Saturday, September 24, 2011

ရွှေပြည်သစ် ရဲဘက်စခန်းကို KIO စီးနင်းဖြစ်ခဲ့ပုံက

ချင်းမိုင်(မဇ္စျိမ)| ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ တပ်ဖွဲ့အင်းအား ၂ဝ ဦးခန့်က မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းရှိ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို စီးနင်းကာ အကျဉ်းသား ၅၅ ဦးကို လွှတ်ပေးခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရသူ ဦးလနန်က ပြောသည်။

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ထိုအကျဉ်းစခန်း အနီး KIO တပ်ဖွဲ့များ သွားလာ လှုပ်ရှားနေသဖြင့် အကျဉ်းစခန်း လုံခြုံရေးများ ပစ်ခတ်ရာက စီးနင်းမှုအထိ ဖြစ်ပွားခဲ့ရခြင်းဟု ဆိုသည်။

တချိန်တည်းမှာပင် အစိုးရတပ်များက KIO ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို KIO တပ်ဖွဲ့များ မည်သို့ ဝင်ရောက်စီးနင်းကာ ဖွင့်ပေးခဲ့မှုအား အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် မဇ္စျိမမှ ဆက်သွယ် မေးမြန်းထားသည်။

ဘယ်မြို့နယ်၊ ဘယ်ရဲဘက်စခန်းကို ဝင်စီးတာပါလဲ။

“မူဆယ်မြို့နယ် အတွင်းမှာရှိတဲ့ ရွှေပြည်သစ် ရဲဘက်စခန်းပါ၊ တပ်ရင်း ၉ ဌာနချုပ်နဲ့တော့ ဝေးပါတယ်။ ဒီရွှေပြည်သစ်နေရာက အရင်တုန်းက ကျနော်တို့ တပ်ရင်း ၉ ဧရိယာပါပဲ။ အဲဒီနောက်ပိုင်း အပစ်အခတ် ရပ်စဲရေး လုပ်လာတဲ့အခါမှာ သူတို့ အရင်တုန်းက ၂ဝဝဝ ခုနှစ်လောက်မှာ ဘိန်းဖြတ်စခန်း ဆိုပြီးတော့ ဖွင့်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဌာနဆိုင်ရာ လူကြီးတွေ အပြောင်းအလဲ များလာတဲ့အခါမှာ နောက်ဆုံးတော့ ဘိန်းဖြတ်စခန်းကို မရှိတော့ဘဲ အကျဉ်းစခန်းဆိုပြီးတော့ ပြန်လုပ်ထားတာပါ။”

KIO တပ်ဖွဲ့ဝင် ဘယ်နှစ်ယောက်လောက်နဲ့ ဝင်စီးတာပါလဲ။

“KIO တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ က ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ၂ဝ ယောက်လောက်ပါ။”

အစိုးရဘက်က အကျဉ်းစခန်းကို စောင့်ကြည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဘယ်လောက်ရှိလဲ။

“သူတို့ဘက်ကတော့ ဘယ်နှစ်ဦး ရှိတယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ကျနော်တို့ တပ်ဖွဲ့တွေ ဝိုင်းလာတဲ့အခါမှာ လုံခြုံရေး ယူနေတဲ့ အဖွဲ့ပေါ့နော်။ ပြည်သူ့စစ်နဲ့ ရဲ တွေပဲနေတယ်။ သူတို့က ထွက်ပြေးသွားတယ်။ အဲဒီမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင် ရှစ် ယောက်ကျန်ခဲ့တယ်။ အဲဒီ ရှစ် ယောက်က စခန်းရဲ့ ရဲအုပ်ဖြစ်တဲ့ အေးသန်း နှစ်ပွင့်ပေါ့နော်။ သူ့အပေါင်းအပါ အားလုံး ရှစ် ဦးကတော့ လက်မြောက်ပြီးတော့ အဖမ်းခံတာပါ။ ဒါကြောင့်မလို့ ပစ်ခတ်မှု မရှိဘဲနဲ့ အသာတကြည်ပဲ ဒီစခန်းကို ဝင်ရောက်သွားနိုင်တယ်။ ဝင်ရောက်ပြီးတော့ အကျဉ်းသားတွေကို တံခါးဖွင့်ပေးပြီးတော့ ခေါ်ထုတ်နိုင်ခဲ့တယ်။”

အကျဉ်းသားအလုံး ဘယ်နှစ်ဦးကို လွတ်ပေးခဲ့တာလဲရှင့်။

“အားလုံးက ဘယ်လောက်လဲဆိုတာ အတိအကျတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ လွှတ်ပေးလိုက်တာ အကျဉ်းသား ၅၅ ဦးပါ။”

ဒီအကျဉ်းသား ၅၅ ဦးထဲမှာ ဘယ်လို ပြစ်ဒဏ်ချခံရတဲ့ အကျဉ်းသားတွေ ပါဝင်ပါသလဲ။

“ကျနော်တို့ ကေအိုင်အိုနဲ့ သက်ဆိုင်တဲ့ လူ အကျဉ်းသား နှစ်ဦးပါတယ်။ ကေအိုင်အို တပ်ဖွဲ့ဝင်လား၊ တပ်ဖွဲ့ဟောင်းလား မသိဘူး။ ရှေ့တန်း ဧရိယာမှာ ဖြစ်တဲ့အတွက် သူတို့လည်း မေးမြန်းထားတာတော့ ရှိတယ်။ ခုတော့ မရောက်သေးဘူး။ ခုနက ဖုန်းနဲ့ပဲ မေးမြန်းထားတဲ့ အချက်လောက်ပဲ သိတယ်။ နောက်ပြီး ၁၆ ဦးကတော့ သူတို့ရဲ့ ထွက်ဆိုချက်ကို ခြုံပြီးတော့ ကြည့်မယ်ဆိုလို့ ရှိရင် သူတို့ တပ်မတော်ထဲမှာ မနေချင်လို့ အထက်က အရာရှိတွေ မတရားညှင်းဆဲတာ ခံရတဲ့အတွက်ကြောင့်မို့ ထွက်ပြေးလာတဲ့ တပ်ပြေးတွေပေါ့နော်။ သူတို့ကို ပြန်ဖမ်းဆီးရမိပြီးတော့ အကျဉ်းချထားတဲ့ လူတွေပါတယ်။ ကျန်တာကတော့ မူးယစ်ဆေးဝါးနဲ့ မသင်္ကာပြီးတော့ ဖမ်းထားတဲ့လူတွေ ပါတယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူတွေလည်း အနည်းအကျဉ်း ပါတယ်။ တချို့က ယဉ်တိုက်မှုနဲ့ ဖမ်းထားပြီးတော့ ထည့်ထားတဲ့သူတွေ ပါတယ်ခင်ဗျ။”

အကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ ဘယ်လို ပုံစံရှိတယ်ဆိုတာကို ပြောပြပေးပါဦး။

“ဒါကတော့ မြန်မာပြည်မှာ ရှိနေတဲ့ အကျဉ်းစခန်းအားလုံးမှာ ရှိတဲ့ အကျဉ်းသားတွေကတော့ အာဟာရ ချို့တဲ့မှုကတော့ ရှိကြမှာပဲ။ ကျန်းမာရေး ချို့တဲ့မှုကတော့ ရှိကြတာပဲ။ အဖျားအနာလည်း ရှိကြမှာပဲ။ ဒါပေမယ့် တယောက်ချင်းအလိုက် ရုပ်ပိုင်းဆိုင်ရာ ဆိုးဝါးတယ်ဆိုတာ ကျနော်တို့ကို ဖုန်းနဲ့ပဲ ပြောလာတယ်ဆိုတော့ မသိရဘူး။”

သူတို့ အားလုံးကို ဘယ်လိုပုံစံနဲ့ လွှတ်ပေးလိုက်တာလဲ။

“အဲဒီ အကျဉ်းစခန်းမှာဘဲ မေးစရာရှိတာ မေး၊ စာရင်းတွေ ကောက်ပြီးတော့ ပြောစရာ ရှိတာ ပြောပြီးတော့ လွှတ်ပေးလိုက်တာပါ။ ခုန ဖမ်းခံထားရတဲ့ ရဲ ၈ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီကိစ္စတွေ အားလုံးပြီးတဲ့အခါမှာ အဲဒီစခန်းကနေ ပြန်ပြီးတော့ ဆုတ်ခွာသွားပါတယ်။ ကျနော်တို့ဘက်က စခန်းကို ဖျက်ဆီးလိုက်တာမျိုး ဘာမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ရဲတွေလက်ထဲကနေ သေနတ် ရှစ် လက်ကတော့ ကျနော်တို့ သိမ်းဆည်းထားတယ်ခင်ဗျ။”

ဘယ်လိုကြောင့် ဒီအကျဉ်းသား ရဲဘက်စခန်းကို ဖွင့်ပေးခဲ့တာလဲ။

“ဖြစ်ပုံရတော့လေ။ အဲဒီနေ့ ကျနော်တို့ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) ကတပ်ဖွဲ့ဝင်တွေ အဲဒီ ရွှေပြည်သစ် စခန်းနဲ့ မနီးမဝေးနေ ဖြတ်သွားတာပါ။ အဲဒီမှာ တာဝန်ယူနေတဲ့ ရဲတွေကနေပြီးတော့ သေနတ်နဲ့ ပစ်ပြီးတော့ ခြောက်လန့်တာမျိုး လုပ်တယ်။ ဒါကြောင့်မို့ မွန်းလွဲ တနာရီလောက်မှာ ကျနော်တပ်ဖွဲ့တွေက သွားပြီးတော့ ဝိုင်းလာတဲ့အခါ အဲဒီရဲတွေက ထွက်ပြေးသွားတာပါ။”

“တကယ်တော့ အစကတည်းက သူတို့ လုံခြုံရေး ရဲတွေက မပစ်ဘူးဆိုရင်တော့ ကျနော်တို့ တပ်ဖွဲ့တွေ အဲဒီ အကျဉ်းစခန်းကို ဖွင့်ပေးဖို့ ဘာမှ အစီအစဉ် မရှိဘူး။ သူတို့ဘက်က စပစ်တယ် ဆိုရင်တော့ ကျနော်တို့လည်း ပြန်ပြီးတော့ အရေးယူတဲ့ အပိုင်းပါ။ ဒါပေမယ့် တပ်ဖွဲ့ဝင်တွေမှန်းသိလို့ သူတို့က လိုက်ပစ်တာ။”

