Monday, October 13, 2008

ကျမ မှာလိုက်ပါရစေ .....

(၁)
ဒီမှာ ကိုရင်
တော့် ခရီး တော်ဆက်
တော့် အလုပ် တော်လုပ်
နောက်ဆုတ် ငဲ့မကြည့်နဲ့ 
မွဲမွဲတေတေ ၊ စုပ်စုပ်ပြတ်ပြတ်
ကျမ ရပ်တည်နိုင်ပါတယ် ။

ရှင့်သမီးနဲ့  ရှင့်သား
ကျမ ကျွေးထားနိုင်ပါတယ်၊
အဖေ့ဝတ္တရား
မကျေပွန်ဘူးလို့ များ
ရှင့်သားနဲ့ ရှင့်သမီး
မငြီးငြုစေရဘူး
စိတ်ချလက်ချသာ ခရီးထွက်
ကျမ ထန်းလျက်ချက်တတ်တယ် ။

ဒါနဲ့  ရှင်သွားရင်
ပင်နီအင်္ကျီ၊ လုံချည်ဖျင်ကြမ်း
အပိုတထည် ထည့်သွား
တိုက်ပုံတော့ ယူမသွားနဲ့ ပေါ့ 
ပြေးဟဲ့ လွှားဟဲ့
ကျားကျား လျားလျား
သွားရမဲ့  ခရီးဝေး
နုံ့ နုံ့ နှေးနှေး ၊ လေးလေးတွဲ့ တွဲ့ 
မနေနဲ့ ပေါ့ 
တော်က ခတ်အေးအေးသမား မှုတ်လား ။

( ၂ )
ဒီမှာ ကိုရင်
ထန်းတက်သလို
လမ်းတဝက်မှာ မနားနဲ့ 
ရှင့်ဓါးကို အမြဲသွေး
တွေးတွေး ဆဆ
ဝိရိယ သတိ အမြဲရှိပါစေ
အရှုံးအကြောက်နဲ့ 
ဒူးမထောက်ခဲ့ ပါနဲ့ 
အတွေးနော့လို့ 
သွေးမဖျော့ပါစေနဲ့ 
ရှင့် သား ရှင့် သွေး ရှင့် ကလေးတွေက
“ ဒါမှ တို့ အဖေကွ ” လို့ 
ဂုဏ်ယူကြရပါစေ ။

သေတနေ့  မွေးတနေ့ 
ပြန်တွေ့  ကြဦးမယ်လို့ 
ကျမ မမျှော်လင့်ပါဘူး
ရှင့်ကို မချစ်လို့ တော့ မဟုတ်ဘူးနော် ။

( ၃ )
ဒီမှာ ကိုရင်
ရှင့် ခရီးက ပုပ္ပါးတောင်ထက် ကြီးမြတ်တယ် ၊
ရှင့် ရပ်တည်ချက်က
ထန်းလှီးဓါးထက် ပြတ်သားတယ် ၊
ရှင့် သဘောထားက
ပတ္တမြားထက် တန်ဘိုးကြီးတယ် ၊
ရှင့် ဇနီးကျမ သိသမျှပြောပါတယ် ။

ကဲ ….. ကျမ နေရစ်ခဲ့ တော့ မယ်
လူမမယ် ရှင့် သား
နို့ များဆာနေေ၇ာ့ မလား
သွားလေ တော်သွား
သွား …..
ကျမ မျက်ရည်ကျတော့ မယ် ။ ။

ချောအိမော်