Tuesday, May 3, 2011

ဘင်လာဒင် ကို ဘယ်လို သတ်ခဲ့သလဲ?

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

မှောင်မိုက် နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့ နေရာ တခုကို ချဉ်းကပ် ခဲ့ပါတယ်။ အကြောင်း ကတော့ ကမ္ဘာ့ အဆိုးရွားဆုံး အကြမ်းဖက် ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။

ထိုသို့ ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့ အတူ သေဆုံး ခဲ့ရပါတယ်။ ၂၀၁၁ စက်တင်ဘာ ၁၁ အမေရိကန် ကုန်သွယ်ရေး အဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း လိုက်လံ နှိမ်နှင်းနေတဲ့ အယ်ကေးဒါး ခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင် လာနိင်ခဲ့ပါတယ်။

သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေ ညမှာ အောင်မြင်စွာ ၀င်ဆီး နိုင်ခဲ့ကြောင်း ပြောဆို လိုက်ပါတယ်။ အစိုးရ ထိပ်တန်း အရာရှိများကလည်း ဘင်လာဒင် ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့ နေရာကို ၀င်ရောက် တိုက်ခိုက် ပုံများကို ထပ်မံ ထုတ်ပြန် လိုက်ကြပါတယ်။

နေရာက အက်ဘော့တာဘက်ဒ် (Abbottabad)မှာပါ။ ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလမ်မာဘတ် မြို့နဲ့ ၃၁ မိုင် အကွာမှာ ရှိပါတယ်။ တောင်ကုန်းတွေ ထူထပ်တဲ့ နေရာ တစ်ခု ဖြစ်ပြီး လူတွေ သိပ်မနေတဲ့ နေရာ တခုပါ။ နေထိုင်သူ အများစုဟာ စစ်မှုထမ်းတွေသာ ဖြစ်ကြပါတယ်။

အမေရိကန် ရေ တပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူး လို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်း အရာရှိတွေက ဆိုပါတယ်။




နှစ်အတန်ကြာ ထောက်လှမ်းမှုတွေ လုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အက်ဘော့တာဘက်ဒ် (Abbottabad) နေရာကို နောက်ယောင် ခံနိုင်ခဲ့ကြတယ်။

နေရာက လမ်းက အလွန် ဆိုးပြီး သွားဖို့ အလွန် ခက်တဲ့ သီးခြား နေရာ တခု ဖြစ်နေခဲ့တယ်။ နှစ် အနည်းငယ် အတွင်း နေထိုင်သူတွေ ပိုမို များပြား လာပေမဲ့လည်း လမ်းက ဆိုးနေဆဲပဲ။ လမ်းက ရှည်လျှား ပြီး အလုံခြုံဆုံး နေရာလို ဖြစ်နေတယ်လို့ ပြောပြ ပါတယ်။

လှုပ်ရှားမှုကို သောကြာနေ့မှာ စတင်ဖို့ သမ္မတ အိုဘားမားက အမိန့် ပေးခဲ့ပါတယ်။ ပထမ တံတိုင်းက ၁၈ ပေ မြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေ တပ်ဆင် ထားပြီး လုံခြုံရေး ဂိတ် ၂ ခုနဲ့ အတူ အတွင်း မှာလည်း အခြား တံတိုင်းတွေ ရှိသေးတယ်လို့ အမေရိကန် အကြီးတန်း အရာရှိတွေက ပြောပါတယ်။ ပင်မ အဆောက်အဦက ၃ ထပ် အဆောက်အဦ ဖြစ်ပြီး ခြံဝင်း အပြင်ဘက်ကို မျက်နှာ မူထားတဲ့ ပြတင်းပေါက် အနည်းငယ်သာ တပ်ဆင် ထားတယ်။ တတိယထပ်ဟာ ၇ ပေရှိ သီးခြား နံရံ တစ်ခု ရှိနေတယ်။

လ အနည်းငယ် ထောက်လှမ်းမှုတွေ လုပ်ပြီးနောက် သေချာ ဆောက်လုပ်ထားတဲ့ ဒီလို အဆောက်အဦဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာ ကတော့ ဘင်လာဒင်ရဲ့ နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

အရာရှိတွေ သတိထား မိတာက တယ်လီဖုန်း မရှိ အင်တာနက်လည်း မရှိဘူး၊ အခြား နေထိုင်သူ တွေလိုပဲ အမှိုက် မီးရှို့တာ ၊ ဈေးဝယ်ထွက်တာ လောက်ပဲ ရှိတယ် ဆိုတာပါပဲ။ အမေရိကန် ဒေါ်လာ ၁ သန်း မက တန်လိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။

မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ့ငယ် အဖြစ်သာ ဖွဲ့စည်းပြီး ဆုံးရှုံးမှု နည်းပါးရန် စီမံ ခဲ့ပါတယ်။ စတင် ၀င်ရောက် တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင် ခဲ့ရပြီး ဘင်လာဒင်ရဲ့ လူ ၃ ဦးရဲ့ ပစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆုံး မှာတော့ လူသားဒိုင်း အဖြစ် အသုံးပြုခံ ခဲ့ရတဲ့ အမျိုးသမီး တဦး အပါအ၀င် ခြံဝန်း ထဲမှ တိုက်ခိုက်သူ လေးဦးကို အသေ ပစ်သတ် နိုင်ခဲ့တယ်။ ဘင်လာဒင် ကိုတော့ ဦးခေါင်းကို မှန်အောင် ပစ်နိုင်ခဲ့တယ်။

ဝင်ရောက် တိုက်ခိုက်စဉ် ရဟတ်ယာဉ် တစီး စက်ချို့ယွင်းလို့ ပျက်စီးခဲ့တာ လောက်ပဲ ရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေ ကတော့ ၎င်းတို့ ဘက်မှ ထိခိုက် ဒဏ်ရာ ရမှု မရှိ ခဲ့ဘူးလို့ ဆိုပါတယ်။

ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်း အတော်များများ အသုံးပြု စစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေး အကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေး နိုင်တဲ့ အနေအထား ရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။

ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ် ရေမျက်နှာပြင် အောက်မှာ အစ္စလာမ် ထုံစံ အရ သင်္ဂြိုလ် ပြီးပြီလို့ ပြောပါတယ်။

ဘင်လာဒင် ရှိနိုင်မည့် နေရာကို စုံစမ်းဖို့ ၂၀၁၁ အစ ပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာ အတိအကျ အထောက်အထားတွေကို အတည်ပြုနိုင် ခဲ့ကြပါတယ်။

အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့ အတွက် အိုဘားမားကို စောင့်နေခဲ့ရပါတယ်။ ဘာလို့လည်း ဆိုတော့ အိုဘားမားက ၅ နိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေးကို မတ်လ လယ်မှ ဧပြီလ ကုန်ထိ တက်ရောက် နေခဲ့ရလို့ပါ။

အစည်းအဝေးက ၂၈.၄.၂၀၁၁ နေ့မှာ ပြီးခဲ့လို့ နောက် တစ်နေ့ ၂၉.၄.၂၀၁၁ နေ့ကမှ မစ်ရှင် အတွက် အမိန့်ထုတ် နိုင်ခဲ့တယ်။

အဓိက သော့ချက် ကတော့ ဘင်လာဒင်ရဲ့ လူယုံ တယောက်နဲ့ ပါတ်သက် ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ထောက်လှမ်းရေး တွေဟာ ထိုလူယုံနဲ့ သူ့ညီ နေရာကို ခြေရာခံနိုင် ခဲ့ပြီး ၂၀၁၀ သြဂုတ်လ ရောက်မှ အက်ဘော့တာဘက်ဒ် (Abbottabad) ဘင်လာဒင်ရဲ့ နေရာကို ရှာဖွေ နိုင်ခဲ့ပါတယ်။

အမေရိကန် အကြီးတန်း အရာရှိ တယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကို တွေ့တော့ ကျွန်တော်တို့ တော်တော်ကို အံသြ သွားတယ်၊ အရမ်း သီးခြား ဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင် ကျယ်ကြီးမှာ ဆောက်ထားပြီး အိမ်က ထိုဒေသက အရပ်သားတွေ နေအိမ်ထက် ၈ ဆလောက် ကြီးတယ်ဗျာလို့ ဆိုပါတယ်။

ထောက်လှမ်းရေး စမ်းစစ်မှုက ဒီလို တမင် ဒီဇိုင်း ဆွဲထားဟာ အလွန် ထူဆန်းတဲ့ လက္ခဏာ ရှိသူ တဦးဦး နေဖို့ပဲ ဖြစ်နိုင်တယ်လို့ မှတ်ချက် ချခဲ့တယ်။ ကျွမ်းကျင် သူတွေရဲ့ ဘင်လာဒင်ရဲ့ နေရာလို့ပဲ ယူဆမှုတွေနဲ့လည်း တထပ်တည်း ဖြစ်နေခဲ့ပါတယ်။

လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ္စတန် အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိ မပေးခဲ့ဘူး၊ အဖွဲ့ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင် သိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပါကစ္စတန် ထောက်လှမ်းရေး အကြီးတန်း အရာရှိ ကတော့ ပါကစ္စတန် ထောက်လှမ်းရေး တွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေ ခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်း မရှိ ဖြစ်နေသေးလို့ပါလို့ ဆိုပါတယ်။

CNN, How U.S. forces killed Osama bin Laden ကို ပြန်ဆို ပါသည်။

ရဲသူရိန်မင်း
GMT 15:22
02.05.2011

source by : http://www.deyea.org