစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေး ယန္တရား ပြိုကွဲသွားချိန်မှာတော့ နအဖက လူရွေးချယ်ဖို့ အကျပ်ရိုက်နေရာ ကြံရာမရဖြစ်ပြီး နောက်ဆုံးမှာတော့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ OTS အပတ်စဉ် (၄၉) ဆင်း ဗိုလ်ရဲဝင်းနဲ့ DSA အပတ်စဉ် (၁၅) ဆင်း ဗိုလ်ခင်မောင်စိုးတို့ကို ဖုတ်ပူမီးတိုက် ရွေးချယ် တာဝန် ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်လင်းထွဋ်က ကျနော့်ကို စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးရဲ့  အကြောင်းနဲ့ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ တစေ့တစောင်း ပြောပြလာပါတယ်။ မျက်မှန်ကြီး တင်ဦး လက်ထက်က ဗိုလ်ခင်မောင်စိုးဟာ အမှတ် (၁၀) ထောက်လှမ်းရေးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ရာမှ ထောက်လှမ်းရေးတဖွဲ့လုံး ဖျက်သိမ်းခံရချိန်တွင် ခြေလျင်တပ်ကို ပြန်လည် ဆင်းသွားရသူ ဖြစ်ပါတယ်။

အဲဒီနောက် သူဟာ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးချုပ် မြင့်ဆွေ လက်အောက်ခံ နည်းဗျူဟာမှူး ဖြစ်ခဲ့ပြီး ထိုမှတဖန် တပ်မမှူးဖြစ်လာပြီးနောက် စစ်သံမှူးအဖြစ် တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ တပ်ချုပ် တပည့် ဗိုလ်မြင့်ဆွေက တပတ်စဉ်တည်း ပီပီ သူ့ကို စစ်သံမှူး ဖြစ်ရေး ထောက်ခံပေးလိုက်တဲ့ သဘော ရှိပါတယ်။

ဗိုလ်ခင်မောင်စိုးဟာ ထောက်လှမ်းရေးတပ် (၁၀) မှ ဗိုလ်ကြီးအဆင့်နဲ့ တန်ပြန် ထောက်လှမ်းရေး သင်တန်းတက်ဖို့ ဗဟို ထောက်လှမ်းရေးတပ်ကို လာရောက် တက်ခဲ့စဉ် ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ သင်တန်းမှာ အတူတူဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် ဧပြီ၊ မေလ အချိန်မှာ တန်ပြန် ထောက်လှမ်းရေး သင်တန်းရဲ့  လက်တွေ့ ကွင်းဆင်းတဲ့ အစီအစဉ်အရ သံလွင်ဦး စစ်ဆင်ရေးအနေနဲ့ ဗိုလ်ခင်မောင်စိုး ဦးစီးတဲ့အဖွဲ့ဟာ တာချီလိတ်-မိုင်းဖြတ်သို့ သွားရတယ်လို့ သိရပါတယ်။

ဗိုလ်ကြီး ခင်မောင်စိုးက ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင် ဗိုလ်ကြီးအောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုးမြင့်အောင်၊ တပ်ကြပ်ကြီး ကျော်သိန်း (အမှတ် ၄ ထောက်လှမ်းရေးတပ်)၊ တပ်ကြပ်ကြီး တင်လှိုင်တို့ ပါဝင်ကြပါတယ်။ တာချီလိတ် ရောက်ချိန်မှာ ဗိုလ်ခင်မောင်စိုးဟာ ဟိုဘက်ကမ်း ကူးကာ မယ်ဆိုင်မြို့ သို့ သွားရောက်လည်ပတ်ခဲ့ရာမှ ထိုင်းမိန်းမပျိုတဦးနဲ့ ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ခင်မောင်စိုးဟာ ခြေစင်္ကြာဖြန့်ပြီး အိုင်တွေ့ခြေဆေးခဲ့ရာမှ လှပတဲ့ ထိုင်းမိန်းကလေးရဲ့  မာယာကျော့ကွင်းထဲမှာ နစ်မျောသွားပြီး ဗိုလ်ခင်မောင်စိုးရဲ့  အချစ်ဟာ နုတ်မရတဲ့ ရောဂါနဲ့ အစွဲကြီး စွဲလမ်းကာ မကြာခဏ ညအိပ်သွားတဲ့အထိ ဖြစ်နေပါတယ်။

စစ်ဆင်ရေး တာဝန်ပြီးဆုံးလို့ ပြန်ချိန်မှာတော့ ဗိုလ်ခင်မောင်စိုးက ကိုအောင်လင်းထွဋ်ကို “ငါ သူမကို တခါတည်း ခေါ်ခဲ့တော့မယ်ကွာ” လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့  မျက်နှာမှာလည်း မျက်ရည်တွေနဲ့ တွေ့လိုက်ရတာမို့ ကိုအောင်လင်းထွဋ်က တအံ့တသြ ဖြစ်သွားကာ သူမကို ခေါ်လာရင် ပြဿနာ အားလုံး တက်ကုန်ကြမယ်လို့ ပြောပြီး မခေါ်ဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောယူရတဲ့ အခြေအနေ ရောက်ခဲ့ကြောင်း သိရပါတယ်။