KIO ဘက်ကနေ အကျဉ်းသား ရဲဘက်စခန်းကို ဖောက်ဖို့ ရည်ရွယ်ချက်ရှိလို့လား။ ဒါမှမဟုတ် ဘယ်လိုသဘောနဲ့ လုပ်ခဲ့တာလဲ။

“ဒါကတော့ ကျနော်တို့ဘက်က ရည်ရွက်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် ပြဿနာ စဖြစ်လာတာက ရဲတွေက ပစ်ခတ်လို့သာ ဖြစ်သွားတဲ့ ကိစ္စပါ။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ အကျဉ်းစခန်းကို ရောက်လာပြီးတော့ အကျဉ်းသားတွေကို မလွတ်ပေးဘူးဆိုရင် ကျနော်တို့ဘက်က တာဝန်မကျေရာလည်း ကျသွားမယ်လေ။ တကယ်လို့များ သူတို့ စပြီး မပစ်ဘူးဆိုရင် ဒီကိစ္စပေါ်လာစရာ အကြောင်းမရှိဘူး။”

အကျဉ်းသား စခန်းတွေကို ဖောက်ပြီး လွတ်ပေးခဲ့တာ အရင်ကရော ရှိခဲ့ဖူးလား။

“အပစ်အခတ် ရပ်စဲရေးနောက်ပိုင်းမှာ ဒီလို အကျဉ်းသားတွေကို လွတ်ပေးတာ ပထမဆုံးအကြိမ်လို့ ပြောလို့ ရတယ်ခင်ဗျ။ ကျနော်တို့ အဓိက တိုက်ခိုက်နေတာက အစိုးရ စစ်တပ်နဲ့ပါ။”

အကျဉ်းသားတွေကရော ဘယ်နေရာ ဒေသကဆိုတဲ့ စာရင်းတွေ ရောက်ပြီလား။

“အကျဉ်းသားတွေရဲ့ ကိုယ်ရေးအကျဉ်းမဟုတ်ရင်တော့ သူတို့ နာမည်နဲ့ ဘယ်ရပ်ဒေသကဆိုတာ မေးထားတာတော့ ရှိမှာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရောက်လာဖို့ မဖြစ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဘက်မှာ မနေ့ကနေ စပြီးတော့ စစ်ကြောင်းထိုးလာတာရှိတယ်။ တပ်ရင်း ၉ ဘက် ထိုးလာတာက အစိုးရ တပ်ဖွဲ့က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းဌာနချုပ် လက်အောက်ခံ ခမရ ၅၆၈၊ ခလရ ၂၉ဝ၊ ခလရ ၂၄၁ တို့ဖြစ်တယ်။ အင်အားကတော့ ၂ဝဝ လောက် ပတ်ဝန်းကျင်ရှိမယ်။ နောက် ကွတ်ခိုင်မြို့ကနေ တာမိုးညဲ လမ်းဘက်ကနေ တခြားတပ်ရင်းတွေ ပြန်တိုးလာတယ်လို့ သိရတယ်။ သူတို့ ဒီတခါ စစ်ကြောင်းထဲမှာ မြင်းအကောင် ၅ဝ ပတ်ဝန်းကျင်လောက် ပါတယ်လို့ ပြောတယ်။ မြင်းပါတယ်ဆိုရင်တော့ ထိုးစစ်အတွက် အများကြီး ပြင်ဆင်တာ ဖြစ်လာနိုင်တယ်။”

တိုက်ပွဲပြန်ဖြစ်တာက ဘယ်နေရာမှာ ဆက်ဖြစ်တာလဲ။

“တိုက်ပွဲက လားရှိုးကနေပြီးတော့ စစ်ကြောင်း ထိုးစစ်ဆင်တာတွေ လုပ်လာတယ်။ တပ်ရင်း ၉ ဧရိယာဘက် စစ်ကြောင်းထိုး အစီအစဉ်ရှိတယ်။ ဒါကြောင့် တပ်ရင်း ၉ ရှေ့တန်း တနေရာမှာ မနက်ပိုင်း ၁ဝ နာရီခွဲလောက်မှာ အပစ်ခတ်တာမျိုး လုပ်ခဲ့တယ်။ ဒါပေမယ့် နေ့လည်ပိုင်းလောက်မှာတော့ ငြိမ်သွားတယ်။ တိုက်ပွဲမှာ ကျဆုံးမှုသတင်းကတော့ မသိရဘူး။”

အကျဉ်းသားစခန်းကို ဖောက်ပေးလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကနေ KIO ကို စာနဲ့ တစုံတရာ အကြောင်းကြားတာတို့ ရှိလား။

“အစိုးရဘက်ကက ဘာမှ ပြောဆိုတာတွေ စာပို့တာတွေ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီနေ့ ရတဲ့သတင်းကတော့ မနေ့ကနဲ့ ဒီနေ့ပေါ့နော်။ သူတို့ စခန်းမှာ ရှိတဲ့ ပစ္စည်းတွေကို သူတို့ သက်ဆိုင်ရာ ရဲတွေကနေ လာပြီးတော့ သိမ်းဆည်းနေတယ်လို့ သိရပါတယ်။ ဆိုလိုတာက ဒီစခန်းကို ဖျက်သိမ်းတဲ့ သဘောဖြစ်ပါလိမ့်မယ်။”

တခြား ဖြည့်ပြောချင်တာရှိရင် ပြောပါရှင့်။

“အကျဉ်းသားတွေကို ဆုံးမ သြဝါဒတွေ ပြောတယ်။ နောက်ပြီးတော့ ခင်ဗျားတို့ အကျဉ်းသားတွေကို ကျနော်တို့ ကေအိုင်အို၏ကနေ လွှတ်ပေးလိုက်တယ်။ ခင်ဗျားတို့ဘက်မှာ အပြစ်ရှိတယ် ဆိုတာလည်း သိတယ်။ ဒီလို လွတ်လိုက်တာကို နိုင်ငံရေးနဲ့ ပတ်သက်တယ်။ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်ရေးမှာလည်း ခင်ဗျားတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်သင့်တယ်လို့ ပြောဆိုလိုက်တယ်လို့ သိရတယ်။ အဲဒီမှာ အကျဉ်းသားတွေကလည်း ဝမ်းပန်းတသာ ကျေးဇူးတင်ကြောင်း ပြောရင်း ပြန်သွားကြတယ်လို့ သိရတယ်။ အချက်အလက် အသေးစိတ်က ဒီလောက်ပါပဲ။”

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ထိုးစစ် အရာရှိတဦး ပြင်းထန်စွာ ဒဏ်ရာရ

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကရင်ပြည်နယ်တွင်းမှာ ကြံ့ဖွံ့စစ်အစိုးရက ကေအန်ယူနဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ လှုပ်ရှားဒေသတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) က မြဝတီမြို့ တောင်ဘက် သေ့ ဘောပိုးရွာ အနောက်ဖက် တောင်နီတောင် မင်္ဂလာကုန်းမှာ ညနေ ၃ နာရီခန့်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက် ပွဲဖြစ်ပွားချိန် ၁ နာရီလောက် ကြာခဲ့ပါတယ်။

တောင်နီတောင်တန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄တပ်ရင်း ကို ကေအန်ယူ ၁၀၃ တပ်ရင်း၊ ဒီကေဘီအေ ၉၀၉ တပ်ရင်း၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ၊ ရခိုင်ကျောင်းသား လူငယ်တပ်ဖွဲ့ ပူးပေါင်းအင်းအားတွေနဲ့ မင်္ဂလာကုန်းကနေ ဆီကြိုတိုက်ခိုက်ခဲ့ကြတယ်။

ဒီတိုက်ပွဲမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် ဘက်မှ တပ်သားအလောင်းတလောင်ကျန်ရစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရသူတွေထဲမှာ ခမရ ၂၀၄ စစ်ကြောင်း (၂)မှူး၊ ဗိုလ်မှူးလစာစား ဗိုလ်ကြီး ဇော်ထက်ဦး ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကေဘီ အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သရီးတူး အတည်ပြုပြောပြချက်အရ သိရှိရပါတယ်။


source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ဖွတ်မိကျောင်းဖြစ် .. မြစ်မချမ်းသာ - အပိုင်း (၅)

ဆောင်းပါးရှင် - စွယ်တော်

( အပိုင်း (၄) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်။)

အလွန်ဆိုးရွားသော အချက်မှာ အောက်ရှိ စစ်သည်များ/ အရာရှိများ၏ အခြေအနေ မှန်များအား ဌာနချုပ်မှူးမှ မသိစေရန် သတင်းပိတ်ဆို့ထားခြင်း ဖြစ်သလို၊ ထိုတပ်မှူး၏ စိတ်ထား အမှန်ကို အလွန်ယုံကြည် စိတ်ချနေသော ဌာနချုပ်မှူး မသိခြင်းပင်ဖြစ်ပါသည်။

ထိုအရာရှိ အုပ်တပ်ရေးဘ၀က အလွန်အရေးပေးသော အမှတ် (၅၆) သယ်ယူပို့ဆောင်ရေး အုပ်မှူး ဒုတိယ ဗိုလ်မှူးကြီးအား ဆရာအဖြစ် အလွန်သစ္စာရှိခဲ့သော်လည်း၊ ၄င်းယာယီဗိုလ်မှူး ဘ၀ဖြင့် လေကြောင်းရန် ကာကွယ်ရေး ကွပ်ကဲမှု ဌာနဒုဌာနမှူးအဖြစ် ရောက်ချိန်တွင် ၄င်းဌာနမှူးဖြစ်သူ (သူနှင့် ဌာနချုပ်မှူးတို့ တိုက်စစ်ကြောင့် ပို့ဆောင်ရေးသို့ ပြောင်းသွားသော ယခင် အုပ်ချုပ်ရေး တပ်မှူး Senior ကြီးကို) သာဆရာအဖြစ် မှတ်ယူပြီး အုပ်မှူး ဖြစ်သူအား ပုန်ကန်ခဲ့ပါသည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ပဲ အုပ်ချုပ်ရေးပိုင်းတွင် နေရာမရချိန်တွင် မကျေနပ်မှုများအား ရေးမှတ်ထားကာ ခြုံထဲမှ ချိုသွေးနေခဲ့ပါသည်။ အုပ်မှူးမှာ ယခုအခါ မြန်မာ့လေကြောင်းတွင် MA-60 လေယာဉ်၏ လေယာဉ်မှူးကြီး ဖြစ်နေပါပြီ။

