Monday, October 6, 2008

အမေအိုရဲ့  တောက်ခေါက်သံ

သမီးတို့ ခံနေရတာ တိုင်းပြည်အတွက်
ဒင်းတို့ စံနေရတာ ငရဲပြည်အတွက်
သမီးတို့ ကို ကြိုနေမှာက
အမေ့အပြုံးနဲ့  ပြည်သူများရဲ့ လက်ခုပ်သံ
ဒင်းတို့ ကို ကြိုနေမှာက
ယမမင်းနဲ့  ငရဲသားရဲ့ ငိုညည်းသံ၊

တနင်္ဂနွေဆိုတာ နေ့ တိုင်းရှိသလို
ဒင်းတို့ တတွေဟာလဲ နေ့ စေ့ ကံကုန်ပြီမို့ 
အမေအိုရဲ့  တောက်ခေါက်သံနဲ့ အတူ
နှလုံးသွေးနဲ့ ရေးပြီး
အားပေးလိုက်မယ်
မျိုးဆက်သစ် သမီးတို့ နဲ့ အတူ
ရဲဘော် ရဲဘက်တို့ ရေ
အောင့်ထားလိုက်ကြစမ်း … ဟေ့  ။

နိုင်ငံရေးအကျဉ်းထောင်တွင်းမှ ... အမျိုးသမီးတဦး