Tuesday, March 3, 2009

စမ်းချောင်းတွင် ပေါက်ကွဲမှုဖြစ်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မတ်လ 03 2009 22:18 - မြန်မာစံတော်ချိန်



ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့  စမ်းချောင်းမြို့ နယ် ပဒုမ္မာကွင်း ပန်းခြံထဲတွင် အင်္ဂါနေ့ ည ၉ နာရီ ခွဲခန့်က ပေါက်ကွဲမှု့တခု ဖြစ်ပွားခဲ့သည်။

စိန်လ္ဘက်ရည်ဆိုင်အနီး လူသူဖြတ်သန်းမှု့ နည်းပါးသည့် နေရာတွင် ပေါက်ကွဲမှု့ ဖြစ်ပွားခြင်းဖြစ်ပြီး အသေအပျောက်မရှိဘဲ ကားတစီးသာလျှင် မှန်ကွဲသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

“ ညဘက်က လူလည်း မရှိပါဘူး။ အသံကတော့ အတော်ကို ကျယ်တယ်” ဟု သူက ပြောသည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်.။