ထို့နောက် တင်ပြပါ ဖြစ်စဉ်များ ဖြစ်ပွါးပါသည်။ လက်ရှိ ဌာနချုပ်မှူးမှာ တပ်ချုပ်ကြီးနှင့် တပတ်စဉ်တည်းဖြစ်ရာ မကြာသောကာလတွင် တပ်မှ အနားယူသွားနိုင်သည်ကို တွက်ဆမိပြီး၊ ဆရာမရှိတော့ပါက တပ်မေတ္တာ ခံယူထားသော ခေတ္တတပ်မှူး အဖို့ သောင်ပြင်လွှတ်သည့် ရွှေဟင်္သာငယ် ဖြစ်တော့မည်ကို ကြိုတွေးကာ အထူးစီမံချက်ဖြင့် ဖွင့်လှစ်မည့် CPL လိုင်စင် သင်တန်းသို့ တက်ရောက်ခွင့် ရရန် ဌာနချုပ်မှူးထံ အပူကပ်လိုက်ပါသည်။ တချိန်တည်းတွင်လည်း ယခင်ကမကြည့်ချင်လောက်အောင် ပုန်ကန်သစ္စာမဲ့ခဲ့သော MA-60 လေယာဉ်မှူးကြီးထံ မျက်နှာပြောင်စွာ ပြန်လည် ဆရာတင် ချဉ်းကပ်လျှက်ရှိပါသည်။

ရန်သူ မိတ်ဆွေ မရှိ ထာဝရ အကျိုးစီးပွါးသာ ရှိသည်ဟူသော မူဝါဒကို လက်တွေ့ ကျင့်သုံး အကောင် အထည်ဖော်နေသော အဆိုပါဗိုလ်မှူးသည် ယခုဆောင်းပါးပါ တင်ပြချက်များကြောင့် သူ့အကျိုးစီးပွါး ထိခိုက်မည်ဆိုပါက Black Money များဖြင့် ဆောင်ရွက် ထောက်ပံ့မှု မှန်သမျှ ဖွင့်ချကာ ဌာန ချုပ်မှူးကိုပါ အမှုတွဲထဲ ဆွဲထည့်နိုင်ရန် Plan များ စီမံထားပြီး ဖြစ်မည်မှာ သေချာပါသည်။ လိုအပ်လာပါက အသံဖမ်းစက်ကက်ဆက်ကို ဌာနချုပ်မှူးမသိအောင် ရင်ဘတ်ထဲတွင် သိုဝှက်ကောင်း ဝှက်လာလိမ့်မည်။ အဆိုပါဗိုလ်မှူးက အရာရှိ/စစ်သည်များအား စိန်ခေါ်ပြီး စစ်တပ်မှာ ဒီမို ကရေစီ လာမပြောနဲ့ Internet တင်တိုင်းေ-ာက် ဂရုမစိုက်ဘူး လို့ပြောသည်ဟု သိရပါသည်။ မည်သို့ပင်ဖြစ်စေ မဖြစ်သင့်သောဖြစ်စဉ်နှင့် မထိုက်တန်သောနေရာမှ ဖယ်ရှားစေလိုသော ၄င်းတပ်မှ အရာရှိ/စစ်သည်များက တင်ပြချက်များအား တပ်မတော် (လေ) အရာရှိစစ်သည် အများစုက အားပေးနေပါသည်။

ခေါင်းဆောင်မှု အင်္ဂါရပ်များတွင် မည်သို့ပင်ပါစေကာမူ အငြိုးအတေးကြီးမားသူ၊ သစ္စာမဲ့စွာ ပြောင်းလွယ်ပြင်လွယ် ရှိလွန်းသူ၊ တာဝန်နှင့် စိတ်ဓါတ် မစပ်ဟပ်သူများ အမိန့်ပေးစီမံ ခန့်ခွဲမှု နေရာများသို့ ရောက်ရှိလာပါက မည်သူမှ သွေးခွဲရန်မလိုပဲ အသားထဲမှ “သပ်” တစ်ချောင်းသည် အလိုလို ထိုးခွဲနေသလို ဖြစ်နေဦးမည်မှာ သေချာလှပါသည်။ ထို့အတူ ဗိုလ်မှူးကြီးနှင့် အထက်အဆင့်သို့ ရောက်ရှိလာပါက ယခင်က မည်သို့ပင် စိတ်ထားနှင့် ခံယူချက် ရှိသည်ဖြစ်စေ လက်အောက်မှ တင်ပြချက်များကို သေချာ မကြားတော့ပဲ မိမိယုံကြည် စိတ်ချရမည့် သူ/သစ္စာ ခံမည့်သူဟု ရွေးချယ်ထားသူ၏ စကားကိုသာ တစ်ဘက်သပ်အမြင်၊ အကြား၊ အသိတို့ဖြင့် တထစ်ချ ယုံကြည် လက်ခံ ဆုံးဖြတ် တတ်ကြသော တပ်မတော် အရာရှိကြီး အများစု၏ လွဲမှားနေသော ဦးဆောင်မှု တို့ကလည်း အနာဂတ်အတွက် ရင်လေးဖွယ် ကောင်းလှပါသည်။

ထိုသို့သော ခေါင်းဆောင်နှင့် ငယ်သားတို့ ပေါင်းစည်းမိကာ လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုမှ လက်အောက်ခံ အရာရှိ/စစ်သည် တို့၏ အခြေအနေမှာ ယခု ဆောင်းပါးပါ ဖြစ်ရပ်များကဲ့သို့ သံသရာ လည်နေဦးမည်မှာ သေချာပါသည်။

တင်ပြပါ ဖြစ်စဉ်မှာ ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရသော အရာရှိ/စစ်သည် မိသားစုဝင်များ၏ ရင်ဖွင့်ချက်အပေါ် ထပ်ဆင့် စုံစမ်းကာ တပ်မတော်အတွင်းမှ ရင်ဖွင့်သံ တစ်ခု အဖြစ် ပြင်ဆင်သင့်သည်များ ပြင်ဆင်ပြုပြင်ပေးနိုင်ရန် တင်ဆက်လိုက်ရခြင်း ဖြစ်ပါသည်။ ကျန် လေတပ် စခန်းအချို့မှ မတော်မတည့်သော ဖြစ်စဉ်များကိုလည်း မြန်မာနိုင်ငံ တောင်ဖျားရှိ မြိတ်လေ တပ်စခန်း ဌာနချုပ်မှ စတင်ကာ မြောက်ဖျားရှိ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်၊ အရှေ့ဖျားရှိ နမ့်ဆန် လေတပ်စခန်း ဌာနချုပ်၊ အနောက်ဖျားရှိ ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်တိုင် မကောင်းမှု ဟူသမျှ ဆိတ်ကွယ်ရာမရှိ၊ နည်းပညာနှင့် သတင်း အချက်အလက်ဟူသည် ပိတ်ဆို့ တားဆီးရာ မရှိကြောင်း သက်သေပြ တင်ဆက်နေဦးမည် ဖြစ်ပါသည်။

သို့မှသာ လေတပ်သားတို့၏ ရင်ဖွင့်ချက်များကို အထက်ဌာန အဆင့်ဆင့်မှ မပြတ် သိရှိနေပြီး၊ မပြုပြင်သည့်တိုင် မတရားမှုတို့ ထပ်မံ မလုပ်ရဲသော အခြေအနေတစ်ခုသို့ ဖြစ်တည်လာရေး ရည်ရွယ်အပ်ပါသည်။

အပိုင်း (၆) ကို ဆက်လက်ဖော်ပြသွားပါမည်။

source by : http://photayokeking.org


အပြည့်အစုံ ဖတ်ရန် ...

ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ..အပိုင်း(၄)

ဆောင်းပါးရှင် - စွယ်တော်

( အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်။)


ဖွတ်မိကျောင်းဖြစ် ဆောင်းပါးပါ အချက်အလက်များသည် ပုဂ္ဂလိက သဘော ဆန်လွန်းသည်ဟုဝေဖန်မှု တချို့ရှိလာသောကြောင့် ဆက်လက် တင်ဆက် လိုက်ပါသည်။ ဆောင်းပါးပါ ခေတ္တအုပ်ချုပ်ရေး တပ်မှူး ဗိုလ်မှူး၏ ဆောင်ရွက်ချက်များသည် ထိုသူတစ်ယောက်ထဲ၏ လုပ်ဆောင်မှုများကို ဥပမာပြရင်း တပ်မတော်၏ အခြားသော အစိတ် အပိုင်းများတွင်လည်း အလားတူ ဆရာမွေး၊ တပည့်မွေး လုပ်ရပ်များနှင့် ပေဖြစ်တုန်း ခံ၊ တူဖြစ်လျှင် “နှံ” မည်ဆိုသော၊ စိတ်ဓါတ် မရင့်ကျက်သော၊ ရာထူးနှင့် စိတ်ဓါတ် ကွာဟလွန်းသော တပ်မှူးငယ်များ၏ ဖြစ်စဉ်များကို သတိပြုမိ စေလိုသော စေတနာ ဆန္ဒသည် ရည်ရွယ်ရင်းဖြစ်ပါသည်။

