Sunday, December 5, 2010

ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံစည်မှု


ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေးဖို့ ဆုံးဖြတ်အပြီး မှာ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒုဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်။) အာဏာသိမ်းတာကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံမယ် ဆိုတဲ့အကြောင်း "

....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမနဲ့ ဆွေးနွေးပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ်လို့ မထင်ဘူး ဟု ပြောကာ နားချခဲ့ရသည်။ "

ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ် ဖွင့်ပွဲအတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စာ သွားပေးရာ "ဒီသဂျိုင်း ကုန်းမကြီး ဖိတ်လည်း အလကားပဲ သေမှ ကြောက်လို့ လာမှာ မဟုတ်ဘူး" ဆိုတာကို နေပြည်တော် တိုင်းမှုးဟောင်း ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့မှာ ပင် ပြောခဲ့သည်။

နအဖ စစ်အုပ်စု အတွင်း ပဉ္စမ မြောက် ဓန ဥစ္စာ စုဆောင်းထားရှိမှု အရှိ ဆုံး ဟု ယူဆရ သည့် ကုန်သွယ်ရေး (၁) ညွှန်မှုး ဘ၀ မှ စက်မှု ၁ ၀န်ကြီး နှင့် ကြံ့ဖွတ် အတွင်းရေးမှုး ဖြစ်လာသည့် ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံ့စည်မှု ကို မနက်ဖြန် မှစ၍ အခန်းဆက် နေ့စွဲ အလိုက် ဖော်ပြပါမည်။

ရွေးကောက်ပွဲ မတိုင်ခင် နေ့ရက်များနှင့် ဒေါ်စု မလွတ်မြောက်သေးခင် အတွင်း နေပြည်တော် အသံတိတ်ဆိတ်မှု နှင့် ပတ်သက်၍ သတင်း ထွက်ပေါ်မှု အချို့ကို ဧရာဝတီ သတင်းဌာန နှင့် Freedom News Group သတင်းဌာန ၏ ထိုအချိန်က ဖော်ပြခဲ့သည့် သတင်းများတွင် ကြည့်ရှု နိုင်သည်။

source by : http://www.myanmarwikileaks.org