Monday, September 10, 2012

၈၈ မျိုးဆက် ကျောင်းသားများ Unity ဂျာနယ်ကို အမှားပြင်ခိုင်း(ရုပ်/သံ)

စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ စေတနာ့ဝသန် ဂီတရန်ပုံငွေ ရှာပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

 ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အနေနဲ့ ဂီတရန်ပုံငွေပွဲကနေ ရရှိထားတဲ့ အလှူငွေ ကျပ်သိန်း ၂၇၀၀ ကျော်ထဲကမှ အချို့ကို စစ်ဘေးဒုက္ခ ခံနေရတဲ့သူတွေ ရေဘေးဒုက္ခည်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို လှူဒါန်းသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် ဦးဝင်းတင်ဖောင်ဒေးရှင်းကိုလည်းလှူဒါန်းဖို့ အစီအစဉ်ရှိသလို ၈၈ အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ မဝင်းမော်ဦး အောင်းမေ့ဖွယ်အခမ်းအနားအတွက်လည်း ဒီအလှူငွေတွေကို အသုံးပြုသွားမယ်လို့ဆိုပါတယ်။

တဆက်တည်း မှာလည်း Unity ဂျာနယ်က ရေးသားလိုက်တဲ PDSI အဖွဲ့ရဲ့ငွေအများစုဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကနေ စီးဆင်းတယ်ဆိုတဲ့ သတင်းရေးသားချက်ဟာ လုံးဝမှားယွင်းကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုကိုကြီးက ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Unity ဂျာနယ် အနေနဲ့ ဂျာနယ်ရဲ့ မျက်နှာဖုံးမှာ အမှားပြင်ဆက်ချက် မထည့်မခြင်း ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ Unity ဂျာနယ်နဲ့ ထိတွေ့ ဆက်ဆံမှာ မဟုတ်သလို လောလောဆယ်မှာလည်း မလိုလားအပ်တဲ့ ဂျာနယ်ဆိုပြီး သက်မှတ်သွားမယ်လို့ ဆိုပါတယ်။

 
source by :http://www.youtube.com/user/BurmaVJMedia