Monday, May 16, 2011

လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်

မေ ၁၃၊ ၂၀၁၁၊ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်


မေးသူ။ ။ ဦးခင်မြင့်၊ (ပြည်တွင်း NLD အဖွဲ့ဝင်)
♦ မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည် မင်္ဂလာပါခင်ဗျာ။ ကျနော်က NLD စတင် ဖွဲ့စည်းစဉ်ထဲကနေပြီးတော့ ကနေ့ထက်တိုင် အဖွဲ့ဝင်အဖြစ် ရပ်တည်နေတဲ့သူပါ။ NLD ရဲ့ ရှေ့လုပ်ငန်းစဉ် တွေကိုလည်း ခိုင်မာ စွာ ထောက်ခံပါတယ်။ အခု ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာကို ဗမာအစိုးရသစ်က ယူဖို့ ကြိုးစားနေတာဟာ ကျနော့အနေနဲ့ကတော့ပြည်သူလူထုတောင်းဆိုထားတဲ့ ဒီအမျိုးသားနိုင်ငံရေး ရင်ကြားစေ့မှုကို ဘာတခုမှ မပြနိုင်ပဲနဲ့ တောင်းဆိုနေတဲ့အတွက် စောလွန်းတယ်လို့ ကျနော် ယူဆပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ဒေါ်အောင် ဆန်းစုကြည်ရဲ့ သဘောထားကို သိချင်ပါတယ်ခင်ဗျာ။ ကျန်းမာ ချမ်းသာပါစေ။

♦ အဖြေ ။ ။ ကျမ သတင်းတွေမှာ ကြားရသလောက်ကတော့ တချို့အာဆီယံနိုင်ငံတွေက ၂၀၁၄ ခုနှစ် အာဆီ ယံဥက္ကဌဖြစ်ရေး မြန်မာရဲ့တောင်းဆိုချက်ကို မူအားဖြင့်လက်ခံပေမယ့် စောင့်ကြည့်ဖို့ လိုသေးတယ်လို့ သဘော ထားတယ်ဆိုပါတယ်။ တိုးတက်မှု ဘယ်လောက်ရှိသလဲဆိုတာကို စောင့်ကြည့်ချင်တဲ့ သဘောလို့ ပဲ မျှော် လင့်ပါတယ်။ စင်္ကာပူကတော့ ၂၀၁၆ ခုနှစ်မှာ အလှည့် ကျလာတဲ့အခါ မြန်မာနိုင်ငံ ဥက္ကဌနေရာ ယူသင့် တယ်လို့ ခံယူတယ်လို့ ကြားရပါတယ်။ အလှည့် မကျ ခင် နှစ်နှစ် စောပြီးတော့ အာဆီယံဥက္ကဌ နေရာယူဖို့ထက် လွှတ်ပေးဖို့ရာ အချိန်လွန်နေပြီဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ တို့ မြန်မာနိုင်ငံ မှာ မြန်မာနို င်ငံသူ နိုင်ငံသားတွေအားလုံး လွတ်လွတ်လပ်လပ် ပါဝင်နိုင်ငံမယ့် နိုင်ငံရေးဖြစ်စဉ် အကောင်အထည်ေ ဖ်ာပေးတာတို့ကို ပိုပြီးတော့ အရေးတကြီး လုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။
...............

