Saturday, June 16, 2012
၁၉၉၁ ခုနှစ်မှာ နော်ဝေနိုင်ငံက ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ခံယူသည့် အခမ်းအနား (LIVE)
ရန်ကုန် မှာ အဓိကရုဏ်း အတွက် မီးမွှေးမှုတွေ လုပ်
FNG | ယနေ့ နံနက် အစောပိုင်းက ရန်ကုန် တိုင်းဗဟန်း မြို့ နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ် ရိပ်သာ လမ်းမီးပွိုင့် ကြား ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် မော်တော်ကား တစ်စီးဖြင့် တိုက်ခိုက်ရေးတွင် အထူး လေ့ကျင့်ထား သည်ဟု ယူဆရသော အရွယ်တူ သန်မာ ဖြတ်လတ်သောသူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း သိရှိရပါသည်။
အဆိုပါ အကြမ်းဖက် သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ အုတ်နံရံ အချို့အား ဖျက်စီးခဲ့ကြောင်း ပလီ ပတ်ဝန်းကျင်ရှိ ရှေးဟောင်း ပစ္စည်း ရောင်းသော ဆိုင် တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အား ၀င်ရောက် ဖျက်စီးခဲ့ကြောင်း FNG မှ သတင်းရရှိသည်။
”အဲဒီ လာဖျက်စီးတဲ့ သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေနဲ့ တူတယ် အမိန့် တစ်ခု အောက်မှာ ၀ုန်းကနဲ့ ရောက်လာပြီး ဖျက်ကြတယ် ပြီးတော့ ချက်ခြင်း အချိန်ကိုက် လာခေါ်တဲ့ ကားပေါ်ကို တက်ပြေး သွားကြတယ်ဟု အရပ် အမောင်း တွေက ကောင်းတယ် တညီတည်းပဲ တော်တော် စနစ်တကျ လာဖျက်သွားတာ” ဟု ပလီ ပတ်ဝန်းကျင်တွင် နေထိုင်သူ မှ ပြောသည်။
အခင်း ဖြစ်ပွားချိန် အပြီး မြို့နယ် ရဲမူးက ဒေသခံ ပြည်သူ အနည်းငယ်ကို အမူ မဖွင့်ပါနဲ့ မီဒီယာကို မခေါ်ပါနဲ့ဟု ပြောသွားကြောင်း သိရှိရပါသည်။
အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင်ခဲ့သော ဆရာတော် တချို့က ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင် သဖြင့် ယခု ကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ဟန် တူသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်း အဖွဲ့အပါ အ၀င် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက် ရှိသော်လည်း အဆိုပါ ဖျက်စီးခံရမူနှင့် ပတ်သက်ပြီး ယခု အချိန်အထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းများ မတွေ့ရသေးကြောင်း သိရှိရပါသည်။
ယခု သီတင်းပတ် အတွင်း ရခိုင် ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် မငြိမ်သက် မှု များ တွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံး ပြီး ၊ အိမ်ခြေ ၃၀၀၀ ကျော် မီးရှို့ ဖျက်ဆီး ခံရ ကာ ၊ လူပေါင်း ၃၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် ဆူပူ အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း တင်းကျပ်စွာ ချထားသည့် လုံခြုံရေး ကြောင့် ငြိမ်သက် နေခဲ့ သည်။
source by : FMG
နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့လည်း သတိပေးပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။
လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေး ဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရောက်လာမယ့် အချိန်ကို စောင့်ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။
အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။
“မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာ ချန်ထားနိုင်ခဲ့ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ ပကတိအနေအထားကို သိမြင်ဖို့လိုပါတယ်။ ရရှိပြီးသား တိုးတက်လာတဲ့ ဖြစ် စဉ်တွေ နောက်ကြောင်းပြန် မလှည့်ဖို့ လိုပါတယ်။”
ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နေတဲ့ သူတွေကို အားပေးထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ဆက်ဆံဖို့ လိုမယ် လို့ နော်ဝေး၀န်ကြီးချုပ်က ပြောပါတယ်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္မဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ နော်ဝေး ၀န်ကြီးချုပ်က ပြော ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။
နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့-
“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။”
နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။
“ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။
သက်ဆိုင်ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံးဝ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။”
သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည် ဖြစ်ခဲ့မိလား။ ရှင်က မယုံခဲ့လို့လား ဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ် သွားပါတယ်။
နားဆင်ရန်
source by : http://www.voanews.com
ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိ (ဇွန်လ ၁၅ရက်၊၂၀၁၂) ရုပ်/သံ
source by : http://www.youtube.com/user/DVBBurmese
Friday, June 15, 2012
ဒေါ်အောင်ဆန်းစုကြည် ဂျနီဗာမိန့်ခွန်းမှ ဖွံ့ဖြိုးရေးအယူအဆအပေါ် သုံးသပ်ချက်
“နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း မဖြည့်ဆည်းနိုင်၊ အကြောက်တရားကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ မကြွေးကြော်နိုင်ပါဘူး။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိ၊ တိုင်းရင်းသားပဋိပက္ခတွေကို မဖြေရှင်းနိုင်မချင်း၊ ဒီလို အခြေခံ လိုအပ်ချက်တွေကိုမှ မဖြည့်ဆည်းပေးနိုင်ရင် ကျန်းမာသန်စွမ်းတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အခြေခံတွေကို မတည်ဆောက်နိုင်ပါဘူး။
ဒီမိန့်ခွန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE)နဲ့ အလုပ်တွဲမလုပ်ကြဖို့၊ နိုင်ငံတကာအစိုးရတွေကတဆင့် ကုမ္ပဏီတွေကို တိုက်တွန်းသွားပါတယ်။
ဒီလိုမျိုး အရင်းအမြစ်တွေကို ထုတ်ယူတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ထုတ်ချင်တာကို ထုတ်ယူပြီး ပြန်သွားတတ်တာနဲ့ တခြား လုပ်ငန်းတွေလိုမျိုး အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်ဘူး။ ဒါကြောင့် ကျမတို့ သတိနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ့အနေနဲ့ မြန်မာပြည်မှာ ပြည့်စုံပြီး ထိရောက်တဲ့ စွမ်းအင်ပေါ်လစီ ရှိစေချင်တယ်။ ကြွယ်ဝတဲ့ စွမ်းအင်အရင်းအမြစ်တွေ ကုန်ခမ်းသွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေဟာ စွမ်းအင်ထုတ်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည် ဝင်လာဖို့ ဖိတ်ခေါ်တာနဲ့ ဆက်စပ်နေတာကြောင့် သတိထားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။”
