Friday, March 2, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောစည်းရုံးရေးခရီးစဉ်(ဓါတ်ပုံ)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောစည်းရုံးရေးခရီးစဉ်
(သတင်း၊ ဓာတ်ပုံ)များ
..
ဥယျာဉ်မှူးနဲ့ ဝေးတဲ့ရှမ်း အမေစုလာတော့လန်းတဲ့။ ၁၉၉၀ခုနှစ်နဲ့ မတူတော့ဘူးဆိုတဲ့
လက်ရှိ ကလော..
ရှမ်းအိုးစည်နဲ့ ကြိုဆိုကြတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ မြင်ကွင်း
အမေစု ကလောခရီးစဉ်မှာ လိုက်ပါစည်းရုံးပေးတဲ့ မင်းသားရဲတိုက်..

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်

DASSK in Kalaw

ကလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ဟဲဟိုး၊ ကလောနဲ့ အောင်ပန်းမြို့များကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မှ လေကြောင်းခရီးနဲ့ ဟဲဟိုးမြို့ကို ထွက်ခွာခဲ့ပြီး ဟဲဟိုးမှတဆင့် ကလော၊ အောင်ပန်းမြို့များသို့ မော်တော်ယာဉ်များနဲ့ ခရီးဆက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းပြည်နယ်နေ တိုင်းရင်းသားပြည်သူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြကြောင်း၊ ဟဲဟိုးမှ ကလော၊ အောင်ပန်းသို့ သွားရောက်ရာ လမ်းတလျောက် လမ်းဘေး ၀ဲယာ တဘက်တချက်တွင် ပြည်သူများက စိတ်လှုပ်ရှားစွာ စောင့်ကြိုခဲ့ကြကြောင်း သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးထွက်ရာ လမ်းတလျောက်တွင် လူထု တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ရာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း၊ တိုင်းရင်းသား ဒေသများက ၀င်ရောက် ယှဉ်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို မဲပေးစေလိုကြောင်း၊ တပ်မတော်သားများအနေနဲ့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ မေတ္တာရပ်ခံကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

DASSK in Kalaw

ရှမ်းရိုးရာတီးဝိုင်းနဲ့ အက

DASSK in Kalaw

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ရှမ်းပျိုဖြူများ

DASSK in Kalaw

ကလောမြို့ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်

DASSK in Kalaw

ရှမ်းပြည်သူလူထု

DASSK in Kalaw

ရှမ်း ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားစဉ်

source by : http://www.burmatoday.net

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 1, 2012

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအပေါ် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အမြင်သဘောထား (ရုပ်/သံ)



source by : http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 29, 2012

နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လို (ရုပ်/သံ)

လက်တလော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လိုအပ်နေကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက ရန်ကုန်လေဆိပ်မှာ ဖေဖော်ဝါရီလ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက် ပါတယ်။

ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင်သာ ယခုကဲ့သို့ သတင်းစာ လွတ်လပ်ခွင့် အချို့ကို ခံစား နေရသော်လည်း တိုင်းရင်းသားများမှာ ၎င်းတို့ ဒေသတွင် စစ်မက်အမြဲ ဖြစ်ပွားနေခဲ့သည့် အတွက် တစုံတရာ အပြောင်းအလဲ ဖြစ်နေသည်ဟု မမြင်ကြောင်း ကိုမြအေးက ပြောပါတယ်။

ကိုမြအေးနဲ့အတူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုကလည်း ခရီးစဉ်အတွင်း ကြုံတွေ့ ခဲ့ရသည်များကို မီဒီယာများကို ပြောကြား ခဲ့ပါတယ်။

မြစ်ကြီးနား ခရီးစဉ်အတွင်း ဘာသာရေး၊ လှုမှုရေး၊ နိုင်ငံရေး အလွှာအသီးသီးမှ ပုဂ္ဂုလ်များနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းရန် အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ထုတ်ပြန်တဲ့ အချက် ၄ ချက်ပါ ကြေငြာချက်ကိုလည်း ဝေငှ ခဲ့ပါတယ်။

