Friday, March 30, 2012

သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ

သြစတြေးလျနိုင်ငံက ပါလီမန် အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက်သြစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စ် ဆက်ဖဲန်က မြန်မာ့ဒီမိုကရေစီရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေက ပါလီမန်အမတ်တွေကို လက်မခံချင်ကြဘူးလို့လည်း သုံးသပ်ပါတယ်။

အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့မှာ ပါလီမန်အဖွဲ့ဝင်တွေကို ထည့်သွင်း ဖိတ်ကြားခဲ့ပေမယ့် အမေရိကန်၊ သြတြေးလျ စတဲ့နိုင်ငံတွေကကျတော့ အစိုးရအရာရှိတွေကိုသာ သတင်းသမားတွေနဲ့ အတူ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 29, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ဗွီအိုအေ အင်တာဗျူး(ရုပ်/သံ)



source by : http://www.youtube.com/user/voaclips

အပြည့်အစုံ ဖတ်ရန် ...

Wednesday, March 28, 2012

အကြောက်တရားကို တော်လှန်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် ထူထောင်ဖို့ ဦးတည်နေတဲ့ မြန်မာနိုင်ငံမှာ အကြောက်တရား လွှမ်းမိုး မှုတွေကို တော်လှန်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ပြည်သူကို တာဝန်ခံတဲ့ အစိုးရ ထဲမှာ တပ်မတော်သား တွေ ဟာလည်း တသားတည်း ပါဝင်ဖို့ကို ၈၈ မျိုးဆက် ကျောင်းသား တွေကလည်း တိုက်တွန်း လိုက်ကြပါတယ်။ ဒီလို တိုက်တွန်းချက်နဲ့ တပ်မတော်အပေါ် အမြင် သဘောထား တွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ။

မြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့၊ ဖက်ဆစ် တော်လှန်ရေးနေ့ အခုတော့ တပ်မတော်နေ့ အဖြစ် နိုင်ငံမှာ ကျင်းပလာတာ ဒီကနေ့ဆို ၆၇ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခု မြန်မာနိုင်ငံက၊ ဒီမိုကရေစီ နိုင်ငံကြီး တခု ဖြစ်လာအောင် ကြိုးပမ်း ရုန်းကန် နေရတဲ့ကာလ အထူးသဖြင့် “စိတ်ဓါတ် တော်လှန်ရေးကြီး“ ကာလဖြစ်တယ် လို့ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။ ဒီကာလမှာ လူတိုင်းဟာ အကြောက်တရား လွှမ်းမိုးမှု တွေကို တော်လှန်ပြီး ကိုယ်လိုချင်တဲ့ လူ့အဖွဲ့စည်း ကို ထူထောင်ရမယ်လို့လည်း ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ သူရဲ့ သ၀ဏ်လွှာ ထဲမှာ တိုက်တွန်းထားပါတယ်။

၁၉၆၃ ခုနှစ်တုန်းက တော်လှန်ရေး အတွက် ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားခဲ့တဲ့ "သူ့မှာတမ်း" ကဗျာ ထဲကလို “ခရီးမတ်တပ်၊ လမ်းခုလပ်တွင်၊ ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍၊ အားနာခဲ့ကြောင်း...ပြောပါလေ” ဆိုတဲ့ ကွယ်လွန် ကာနီး တော်လှန်ရေးသမားက ရွာသားတွေကို ပြောခဲ့တဲ့ စကားလိုမျိုး၊ အခု စိတ်ဓါတ် တော်လှန်ရေး ဆင်နွဲနေရတဲ့ ကာလမှာ ဘယ်လောက် လုပ်ပြီးပြီလို့ မစဉ်းစားဘဲ ဆက် လုပ်စရာ တွေ အများကြီး ကျန်ပါသေးလားဆိုတာကိုပဲ အာရုံစိုက် စေချင်တယ်လို့လည်း ရေးသားထားပါတယ်။

အထူးသဖြင့် ကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုတွေမှာ ပြည်သူလူထုကို ခြိမ်းခြောက်မှုတွေ၊ ဖိအား ပေးတာတွေအပြင် မသမာမှု တွေ ကို ကြုံနေရပေမဲ့၊ ဇွဲ၊ သတ္တိ၊ ၀ီရိယ တို့နဲ့ ကျော်လွှား ဖို့ကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေး နေ့အတွက် ပေးပို့တဲ့ သူရဲ့ သ၀ဏ်လွှာ ထဲမှာ တိုက်တွန်းထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ချိန် တော်လှန်ရေးကာလတွေမှာ လူထုချစ်ခဲ့တဲ့ တပ်မတော်ဖြစ်ခဲ့ပေမဲ့ လက်ရှိ ခေတ် ကာလတွေ အတွင်း လူထုနဲ့ ဝေးနေတဲ့ တပ်မတော်ဖြစ်နေတာမို့ ဒီအခြေအနေတွေကိုလည်း ပြင်ဖို့ရာ အခု အချိန်ကောင်း ပဲလို့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်က မြင်ပါတယ်။