အခုတော့ တာဝန်အရ ဘန်ကောက် ပြန်ရောက်လာချိန်မှာ ဗိုလ်ခင်မောင်စိုးက သူ့ရဲ့ အချစ် ဇာတ်လမ်းကို ပြန်ဆက်မှာလား၊ ဒါမှမဟုတ် စစ်သံမှူးရဲ့  တာဝန်အရ အခြား ထိုင်း ကောင်မလေးတွေကို သတင်းပေးအဖြစ် မွေးစားနေဦးမှာလားဆိုတာ တွေးမိရင်း ရင်လေးမိပါတယ်။ စစ်သံမှူး ဗိုလ်ခင်မောင်စိုး လုပ်ဆောင်ချက် ချို့ယွင်းပုံကဖြင့် လုံခြုံရေး တာဝန်ယူရတဲ့ စစ်သံမှူးအနေနဲ့ မြန်မာသံရုံး မီးလောင်ခံရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲ ထောက်လှမ်းရေးသင်တန်းအရ ပစ္စည်းလုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ အဆောက်အဦ လုံခြုံရေး စတဲ့ ဘာသာရပ်ဆိုင်ရာ စီမံချက်များ အားနည်းချက် ကြောင့် ဂုဏ်သိက္ခာ ကျဆင်းသွားပြီး မီးလောင်ရတဲ့အကြောင်းရင်းကို ထိုင်းနိုင်ငံက စုံစမ်းစစ်ဆေးပေးမယ်ဆိုတာတောင် လက်မခံရဲတဲ့အထိ ဖြစ်ခဲ့လို့ ဘာကြောင့် မီးလောင်တယ် ဆိုတာကတော့ ဗိုလ်ခင်မောင်စိုးသာ အသိဆုံး ဖြစ်လိမ့်မယ်ဆိုတာ တင်ပြလိုက်ရပါတယ်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, February 6, 2009

နှစ်ရှည်ထောင်ဒဏ်ကျ သားအဖနှစ်ဦး အခြေအနေကို ပြန်လည်ပြောပြ

နှစ်ရှည်ထောင်ဒဏ်ကျ သားအဖနှစ်ဦး အခြေအနေကို ပြန်လည်ပြောပြ
2009-02-05

၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် မောင်ဒီငြိမ်းလင်းကို မနေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်နဲ့ ၆ လ ဖြစ်သွားတာနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသော ဖခင် ကိုညီညီမင်း (ဝဲ) နှင့် သား မောင်ဒီငြိမ်းလင်း (ယာ)တို့ ဖြစ်ပါသည်။ (Image: RFA)

သူ့ရဲ့ ဖခင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဇော်ဇော်မင်းကလည်း ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ကျခံနေရပြီး တောင်ငူထောင်ကို ပို့ခံထားရပါတယ်။ အဖိုးဖြစ်သူက လွန်ခဲ့တဲ့ ၁ဝ နှစ်က သာယာဝတီထောင်မှာ ဆုံးပါးသွားတဲ့ ထီးလင်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်း ဖြစ်ပါတယ်။

မောင်ဒီငြိမ်းလင်းနဲ့ ကိုဇော်ဇော်မင်းတို့ သားအဖရဲ့ လက်ရှိအခြေအနေကို ကိုနေရိန်ကျော်က မေးမြန်း တင်ပြထားပါတယ်။


>>ဆက်သွယ်မေးမြန်းချက်(နားဆင်ရန်)

RFA


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.rfa.org/burmese မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, February 5, 2009

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ် အောင်မြင်မှုမရဟု NLD ပါတီ ဝေဖန်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ် အောင်မြင်မှုမရဟု NLD ပါတီ ဝေဖန်
2009-02-04

NLD ပါတီက မစ္စတာဂမ်ဘာရီထံ တင်ပြတောင်းဆိုတဲ့ အချက်များကို စစ်အစိုးရက ငြင်းပယ်လိုက်တယ်လို့ ဖေဖော်ဝါရီ ၄ရက် ဒီကနေ့ စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်တွေကို ကိုးကားပြီး ဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။


မြန်မာ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) က လက်ထောက် အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (ဝဲ) အား အထူးသံတမန်အဖြစ် တာဝန်ပေးအပ်ထားပါသည်။ (မှတ်တမ်းဓာတ်ပုံ) (Photo: AFP)

NLDပါတီက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ပြည်သူ့ လွှတ်တော် ခေါ်ယူပေးရေးစတဲ့ အချက်လေးချက်ကို တောင်းဆိုခဲ့တာပါ။

