Saturday, October 11, 2008

အိပ်မက်ကြီးကို မီးလောင်တဲ့ည


ရဲဘော်ကြီး တိုက်မောင်း ရဲ့  ပုံရိပ်လွှာများ ..... ( အမှတ်တရ )

ကျုပ်...သင့်ကို ပုရွက်ဆိတ်တကောင်ဖြစ်ခိုင်းလိုက်မယ်။
ပြီးတော့...
အင်္ဂါဂြိုလ်ပေါ်တက်
မှန်ပြောင်းကို ပြောင်းပြန်ဘက်ကကြည့်
အလို...သင်မရှိတော့ဘူး။

ကျုပ်...သင့်ကို နှားကြပ်တခု ဖြစ်ခိုင်းလိုက်မယ်။
ပြီးတော့...
တခုခု ဖွင့်ပြမယ်အလုပ်
ခလုပ်ပိတ်လိုက်မယ်လေ၊
အလို...သင်နှားကြပ်ထဲ ၀င်သွားပြီလား။

ကျုပ်...သင့်ကို ဗလာစာအုပ် ဖြစ်ခိုင်းလိုက်မယ်။
ပြီးတော့...
မှင်မရှိတဲ့ ဘောပင်နဲ့စာရေးစမ်းပါ
ဗလာစာအုပ်ဟာ ရှက်စရာမလိုဘူး
ဟုတ်ပလား
အလို...သင်ဖျားနေပြီ။

ဒါတွေဟာ ညကအိပ်မက်
ပုရွက်ဆိတ်တကောင်ကြောင့် မီးလောင်
ကျုပ်တို့...ဂြိုလ်သားယောင်ဆောင်ကြစို့လေ။ ။

(အခုတောက်လောင်နေတဲ့ ရင်ကိုဖွင့်ချထားတာ)

ရဲထိန်