Saturday, September 15, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆက်လက်ဆန္ဒပြ (ရုပ်/သံ)

 
source by :http://www.youtube.com/user/yamounnar

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက် မြစ်ဆုံဒေသ အခြေအနေ သွားရောက်လေ့လာ


မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေတွေကို သွားရောက် လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ကချင်ပြည်နယ်ကို ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံနေစဉ်။ RFA

ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေ တည်ရှိရာနေရာကို ပြောင်းရွှေ့ ခံခဲ့ရတဲ့အတွက် ထွန်ယက် စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေး အခက်အခဲ တွေ့ရကြောင်း ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိင် က ပြောပါတယ်။

"သူတို့ပြောင်းတဲ့ရွာက တရုတ်က ပြန်ဆောက်ပေးထားတာ။
 ဆောက်ပေးထားတဲ့ နေရာက ကျောက်တောင်ပေါ်မှာ ဖြစ်နေတယ်။ ထွန်ယက်စိုက်ပျိုးလို့လည်း မရဘူး။ မြစ်ဆုံမှာတုန်းကတော့ ငါးတို့၊ ဖားတို့၊ ပုဇွန်တို့ မြစ်ထဲဆင်းလိုက်ပြီးတော့ ရှာလို့ရတာပေါ့။

ဒီနေရာမှာ ဘာမှမရဘူး။ အမဲလိုက်လို့လည်း မရဘူး။ အိမ်တွေဆောက်ပေးထားတဲ့ ဟာတွေကလည်း ကန်ထရိုက်ဆောက်ပေးသလို ဖြစ်နေတော့ မျက်နှာကျက်တွေ အကုန်လုံးပြိုကျတယ်။ ကြမ်းတွေကျဲသွားတယ်။ ပြီးစလွယ် လုပ်ထားတယ်။ တံခါးတောင် ပိတ်လို့မရဘူး။ မိုးတွေယိုတယ်။ သွပ်တွေအကုန်လုံး လှန်ထွက်သွားတယ်။ အိမ်သာတွေ လဲကျသွားတယ်။ ကလေးတွေပညာရေးရော တော်တော်ခက်ပါတယ်။ အခုပဲ သူတို့ ကိုယ်စီ ကိုယ်စီ ရင်ဖွင့်သွားတာပေါ့။ အဓိက ကတော့ လုပ်ကိုင် စားသောက်လို့မရဘူး"

ဒီခရီးစဉ်မှာ နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊ မိုးလေ၀သ ပညာရှင် ဒေါက်တာဦးထွန်းလွင်နဲ့ ရေအရင်းအမြစ် ပညာရှင် ဒေါက်တာ ခင်နီနီသိန်းတို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမဲ့ မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံ ပြည်သူတွေအတွက် အလှူငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Friday, September 14, 2012

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ကချင်ငြိမ်းချမ်းရေးကွန်ယက်တို့ တွေ့ဆုံစကားပြောခဲ့သည့် စကားဝိုင်း(ရုပ်/သံ)

အပိုင်း ( ၁ ) 

 
အပိုင်း ( ၂ ) 
 
 
source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက်ကျောင်းသားများ ကြေးနီစီမံကိန်းကိစ္စ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ (ရုပ်/သံ)

လက်ပဒေါင်းတောင် ကြေးနီ စီမံကိန်းကို ဆန့်ကျင်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာသူ (၃) ဦး ပြန်လွှတ်ပေးရေး အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

 အပြည့်အစုံကို ကိုခင်မောင်စိုးမင်းက တင်ပြပေးမှာပါ။


source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

Thursday, September 13, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာ (၁၆) ရက်နေ့၌ စတင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ဆိုပါသည်။

 ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားမည် ဖြစ်ပါသည်။

အခြား မည်သူ လိုက်ပါသွားနိုင်မည်ကို အသေးစိတ် မသိရသေးသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ အနည်းဆုံး (၅) ဦးခန့် ပါသွားနိုင်ဖွယ် ရှိပါသည်။

ရက်(၂၀)ခန့် ကြာလိမ့်မည် ဖြစ်ပြီး အောက်တိုဘာ (၅)ရက်နေ့ ၌  မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမည် ဖြစ်ပါသည်။


လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့ ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန် အခြေစိုက် National Endowment for Democracy နေရာတွင် မိန့်ခွန်း ပြောကြားရန် ရှိနေပါသည်။

ထို့အပြင် မြန်မာ မိသားစု အများစုရှိသည့်  ဆန်ဖရန်စစ္စကို မြို့ကိုလည်း သွားရောက်ရန် ရှိသည်ဟု အဖွဲ့ချုပ်က ဆိုပါသည်။

source by :  http://www.phophtaw.org

အပြည့်အစုံ ဖတ်ရန် ...

Monday, September 10, 2012

၈၈ မျိုးဆက် ကျောင်းသားများ Unity ဂျာနယ်ကို အမှားပြင်ခိုင်း(ရုပ်/သံ)

စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ စေတနာ့ဝသန် ဂီတရန်ပုံငွေ ရှာပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

 ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အနေနဲ့ ဂီတရန်ပုံငွေပွဲကနေ ရရှိထားတဲ့ အလှူငွေ ကျပ်သိန်း ၂၇၀၀ ကျော်ထဲကမှ အချို့ကို စစ်ဘေးဒုက္ခ ခံနေရတဲ့သူတွေ ရေဘေးဒုက္ခည်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို လှူဒါန်းသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် ဦးဝင်းတင်ဖောင်ဒေးရှင်းကိုလည်းလှူဒါန်းဖို့ အစီအစဉ်ရှိသလို ၈၈ အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ မဝင်းမော်ဦး အောင်းမေ့ဖွယ်အခမ်းအနားအတွက်လည်း ဒီအလှူငွေတွေကို အသုံးပြုသွားမယ်လို့ဆိုပါတယ်။

တဆက်တည်း မှာလည်း Unity ဂျာနယ်က ရေးသားလိုက်တဲ PDSI အဖွဲ့ရဲ့ငွေအများစုဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကနေ စီးဆင်းတယ်ဆိုတဲ့ သတင်းရေးသားချက်ဟာ လုံးဝမှားယွင်းကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုကိုကြီးက ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Unity ဂျာနယ် အနေနဲ့ ဂျာနယ်ရဲ့ မျက်နှာဖုံးမှာ အမှားပြင်ဆက်ချက် မထည့်မခြင်း ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ Unity ဂျာနယ်နဲ့ ထိတွေ့ ဆက်ဆံမှာ မဟုတ်သလို လောလောဆယ်မှာလည်း မလိုလားအပ်တဲ့ ဂျာနယ်ဆိုပြီး သက်မှတ်သွားမယ်လို့ ဆိုပါတယ်။

 
source by :http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

မသွဲ့သွဲ့ဝင်း အပါအ၀င် ဆားလင်းကြီးတောင်သူ ၁၂ ဦးကို ထိန်းသိမ်းထားတဲ့ မုံရွာ အမှတ် (၁) ရဲစခန်းရှေ့ အခြေအနေ (ရုပ်/သံ) ၁၀ စက်တင်ဘာ ၂၀၁၂


source by :  http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...