အိုဘယ့် ချစ်တိုင်း
တွေ့ တိုင်း ဖုတ်လှိုက်
ဗွက်အိုင်ထဲမှာ ခေါင်းစိုက်ကျနေ
ရွှဲစိုကေသာ ဒီရဲ့ အောက်မှာ
မြွေဆိုးသွမ်းတို့  ဆောက်ကြသိုက်အုံ ၊
ပေါလောမျောနေ လက်ညိုစေးထမ်း
ဦးခေါင်းခွံလို ချောပြောင်လက်လက်
ဘော့တုံးများသို့  မြစ်ဧရာထက် လူးလားမျောပါး
ငါ့စိတ် ငါ့နှလုံး ငါ့အတွက်တော့ဖြင့်
ကျောက်တုံးသဖွယ် လေးလံဖိထား
ပေါလောမျောတဲ့ လက်ညိုစေးများ ၊
ဝင်တွားတောင်းဆို သဲသဲဖိုလျှ
နှလုံးသားမှ ငိုငြီးဟစ်ကြွေး
သို့ သော်မင်းအတွက် ပြန်သက်သွင်းမရ ၊
ပုဂံရဲ့ လွင်ပြင်ထက်
စေတီအများ ထိုးထထည်ထား
သုဿန် ထက်က
မိများ ဖများ ကလေးငယ်များ သံဃာများရဲ့ 
မှတ်ကျောက်တိုင်နှယ် ၊
ရိုင်ဖယ်တစင်းရဲ့  လည်ချောင်းသဖွယ်
ကပ်ညိသွေ့ ခြောက် ပြောလှည့်ဒီမယ်
ငြိမ်းသတ်မရ ကန္တာရလယ် ။ ။
ခင်သီတာ