မေးသူ ။ ။ အရှင်ဇဝန (အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊ ထိုင်းနိုင်ငံ)
♦ မေးခွန်း ။ ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဇင်းက အပြည်ပြည်ဆိုင် ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ထိုင်းနိုင်ငံမှာ တာဝန်ခံအဖြစ်ဆောင်ရွက်နေတဲ့ ဦးဇဝနဖြစ်ပါတယ်။ ဦးဇင်းအနေနဲ့ ဒကာမကြီး ကို မေး ချင်တဲ့မေးခွန်းက ဒကာမကြီး အကျဉ်းကျခံနေစဉ် ကာလအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှ ထုတ်ပယ်ထားတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ ပါတီလူကြီးတွေကနေ ပါတီစည်း ကမ်းနဲ့ မကိုက်ညီဘူးဆိုပြီး ထုတ်ထား တာဖြစ်ပါတယ်။ တကယ်ကတော့ သူတို့ဟာ ပါတီမှာ တကယ်ကို တက်တက်ကြွကြွနဲ့ ဒီမိုက ရေစီ အရေး အတွက် ဆန္ဒပြင်းပြသူတွေများ ဖြစ်ပါတယ်။ ပါတီက ထုတ်ပယ်ပေမယ့်လို့လည်း သူတို့ဟာ ဒီမိုကရေစီရေး အတွက် တစိုက်မတ်မတ်ကို လုပ်ဆောင် နေတာကို ဦးဇင်းအနေနဲ့ တွေ့ရှိရပါတယ်။ သူတို့တွေကို ပြန်လည်စိစစ် လက်ခံခြင်းအားဖြင့်လည်း ပါတီက ပိုအင်အားကောင်းလာနိုင်ပြီးတော့ လုပ်ငန်းကိုင်ငန်းတွေ ပိုပြီး လုပ်လာနိုင် မယ်လို့ ဦးဇင်းအနေနဲ့ ယုံကြည်ပါတယ်။ အဲဒီတော့ ဒီပါတီကနေ ထုတ်ပယ်ထားပြီးတော့ အပြင်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ပြန်လည်စိစစ်ပြီးတော့ လက်ခံဖို့ အစီအစဉ် ရှိမရှိ အဲဒါကို ဦးဇင်းအနေနဲ့ သိချင်ပါတယ်။ ဒကာမကြီး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ စွာနဲ့ မြန်မာ့ဒီမိုကရေစီ အရေး ကို အောင်မြင် စွာ ဆောင် ရွက်နိုင်ပါစေ။

♦ အဖြေ ။ ။ တပည့်တော်မ ကိုယ်တိုင်က ပါတီက အထုတ်ပယ်ခံခဲ့ရဖူးပါတယ်ဘုရား။ ဒါပေမယ့်လည်း အဖွဲ့ချုပ်အပေါ်မှာ သစ္စာစောင့် စည်း ခဲ့ပြီး အကျယ်ချုပ်က ၁၉၉၅ ခုနှစ်မှာ လွတ်လာတော့ ပြန်ပြီး အဖွဲ့ချုပ်က တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်ဘုရား။ ဒါ့ကြောင့် တပည့်တော်မတို့က ဒီမိုကရေစီစံနှုန်းထားတွေနဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို တန်ဖိုးထားပြီး လုပ်ဆောင်တဲ့သူတွေကို ပြန်လည်လက်တွဲ ပူးပေါင်းဖို့ ဝန်မလေး ပါဘူးဘုရား။
...............

မေးသူ ။ ။ မသန္တာ (စာရေးဆရာမ နှင်းပန်းအိမ်) NLD ပါတီဝင်တဦး။
♦ မေးခွန်း။ ။ မင်္ဂလာပါ အန်တီရှင်။ သင်္ဃန်းကျွန်းမြို့နယ်၊ အဖွဲ့ချုပ်လူငယ်တယောက်အနေနဲ့ သမီးသိ ချင်တဲ့မေးခွန်း အန်တီ့ကို မေးချင်ပါတယ်ရှင်။ ဒီမိုကရေစီ မူတွေထဲက တခုဖြစ်တဲ့ အနည်းစုသည် အများစုရဲ့ သဘောထားကို နာခံရမယ်။ အများစုသည် အနည်းစုကို လေးစားရမယ်လို့ လူငယ်အစည်းအဝေးတွေမှာ အန်တီပြောပြထားလို့ သမီးတို့ နားလည်သိရှိထားရပါတယ်။ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်စိတ်နဲ့ မ ကိုက်ညီရင် ထိမ်းသိမ်းထားခွင့်လည်း ရှိတယ်။ ခွဲထွက်ခွင့် တစင် ထောင်ခွင့် မရှိဘူးရယ်လို့ သမီးနားလည် ထားပါတယ်ရှင်။ ဒီမိုကရေစီပါတီ အဖွဲ့အစည်းအတွင်းမှာ ကိုယ့်စိတ်နဲ့ကိုက်မှ လုပ်မယ်။ ကိုယ်သဘောမကျရင် လိုက်မ လုပ်ဘူးဆိုတဲ့ သဘောထားကျင့်သုံးသူတွေကိုယ်တိုင်က ဒီမိုကရေစီသမားရယ်လို့ ကျယ်ကျယ်ေ လာင်လောင် ဟစ်ကြွေးနေတာကို ပြည်သူတွေအနေနဲ့ ဘယ်လို သဘောထားသင့်တယ်ဆိုတာ အန်တီ့အေ နနဲ့ ဖြေကြားပေးစေချင်ပါတယ်ရှင်။ အန်တီစု ကျန်းမာပါစေ။