“ဟိုတုန်း ကတော့ ဗမာ့ တော်လှန်ရေး လုပ်တဲ့ အချိန် က ဗမာ့ ကာကွယ်ရေး တပ်မတော်ပေါ့။ ဗမာ့ ကာကွယ်ရေး တပ်မတော်ရဲ့ ဦးစီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း။ ဟိုတုန်းက တပ်မတော် အခြေအနေက ပြည်သူ လူထု ရဲ့ အသည်းစွဲပဲ။ ဒါပေမဲ့လို့ ဒီလက်ရှိ အနေအထား မှာတော့ အဲဒီလို အနေအထားမျိုး ဖြစ်အောင် အများကြီးကို လုပ်ရလေဦးမယ်။ လက်ရှိလူတွေ အနေအထားမျိုးနဲ့က။ ပြောစရာ ဆိုစရာ တွေလည်း အများကြီး ရှိလာတယ်။ ဆိုတော့ ဒီအခြေအနေမျိုးမှာ ဒါဘယ်လိုပဲဖြစ်ဖြစ် ပြန်ပြီးတော့ အခြေအနေ ပေးတာကို မိမိရရ နှစ်ဘက်စလုံးက တက်သုတ်ရိုက် လုပ်နိုင်ရင် တပ်မတော်ရဲ့ အနေအထားဟာ အရင် အနေအထားမျိုး ပြန်ရောက်နိုင်မယ် လို့ ယုံကြည်တယ်လေ။”

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင် ပါရှင်။

နိုင်ငံမှာ ပြည်သူစိတ်ရှိတဲ့ အစိုးရ၊ အစိုးရ စိတ်ရှိတဲ့ ပြည်သူ ဖြစ်လာဖို့ကိုလည်း ၈၈ မျိုဆက် ကျောင်းသား တွေက ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ တပ်မတော်နေ့မှာ တိုက်တွန်းကြပါတယ်။ အထူးသဖြင့် ပြည်သူကို တာဝန်ခံတဲ့ အစိုးရထဲ တပ်မတော်သား တွေလည်း တသားတည်ပါဝင်ဖို့ လိုမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် က ပြောပါတယ်။

“ကျနော်တို့ သမိုင်းမှာ ပေါ့လေ၊ သမိုင်းက ပေးခဲ့တဲ့၊ သမိုင်းက ပြဋ္ဌာန်းခဲ့တဲ့ အမွေအနှစ်တွေ အရ ဆိုလို့ ရှိရင်တော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဒဏ်ရာတွေက နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ပါတယ်။ အဲဒီကျတော့ ဒီဒဏ်ရာ တွေကို ကျနော်တို့ ကုစားဖို့ ဆိုတာက တစ်နေ့ တစ်ရက်တည်းနဲ့တော့ မပြီး နိုင်ပါဘူး။ အခု လူထုရဲ့ အမြင်မှာလည်း တပ်မတော်ကို ကျနော်တို့က ဒီထက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်မျိုး ဖြစ်စေချင် တယ်။ လူထုက ယုံကြည်အားကိုးတဲ့၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တကယ် တာဝန်ယူထားရတဲ့ တပ်မတော် မျိုး ဖြစ်စေချင်တယ်။"

"ကျနော်တို့ ဒီ ဖွဲ့စည်းအခြေခံ ဥပဒေအရ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး အရ ဒီ နိုင်ငံတော် အာဏာဆို တဲ့ဟာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ နိုင်ငံသား အားလုံး နဲ့ သက်ဆိုင်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အားလုံး ရှိတယ်။ အခုဆိုလို့ရှိရင် ကာကွယ်ရေး ဦးစီးချုပ်ကနေပြီး အမည်စာရင်း တင်သွင်း တဲ့၊ တပ်မတော်သား ကိုယ်စားလှယ်တွေက နေပြီးတော့ ဘယ်ရွေးကောက်ပွဲ ကိုမှ ဝင်ရောက် ရွေးချယ် ခံစရာ မလိုဘဲ နဲ့ ဝင်လာတယ် ဆိုတဲ့ဟာကတော့ နိုင်ငံသား အခွင့်အရေးထက် များနေတယ် ပေါ့လေ။"

"ဒီ တပ်မတော်ရဲ့ Role ဆိုတဲ့ ဟာ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ၊ ကျနော်တို့ မြန်မာနိုင်ငံသား တစ်ယောက် ကို ပေးထားတဲ့ အခွင့်အရေးထက် ပိုပြီး များနေပါတယ်။ ဒါကိုတော့ ကျနော်တို့ နိုင်ငံသား တွေလည်း သိတယ်။ တပ်မတော် ကိုယ်တိုင်လည်း သိလိမ့်မယ်ထင်ပါတယ်။ ဒီအခြေအနေတွေကနေ ကျော်လွန် နိုင်အောင်တော့ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင်ပေါ့လေ၊ တပ်မတော်ကို တာဝန်ရှိတဲ့ သူတွေ ကော၊ ယနေ့ နိုင်ငံတော် အာဏာကို စွဲကိုင်ထားတဲ့ အာဏာရ ပါတီကော အခြား ဒီမိုကရေစီကို လိုလား ပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြမယ့်သူတွေရော အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအခြေအနေတွေဟာ မြန်မာ နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် ရွေးချယ် ပြောင်းလဲရမှာပါ။”