ဒါကြောင့်မို့လို့ ဆုံးဖြတ်ချက်တခုခု ချတော့မယ်ဆိုလို့ရှိရင် ဒီမိုကရေစီနည်းအရ အစိုးရထဲမှာ ဒါတွေကို တိုင်ပင်။ ဒီမိုကရေစီနည်းအရ အဲဒီ ရင်းနှီးမြှုပ်နှံမယ့် နေရာမှာ ရှိတဲ့ ဒေသခံ လူထုတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို စုစည်း သူတို့ရဲ့ အမြင်တွေ တောင်းခံ။ အဲဒီလို ဒီမိုကရေစီ နည်းကျကျ လုပ်ပြီးမှ ဒီရင်းနှီးမြှုပ်နှံမှုက ရေရှည်မှာ အကျိုးရှိတယ် မရှိတယ်ဆိုပြီး လက်ခံတဲ့၊ လက်ခံပါဆိုတာမျိုး ပြောတယ်လို့ ကျနော် မြင်ပါတယ်။”
source by : http://burmese.dvb.no
စစ်တွေမြို့ တရားသီးစုရပ်ကွက် ထပ်မံ မီးရှို့ခံရ
ဇွန်လ ၁၅ရက်၊ နံနက် ၁နာရီခွဲခန့် အချိန်တွင် စစ်တွေမြို့
တရားသီးစု ရပ်ကွက်ရှိ အိမ်ပေါင်း ၃၀ကျော်ကို ဘင်္ဂလီမူဆလင်များ
မီးရှို့သွားကြောင်း သတင်းရရှိသည်။
“ဘင်္ဂလီမူဆလင်တွေက မော်တော်ဘုတ်ကို ကမ်းနဲ့ဝေးတဲ့နေရာမှာ ရပ်ထားခဲ့ပြီး
လှေနဲ့ ကမ်းပေါ်တက်ကာ ကမ်းနဲ့နီးတဲ့ အိမ်တွေကို စရှို့တာ ရွာခံသားတွေနဲ့
လုံခြုံရေးတွေ လိုက်တော့ မြစ်ထဲ ပြန်ဆင်းပြေးသွားကြတယ်။
မီးက
တော်တော်လည်းကြောက်ဖို့ ကောင်းအောင်ကို အရှိန်ပြင်းတာ၊ မီးသတ်ကားနဲ့
မနိုင်လို့ လူတွေ အကုန်လုံး ၀ိုင်းပြီးတော့ငြိမ်းတာ။ မီးလေး
နည်းနည်းငြိမ်းသွားပြီး မိုးရွာတော့ လူတွေလည်း နည်းနည်းပါးသွားချိန်မှာ
အဲဒီ ဘင်္ဂလီမူဆလင်တွေ နောက်တစ်ခေါက် ကမ်းတက် မီးရှို့ဖို့ ကြိုးစားသေးတယ်
လူတွေ ၀ိုင်ပြီးလိုက်တော့ ကမ်းပေါ်မတက်နိုင်ခဲ့ဘဲ ပြန်ပြေးသွားကြတယ်။
မြစ်ထဲအထိ လိုက်ဖို့က ကမ်းမှာ ဘာလှေမှ မရှိတော့ လိုက်လို့ မရလိုက်တော့ဘူး”ဟု
တရားသီးစု ရပ်ကွက်သား တစ်ဦးက Arakan Times သို့ ပြောပြသည်။
ယခုကဲ့သို့ ထပ်မံမီးရှို့ခံရခြင်းမှာ လုံခြုံရေးများ
ပေါ့ဆမှုကြောင့်ဖြစ်ပြီး အရပ်သားများအား ယခင်ကဲ့သို့ လေးယောက် တစ်ဖွဲ့စီ
ကင်းစောင့်ခွင့်များကိုလည်း ပိတ်ပင် ထားသောကြောင့်ဟု ဒေသခံများက
ပြောဆိုနေကြသည်။
“အခု စစ်တပ်က အကုန်လုံးကို သူတို့ အာဏာလွှမ်းမိုးထားသလိုဖြစ်နေပြီ
ရဲတွေလည်း သူတို့ လက်အောက်ကိုရောက်သွားပြီ၊ အဲဒီတော့ စစ်တပ်က လူတွေကို
အယင်နေ့တွေလို လေးယောက် တစ်ဖွဲ့စီ ကိုယ့်ရပ်ကွက်မှာကိုယ် ကင်းစောင့်တာကို
ခွင့်မပြုတော့ဘဲ သူတို့ လုံခြုံးရေးနဲ့ သူတို့ စောင့်တော့ နေရာစုံမှာ
လုံခြုံရေး မယူနိုင်တော့ဘူး။
ပြီးတော့ လုံခြုံရေးတွေက
လုံခြုံရေးယူတယ်လို့သာပြောတယ် အရက်သောက်နေပြီး မူးနေကြတယ်။
မြစ်ကမ်းမှာ
သူတို့စောင့်နေတာဘဲ၊ ဘာဖြစ်လို့ ဘင်္ဂလီမူဆလင်တွေ ကမ်းတက်လာတာကို မတွေ့တာလဲ
မေးစရာရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောပြသည်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၄အမိန့်မှာ ပြည်သူများအတွက် လုံခြုံမှုကို
မပေးနိုင်သည့်အပြင် ပြည်သူတွေကို အမြဲတမ်း ထိတ်လန့် ခြောက်ခြားမှုတွေကို
ပေးနေသလို ဖြစ်နေတယ်ဟု ဒေသခံများက ပြောဆို နေကြသည်။
source by : http://arakantimes.net
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ သတင်းစာ ရှင်းလင်းပွဲတခုမှာ ရုတ်တရက် နေမကောင်းဖြစ်ခဲ့တာကြောင့် သတင်းစာ ရှင်းလင်းပွဲကို ရပ်နားလိုက်ရ(ရုပ်/သံ)
source by :http://www.youtube.com/user/mgbamar1969