Monday, November 8, 2010

မြ၀တီ က ဒုက္ခ တော

Photobucket











ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ( PVA ) သည် မနက် ၈ နာရီ မှ စတင်ပြီး မြန်မာပြည်ဘက်ခြမ်းမှ ထွက်ပြေးရောက်ရှိလာသော စစ်ပြေးပြည်သူလူထုများ
ကို ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းပြီး ကူညီမှုများ ပြုလုပ်ပေးနေပါသည်။

စစ်ပြေး ပြည်သူလူထုထံ တိုက်ရိုက် လှူဒါဏ်းမှုများ ဆောင်ရွက်ပေးနေပါသည်။
ရေ၊ ထမင်း၊ မားမားထုတ်များ အလွန်လိုအပ်လျှက် ရှိနေပါသည်။ ပြည်တွင်း ပြည်ပမှ ပြည်သူ့အရေးကို တကယ် ထိရောက်စွာ လုပ်လိုသူများ ဆက်သွယ် လှူဒါဏ်းနိုင်ပါသည်။

ဆက်သွယ်လှူဒါဏ်းရန်- ကိုသိမ်းဆန်း

ဘဏ် အကောင့် - KYAW TAYZA


အကောင့်နံပါတ်
- 6040 2062 33


ဘဏ်
- KRUNG THAI BANK

MAE SOT BRANCH
THAILAND


MONEY GEM


အကောင့်နာမည်- KYAW THIHA (ဖုန်းနံပါတ်- 0875716209)

ကျော်ကျော် (ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း)


KYAW TAYZA (ဖုန်းနံပါတ် - 0872027932)

ကိုသိမ်းဆန်း (ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း)


ဘဏ်တူဘဏ်နှင့်လွှဲလျှင် ၃ ရက်ခန့်ကြာပါသည်။


ထို့ကြောင့် မန်နီဂရမ်၊ ဝဲစတမ်းယူနီယမ်နှင့်လွှဲအပ်ပြီး အထပ်ပါ ဖုန်းနံပါတ်များနှင့်
မလေးရှားမှ ကျနော့် မိတ်ဆွေများ နှင့် အခြားသော Co2zenith ရဲ့ OnLine ရောင်းရင်းများ လှူဒါဏ်းလိုပါက

ဖုန်း + 60162914482
(May Bank 1070 1413 8682) သို့ ဆက်သွယ်ပေးပါရန် အကူညီ တောင်းခံအပ်ပါသည်။

www.pvamas.blogspot.com

http://co2zenith.blogspot.com/

အပြည့်အစုံ ဖတ်ရန် ...

မြဝတီ ပြည်သူ လူထု အခြေအနေများ




source by : http://www.youtube.com


အပြည့်အစုံ ဖတ်ရန် ...

TVThai မှ မြ၀တီမြို့ တိုက်ပွဲ အခြေအနေ ထုတ်လွှင့်ချက် ( Battle in Myawaddy 11:00 PM )



မှတ်ချက်။ ။ ထိုင်းနိုင်ငံဘက် ကမ်းရှိ စစ်ပြေး ဒုက္ခသည် ၂၀၀၀၀ ကျော် နေထိုင်မှုတွေ နှင့် စစ်ပြေး ဒုက္ခသည်တွေ အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး အခက်အခဲ ရှိတယ်လို့ TV Thai မှ ပြောဆို တင်ပြ ပေးသွားပါတယ်။

source by : http://www.hanthawaddy.org

အပြည့်အစုံ ဖတ်ရန် ...

တပ်လှန့် နှိုးဆော်ချက်

အပြည့်အစုံ ဖတ်ရန် ...

မြဝတီမြို့တွင်း တိုက်ပွဲ နဲ့ ပက်သက်ပြီး အရေးပေါ်ကူညီပေးရန် နှိုးဆော်ချက်

အပြည့်အစုံ ဖတ်ရန် ...