တင်ပြခဲ့သော ဖြစ်စဉ်များသည် မြိတ်လေတပ်စခန်း ဌာနချုပ်တွင် လက်ရှိဖြစ်ပွါးနေဆဲ ဖြစ်ရပ်မှန်ဖြစ်ပါသည်။ ဆောင်းပါးပါ အချက်များနှင့် ပတ်သက် ကာကက (လေ) မှ လေတပ်စခန်း ဌာနချုပ်မှူးအား မေးမြန်းရာ ဌာနချုပ်မှူးမှ သူ့တပည့်အပေါ် ဖေးဖေးမမ ကာကွယ်ပြောဆို အာမခံပေး ခဲ့သည်ဟုသိရပါသည်။ တပ်မတော်မှာ တော် (၄) တော်အနက် အဖါးတော်သူ၊ အဆိုပါဗိုလ်မှူး၏ သောကတောင်တန်းနေကြယ် တန်းရမည့်အဖြစ်မှ စိတ်သက်သာရမလို ဖြစ်သွားခဲ့ပါတယ်။

သို့သော် ဆောင်းပါးအား online ပေါ်မှ သိသိချင်းတွင် ထိုခေတ္တ တပ်မှူးမှာ ဆောက်တည်ရာ မရဖြစ်ကာ အတော်တုန်လှုပ်သွားပြီး၊ သူ့အကြောင်း Source ပေးသည်ဟု ထင်ရသူ မှန်သမျှအား တရားခံများ အဖြစ်စွပ်စွဲကာ ဌာနချုပ်မှူးထံ အမည်စာရင်း ပြောပြသည့်အပြင် သူ့လုပ်ရပ်များအတွက်လည်း ထိတ်လန့် နေခဲ့သည်ဟုဆိုပါသည်။

ကက (လေ) မှ မေးမြန်းမှုများအား ဌာနချုပ်မှူးမှ ကာကွယ် ဖြေကြားပေးပြီးနောက် မည်သူမျှ ကြောက်စရာ မလိုတော့ဟု ကြွေးကြော်ကာ စစ်ရာထူးခန့်ချုပ်ရုံး၏ ထူး အမိန့်ဖြင့် ခန့်ထားသော တပ်မှူး ဒုဗိုလ်မှူးကြီး တစ်ဦးကဲ့သို့ နေထိုင်ပြုမူ လာသည်ဟု သိရပါသည်။ ယခင်ကထက်ပင် အောက်ခြေလွှတ် ဘဝင်လေဟတ်ကာ Senior Junior အစဉ်အလာကို ဖောက်ဖျက်ပြီး အခြားသော Senior ဒုဗိုလ်မှူးကြီး တပ်မှူးများကိုပင် ဂရုမစိုက်တော့ပဲ တန်းတူ ဆက်ဆံရုံမက ကွယ်ရာတွင် DSA 34 မှ ဌာနမှူး ဒုဗိုလ်မှူးကြီးကို Nick Name ခေါ်ခြင်း ၊ ဟိုကောင် ဟု ခေါ်ခြင်းများ လုပ်လာပါသည်။ Impression-IP ပိုရစေရန် အုပ်ချုပ်ရေး တပ်မှူး၏ ဘောင်အတွင်းမှ ကျန်အုပ်မှူး/တပ်မှူးများအား အကြပ်ရိုက်စေသော အခြေအနေများ ဖန်တီးဆောင်ရွက်လျက် ရှိပါသည်။ ပိုမိုလက်ရဲ ဇက်ရဲနိုင်လာသည်ဟု ဆိုကြပါသည်။

ဆောင်းပါးကို ဖတ်မိသော အရာရှိ/စစ်သည်များ၏ ထပ်မံပြောပြချက်အရ ထိုအရာရှိ၏ လုပ်ဆောင်ချက်များတွင် တပ်တွင်း အဆောက်အဦးများအား ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဆောက်လုပ်ခွင့်ရ အဆောက်အဦး တာဝန်ခံ ဆောက်လုပ်ရမည့် ဆောက်လုပ်ရေး တပ်ခွဲမှ တာဝန်ခံ အရာခံဗိုလ် (GE ၀န်ထောက်) နေရာလုပွဲအတွက် အုပ်ချုပ်ရေး တပ်မှူးအား ခွဲတမ်း ပမာဏ (သိန်း ၁၀ဂ ဏန်း) ပိုပေးသူကို နေရာရရန် လှည့်ကွက်မျိုးစုံသုံး ဖန်တီးခဲ့ခြင်းများ၊ လှည့်ကွက် ဆိုရာတွင် မိမိပေးချင်သည့်သူကို လုပ်ငန်းလိုအပ်ချက်အရ အရည်အချင်း ကိုက်ညီသည်ဖြစ်စေ ၊ မကိုက်ညီသည်ဖြစ်စေ၊ ဌာနချုပ်မှူးလက်ခံချင်လာအောင် တင်ပြခြင်း၊ မိမိ မပေးချင်သည့် သူကိုတော့ စည်းမျဉ်းစည်းကမ်းမူကို ထောက်ပြပြောဆိုခြင်း၊ ဆိုလိုခြင်းဖြစ်ပါသည်။

တပ်ဌာနများအတွင်း တာဝန်ခံအရာရှိ/ တာဝန်ခံ အကြပ်ကြီးများနှင့် အောက်ခြေ စစ်သည်များအကြား အဆင်ပြေနေပါက အဆင်မပြေစေရန် အမျိုးမျိုး အမှောက် နည်းဗျူဟာသုံးပြီး သွေးထိုး ခွဲခြား လာပါသည်။ ဆက်ဆံရေး အဆင်မပြေမှုများ ပေါ်လာသောအခါ ၀င်ရောက် ဖြေရှင်းပေးရလေဟန် နာမည်ကောင်းယူခြင်း၊ လက်အောက်မှအမှန်တကယ် ပြဿနာများ၏ အရင်းအမြစ်များကို ကာယကံရှင် စစ်သည်နှင့် ဌာနချုပ်မှူးအကြား မတွေ့စေဘဲ၊ သူလိုရာ တင်ပြချက်များဖြင့် ဌာနချုပ်မှူးအား နားဝင်အောင်ပြောကာ အမှန်တကယ် ဖြစ်ပျက်နေမှုများအား ထိန်ချန် ကွယ်ဝှက် အုပ်ချုပ်မှု ဆောင်ရွက်နေခြင်း၊ ဌာနချုပ်မှူး အနီးသို့ မည်သူမှ မရောက်နိုင်အောင် ပိတ်ဆို့ထားမှု နည်းလမ်းအသွယ်သွယ်ကို ဆောင်ရွက်ထားသည့်အပြင် ပိတ်ဆို့ ထားသည့်ထဲမှ ပေါက်ထွက်လာသော အချို့သော အရာရှိစစ်သည် အဆင့်အတန်းများမှ တဆင့် တပ်မှူးထံ သိရှိသွားသည့် အချက်အလက်များအားလည်း တန်ပြန်အမှောက်နည်းဗျူဟာ အနေဖြင့် သတင်းမှားများ ဖြစ်သွားအောင် ဖန်တီး ချေဖျက်ခြင်း စသောဆောင်ရွက်မှုများကိုပါ ဖော်ထုတ်တင်ပြပေးရန် တောင်းဆိုလာကြပါသည်။

အပိုင်း (၅) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်။

source by :http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ဖွတ်မိကျောင်းဖြစ်...မြစ် မချမ်းသာ...အပိုင်း (၃)

ဆောင်းပါးရှင် - စွယ်တော်

( အပိုင်း (၂) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်။)

စစ်သည် မိသားစုများဟာ စကားကို ချဲ့ကားတိုင်တတ်သည်။ “ဆရာ နားလည်မှု လွဲနိုင်ပါသည်” ဟု အဲဒီဗိုလ်မှူးက ယုံကြည်အောင်ပြောကာ လေတပ်စခန်းမှူးအနားသို့ မည်သည့် သတင်းစကားမှ သူ့ဆီကတဆင့်မှတပါး မ၀င်နိုင်အောင် ပိတ်ထားသလို လေတပ်စခန်းမှူး အိမ်တွင် ညနေရုံးဆင်းချိန်မှ အိပ်ချိန်အထိနေကာ မည်သူမှ အ၀င်အထွက် မလုပ်နိုင်အောင် ကြိုးပမ်းထားပါတယ်။ ယခင် အုပ်ချုပ်ရေးတပ်မှူး လက်ထက်မှ ရပေါက်ရလမ်းများကို ဖော်ထုတ်ကာ၊ ထိုစဉ်က တာဝန်ခံအရာရှိနှင့် အကြပ်ကြီးများသည် ကိုယ်ကျိုး ရှာသူများ ဖြစ်လေဟန် တွန်းပို့ပြီး၊ အချို့ကို ပြောင်းရွှေ့ရန် အချို့ကို အဆင်မပြေမှုများ ဖြစ်စေရန် အနီးကပ် ချောက်တွန်းပါတော့တယ်။

အရာရှိအချို့မှာ သူ့ပညာပေးမှုကို ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ကက(လေ)သို့ ချဉ်းကပ်ကာ တပ်ပြောင်းပြေးကြသော်လည်း စစ်သည်များမှာမူ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် တပ်မှ ခွင့်ပြုထားပြီးသော အိမ်ဆိုင်လေးကိုပင် မရောင်းရဲသည်အထိဖြစ်အောင် ပညာပြနှိပ်ကွပ် ခံကြရပါတယ်။ အချို့မှာ အပြစ်အမျိုးမျိုးရှာကာ အချုပ်ခန်းကို ၀င်လိုက်ထွက်လိုက် လုပ်နေရပါတယ်။

