တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။
လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။
လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။
လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။
စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။
စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။
ကောင်းကင်ကို
source by : http://kaungkinko.blogspot.com
Friday, February 18, 2011
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်
Wednesday, February 16, 2011
နှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းကြောင်း ဗုံးပေါက်ကွဲမှုဖြင့် အဖမ်းခံရသူများ ပြောကြား
၂၀၁၀ ဧပြီလတုန်းက ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ လူငယ် ၅ ဦးကို မကြာခင် ရက်ပိုင်းမှာ စစ်အစိုးရက ထောင်ဒဏ် စီရင်တော့မယ်လို့ ကြားသိရပါတယ်။
ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီလူငယ်တွေကတော့ ကိုဘိုဘိုသိန်း၊ ကိုသော်ဇင်၊ ကိုမျိုးကြီးနဲ့ အခြားလူငယ် ၂ ဦးတို့ပါ။
သူတို့ဟာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ရုံးခန်းတခု ဖွင့်ပြီး ပြည်ပနိုင်ငံတွေကို ငါးတင်ပို့တဲ့ လုပ်ငန်း လုပ်နေကြသူတွေလို့ သိရပါတယ်။
အဲဒီလူငယ်တွေကို ဖမ်းဆီးစစ်ဆေးတုန်းက ညှဉ်းပန်းနှိပ်စက်ပြီး သူတို့ မကျူးလွန်တဲ့အမှုကို အတင်းအကျပ် ဝန်ခံခိုင်းခဲ့တယ်လို့လည်း မိသားစုဝင်တွေကနေတဆင့် သိရပါတယ်။ အခုတော့ စစ်အစိုးရက သူတို့ကို ပုဒ်မအမျိုးမျိုးနဲ့ ရုံးတင် စစ်ဆေးနေပြီး မကြာခင် ရက်ပိုင်းမှာ စီရင်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုဘိုဘိုသိန်းရဲ့ ဖခင် ဦးဟန်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
source by : http://www.rfa.org
တရားသူကြီးချုပ်ဖြစ်ဖွယ် ထင်ကြေးပေးခံရသူ ဒု ဗိုလ်ချုပ်ကြီးဟောင်း နုတ်ထွက်
အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ဇန်နဝါရီ ၃၁ ရက်နေ့က ပထမဆုံး လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ လိုက်ပါလာသော ဘတ်စ်ကားကို လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေး ရှာဖွေနေပုံ ဖြစ်ပါသည်။ (Photo: AFP)
တရားသူကြီးချုပ် ဖြစ်လာနိုင်သူရယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ဦးတင်အေးဟာ လွှတ်တော်က ပထမဆုံး နုတ်ထွက်သွားတဲ့ အမတ်ဖြစ်ပါတယ်။ သူ နုတ်ထွက်သွားတဲ့အတွက် ဒီကနေ့ လွှတ်တော် တက်ရောက်တဲ့ ကိုယ်စားလှယ်တွေအကြား တအံ့တသြ ဖြစ်ကြရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
“ဦးတင်အေးက မသိဘူး၊ ကျွန်တော်တို့က ဘယ်လို နေရာပေးမလဲ မသိဘူး။ လောလောဆယ် ထွက်သွားတယ်ဆိုလို့ ကျွန်တော်တို့လည်း အံ့သြနေတယ်။ ပထမတုန်းကတော့ ပြောနေကြတာတော့ အမျိုးမျိုး ပြောနေကြတယ်။ သူ့ကို ဘယ်နေရာ ဘယ်နေရာ ဘယ်နေရာ ဘယ်နေရာ ဆိုပြီးတော့။ ပထမတော့ အသံတွေ ထွက်နေတာတော့ တရားသူကြီးချုပ် ဆိုပြီးတော့ အသံထွက်လာပြီးတော့။”