မြ၀တီမြို့မှာ ပိတ်မိနေသော ဒုက္ဒသည်များ ကိုမိုးသီး နှင့် ရဲဘော်များ ကယ်ထုတ်


ယနေ့ နံနက်မှာ စပြီ ဒီကေဘီအေနှင့် နအဖ တပ်များ မြ၀တီမြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပါသည်။
ကျနော် ဒုက္ခသည်များကိုထားတဲ့ယာယီ စခန်းကိုရောက်တော့ လူတွေက ပြောတာက အများစု မြ၀တီမြို့ထဲ ဆက်လက် ပိတ်မိနေတုံးပြောပါသည်။ တချို့မထွက်ရဲပဲ အိမ်အောက်များ၊ တောစပ်များတွင် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ ညမိုးချုပ်သွားရင် တိုက်ပွဲပိုပြင်းလာနိင်ပါတယ်။

ဒါကြောင့် ကျနော်၊ ကိုရင်ထွေး၊ ကိုကိုအောင်နဲ့ ကိုပါကြီးတို့ မြစ်ကမ်းစပ်ကို စွန့်စားသွားကြည့်ခဲ့ကြတယ်။ လူတွေ ဟိုတဖက်ကမ်းမှာ ခြုံစပ်တွေမှာ ပုန်းအောင်းနေတယ်။ ပစ်ခတ်သံများကြောင့် မထွက်ရဲကြပါ။ ကျနော်တို့ လက်ပြပြီး လာဖို့ ခေါ်ခဲ့ကြသောလည်း သူတို့ ကြောက်နေကြပါတယ်။

တချို့ကြောက်ကြောက်နဲ့ ချောင်းကို ဖြတ်ပြီးကူးလာတယ်။ အလယ်ကောင်မှာ သောင်လေး ထွန်းနေပါတယ်.။

ရေသိပ်မများသောလည်း ဟိုဖက်ကမ်းနှင့် ဒီဖက်ကမ်း ကိုက် ၂၀၀ခန့် ကျယ်ပါတယ်။ ဘုရားလေးတခုကို မြင်နေရတယ်။ ဘုရား အောက်ခြေမှာ လက်နက်ကိုင်များကို တွေ့တယ်။ ဒီကေဘီအေလား နအဖ လား ကျနော်တို့ မခွဲနိင်ပါ။

နောက်တော့ ဒုက္ခသည်တချို့ ဒီဖက်ကမ်းကို ကူးလာတယ်။ ကျနော်တို့ သွားကူခဲ့ကြပါတယ်။
ပစ်ခတ်မှုများကြောင့် ကြားညပ်နေကြတုန်း ဖြစ်သည်ဟု ထွက်ပြေးလာသော ဒုက္ခသည်များက ဆိုပါသည်။ ထွက်ပြေးလာသော ဒုက္ခသည်များမှာ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုများ က အများစုဖြစ်နေသည်ကို ထူးခြားစွာတွေ့ရပါသည်။ သူတို့ ဖြတ်သန်း နေစဉ် ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အတွက် အဖိုးအိုတဦး ကျွန်းအလယ်ကောင်မှာ ကျခဲ့တယ်လို့  ဆိုပါတယ်။

သူကို ကျနော်တို့ သွားရောက်သယ်ယူပြီး ထိုင်းဖက်ကမ်းကို သယ်လာနိင်ခဲ့တယ်။ အမယ်အိုကြီးများမှာ ငိုယိုပြီး ထွက်ပြေးလာတယ်။ မောနေကြတယ်။ သူတို့ ဘာမှ သယ်မလာနိင်ပါ။ အများစုက အ၀တ်တထည် ကိုယ်တခု ဖြစ်ကြပါတယ်။


source by : http://komoethee.blogspot.com


အပြည့်အစုံ ဖတ်ရန် ...

ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တပ် ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ အခြေအနေ

မြန်မာစံတော်ချိန်..... 3 နာရီ 33 မိနစ်

ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တပ် ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို မြိုခံတစ် ယောက်အား ဆက်သွယ်မေးမြန်းချက် အသံဖိုင်ဖြစ်ပါတယ်...

အသံဖိုင် Record_8nov.html ဒေါင်းလုပ်ယူရန်





အပြည့်အစုံ ဖတ်ရန် ...