အစကတည်းက မည်သူနှင့်မျှ မတည့်သော အုပ်ချုပ်ရေးတပ်မှူးလေးသည် အများနှင့် တစ်ယောက်အဖြစ် ရင်ဆိုင်နေရပြီး လေတပ်စခန်းမှူးကိုသာ ကိုးကွယ်ဆည်းကပ်ကာ သူတေး မှတ်ထားသမျှကို အငြိုးအတေးကြီးစွာ ဆောင်ရွက်ပါတော့တယ်။ သင့်တင့်ကောင်းမွန်သော အရာရှိ နေအိမ်ကိုပင် သူကြည့်မရသော Senior အရာရှိအား ဖယ်ပေးစေပြီး သူက ထိုအိမ်သို့ ပြောင်းနေခဲ့ပါတယ်။ လေတပ်စခန်းမှူးကလည်း သူ့ပြောသမျှကို ယုံကြည်စွာ Cover ပေးဆောင်ရွက်ပေးခဲ့သလို ဒုဗိုလ်မှူးကြီး အုပ်ချုပ်ရေးတပ်မှူး မဟုတ်သဖြင့် အသေးအဖွဲ အုပ်ချုပ်မှု စီမံခန့်ခွဲရေး၊ ရပိုင်ခွင့်များကအစ လေတပ်စခန်းမှူးထံ ထိုတပ်မှူးလေးက တင်ပြနေရသဖြင့် လေတပ်စခန်းမှူး အတွက် ထိရောက်သော ကွပ်ကဲမှုရနေရာ လေတပ်စခန်းမှူးက ပိုနှစ်ခြိုက်သည့် သဘောလည်း ဖြစ်ပါတယ်။

အုပ်ချုပ်မှုကိစ္စ မနိုင်နင်းသဖြင့် မိသားစုဝင်များနှင့် စစ်သည်များအကြား လူမှုရေး၊ အုပ်ချုပ်ရေး ဆိုင်ရာများတွင် ကသောင်းကနင်းဖြစ်စဉ်များ မကြာခဏပေါ်သလို၊ မှုခင်းကိစ္စများကိုလည်း နည်းလမ်းတကျ မကိုင်တွယ်နိုင်သောကြောင့် အုပ်ချုပ်မှု ဖြစ်စဉ်များလည်း မကြာခဏ ပေါ်နေပါတယ်။ ရေး (၃) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သက်သေခံထွက်ချက်များတို့အပြင် ရေး-၂ ဆိုင်ရာ လစာ၊ နှစ်တိုးခံစားခွင့် ပြန်တမ်းများ အချိန်နှင့်တစ်ပြေးညီ အထက်ဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများမှာ ချွတ်ချော် တိမ်းပါးခဲ့ရပါတယ်။

ထိုတပ်မှူးလေး အတွက်မူ လက်ကိုင် ဖုံး (၂) လုံး၊ ဆိုင်ကယ် အပါအ၀င် အိမ်တွင်းသုံး ပစ္စည်းများ တိုးပွါးလာသလို Computer ကောင်းကောင်းမသုံးတတ်ပဲ Laptop အကောင်းစားဖြင့် Game ထိုင်ဆော့နေတတ်သည်ကို တရားကျစွာ ကြည့်နေကြရပါတယ်။ ဆိုးရွားသည်မှာ သူ့စိတ်နှင့် အခန့်မသင့်သည်နှင့် လေတပ်စခန်းမှူးထံ ထို အရာရှိ/ စစ်သည်ရဲ့ အားနည်းချက်ကို အရရှာကာ ဒုက္ခပေးသော လုပ်ဆောင်မှုပင် ဖြစ်ပါတယ်။ တပတ်စဉ်တည်းသာမက Senior များပင်မကပဲ၊ လေယာဉ်မောင်းသင်ပေးသော နည်းပြဆရာကိုပင် မထင်လျှင်မထင်သလို ဒုက္ခပေးခြင်း ဖြစ်ပါတယ်။ သူ့အနေဖြင့် နိုင်ငံခြားသင်တန်းကိုပင် အုပ်ချုပ်ရေးတပ်မှူးနေရာ လက်လွှတ်ရမည် စိုးသောကြောင့် မသွားရစေရန် လေတပ်စခန်းမှူးအား နည်းမျိုးစုံသုံး ဖျက်ခိုင်းစေခြင်း၊ တပ်ရင်းမှူးသင်တန်းအား ရှောင်လွှဲခဲ့သော်လည်း CPL လိုင်စင်သင်တန်းကိုမူ တက်ရန် ကြိုးစားနေခြင်းတို့ကြောင့် ကက (လေ) မှ ဦးစီးအရာရှိ အားလုံးက သူ့ကို အတော် အမြင်ကပ်နေသူ ဖြစ်လာပါတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်များအားလုံး မကောင်းဟုတော့ မဆိုနိုင်ပါ။ သူ့အမြင်အရ မဖြစ်သင့်ဟု ယူဆသော အရာမှန်သမျှ မြေလှန်ခြင်းဖြစ်ရာ လေကြောင်း ညှိနှိုင်းမှုကွပ်ကဲရေး ဌာနမှူးရဲ့ အိမ်သုံးမီတာမှ အစအိမ်သုံး စရိတ်အား မျှခံပေးနေရသော လေယာဉ်အုပ်များရဲ့ ကုန်ကျစရိတ်ကို ဖော်ထုတ်နိုင်ခြင်း၊ လေဆိပ်လုံခြုံရေး ဗန်းပြကာ ကိုယ်ကျိုး ရှာနေခြင်းကိုလည်း ထောက်ပြ တားဆီးနိုင်ခဲ့ခြင်း၊ ရိပ်သာမှ ရိက္ခာစိုကြေးငွေများအား အလွဲသုံးစားလုပ်နေသော တာဝန်ခံအရာရှိ အဆက်ဆက်၏ အမှုများကို ဖော်ထုတ်နိုင်ခြင်း၊ ရေ/မီး မရသော စစ်သည်လိုင်းများအား အဆင်ပြေအောင် တပ်ရဲ့ Black Money များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း၊ လစာပေါင်/ ရိက္ခာကတ်ပေါင် စသော ငွေတိုးချေးစား အမြတ်ကြီး စားနေသော တပ်တွင်းမှ စစ်သည်များအား တားဆီးနိုင်ခြင်း၊ ငွေကြေး/မိန်းမ ရှုပ်ထွေးနေသော အရာရှိငယ်များကို တရားဝင် သက်ချုပ်ယူ အရေးယူပြီး ကျန်သူများကို တားဆီးနိုင်ခဲ့ခြင်း စသော တပ်အတွက် ကောင်းမွန် အကျိုး ရှိစေမှုများလည်း ရှိခဲ့ပါတယ်။

လူသားတို့သည် အမှားနှင့် မကင်းနိုင်ကြသလို၊ လောက နိယာမသဘောအရ အနိမ့်အမြင့်အစုံစုံ ကြုံတတ်ကြရပါတယ်။ ပေဖြစ်တုန်းခံပြီး တူဖြစ်ချိန်နှံမည် ဆိုသော စိတ်ထားဖြင့် မကောင်းမှုများကို ပြင်ဆင်ရန် လုပ်ဆောင်ခြင်း မဟုတ်ပဲ အငြိုးအတေးစိတ်ဖြင့် ထင်ရာ စိုင်းနေသူနှင့် ဆရာမွေး တပည့်မွေးကာ အာဏာနီ တည်ဆောက်နေခြင်းဟာ တပ်မတော်တွင်းတွင် မလိုလားအပ်သော ဖြစ်စဉ် ဖြစ်ပါတယ်။

တင်ပြပါ ဖြစ်စဉ်မှာ တပ်မတော် (လေ) တွင် လက်ရှိ ဖြစ်ပေါ်နေဆဲ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ အုပ်ချုပ်ရေးတပ်မှူး ဗိုလ်မှူး မှာ DSA (၄၂) မှ ဖြစ်ပါတယ်။ ငယ်ရွယ်လွန်းသည်ဟု မဆိုစေနိုင်ကာမူ သူ့ရဲ့ လုပ်ဆောင်ချက်များကို ထိန်းသိမ်းပေးရန် ထိုလေတပ်စခန်းမှ Senior ဖြစ်သော ကျန်ဒုဗိုလ်မှူးကြီး များလည်း မတတ်နိုင်ဟု သိရပါတယ်။ လေတပ်စခန်းမှူး တစ်ဦးတည်းကိုသာ သူသစ္စာခံသည်ဟု ဆိုကာ ထင်တိုင်းကြဲနေသည်ဟု ဆိုပါတယ်။ အချို့ Senior အရာရှိများကို လေတပ်စခန်းမှူး အမိန့်ဖြင့် တပ်မှူးရုံးတင်သည်ဟု ဆိုကာ ရုံးတင်သည်အထိ လုပ်ထုံးလုပ်နည်း အစဉ်အလာကို ချိုးဖောက်နေသည်ဟု ဆိုပါတယ်။ အစကတည်းက အက်ကြောင်းထင်နေတဲ့ တပ်မတော် (လေ) ဟာ ထိုသို့သော ဖွတ်များ ကြီးထွားလာပါက အပြိုပြိုအလဲလဲ အကွဲကွဲအပြိုပြိုဖြစ်ကာ စိတ်မချမ်းသာစရာများ တွေ့နေရဦးမည်သာ ဖြစ်ပါတော့တယ်။

အပိုင်း (၄) ကို ဆက်လက်ဖော်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်) - အပိုင်း (၁)

ဆောင်းပါးရှင် - ပြည်တွင်းမှ အတွင်းသိသူတစ်ဦး

ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုသော သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည်ဟု ကြွေးကြော်နေပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ကာ သန့်ရှင်းသော အစိုးရ ဖြစ်ရမည်ဟုလည်း သံဓိဌာန် ချထားလေရာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဒုဝန်ကြီး တစ်ဦးကြောင့် နာမည်ပျက်ရကိန်း ကြုံတွေ့နိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်ဒ်သို့ အတွင်းသိသူ တစ်ဦးက ကျော်ဇံမြင့် အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ပေးပို့လာတာမို့ တင်ပြပေးလိုက်ရပါတယ်။ အယ်ဒီတာ၊



ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကို အများက ဆရာကွေးလို့ ခေါ်ကြသတဲ့။ ဘာလို့လဲဆိုတော့ သူ့လက်အောက်က ပြည်ထဲရေးမှ လူတွေ အားလုံးကို ကွေးကောက်နေအောင် ခိုင်း၊ ကွေးကောက်နေအောင် ဆူပူကြိမ်းမောင်းတတ်ပြီး ကွေးကောက်သွားအောင် ပညာပေးတတ်လို့ ဆရာကွေးဟု အမြင်ကပ်ကာ ပေးထားရတာ ဖြစ်ပါတယ်။