“အခုတော့ သူက ဒီနေ့ နုတ်ထွက်သွားတယ်။ မနေ့ကထိ တက်သေးတယ်ဗျ။ သူက ဒီမနက်ပဲ ထွက်သွားတယ် ဆိုပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်က ကြေညာသွားတယ်။ အရင်တုန်းက ကျွန်တော်တို့ တက်ရောက်ခွင့် ရှိတဲ့လူ ၆၅၉ ဦးမှာ ၆၉၈ ဦးပဲ ရှိတော့တယ်တဲ့။ တဦးက ထွက်သွားတယ်၊ ဒီလိုပဲ ကြေညာသွားတယ်။ လောလောဆယ် ထွက်သွားတယ်ဆိုလို့ ကျွန်တော်တို့လည်း အံ့သြနေတယ်။”
DSA စစ်တက္ကသိုလ် အမှတ်စဉ် ၈ သင်တန်းဆင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ လက်ရှိ နအဖ စစ်ကောင်စီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ပြီးရင် ဝါအရင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
လက်ရှိ နအဖ စစ်အစိုးရက အစိုးရသစ်ကို အာဏာ မလွှဲပြောင်းခင်မှာ ကောင်စီဝင်တဦး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး အခုလို နုတ်ထွက်သွားတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အရှက်ခွဲကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် လေ့လာသူတွေက ပြောပါတယ်။
မကြာခင် ပေါ်ပေါက်လာတော့မဲ့ အစိုးရသစ်မှာ သမတဖြစ်လာမဲ့ ဦးသိန်းစိန်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၉ ၊ ဒုတိယသမတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အပတ်စဉ် ၁၂ ဖြစ်ပြီး လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အပတ်စဉ် ၁၁ ဖြစ်ပါတယ်။
အခုလို အစိုးရအဖွဲ့သစ်အတွက် ရာထူးခန့်ထားမှုတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်တွေအကြား စစ်တက္ကသိုလ် သင်တန်းဆင်းတဲ့နှစ်၊ လုပ်သက် အနုအရင့် စတာတွေကို မူတည်ပြီး သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်နေတယ်လို့လည်း နေပြည်တော်ရုံးချုပ်နဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
source by : http://www.rfa.org
သိန်းစိန် အစိုးရ အလိုမရှိ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ရန်ကုန်မှာ တောင်းဆိုနေကြပြီ
မနက်အစောကြီး အငှားကားတွေနဲ့သွားကြတဲ့ ခရီးသည် တွေကလည်း ကားတွေရပ်ပြီး တောင်းယူသွားကြရင်း သူတို့ရဲ့မြို့တွေကို ရောက်သွားလို့ရှိရင် မြို့နေလူထုတွေကို သက်သေ အထောက်အထားနဲ့ ပြသပေးမယ်လို့ ပြောဆို သွားကြပါတယ်လို့ သိရပါတယ်။
ဒီကနေ့ သိန်းစိန်အလိုမရှိ ကမ်ပိမ်းကို ပြုလုပ်ကြတဲ့ သူတွေထဲမှာ လူငယ်တွေအပြင် အကျဉ်းကျရာမှ လွပ်မြောက်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ ပါဝင်ကြတယ်လို့ သိရပါတယ်။