ကိုမြအေး၊ ကိုပြုံးချို တို့နဲ့ အတူ ကိုထွန်းမြင့်အောင်၊ ကိုမြတ်သူနဲ့ အခြား ကျောင်းသား ခေါင်းဆောင်များဟာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့ အခြား ကျောင်းသား ခေါင်းဆောင်များကတော့ အထက် မြန်မာပြည် မန္တလေး ခရီးစဉ် အတွက် ကျန်ရှိ ခဲ့ပါတယ်။


source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 28, 2012

ရွှေည၀ါဆရာတော် ကိုယ်တိုင် ဦးစီးတဲ့ သီရိမင်္ဂလာ ရာပြည့်မော်ကွန်း စေတီတော်မြတ်ကြီးရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ထီးတော်တင် အလှူမင်္ဂလာ အခမ်းအနား(ရုပ်/သံ)

ရွှေည၀ါဆရာတော် ဦးပညာသီဟ ကိုယ်တိုင် ဦးစီးပြီး သီရိမင်္ဂလာ ရာပြည့် မော်ကွန်း စေတီတော် မြတ်ကြီးရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ထီးတော်တင် အလှူမင်္ဂလာ အခမ်းအနားကို မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ဘုရားကုန်း ကျေးရွာ ရွှေဒါးကုန်းအုပ်စုမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ကျင်းပ ပြုလုပ်ခဲ့ရာမှာ ဒီအခမ်းအနားကို ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ကိုဝင်းမော် ဦးဆောင်တဲ့ ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေ တက်ရောက် ခဲ့ကြပါတယ်။



source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ချင်းမိုင်(မဇ္ဈိမ)| ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ် စည်းရုံးရေး ဟောပြောရန် အတွက် နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများ အနေဖြင့် ကြိုဆို နှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆို ထားကြောင်း သိရသည်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောသည်။

“ကျနော်တို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာမယ်လေ။ လာတဲ့အခါကျရင် ဘယ်ဝန်ထမ်းမှ ထွက်မတွေ့ရဘူး။ နှုတ်ဆက်ဖို့လည်း မလိုဘူး။ ကိုယ့်အလုပ်ကိုပဲ လုပ်ရမယ်လို့ ညွှန်မှူးက ပြောတယ်။ အားလုံးကလည်း သူ့ကြောက်တော့ မတွေ့ပါဘူးလို့ ပြန်ဖြေခဲ့ရတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ရုပ်/သံ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြော သည်။

NLD အပါအဝင် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၁၇ ခုကို ၎င်းတို့ ပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ စည်းရုံးဟောပြော တင်ပြနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းအချို့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည်ကို တွေ့မြင်လိုကြသော်လည်း ဦးသိန်းအောင် ၏ သတိပေး တားမြစ်မှုကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ကြည့်ခွင့်မရတော့ဟု ကာယကံရှင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တခါမှ မတွေ့ဖူးဘူး။ အင်တာနက်နဲ့ ဂျာနယ်တွေမှာပဲ တွေ့ဖူးတာ။ အရင်တော့ သူလာရင် သွားနှုတ်ဆက်မယ်။ သူ့ကို ကြည့်မယ်လို့ တွက်ထားတာပေါ့လေ။ ဒါပေမယ့် ကျမတို့ မကြည့်ပါဘူးဆိုပြီး ညွှန်မှူးကို ပြောခဲ့ပြီးပြီ” ဟု မြန်မာ့အသံ ဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