♦ အဖြေ ။ ။ မသန္တာကို သတိရနေပါတယ်။ အန်တီ့မွေးနေ့ပွဲ ဆောင်းပါးပြိုင်ပွဲမှာ ပထမဆု ရပြီးနောက် တဆင့်ပြီးတဆင့် တိုးတက်လာတဲ့ စာရေးဆရာမ တယောက်ဖြစ်လာတာကို အင်မတန်မှ ကြည်နူးဂုဏ်ယူမိပါ တယ်။ RFA မှာ ပါတဲ့ အစီအစဉ်ကိုလည်း စိတ်ဝင်တစား ကျေကျေနပ်နပ်နဲ့ နားထောင်ပါတယ်။ သမီးပြောသလို အနည်းစုသည် အများစု၏ သဘောထားကို နာခံရမယ်။ အများစုသည် အနည်းစုကို လေးစားရမယ်ဆိုတာ ဒီမိုကရေစီကို လေးစားသူများရဲ့ ခံယူချက်ဖြစ်ပါတယ်။ ကိုယ်သဘော မကျရင် လိုက်မလုပ်ဘူးဆိုတာက တကိုယ် တော်ဝါဒကြီးလို ဖြစ်နေပါတယ်။ ဥပမာပြော ရမယ်ဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို သဘောမကျလို့ ပယ်ဖျက်လိုက်တယ် ဆိုတာမျိုးဟာ ဘယ့်လောက် ဒီမိုကရေစီ ကို စော်ကားရာေ ရာက်တယ် ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပစ်ပယ်ခြင်း ဟာ စစ်မှန်တဲ့ ဒီမိုကရေစီသမားတွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူးဆိုတာ ပြည်သူတွေလည်း နားလည်မယ်လို့ ထင်ပါတယ်။
...............

မေးသူ ။ ။ မထူးထူး (ထိုင်းနိုင်ငံ)
♦ မေးခွန်း ။ ။ ကျမကတော့ ထူးထူးပါရှင်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေပါတယ်။ အခုတလော အန်တီစု သတင်းတွေ ကျမ သိပ်မကြားရတော့ဘူး။ အဲဒါကြောင့်မို့ အန်တီစုရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေပေါ့နော်။ အဓိကအားဖြင့် ဟိုလူငယ်တွေ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီးတော့ အန်တီစု ရှေ့ဆက်ပြီးတော့ စဉ်းစားထား တာတွေ အစီအစဉ်တွေ ဘာတွေကို သိပါရစေရှင့်။


♦ အဖြေ။ ။ လူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် လက်ရှိအကောင်အထည်ဖော်နေတဲ့ အစီအစဉ်ေ တွ အပြင် ထပ် လုပ်ဖို့ စဉ်းစားတာတွေကတော့ အများကြီးပါပဲ။ ခြုံငုံပြီး ပြောရမယ်ဆိုရင် ပညာဗဟု သုတ လုပ်ရည် ကိုင်ရည်တွေကို မြှင့်တင်ဖို့ရာ တပိုင်း။ အများပြည်သူ အကျိုးဖြစ်စေမယ့် ကိစ္စတွေကို ပီပီပြင်ပြင် ဆောင် ရွက်နိုင်ဖို့က တပိုင်းဖြစ်ပါတယ်။ နှစ်ပိုင်းပေါင်းလိုက်မယ်ဆိုလို့ ရှိရင်တော့ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာ ကို ကိုယ်ကိုယ်တိုင် ဖန်တီးရဲ ဖန်တီးတတ်တဲ့ အမျိုးသမီးတွေ လူငယ်တွေ အများအပြား ပေါ်လာ အောင်လို့ ကြိုးစားေ ဆာင်ရွက်နေတာဖြစ်ပါတယ်။
...............

မေးသူ ။ ။ ကိုဂျွန် (ဖလော်ရီဒါပြည်နယ်၊ အမေရိကန်ပြည်ထောင်စု)
♦ မေးခွန်း ။ ။ ကျနော်ကတော့ အမေရိကကပါ။ ချင်းအမျိုးသား ကိုဂျွန်ပါ။ ဒေါ်အောင်ဆန်းစုကြည် နေကောင်းပါရဲ့လား။ ကျနော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကို အမြဲတမ်းနားစွင့်နေပါတယ်။ အရင်ကလို ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲကနေ ထွက်လွတ် လာတယ်ဆိုလို့ရှိရင် နယ်တွေကိုသွားပြီးေ တာ့ ပြည် သူ လူထုတွေကို တွေ့နေတာတွေကို ကြားရပါတယ်။ အခုနောက်ပိုင်း နောက်ဆုံး အကျယ်ချုပ်က ထွတ်လာတဲ့ အချိန်ကနေစပြီး နယ်တွေ ထွက်လာတာကိုတော့ ကျနော်တို့ မကြားရတော့ပါဘူး။ အဲဒါ ဒီပဲယင်းကိစ္စ လိုမျိုး တွေ့ကြုံမှာ စိုးရိမ်လို့ပါ ဆိုတာလေးကို ကျနော်တို့ သိချင်ပါတယ်ခင်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။