ဒီအချက်တွေကို စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့က မစ္စတာဂမ်ဘာရီနဲ့ ဖေဖော်ဝါရီ ၃ရက် အင်္ဂါနေ့က တွေ့ဆုံစဉ်မှာ အကြောင်းပြချက်တွေ ပေးပြီး ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်သလို၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေက ဥပဒေနဲ့အညီ စီရင် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူအများရဲ့ ဆန္ဒနဲ့ အတည်ပြုခဲ့တာလို့ ဖြေရှင်းသွားပါတယ်။

ဒီကနေ့သတင်းစာမှာ ဖော်ပြချက်နဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခုလို ဝေဖန်ပါတယ်။

သခင်ချန်ထွန်း။ ။ “ကျွန်တော် နားလည်တာ သူ့ဟာက ဒီထဲမှာ သူတို့က demand လုပ်ထားတယ်လေ၊ သူတို့ လက်မခံနိုင်ဘူးဆိုတာကို၊ အဲဒါ ပြောထားတာတွေ တွေ့ရတာနဲ့။ အခုဟာက အစိုးရအနေနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်ဆိုတာ မစ္စတာ ဂမ်ဘာရီကို ပြောတဲ့စကားကို ပြန်ပြောတဲ့အထဲမှာနော်၊ စာလုံးမဲကြီးနဲ့ ဒီမှာ လုပ်ထားတာ ၁၉၈၈ နောက်ပိုင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်တဲ့ အခြေခံအဆောက်အအုံ အားလုံးနီးပါးကို တည်ဆောက် ပုံဖော်ပေးနိုင်ခဲ့။ ဒါကတော့ ကိုယ်ပြောချင်ရာ ပြောလို့ရတဲ့ သဘောမျိုးနဲ့ ပြောတာတွေပဲ။ အားလုံးကတော့ ဒီစာတွေ ဖတ်ပြီးတော့ အဓိပ္ပာယ် နားလည်တဲ့လူတွေကတော့ မချိတင်ကဲ ပြုံးကြလိမ့်မယ်လို့ က္ဆွန်တော် ဒီလိုပဲ ယူဆတယ်။”

စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြချက်နဲ့ပတ်သက်ပြီး NLD ပါတီကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် အောင်မြင်မူမရ ဖြစ်သွားရတယ်လို့ ဝေဖန်ပါတယ်။ ဒါပေမဲ့ မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေကိုတော့ အသိအမှတ်ပြုပါတယ်လို့ ဝေဖန်သွားပါတယ်။ မြန်မာနိုင်ငံမှာ လေးရက်ကြာ နေထိုင်ပြီး ပြန်လည် ထွက်ခွာသွားပြီး ဖြစ်တဲ့ မစ္စတာဂမ်ဘာရီဟာ အိန္ဒိယနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတာနဲ့ ပတ်သက်တဲ့ ညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကို တင်ပြဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


>>ဆက်သွယ်မေးမြန်းချက် (နားဆင်ရန်)

RFA


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.rfa.org/burmese မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒုက္ခနဲ့ ဘ၀များ

ဒုက္ခနဲ့ ဘ၀များ

ကျနော် နှစ်သက်တဲ့ သီချင်းလေးတပုဒ် မျှဝေထားပါတယ်။
ဒုက္ခနဲ့ ဘဝများ လို့ အမည်ရတဲ့ ဒီသီချင်းလေးကို နားဆင်ခံစား ကြည့်ကြပါ ဗျာ။

သီချင်း - ကိုရယူရန် (MP3)audio clip


သီချင်းနားဆင်ရန်





မှုပိုင် - ကိုမင်းမော်စိုး(minmawsoe1975@gmail.com)

ပေးပို့သူ ။ ။ ကိုမိုးသွေးငယ်
မျှဝေသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 4, 2009

CPB မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းနှင့် ငုရင်ပြင် စကားဝိုင်း

CPB မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းနှင့် ငုရင်ပြင် စကားဝိုင်း

နအဖ ဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူတွေအပေါ် ဘယ်လိုသဘောထားမလဲ ဆိုတာ လည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အဖြေပေးရမယ် ထင်ပါတယ်။ နအဖ ဟာ ကြံ့ဖွတ်ကို ရေရှည်မှာ ထိန်းချုပ် နိုင်ပါ့မလား၊ နအဖနဲ့ တစည ဘယ်လို ထိန်းညှိ ကြမလဲဆိုတာတွေလည်း စိတ်ဝင်စားစရာ တွေ့မြင်ကြရပါ မယ်။ ဗိုလ်နေဝင်းဂိုဏ်း၊ ဗိုလ်ခင်ညွန့်ဂိုဏ်းတွေ ဘယ်လို အခန်းက ပါဝင်ကြမလဲဆိုတာလည်း မြင်ရအုန်းမယ် ထင်ပါ တယ်။ ဒီနှစ်ဟာ နအဖရဲ့ပြည်တွင်း နိုင်ငံရေးပေါ်လစီတွေ အစမ်းသပ်ခံရမယ့် နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ်အ ထိ သည်းညည်းခံနိုင်တယ် ဆိုတာကို စောင့်ကြည့်ရမှာပါ။

အပြည့်အစုံ >>


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.nguyinpyin.net မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...