နာမည်ကသာ ရခိုင်လိုလို၊ ဘာလိုလိုနဲ့၊ တကယ်တော့ ဗမာ အစစ်ကြီးပါ။ ရုတ်တရက်ကြည့်ရင် ရခိုင်လူမျိုးတွေက အားကိုးတကြီး ရခိုင်အရေး သွားတောင်း ဆိုရင်တော့ ငါးပါးမှောက်မှာ ဖြစ်ပါတယ်။ ဖခင်ကိုယ်တိုင်ကလည်း မဆလခေတ်၊ တပ်မတော်တွင် ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။

ဖခင် ဗိုလ်မှူးရဲထွန်း(ငြိမ်း) ရဲ့ အချိုအချောင်နှိုက်နည်း၊ အမြည်းစမ်းခြင်းနည်း စသည့် နည်းလမ်းမျိုးစုံအား ငယ်စဉ်ကတည်းက ကိုယ်ဖိ ရင်ဖိ သင်ယူခဲ့ကာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ အချိန်တန်လို့ ဆယ်တန်းအောင်တော့ အင်ဂျင်နီယာ လုပ်မလားဆိုပြီး ၁၉၇၈ - ၁၉၈၀ ခုနှစ်အတွင်း ဗိုလ်တစ်ထောင်၊ ဒေသကောလိပ် (၁) ကို တက်ခဲ့ပါသေးတယ်။ ဒေသကောလိပ်မှာ စာမလိုက်နိုင်၊ ပြီးတော့ ဒေသကောလိပ် တက်ရင် ဘဝနောင်ရေး စိတ်မအေးရဘူး၊ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူလို့ မရဘူး ဆိုပြီး ထုံထိုင်းတဲ့ဥာဏ်နဲ့ စစ်တက္ကသိုလ်ကို ဝင်ဖြေ၊ပါတော့တယ်။ အဲ့ဒီတုန်းက ဖခင်ဗိုလ်မှူးရဲ့ အဆင့်ဟာ စစ်တပ်မှာ ရှားပါးနေတာမို့ တော်တော်လေး အရာရောက်တယ်ဆိုမလားဘဲ၊ တစ်ခေတ် တခါတုန်းကလည်း ဗိုလ်မှူးဆိုတာက စွမ်းတယ်လေ။ ဖခင်ရဲ့ အကူအညီနဲ့ ကပ်လျား ဖားလျားလုပ်ပြီး ဝင်ခွင့်အောင်၊ ဗိုလ်ရွေးအောင်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၄) ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကိုယ့်အရည်အချင်းနဲ့ ကိုယ်သာဆို သည်လိုအောင်ဖို့ ဝေးလေစွ။ တပ်မတော်ကို စတင် မဝင်ခင်ကတည်းက ဖခင်ရဲ့ နည်းပေးလမ်းပြနဲ့ ဖားနည်း၊ လျားနည်းကို တတ်သိပြီးသားမို့ အခြေခံဗီဇစိတ်နှင့် အလွမ်းသင့်ကာ အဖားတော်ရေး ဒို့အရေး ဆိုပြီး လက်သီးလက်မောင်းတန်းရင်း တပ်ထဲသို့ ခြေစုံပစ် ဝင်ပါတော့တယ်။

သည်လိုနဲ့ အနှီမောင်ကျော်ဇံမြင့်ဟာ လေးနှစ်တာကာလ သင်တန်းပြီးလို့ ကျောင်းဆင်း သွားခဲ့ပါတော့တယ်။ ဖခင်က ဟိုလူကြီးကို လက်သိပ်ထိုး၊ သည်လူကြီးကို လာဘ်ထိုး စသည့် နည်းလမ်း များကြောင့် ကျောင်းဆင်းတော့ မိခင်တပ်ရင်းဟာ ရန်ကုန်၊ ချော်တွင်းကုန်းနားက သနက (၄) တပ်မှာပါတဲ့။ သူ့ရဲ့ မတော်သေးတဲ့ ဇနီးက ဦးနေဝင်းနှင့် အမျိုးတော်တယ်ဆိုပြီး ရောက်သွားတယ်လို့ ဆိုကြတယ်။ အဲ့ခေတ်အခါတုန်းက သူများတွေ တိုက်ပွဲ တိုက်နေကြတဲ့ အချိန်ကာလမှာ သူကတော့ ချော်တွင်းကုန်းက တပ်မှာ ကောင်မလေးတွေကို “ဖွန်” ကြောင်လိုက်၊ မြို့ထဲက တရုတ်တန်းလမ်းမှာ မူးပြီး သောင်းကျန်းလိုက်၊ ဖောင်ကြီးဘက်မှာ ထန်းရည်လေး မော့လိုက်နဲ့ အဆင်ကိုပြေလို့ ကျည်လွတ်မြေမှာ သောင်းကျန်းနေခဲ့ပါတယ်။ သူ့ပခုံးပေါ်က အပွင့်တွေကို ညှစ်ကြည့်လိုက်ရင်တော့ ယမကာတွေနှင့် ပဲတွေသာ ကျလာပါလိမ့်မယ်။

အရာရှိငယ် ဘဝမှာကတည်းက အဖားအလျား တော်သူပီပီ နေရာကောင်း၊ တပ်ကောင်းမှာ နေ၊ ကောင်းတာတွေ ဝတ်၊ အကောင်းစားတွေစား၊ အပေးအကမ်း နည်းပါးပြီး အတောင်းအရမ်းကြမ်း။ အပြောနဲ့ အလုပ်က တခြား၊ ပါးစပ်ကသာ ချိုမိုင်မိုင်၊ နောက်ကွယ်ကနေ လက်သီးတပြင်ပြင်နဲ့။ ရှေ့ကလျှောက်ပါဆိုလျှင် ချီးပေါက်တတ်ပြီး နောက်မှ လိုက်ပါဆိုလျှင် ဖိနပ်တက်နင်းတတ်တဲ့ လူစားမျိုးပါ။ အရည်အချင်းကတော့ စစ်တက္ကသိုလ်မှာ ဘယ်လိုအိပ်ပြီး ကျောင်းဆင်းလာလဲ မသိဘူး။ အဲ ယောင်လို့ စစ်တက္ကသိုလ်ကို ဘယ်လို အောင်ပြီး အရာရှိ ဖြစ်လာမှန်း စဉ်းစားလို့ မရပါ။ စိတ်နေစိတ်ထားက ဂဏာမငြိမ်၊ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ စိတ် တည်ငြိမ်မှုက မရှိ၊ မျက်လုံးက ကြောင်တောင်ကန်း၊ ပုံစံက သူကြီးဘစီနဲ့ နင်နဲ့ ငါနဲ့ အိုး...ဟိုး ။

ဘယ်လုပ်ငန်းကို လုပ်သည် ဖြစ်စေ၊ စစ်တိုက်သည် ဖြစ်စေ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်သည် ဖြစ်စေ၊ နောက်ဆုံး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသည် ဖြစ်စေ၊ အေးဆေး တည်ငြိမ်စွာဖြင့် လုပ်ငန်းကို အောင်မြင်ပြီးဆုံး သွားခြင်းမျိုး လုံးဝ မရှိခဲ့ပါကြောင်း သူ့ရဲ့ တပ်သမိုင်းက ဒီလိုလှပလွန်းလို့ ရေးစရာတွေ အများကြီး ရှိပါသေးတယ်။
အပိုင်း (၂) မှာ ဆက်လက် ဖတ်ရှုကြပါကုန်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Friday, September 23, 2011

ဗြိတိန် Chatham House ၂၀၁၁ ဆု ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရေးရာတွေမှာ ထင်ရှားတဲ့ အသင်းကြီးတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက Chatham House က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ နိုင်ငံခြားဆက်ဆံရေး ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းရဲ့အဖွဲ့ဝင်တွေက နိုင်ငံတကာဆက်ဆံရေးမှာ သိသိသာသာ တိုးတက်အောင် ကြိုးပမ်းနိုင်သူတွေကို နှစ်စဉ် ရွေးချယ် ချီးမြှင့်နေတဲ့ ဂုဏ်ထူးဆောင်ဆုကို ဒီနှစ် ၂၀၁၁ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်လိုက်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိနှိပ်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွန်းလှန်ရင်း ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ နိုင်ငံတကာမှာ ထင်ရှားသူတဦး ဖြစ်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အချိန်အတော်များများကို ဖမ်းဆီးခံရရင်းနဲ့ ကုန်ဆုံးခဲ့ရသူ ဖြစ်တယ်လို့လည်း Chatham House ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးတဲ့နောက် သူ့ရဲ့ ကြိုးပမ်းမှုတွေက နိုင်ငံတကာရဲ့ ရပ်တည်ချက်တွေကို ပိုမိုအားကောင်းလာစေသလို မြန်မာနိုင်ငံက အတိုက်အခံ လှုပ်ရှားမှုတွေမှာ အဓိက အရေးပါသူ တဦးအဖြစ် ထွက်ပေါ်လာတယ် လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှု တွေက အထောက်အကူ ဖြစ်စေသလို မြန်မာနိုင်ငံက ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကနေ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခွင့်ကို တောင့်တနေကြတဲ့ လူတွေအားလုံးရဲ့ ဆန္ဒကိုလည်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်စေတဲ့အကြောင်း Chatham House ကို ပြောဆိုခဲ့ပါတယ်။

ဒီဆုကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့ လန်ဒန်မြို့မှာ အခန်းအနားတခုနဲ့ ချီးမြှင့်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် (Madeleine Albright) က လက်ခံရယူသွားမှာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ

မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်က ဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကျွက်ကျွက် ကန့်ကွက် နေကြပါတယ်၊

ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီး ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲ တခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကို နားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါး ကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေ မှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍သိချင်နေချိန်မှာ တွေ့ နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့် ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့လက်အောက် ခံ ဖြစ်စေတော့မှာလား?