သိန်းစိန်အစိုးရ အလိုမရှိ။ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ဖို့ တောင်းဆိုတဲ့ ပိုစတာကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှားသွားမယ်လို့ ကြေညာထားပါတယ်။ သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ် ကျရင် သဘက်ခါ ပြုတ်ကျရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ ဆက်တိုက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက် သွားမယ်လို့ ကမ်ပိမ်းမှာ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။ အခုလို လှုပ်ရှားမှုတွေဟာ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းနဲ့ ပုဇွန် တောင် လိပ်ကန်ပန်း ခြံအနီးမှာလည်း လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။
အီဂျစ် သမတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ရပြီးနောက် သန်းရွှေတို့ နအဖစစ်အုပ်စုကို ချက်ချင်း မြန်မာနိုင်ငံက ထွက်ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့လဲ အဲဒီလူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ်ကျသွားဖိုနဲ့ အဓိက ဒီမိုကရေစီ အစိုးရတရပ်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်သွားဖို့ကို ကမ်ပိမ်းမှာ ဦးဆောင်တဲ့ လူငယ်တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်လို့ ပြောပြပါတယ်။
၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ် ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဖြစ်ပါတယ်။
source by : http://www.naytthit.net
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေ အမေရိကန် အနီးကပ် စောင့်ကြည့်
ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေပြီး မြန်မာပြည်သူတွေအတွက် အစွမ်းကုန် ဆောင်ရွက်ပေးမယ့် ခေါင်းဆောင်ကောင်း တဦးပါလို့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
တယ်လီဖုန်း ပြောဆိုမှုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
အခုရက်ပိုင်းတွေအတွင်း အစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့အပေါ် သူ့အနေနဲ့ အထူးပဲ စိုးရိမ်နေတဲ့အကြောင်း၊ ဒီလို လုပ်ရပ်တွေကို ကမ္ဘာက ၀ိုင်းပြီး ရှုတ်ချသင့်တယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ မြန်မာပြည် အခြေအနေတွေကို သူဆက်ပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၉ ရက်နေ့တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်း ပြောဆိုခဲ့ကြပါသေးတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံ အားပေးသွားမယ့်အကြောင်း ၀န်ကြီး ကလင်တန်က ကတိပေး ပြောဆိုခဲ့ပါတယ်။
Sunday, February 13, 2011
ကိုအေးမင်းနိုင်တို့ ၇ ဦးအဖွဲ့ကို ထောင်ဒဏ်တွေ ပေးလိုက်ပြန်ပြီ
ကိုအေးမင်းနိုင်နဲ့ သူ့ဇနီး မစမ်းစမ်းမော် အပါအဝင် ၆ ဦးကို ဖောက်ခွဲပုဒ်မ ၄-ကနဲ့ ထောင်ဒဏ်၇ နှစ်စီ၊ ကိုကျော်စွာလင်းကို ဖောက်ခွဲပုဒ်မ ၃နဲ့ ထောင်ဒဏ် ၁ဝနှစ် ချမှတ် လိုက်တာလို့ အမှုလိုက်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။
သူတို့ ၇ ဦးကို ၂ဝဝ၅ ခုနှစ်က ဖြစ်ခဲ့တဲ့ ရွှေမန်းသူ ကားဝင်းအတွင်း ဗုံးပေါက် ကွဲမှုနဲ့ တရားစွဲခဲ့တာပါ၊ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးကတော့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်တယ် ဆိုတဲ့ သက်သေ အထောက်အထား မပြနိုင်ဘဲ သူတို့ကို ထောင်ဒဏ် အပြစ်ပေး လိုက်တာလို့ အခုလို ပြောပါတယ်။
