Thursday, October 9, 2008

ရွှေရုပ်တု

ရဲဘော်
နွေလည်လရက် တရက်မှာ
ငါတို့ ကို ရဲဘော်ခွဲထွက်သွားခဲ့ တယ် ။

ရဲဘော်ရဲ့  ဈာပနကို
ငိုရှိုက်ခြင်းနဲ့  ပို့ ဆောင်ဂုဏ်ပြုဖို့ 
ငါတို့ မှာ အချိန်မရှိ ။

ရဲဘော်ရဲ့  ရုပ်တုကို
ယဉ်ကျေးစွာ ထုလုပ်ဖို့ …..ပြီးတော့
ထိုက်တန်စွာ ထုလုပ်ဖို့ 
ငါတို့ မှာ ရွှေသားမရှိ ။

ဒါပေမဲ့ 
သွေးတွေ ရွှဲနစ်နေတဲ့ 
ရဲဘော်ရဲ့  အင်္ကျီကို
ငါတို့  အလံထူလို့ 
ရှေ့ သို့ ရှေ့ ကို
ရှေ့ ဆီကို သွားနေကြတယ်ဆိုရင်
နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်လိုက်ပါတော့  ရဲဘော် ။ ။

ဌေးအောင်