(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ

ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည် နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်။

ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင်တယောက်ပါ။ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီ လိုပြောပါတယ်၊ “ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ် ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။

စဉ်းစားစရာတွေ တ သီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။” ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝသက်တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ် ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀ အဆောက်အအုံ တခု လောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေဟာ ဒီဆည် ကြီးတွေ ငလျင်နဲ့ မိုးသည်းထန်ခြင်း စတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ရွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊ ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရတို့ ကချင်ပြည်နယ်အတွင်းမှာ ဆည်ကြီး ၇ ခုဆောက်ဖို့ သဘော တူလိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ ဦးဟာ မြန်မာစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

သူတို့ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျား မျက် ကွယ်ပြုပြီး ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။

စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁) ကို နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံကိန်းနဲ့ ပါတ်သက်နေတဲ့ ဝန်ကြီး ဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပါတ်သက်ပြီး စာတမ်းတွေ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN) ရဲ့ ဥက္ကဌ မစ္စတာ လီ (Mr. Li Guanghua) တက်ရောက်ပြီး “ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားလုပ်ငန်းများအတွက် မဟာဗျူဟာကျ သော ရွေးချယ်မှုဖြစ်သည်” (Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်။

အဲဒီစာတမ်းမှာ မစ္စတာလီ က “ကချင် လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်ခံကြသည်” လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊

စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတွေဟာ မတူညီတဲ့ ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူတွေကိုသူတို့ရဲ့ သဘောထားစစ်တမ်းတွေ ကို ကောက်ခံခဲ့ပါတယ် တဲ့၊ အဲဒီစစ်တမ်းတွေအရ သဘောထားပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ် စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ၆၂ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေး ကို သိသိသာသာမြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့ သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံ ကြောင်းပြောရာမှာတောင်မှ မစ္စတာလီ က အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကိုအသေအချာ နားမလည်ကြလို့ ဖြစ်တယ်လို့ ဆင်ခြေပေးပါသေး တယ်။

အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူခဲ့တယ်ဆို တာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံကြတယ်လို့ သူ အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။

(၂) မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း

မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြတဲ့၊ ပါတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာကို လုံးဝလျစ်လျူရှုထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လ ကျော်ဆောင်ရွက်ခဲ့ပါတယ်တဲ့၊ မြန် မာပညာရှင်တွေက BANCA လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာ ရှင်တွေကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research ကဖြစ်ပါတယ်။ အဲဒီပညာရှင်တွေဟာ ကွင်းဆင်း စစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန်ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန်နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်တဲ့၊ အဲ ဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်း ကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA) ကို CPI ထံ တင်ပြပါ တယ်တဲ့၊ အဲဒီ CISPDR ကတင်သွင်းတဲ့ EIA က ဆည်တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအ ကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်း မရှိခဲ့ပါ။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလဲ စာတမ်းတစောင် တင်သွင်းပါတယ်၊ သူ့ စာတမ်းကနေ မစ္စတာ လီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက်ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အ ရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမည့် တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေ ကြောင့် ၂၀၀၉ ခု ဇန်နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့၊ ပြီးတော့ BANCA က မြန်မာပညာ ရှင်များဟာ မြန်မာနဲ့ တရုတ်အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA အ စီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်းခဲ့တယ်လို့ သိ ရပါတယ်။

BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို “မြစ်ဆုံဟာ ကချင်တိုင်းရင်းသားများအ တွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံ ဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့” အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် က ချင်ပြည်နယ်အတွင်းမှာ အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီးစားနဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီမြစ် ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒ နဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်” လို့ ရှင်းပြထားပါ တယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို “မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအ စား မြစ်ဆုံရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစား ဆည်နှစ်ခုအစား ထိုးဆောက်လုပ်ဖို့” အကြံပြုထားပါတယ်။

မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်။

BANCA က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများကို အတည်ပြု ကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်တွေကို အရည်အချင်း ပြည့်ဝတဲ့ လူ မှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များဆောက်လုပ်ခြင်းကြောင့် ဖြစ် ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာတွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အ လေးအနက်တိုက်တွန်း ထားပါသေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာ ဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များက တင် သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင်များထံ တရုတ်ပညာရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာ အဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့်ရယူခဲ့တယ်လို့ ယူဆရပါတယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည်နဲ့တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်ကစပြီး ဆောက်လုပ်နေ ပါပြီ။

အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရ BANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက် ဆိုတာ တကြိမ်တခါထဲလုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ဘဲ အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင် မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့ လေ့လာသုံးသပ်မှု တွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ။

(၃) မသေချာတဲ့ အကျိုးအမြတ်များနဲ့ သေချာတဲ့ ဆုံးရှုံးမှုများ

တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများ ကြီး ရရှိလာလိမ့်မယ်ဆိုပြီး ချဲ့ကားပြောနေကြပါတယ်။ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင်ဆောင်နေကြပါတယ်၊ မစ္စတာ လီ က ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော်ကုန်ကျမှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု(Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်းနှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီး ရင် မြန်မာနိုင်ငံက နှစ်စဉ်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အလကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိ ကန်ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင်ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေးစခန်းတွေ အများ ကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီးပေးမယ်၊ ပြီးတော့ ကန်ထ ရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူပြော သမျှ တွေက မြန်မာနိုင်ငံအတွက် အကောင်းတွေချည်းပါပဲ။
ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်။ လက်တွေ့ဘဝမှာ ဒီ လောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက်ပိုများတတ်၊ ဆောက်လုပ်ရေးကာ လက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်။ လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်။ အဲ ဒီဆည်ကြီးကို အာဂျင်တီးနားသမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem) က “အလွဲသုံးစားလုပ်မှုများ၏ အထိန်းအ မှတ် မှတ်တိုင်ကြီး” (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့် မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတထောင့် ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီး ပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါ တယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ်ထုတ်လုပ်နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေနဲ့ မကိုက်တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ။

ဒီဥပမာ နဲ့အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်မှာ ဆောက် နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ဆောက်လုပ်ချိန်ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာ လီ ပြောနေတဲ့ အကျိုးအ မြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ။ ဆည်တွေ အားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပို နိုင်ပါ၊ မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်း သိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့အတူမျောပါလာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေက ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ် တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက် ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ၊ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာ စုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပို နည်းလာပါတယ်၊ ရေလှောင်ကန်ထဲ မှာ ရေနည်းတဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအ မြတ်ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီး လို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေ ပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်။

မစ္စတာ လီ ကပြောပါသေးတယ်၊ အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အလုပ်သ မားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်၊ ဒါ ပေမယ့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ၊ သူမပြောပေ မည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက် အဆမတန်နည်းပါလိမ့်မယ်၊ သူပြောမှပဲ သိရတာက အခုအချိန်မှာ တရုတ်အလုပ်သမားပေါင်း သုံးထောင်ကျော်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအ တွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှု ကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများ ရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင်ကျယ် ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက်ရောက်မှုကြီးဖြစ်ပါလိမ့်မယ်။

(၄) မတူညီသော စံနှုံးများ

မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းများ ဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့်အတန်းအမြင့်ဆုံး စံ ချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ် လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာကစလို့ တည်ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံ ရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျကျင့်သုံးနေပါတယ်လို့ ပြောပါတယ်၊ ဒီတော့ သူပြော သလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်ကြရအောင်ပါ။

၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ် ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌာန်းခဲ့ပါတယ်၊အဲဒီ ဥပဒေအရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင်အထည်မဖော်မီ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာ ဖြစ် ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများ စတင်အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လေ့လာသုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environ mental Impact Assessment) ကို ထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ် ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူ တွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင်ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံ ပြုချက်တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြ ချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါ တယ်။

ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန်စံညွှန်းတွေ ကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့အထောက်အထား တခုမှမ တွေ့ရပါဘူး၊ မြန်မာပညာရှင်တွေ ရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုးထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက် တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊BANCA ရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွါးခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူ မသိ ရှိအောင် လုပ်ငန်းလျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်း ကြီးများအကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်တာတွေအားလုံး လုပ် ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အ ကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ တရုတ်၊ မြန်မာ ကိုယ်စား လှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ။

မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက

(၁) မြစ် ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများ တည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats);

(၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels);

(၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;

(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats);

(၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (

၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use);

(၇) ရေ၏အရည်အသွေးဆိုင်ရာ လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments);

(၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta);

(၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့

(၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊

BANCA နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီးနား မြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာ ဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီးကျန်နေပါသေးတယ်။

မစ္စတာ လီ ကပြောပါတယ်၊ အခုဆိုရင်CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက် နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည် ရှိမှုအပေါ်သက်ရောက်မှုနဲ့ မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်။ နောက် ကျနေပါပြီ။ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင်ကထဲက လုပ်ရမှာပါ။ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ။

(၇) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ

မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည် အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်း သိမြင် လာကြပါပြီ၊ ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျူးကျော်သူ နိုင်ငံ ခြားသားတွေ ဖျက်ဆီးမယ့်ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုး ကြားကြား၊ သတိရှိရှိနဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ။

ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး စလုံးက မြန်မာပြည်သူတွေရဲ့အသက်သွေး ကြောကြီးပါ။

အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏရှိတဲ့ ဆည်ကြီးကို ဧရာဝတီရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတ လျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက် မဲ့တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက်ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ၊ ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်။ မြန်မာ ပြည်သူအားလုံးက ဧရာဝတီကို ကာကွယ်ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သ ဘောပေါက်နေကြပါပြီ၊ သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသားအမွေ အနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်။

အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ် တခု ပြတ်ပြတ်သားသားချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီးဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊ မြန်မာလူထု ရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေက တနေ့ တခြားပိုကြီးမားလာနေတယ်ဆိုတာကိုလဲ သူတို့ သဘောပေါက်နေကြပါပြီ၊ အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များဖြစ်တာကြောင့်၊ ပြည်သူတွေရဲ့ ဆန္ဒကို လက်ခံမယ်လို့ အရိပ်အယောင်ပြတာတွေလဲ တွေ့နေရပါပြီ၊ တချိန်ထဲမှာ အစိုးရခေါင်းဆောင်အချို့က လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက်ပစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင်ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်။ အဲဒီ ဝန်ကြီးတွေကတော့ တရုတ်အစိုးရငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိက အကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရအနေနဲ့ လူထုအကျိုး စီးပွါးကို ငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းကြီးကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှ မဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက်ပျော် မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက်ချတခုကို ပြတ်ပြတ်သားသားချရမည့် အချိန်ကို ရောက် နေပါပြီ။

လူထုရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်နေသမျှ၊ လူထုရဲ့ဆန္ဒကို မလေးစားသမျှ၊ လူထုရဲ့ ဒေါသနဲ့ တုန့်ပြန်မှု၊ စိမ်ခေါ်မှုကို သူတို့ ရင်ဆိုင်ရမှာပါ။

ဧရာဝတီ တော်လှန်ရေး စနေပါပြီ။

လေးစားစွာ

အောင်ဒင်
စက်တင်ဘာ ၂၂၊ ၂၀၁၁
aungdin@uscampaignforburma.org

ဒီဆောင်းပါးအတွက် အောက်ပါစာတမ်း၊ စာအုပ်များကို ကိုးကားပါတယ်၊

(၁) Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry, by Mr. Li Guanghau, CPI Yunnan Intenational Power Investment Co., Ltd (CPIYN), September 2011
(၂) သဘာဝပါတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ ဒေါက်တာထင်လှ၊ ဥက္ကဋ္ဌ၊ Biodiversity and Nature Conservation Association (BANCA), September 2011
(၃) Environmental Impact Assessment (Special Investigation) On Hydropower Development of Ayeyawady River Basin above Myitkyina, Kachin State, Myanmar, by Biodiversity And Nature Conservation Association (BANCA), October 2009
(၄) The New Great Wall, A Guide to China’s Overseas Dam Industry, by International Rivers Network, July 2008
(၅) ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး လရော်ဇောင်ဟရာ မှ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင် ထံ ပေးသောစာ နှင့် ပူးတွဲပါ အထောက်အထားများ၊ မတ် ၁၆၊ ၂၀၁၁

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ဧရာဝတီ အနုပညာပြပွဲ ဒေါ်စုတက်ရောက်

ရန်ကုန်(မဇ္ဈိမ)| မြန်မာနိုင်ငံ၏ မြောက်ဖျားမှတောင်ဘက်သို့ စီးဆင်းနေသည့် အရှည်လျားဆုံးမြစ်ဖြစ်သော ဧရာဝတီမြစ်ကြောင်းတလျောက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို မီးမောင်းထိုးပြထားသည့် အနုပညာပြပွဲတခုကို ရန်ကုန်မြို့တွင် ကြာသပတေးနေ့က ပြုလုပ်ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်သည့် မြစ်တစင်း၏ပုံရိပ် - ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာ ပြပွဲဖွင့်ပွဲတွင် သစ်ထုတ်လုပ်မှုများ၊ ရွှေတူးဖော်မှုများအပါအဝင် လူတို့ကြောင့် ဧရာဝတီမြစ်ကြောင်းတလျောက် ထိခိုက်ပျက်စီးမှုကို ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းများဖြင့် သရုပ်ဖော် ပြသထားသည်။



မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ :: ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်သည့် မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာပြပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၂၂ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ဧရာဝတီမြစ်နှင့် ပတ်သတ်သည့် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းနှင့် အခြားအနုပညာ လက်ရာများ ပြသသည့် အဆိုပါပြပွဲကို Green Hearts Enviroment Network က ကြီးမှုးပြုလုပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြား၍ ပြပွဲကို ဖွင့်လှစ်ခဲ့သည်။ မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ :: မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာပြပွဲတွင် ပြသထားသည့် ပန်းချီကားများကို ကြည့်ရှုနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့ စက်တင်ဘာလ ၂၂ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ :: မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာပြပွဲတွင် ပြသထားသည့် ပန်းချီကားများကို ကြည့်ရှုနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြာသာပတေးနေ့ စက်တင်ဘာလ ၂၂ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ :: မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ အနုပညာပြပွဲသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီအတွက် ဆုတောင်းစာ ရေးသားပေးနေသည်ကို ကြာသာပတေးနေ့ စက်တင်ဘာလ ၂၂ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) “ ဧရာဝတီ - ပြည်ထောင်စုရဲ့ သား၊ သ္မီး အားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနေနိုင်ပါစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းစာ ရေးသားပေးခဲ့သည်။ မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ :: ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်သည့် မြစ်တစင်း၏ပုံရိပ်-ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာပြပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၂၂ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ဧရာဝတီအရေးသည် ညီညွတ်မှုတခု ဖြစ်လာနိုင်သဖြင့် စုစည်းလုပ်ဆောင်ရန် လိုကြောင်း ပြပွဲဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့သည်။

တရုတ်နိုင်ငံပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်လျက်ရှိသော ကချင်ပြည်နယ်တွင်းရှိ မေခနှင့် မလိခမြစ်ဆုံရာအနီး တည်ရှိသည့် မြစ်ဆုံဆည်စီမံကိန်းအပေါ် ကန့်ကွက်မှုများ ရှိနေချိန်တွင် ပြပွဲပြုလုပ်ခြင်းလည်း ဖြစ်သည်။

မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် သုံးသပ်ရန် လူသိရှင်ကြား ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့အချိန်မှာ ညီညွတ်မှုအတွက် ရင်ဆိုင်ရတဲ့ အခန်းကဏ္ဍတွေ များလာတယ်။

ဧရာဝတီအရေးက ညီညွတ်မှုတခု ဖြစ်လာနိုင်ပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ရင် ဧရာဝတီနဲ့ ပတ်သတ်ပြီး ကောင်းမွန်တဲ့ ရလာဒ်တွေ ရလာနိုင်ပါတယ်။”
ဟု အနုပညာပြပွဲတွင် ပြောဆိုသွားခဲ့သည်။

မိုင်ပေါင်း ၁,၃ဝဝ ကျော်ရှည်လျားသော ဧရာဝတီမြစ်အတွက် ဆုတောင်းစာ ရေးသားခဲ့ရာတွင်လည်း

“ဧရာဝတီ - ပြည်ထောင်စုရဲ့ သား၊သ္မီးအားလုံး သွေးစည်း ညီညွတ်ရေးအတွက် အစဉ် တည်ရှိ နေနိုင်ပါစေ”ဟု ရေးသားခဲ့သည်။

စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာပြုလုပ်မည့် အဆိုပါအနုပညာပြပွဲကို Green Hearts သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, September 22, 2011

လူတင်ပါလို့ နွား ကျားကိုက်တာ(သို့) အရင်းစစ်တော့ အမြစ် မြေက

ဥပမာ ... ခင်ဗျားမှာ သမီး ၅ယောက်ရှိတယ်။

(၁) မမြေ (မြေကြီး)
(၂) မသစ် (သစ်ပင်၊သစ်တော)
(၃) မဓါတ် (ရေနံ၊ဓါတ်ငွေ့၊ဓါတ်ဆီ)
(၄) မလမ်း (လမ်းတံတား၊ ရထားလမ်း စသည့်)
(၅) မဧရာ (ဧရာဝတီမြစ်၊ မြစ်ဆုံရေကာတာ စီမံကိန်း)

သူတို့ အားလုံးကို (အစိုးရ) ခင်ဗျားရဲ့ အုပ်ချုပ်မှု အုပ်ထိန်းမှုအောက်မှာ၊ လက်ထဲမှာ ရှိနေတဲ့ သမီးတွေ၊ သူတို့ဘာသာ သူတို့ နေနိုင်ကြတာဘဲ။ သူစိမ်းတွေက (နိုင်ငံခြားတိုင်းပြည်များ) လာရောက် တောင်းရမ်းရင် ကာယကံရှင် အုပ်ထိန်းသူ(အစိုးရ) ရဲ့ သဘောပါဘဲ။ တယောက်ချင်းဘဲ ပေးစား၍သော်၎င်း၊ အားလုံးကိုဘဲ ပေးစား၍သော်၎င်း မိဘရှင်ရဲ့(အစိုးရ) သဘောပါဘဲ။

မိဘရှင်(အစိုးရ) သဘောမတူသ၍ကတော့ ဘယ်သမီးမှ သူများနောက် ပါစရာ အကြောင်း မရှိပါဘူး။ သူများကလဲ ကိုယ့်အိမ်ထဲကို(နိုင်ငံတွင်း) ဝင်လာစရာ အကြောင်း မရှိပါဘူး။ ရှင်းပါတယ်နော်။

လောကမှာ ဖြစ်သင့်လို့ ဖြစ်ထိုက်တာရယ်၊ မဖြစ်သင့်လို့ မဖြစ်ထိုက်တာရယ် နှစ်မျိုးရှိပါတယ်။
အဲ့ဒီတော့ ခင်ဗျားတို့ ကျနော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အမျိုးသားအရေး၊ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အရေးမို့ အားလုံး တပြည်လုံးမှာရှိတဲ့ ပြည်သူ လူထုတရပ်လုံး၊ ပြည်တွင်း/ပြည်ပ ရှိသမျှ ပြည်သူ လူထုကြီးတရပ်လုံး အလိမ်အညာ ဆင်ထားတဲ့ ဆင်းရဲမှု ပပျောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တတိုင်းတပြည်လုံးကို ဆင်းရဲတွင်း နက်အောင်၊ ပို၍ငတ်မွတ် ခေါင်းပါးအောင် လုပ်နေတဲ့(အစိုးရ) ရဲ့လုပ်ရပ်၊ မတရားသော အမိန့်အာဏာ (ဝါဒဖြန့်စကား) မှန်သမျှကို ဖီဆန်ကြပါလော့ဟု မြန်မာနိုင်ငံအတွင်း/အပြင် တို့တွင် ရှိသမျှ မြန်မာနိုင်ငံသား အားလုံး (စစ်သား၊ရဲဘော်များမကျန်) နှိုးဆော် တပ်လှန့် တိုက်တွန်းအပ်ပါသည်။

ဦးမောင်

အပြည့်အစုံ ဖတ်ရန် ...