Sunday, October 5, 2008

မနက်ဖြန်

အပ်တစင်းရဲ့ ထက်မြက်ခြင်းဟာ
အသက်ရင်းရဖို့  မလုံလောက်သလို
လူတစုရဲ့  ရက်စက်ခြင်းဟာလဲ
တောက်ပခြင်း ကြယ်စင်တွေအတွက်
ဝေဝါးခြင်းကို စွမ်းမည်မထင် ။

ခန့် ငြားခြင်း အသိဥာဏ်နဲ့ 
ပြန့် ကားသည့် ကြားမြင်မှု့ တို့ သည်
ဆီးတားခြင်း ကျောက်ဆောင်တို့ ကို
အလန့် တကြားဖြစ်စေလိမ့်မည် ။

အင်အားများစုစည်း
ငိုညည်းခြင်း အဆုံးသတ်
အလွမ်းများရပ်မဲ့ နေ့ 
အခမ်းအနားနေ့  အမှတ်တရနေ့ 
ရွှေရောင်လွှမ်းမဲ့ ဒီနေ့ မှာ
ခွပ်ဒေါင်းပျိုရဲ့  နှုတ်ခွန်းဆက်သံ
မိုးယံမှာ ဟိန်းလိမ့်မယ် ၊
သူငယ်ချင်း ……. မင်းနားစွင့်လိုက်စမ်း ။

နိုင်ငံရေးအကျဉ်းထောင်တွင်းမှ… အမျိုးသမီးတဦ့း