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါရှင်။

အထူးသဖြင့် ဒီနိုင်ငံမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကာလမှာ တပ်မတော်ဟာ တသီး တခြား ရှိမနေဘဲ အားလုံးနဲ့အတူ သဘောထား တခုတည်း ရှိဖို့လိုတယ် လို့လည်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ပြောပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ပဒိုမန်းငြိမ်းမောင်နှင့် ဗီအိုအေ အင်တာဗျူး (ရုပ်/သံ)



source by : http://www.youtube.com/user/voaclips

အပြည့်အစုံ ဖတ်ရန် ...

NLD ကြေညာချက် အဓိပ္ပါယ်လွဲမှားနိုင်ဟု KIO ပြော

ဖနိဒါ| ကချင်ပြည်နယ် မြို့နယ် သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအောင်နိုင်ရေးက ထုတ်ပြန်သည့် ကြေညာချက်မှာ အဓိပ္ပါယ် အကောက်အယူ လွဲမှားသွားစေနိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောဆိုလိုက်သည်။

တနင်္လာနေ့က NLD ဗဟိုအောင်နိုင်ရေး၏ ကြေညာချက်တွင် “ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကိစ္စကို KIA/KIO နှင့်ဆွေးနွေးညှိနှိုင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒရှိပါသည်”ဟု ရေးသားထားခြင်းသည် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း မြို့နယ်များတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမှာ KIO ကြောင့် ဖြစ်သည်ဟု အဓိပ္ပါယ် လွဲမှား ကောက်ယူသွားနိုင်သည်ဟု KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“မြို့နယ် သုံးခု ပိတ်ပင်လိုက်တာဟာ KIO ကြောင့် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် လွဲမှားပြီးတော့ ကောက်ယူသွားမှာ စိုးရိမ်တယ်ခင်ဗျ။ အမှန်တကယ်က ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးဆိုတာ ပြောချင်ပါတယ်။ အခု ကြေငြာချက် မှာ KIO နဲ့ တွေ့ဆုံပြီးမှ၊ KIO က ခွင့်ပြုမှ၊ KIO တွေက ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတယ်”ဟု မဇ္ဈိမကို ပြောသည်။

NLD ကြေညာချက်တွင် KIA/KIO နှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန် ကော်မရှင် (သို့မဟုတ်) အစိုးရမှ ဆောင်ရွက်ပေးပါက ဧပြီ ၁ ရက်နေ့တွင် ထိုမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲများ ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ရေးသား ပါရှိသည်။

ထိုကြေညာချက်နှင့် ပတ်သက်၍ KIO မှ မရှင်းလင်းကြောင်း “ကျနော်တို့ သိပ်နားမလည်ဘူး။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် NLD ကနေ တိုက်ရိုက် ကျနော်တို့ကို စာနဲ့ရေးသားဖို့ သူတို့ ဘာကို ရည်ရွယ်တယ်ဆိုတာ” ဟု ဦးလနန်က ပြောသည်။

NLD ၏ အဆိုပါ ကြေညာချက်တွင်ပင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပံ့ပိုးကူညီရန် အဆင့်သင့် ရှိပါကြောင်းလည်း ဖော်ပြထားရာ KIO ဘက် ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အဆင်သင့် ရှိသည်ဟု ဦးလနန် က ပြောဆိုလိုက်သည်။

မတ်လ ၂၃ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့် နှင့် ဗန်းမော် မြို့များတွင် “လုံခြုံရေး အခြေအနေကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့်”ရွှေ့ဆိုင်း လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

ထို မဲဆန္ဒနယ် သုံးခုလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD က ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရန် အားခဲထားထားမှု ပျက်ပြား၍ စိတ်ပျက်ရပြီး လုံခြုံရေးဆိုင်ရာ ပြဿနာ တစုံတရာ မတွေ့ရှိရကြောင်း ပြည်သူတို့၏ သဘောထားကို ကြေညာချက်တွင် ဖော်ပြထားသည်။

KIO ကလည်း “အဲဒီဒေသမှာလည်း KIO တပ်ဖွဲ့ဝင်တွေ သွားတာလာတာ မရှိဘူး။
ဒါကြောင့် ကျနော်တို့က နှောက်ယှက်တာလည်း ရှိမှာမဟုတ်ဘူး။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာကိုတော့ နားမလည်ဘူး။ လုံခြုံရေး မဖြစ်ဘူးဆိုတဲ့ ဆင်ခြေက သိပ်ပြီး ယုတ္တိမရှိဘူး”ဟု မဇ္ဈိမနှင့် ဆက်သွယ်မေးမြန်းရာတွင် ဦးလနန် ကပြောသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့ (ရုပ်/သံ)



source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

Technology




source by : http://www.ted.com

အပြည့်အစုံ ဖတ်ရန် ...