“ဘာမှလည်း မရှိဘူး။ ဘာသက်သေခံ ပစ္စည်းမှလည်း မတင်ပြဘူး။ ဘာမှ သက်သေခံပစ္စည်းလည်း မရှိဘူးဗျာ၊ မျက်မြင်သက်သေလည်း မရှိဘူး၊ နောက် ပါဝင် ပတ်သက်တယ်ဆိုတဲ့ ဘာအထောက်အထားမှလည်း မရှိဘူး၊ ခိုင်လုံမှု မရှိတာ မဟုတ်ဘူး၊ ရှိကို မရှိတာ၊ သူတို့ကို ဘာနဲ့ အပြစ်ပေးလိုက်လဲဆိုတော့ ရဲတွေရဲ့ စစ်ဆေးချက်ပေါ့ဗျာ၊ ရဲတွေရဲ့စစ်ကြောမေးမြန်းချက် ဆိုပြီးတော့ ရဲရှေ့ အစစ်ခံချက် သက်သေခံမဝင်တဲ့ တဆင့်ကြားတွေပေါ့။ အဲဒါတွေနဲ့ သုံးသပ်ပြီးတော့ အပြစ်ပေး လိုက်တာပေါ့၊ ကျနော်တို့ဘက်ကတော့ ဒီ ချတဲ့အမိန့်ကိုတော့ မကျေနပ်ဘူးပေါ့ လေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့ ဥပဒေအရ ပြောရင် ဘာ အထောက် အထားမှ မရှိဘဲ ချတာ၊ ဒါက အကြီးအကျယ် မှားယွင်းတာပေါ့၊”
ကိုအေးမင်းနိုင်တို့အတွက် ဥပဒေကြောင်းအရ အယူခံ ဆက်တက်သွားမယ်လို့လည်း သူက ပြောပါတယ်။
ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ကိုအေးမင်းနိုင်နဲ့သူ့ဇနီး မစမ်းစမ်းမော်၊ ကိုကျော်ဇင်ဦး၊ကိုကျော်စွာလင်း၊ ကိုဇော်လွင်၊ ကိုထက်ကိုလွင်နဲ့ ဒေါ်ခင်ရည်တို့ ဖြစ်ပါတယ်။
သူတို့ ၇ ဦးကို ၂ဝဝ၈ ခုနှစ်အတွင်းမှာ ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲမှု။ တရားမဝင် အသင်းနဲ့ဆက်သွယ်မှု။ လက်နက်မှု စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် အနှစ် ၂ဝ ကနေ ၃၈ နှစ်အထိ ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် ၂ဝဝ၄ နဲ့ ၂ဝဝ၅ ခုနှစ်တွေ အတွင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန် ပန်းဆိုးတန်းလမ်းက ပန်နိုရားမားဟိုတယ် ပေါက်ကွဲမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဇော်ဂျီဟောက်စ် စားသောက်ဆိုင် ပေါက်ကွဲမှုတွေနဲ့လည်း ထောင်ဒဏ်အနှစ် ၂ဝ စီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
source by : http://burmese.dvb.no
“ဆွံ့ အခြင်း”
ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်ရေ လို့ တကြော်ကြော်
အော်ခေါ်ချင်ပေမယ့်
အသံဟာ ရင်ဝမှာတစ်ဆို့ သွားတယ်…
အဘပေးခဲ့တဲ့ တိုင်းပြေမှာ
အဘမွေးခဲ့တဲ့ အာဇာနည်စိတ်ဓါတ်နဲ့
အဘ သားမြေးတွေ အာဇာနည်ဆန်ဆန်
တိုက်ပွဲဝင်နေကြရတုန်းပါအဘ…
အဘချစ်ခဲ့တဲ့ လူမျိုး
ဒီတခေတ်မှာ အဖြစ်ဆိုး
လေနှင်ရာပါသွားတဲ့ ဖုန်မှုန့်လေးတွေလို
နေရာအနှံ့ပြန့်ကျဲ
အမျိုးဂုဏ်ဟာ အဘမြှင့်ခဲ့သလို
မမြင့်နိုင်တော့တာ အဘသိများသိရင်…
သခင်အောင်ဆန်း
သခင် ၊ သခင်မတွေ
သခင်တွေလက်နဲ့ စိုက်ခဲ့တဲ့ စိတ်ဓါတ်သစ်ပင်
ကျောက်ဖြစ်ရုပ်ကြွင်းတခုလိုသာ
ပြတိုက်မှာ တွေ့နိုင်တော့တာများ
အဘတို့များ မြင်ရင်…
ကြားယောင်နေမိတုန်း
ရွာကယောင်ထုံးနဲ့ဘိုးလေးရဲ့စကား
အားနဲ့ မာန်နဲ့ သူပြောလိုက်ပုံများ
“ငါ့မြေး ကမ္ဘာမှာ မြန်မာဟာ ဂုဏ်မငယ်ပါဘူးကွာ”တဲ့
ကဲ…
ရဲဝင့်သူ
source by : http://www.yewintthu.co.cc
