Sunday, May 15, 2011

၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း

နေ့စွဲ - ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်

ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို မေလ၁၅ရက် က ကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။

နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။

မဲပေးကြသည့် နိုင်ငံငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %

ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်။ ။

ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇

ကိုလေး (၀၁) ၆၂၆-၃၈၃-၆၉၀၁

ကိုဝေလ (၀၁) ၆၄၆-၄၆၂-၉၀၁၇

ကိုထိန်လင်း (၀၁) ၄၁၅-၅၃၁-၃၇၆၁

ကိုဂျေစင် (၀၁) ၅၁၀-၄၀၂-၇၇၇၉


source by : http://2011.citizenofburma.org