Sunday, December 5, 2010

ဦးအောင်သောင်း ၏ အာဏာသိမ်းရန် ကြံစည်မှု (အပိုင်း ၁)

တပ်မတော် အရာရှိဟောင်း ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ဖြုတ်ချပြီး အာဏာသိမ်းရန် အကြံအစည်ကို စတင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည်ကို စတင် သိရှိကတည်းက ဖြစ်သည်။

စက်တာဘာလ နှောင်းပိုင်းမှာ ၀န်ကြီး ဦးအောင်သောင်း ဟာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိမ်ကို အ၀င်အထွက်ရှိ ပေမယ့် သူကိုယ်တိုင် အာဏာသိမ်းဖို့ မဖြစ် နိုင်တာကြောင့် (သူ၏ ပီအေ ဗိုလ်ကြီးကိုကိုနိုင် အကြံပေး ခြင်း ဖြစ်သည်။) သူအကြံအစည် အတွက် ဦးဆောင် ဦးရွက် ပြုနိုင်မည့် သူများကိုချဉ်း ကပ်ခဲ့ရာမှာ နောက်ဆုံးတွင် နေ့စဉ် ယမကာ မှီဝဲသော သူနှင့် ခမည်းခမက် တော်စပ်သည့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး အား မချဉ်းကပ်ခင်မှာ ဗိုလ်ချုပ်မှုးကြီး မောင်အေး ရဲ့ ညီမ ၊ ဇနီး နဲ့ သူမ ချွေးမ ဖြစ်သူတို့ကို အရင် ချဉ်းကပ်ကာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အသက်လည်းကြီးပြီ၊ အုပ်ချုပ်ရေးပိုင်းလည်း မနိုင်နင်းတော့၍ သူ့ကို အမြန် မဖယ်ရှားလျှင် အားလုံး ဒုက္ခရောက်ကြမည့် အကြောင်းများ ပြောကာ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အတွင်းစည်းကို ကနဦး စည်းရုံးမှု ပြုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချ အပြီးတွင် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒုဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ပဲ ရှိတော့တဲ့အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်။) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံမယ် ဆိုတဲ့အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေးပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ်လို့ မထင်ဘူး ဟု ပြောကာ နားချခဲ့ရသည်။ "၀န်ကြီး ဦးအောင်သောင်းက အခုလို အာဏာသိမ်းဖို့ အတွက် ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ်လာခြင်းဟာ အရပ်ဝတ် ဖြစ်နေတဲ့ သူကိုယ်တိုင် ဘယ်လိုမှ အာဏာသိမ်းဖို့ အထမမြောက် နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဦးအောင်သောင်း အနေနဲ့ အာဏာသိမ်းချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာတာဟာ သူ့သားဖြစ်သူရဲ့ Air InnLay လေကြောင်းလိုင်း ကို မြန်မာ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းကြီး အဖြစ် အသက်သွင်းဖို့နဲ့ ရတနာနဲ့ ရဲတံခွန် ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေ ကို လက်ဝါးကြီး အုပ်ထားနိုင်ဖို့ ၊ ရခိုင်-တရုတ်ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ယူ သွယ်တန်း နိုင်ဖို့နဲ့ သူပြုခဲ့တဲ့ မကောင်းမှုတွေ သံသရာ တစ်ပတ် ပြန်လည်လာ မှာကြောင့် ဖြစ်နိုင်တယ်လို့ သူနဲ့ မကွေးမြို့မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်မှုးကြီးဟောင်း တစ်ဦး က ထင်မြင်ချက် ပေးသည်။

ဝန်ကြီး ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် ကိုလည်း လုပ်ကြံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေရွှေသွေးအောင် လုပ်ကြံခံရပါက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အတိုက်အခံများကို ပိုမို နှိပ်ကွပ်လာ နိုင်မည်ဟု တွက် ဆထားသော်လည်း ကြံ့ဖွံ့ ပါတီ ဌာန ချုပ်မှ သူ့ရဲ့ လူယုံ စစ်တပ် အရာရှိ တစ်ဦးက “သူ့ မြေး အား လုပ်ကြံလျှင် ဗိုလ်ချုပ်မှုးကြီးက ရန်ကုန် မှာ ဗုံးတွေ ကွဲသလို ဟို လူ လက်ညှိုးထိုး၊ ဒီလူ စွပ်ဆွဲ လုပ်မှာ မဟုတ်ကြောင်း၊ သေချာအောင် လိုက်လံစုံစမ်းပြီး အရေးယူလျှင် အားလုံးပြေးစရာ မြေမရှိ ဖြစ်နိုင်ကြောင်း” အကြံပေးသောကြောင့် လက်လျှော့ လိုက်ရပြန်သည်။

သို့သော်လည်း နေရွှေသွေးအောင် လုပ်ကြံရေးအတွက် စိတ်မကုန်သော ဦးအောင်သောင်းက စက်မှု (၁)မှ အမရာဘဏ် (သူက ပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။) သို့ပြောင်းသွားသည့် အရာရှိ ငယ်တစ်ဦးအား ဗိုလ်ချုပ်မှုးကြီး မြေး သွားတတ်သည့် နေရာများအားလိုက်လံ စုံစမ်းရန်နှင့် လိုအပ်လျှင် ရင်းနှီးမှု ရရှိရန်ပင် ဆောင်ရွက်ရန် ပါရာဒို ၉၅ ခုနှစ် ထုတ် အစိမ်းရောင် ကားတစ်စီး နှင့် ငွေစိတ်တိုင်းကျ သုံးနိုင်ရန် စီစဉ်ပေးခဲ့သည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက ကြံ့ဖွံ ပါတီ ရန်ကုန်တိုင်း ဌာနချုပ် ရုံးတွင် နိုင်ငံရေး တတိယအင်အားစုများကို တွေ့ဆုံရာဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရုတ်တရက် ရာထူးမှ ဖယ်ရှားခံ ရပါက ခင်ဗျားတို့ ဘာလုပ်မလဲလို့ တီးခေါက်ခဲ့သည်။

ရံဖန် ရံခါ တွင်တော့ သူက လက်အောက်ငယ်သားများ နှင့် အခြား နအဖ အရာရှိ များနှင့် တွေ့ဆုံချိန် တွင် ကျွန်တော်နဲ့ ဗိုလ်ချုပ်မှုးကြီးက လက်မောင်းသွေးဖောက်ပြီး သစ္စာပြုထားကြတဲ့ သူတွေဗျ၊ တစ်ယောက်ရဲ့ဘ၀ ကို တစ်ယောက် က ကာကွယ်စောင့်ရှောက်ဖို့ လက်မနှေးဘူး ဟု လည်း ကြွားဝါ ပြောဆိုတတ်သည်။

ဦးအောင်သောင်း ၏ အဏာသိမ်းရန် ကြံစည်မှု အပိုင်း ၂ ကို မနက်ဖြန် စောင့်မျှော်ဖတ်ရှုပါ။

source by : http://www.myanmarwikileaks.org