“ရိုတ်ကူးရေး တာဝန်ကျတဲ့လူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့ခွင့်ရ တာပေါ့။ ကျနော်တို့ကတော့ ထွက်တောင် ကြည့်ခွင့် မရတော့လေ။ ဒီလိုပဲ ဝန်ထမ်းဆိုတော့လလည်း အထက်ကို မလွန်ဆန်နိုင်ဘူးပေါ့” ဟုလည်း အခြားဝန်ထမ်းတဦး က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ယင်းသို့ ထုတ်လွှင့်နိုင်ရန် အတွက် ဟောပြောမည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် မြန်မာ့အသံသို့ ထုတ်လွှင့်ရက်မတိုင်မီ ၂ ရက် ကြိုတင်ကာ လာရောက် ရိုတ်ကူးရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့တွင် အစိုးရ အာဏာပိုင်အချို့၏ နှောက်ယှက်မှု ရှိနေကြာင်း NLD က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများသို့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်းကို မငှားခြင်းကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်လည် သွားရောက် ဟောပြောရမည် ဖြစ်သည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံခရီးစဉ်တွင် ဟောပြောရန်အတွက် ဖျာပုံမြို့ အားကစားကွင်း အတွင်း ပြုလုပ်ရန် လျှောက်ထားသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့် မပေး၍ လူထုပရိသတ် လေးသောင်းခန့်အား ဖျာပုံမြို့ပြင် သဲကွင်းတွင်ပင် ဟောပြောခဲ့ရသည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစားဝန်ကြီး ဦးတင့်ဆန်း က တားမြစ် ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက် သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

(Updated) iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း

http://3.bp.blogspot.com/-DCPnibxLczg/TjfXInzrtpI/AAAAAAAAAWs/sQutzqGJI1g/s1600/IMG_0346.PNG
iPhone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို Jailbreak အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone version iOS 4.3.x, iOS 5.0 နဲ့ iOS 5.0.1 တို့အတွက် မြန်မာ Font နဲ့ မြန်မာစာ keyboard ထည့်နည်းတွေကို အဆင့်ဆင့် ပြောပြပေးသွာမှာပါ။
Jailbreak လုပ်ထားပြီးသော iPhone home scream ပေါ်မှ Cydia ကိုနိုပ်ပါ။ ပေါ်လာသော scream ပေါ်မှ Manage > Sources > Edit > Add ကိုရွေးပါ။ ပေါ်လာတဲ့ box လေးထဲကို http://cydia.macforus.com လို့ ရိုက်ပြီး Add Source ကို နိုပ်ပါ။ cydia.macforus.com ဆိုပြီး တွေ့ရမှာပါ။




Zawgyi မြန်မာ Font ထည့်နည်း ( iOS version 4.3.x, 5.0 နဲ့ 5.0.1 တို့အတွက်)

အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ ပေါ်လာသော list ထဲမှ Zawgyi iOS 4.3 Font
(Zawgyi iOS Font for 4.0 or later) ကိုရွေးပေးပါ။
{မှတ်ချက် ။ ။ မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}


အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။


အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။


Zawgyi မြန်မာ Keyboard ထည့်နည်း

အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ iOS 4.3.x version အတွက် ပေါ်လာသော list ထဲမှ Zawgyi Keyboard for iPad (This package is only for iOS 4.2 or later) ကိုရွေးပေးပါ။ iOS 5.0 နဲ့ 5.0.1 တို့အတွက် MMKeyboard (Zawgyi Keyboard for iOS-5) ကိုရွေးပါ။
{မှတ်ချက် ။ ။ မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}

For iOS 4.3.x

For iOS 5.0 and 5.0.1

အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။


အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။


အဆင့် (၄) iPhone home scream ပေါ်မှ Settings > General > Keyboard >
International Keyboards > Add New Keyboard...ထဲမှ "Myanmar မြန်မာ" ကို ရွေးလိုက်ပါ။
iOS 5.0 နဲ့ 5.0.1 တို့ကို အသုံးပြုနေသူတွေအတွက် "Czech" ကိုရွေးပါ။




အဆင့် (၅) အောက်မှာ ပြထားတဲ့ ပုံများအတိုင်း မြန်မာစာကို iPhone ပေါ်မှာ သုံးလို့ရသွားပါပြီ။



မြန်မာစာကို iPhone, iPad တို့ပေါ်မှာ အသုံးပြုလို့ ရအောင် ဖန်တီးပေးသော Apple developer ကိုစေတန် နဲ့ ကိုမိုးစက် တို့ကို အထူးကျေးဇူးတင်ပါသည်။


မူရင်း ရေးသားသူ။ ။ Nyein Latt
ကိုးကား ။ ။ ကိုစေတန် နဲ့ ကိုမိုးစက်

အပြည့်အစုံ ဖတ်ရန် ...