Saturday, October 25, 2008

ကျော့ကွင်းထဲကလမ်း

မြစ်ကျဉ်းထဲက အခွံလွတ်တွေနဲ့ 
ခပ်ညံ့ညံ့မာလိမ်မှူးရဲ့  သင်္ဘောပျက်ကြီး
အမှီးမကျက် ခေါင်းမကျက်နဲ့ များ
လာဘ်ရွှင်နေသေးရဲ့  ။

အမူးမပြေတော့တဲ့ နိုက်ကလပ်တွေနဲ့ 
စကပ်တိုတိုဝတ်ထားတဲ့ ဟိုတယ်တွေလဲ
ထိုးထိုးထောင်ထောင်နဲ့ 
မီးမရတဲ့ မြို့ ပြကြီးခမျာတော့
အနံ့ တထောင်းထောင်း ယင်တလောင်းလောင်း
လမ်းမရှိတဲ့ အခန်းထဲမှာတော့
မလွတ်လပ်သေးတဲ့ ခြေလှမ်းတွေ
ညအိပ်နေလေရဲ့  ။ ။

နိုင်ငံရေးအကျဉ်းထောင်တွင်း ... မှ ... အမျိုးသမီးတဦး