Sunday, December 5, 2010

မြဝတီအခြေစိုက် နယ်ခြားစောင့် တပ်သား ၁၇ ဦး ထွက်ပြေး

မြဝတီအခြေစိုက်နယ်ခြားစောင့်တပ်ရင်း အမှတ် ၂ဝ၂၂ က ကရင်တပ်သား ၁၇ ဦးဟာ နယ်ခြားစောင့်တပ် မလုပ်လိုတော့တာမို့ ကေအန်ယူထံ ပြန်လည် ပူးပေါင်းလာပါတယ်။

ထွက်ပြေးလာသူ ခေါင်းဆောင် ဗိုလ်တာဝါးခို့က “နယ်ခြားစောင့်တပ် အနေနဲ့ ကရင်အချင်းချင်း ပြန်တိုက် ခိုင်းတာ ခံနေရတယ်၊ ဒီကေဘီအေ ကနေ ကေအန်ယူ တွေကို ပြန်တိုက်ခိုင်းနေလို့ မတိုက်ချင်လို့ ထွက်ပြေးလာတာ”လို့ ဆိုပါတယ်။

အခုအခါ နယ်ခြားစောင့်တပ် တဖြစ်လဲ ဗိုလ်တာဝါးခိုတို့ ၁၇ ဦးဟာ နအဖ ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ကြိုဆို လက်ခံထားတဲ့ ကရင်တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖောဒို ကတော့ “အားလုံးကတော့ မိခင် အဖွဲ့အစည်းကြီးဆိုတော့ လာသမျှ ကိုယ့်ကလေး တွေကတော့ အကုန်လုံး လက်ခံရမှာပေါ့ဗျာ”လို့ ပြောပါတယ်။

အလားတူ နယ်ခြားစောင့်တပ် မလုပ်ချင်တဲ့ ကရင်တပ်သားတွေလည်း မြဝတီမြို့မှာ အများအပြား ရှိနေ သေးတယ်လို့ ဗိုလ်တာဝါးခို့ က ပြောဆို သွားပါသေးတယ်။

မောင်တူး

source by : http://burmese.dvb.no