♦ အဖြေ ။ ။ အဝေးကနေပြီးတော့ နှုတ်ဆက်လိုက်တဲ့ ချင်းတိုင်းရင်းသား ကိုဂျွန်ကို ပြန်လည်ပြီးေ တာ့ နှုတ် ဆက် မေတ္တာပို့လိုက်ပါတယ်။ ဒီတခါ အကျယ်ချုပ်ကလွတ်ပြီးတဲ့အချိန်မှာ အရင်အချိန်တွေကထက် အလွန်ကို ပိုပြီးတော့များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ပဲ ပိနေပါ တယ်။ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ပဲ ရန်ကုန် တွင်းမှာ သွားလာနေရတာ အချိန်ပြည့်ပါပဲ။ လအနည်းငယ်ကြာရင်တော့ ခရီး ထွက်ဖို့ စပြီးတော့ လုပ်နိုင်မယ် လို့ မျှော်လင့်ပါတယ်။
...............

မေးသူ ။ ။ကိုဝိုင်းချစ် (ဗာဂျီးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံ။)
♦ မေးခွန်း ။ ။ ကျနော့်နာမည် ဝိုင်းချစ်လို့ ခေါ်ပါတယ်။ အခုလောလောဆယ်မှာတော့ အမေရိကန်ပြည်၊ ဗာဂျီးနီး ယားပြည်နယ်မှာ စားသောက်ဆိုင်တခုမှာပဲ မန်နေဂျာအလုပ် လုပ်နေပါတယ် ခင်ဗျာ။ ဒေါ်အောင် ဆန်းစုကြည် ခင်ဗျား။ ကျနော် သိချင်တာလေးတခုကို မေးချင်လို့ပါခင်ဗျာ။ မြန်မာပြည်မှာ အခု လာမယ့် သက္ကရာဇ် ၂၀၁၂ မှာ ငွေကြေးဖောင်းပွမှုတွေ အဆိုးဝါးဆုံး ဖြစ်လာလိမ့်မယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။ အဲသလို ငွေကြေးဖောင်းပွမှုတွေ တောက်လျှောက်ဖြစ်နေတဲ့ ဗမာပြည်ကို ဒီဖောင်းပွမှုေ တွ လျော့ ကျသွားအောင် ဘယ်လိုနည်းနဲ့များ လုပ်ရင် ရနိုင်မလဲဆိုတာကို ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဘယ်လိုများ ထင်မြင်ပါ သလဲခင်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။

♦ အဖြေ ။ ။ ငွေကြေးဖောင်းပွမှုတွေနဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင်တွေရဲ့အမြင် ကို ပြောရမယ် ဆို ရင် နိုင်ငံတော် အသုံးစရိတ်ကို ကာမိအောင် ငွေစက္ကူတွေကို အထိမ်းအကွပ် မရှိ ရိုက်ထုတ်တာ၊ ကမ္ဘာတလွှား မှာ အစားအသောက် ရှားပါးလာတာ၊ လောင်စာဆီဈေးနှုန်းတွေ တက်တာက စပြီး အထွေထွေ ကုန်ဈေးနှုန်းေ တွ တက်လာတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ စတဲ့အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ပြဿနာပေါင်း များစွာကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖို့ ဆိုရင် ထိရောက် မှန်ကန်တဲ့ အကြံဉာဏ်တွေကို ပေးနိုင်မယ့် စီးပွားရေး ပညာရှင်တွေနဲ့ ဒီအကြံဉာဏ်တွေကို အကောင်အထည်ဖော်နိုင်မယ့် အစိုးရနဲ့ ပြည်တွင်း စီးပွားေ ရး ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတွေ လိုပါတယ်။ အကယ်၍ အပြည်ပြည်ဆိုင်ရာ ငွေရေး ကြေးရေး အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ လိုအပ်မယ် ဆိုလို့ရှိရင် ဒီလို အကူအညီကို ရအောင် ဆောင်ရွ က် ပေးနိုင်မယ့် အစိုးရမျိုးလည်း လိုပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

source by : http://moemaka.com