(၁)
၂ဝဝ၉ နှစ်ဦးပိုင်းလောက်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ တွေကို နအဖ စစ်အုပ်စု ပြဋ္ဌာန်းတော့မယ်။ အတိအကျ မဟုတ်တာတောင်မှ တဆင့်စကား တဆင့်နားကြားရတဲ့ ကောလာဟလသတင်းကနေ သူတို့မထင်မှတ်ဘဲ တကယ်လုပ်တတ် ကြတဲ့ အာဏာရှင်တွေမို့ တကယ်မဟုတ်နိုင်ဘူးလို့လည်း ငြင်းဆန်ရခက်နေပြန်ရော မဟုတ်လား။ တကယ်လို့များ ဥပဒေ ပြဋ္ဌာန်းလိုက်ရင်တော့ မကြာခင် ကာလအတွင်း နိုင်ငံရေးပါတီထူထောင်ခွင့်တွေ၊ ပါတီစည်းရုံးရေးဖော်ဆောင်ခွင့်တွေ ရဖို့ မျှော်လင့်နိုင်ပါပြီ။ သူတို့ရဲ့ ဥပဒေပါ အကန့်အသတ်အတိုင်း စည်းရုံးရေးမူဘောင်ပေါ့လေ၊ မကြိုက်ရင်တော့ အားလုံးဟာ ဥပဒေနဲ့ ငြိတာတွေချည်း ဖြစ်နေမလားပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ နိုင်ငံရေးပါတီ ထူထောင်ခွင့်နဲ့ ရွေးကောက်ပွဲဥပဒေတွေ ပြဋ္ဌာန်းလိုက်ရင်တော့ တကယ့်ကိုပဲ မြန်မာပြည်ကြီးမှာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းထူထောင်ခွင့် ရတော့မယောင်ပေါ့။
အဲဒီလို မျက်စိလည်ပြီး ကိုယ်ကျိုးကြည့်တတ်သူတွေတချို့အတွက်တော့ အားကျချင်စရာပါ။ နအဖ ကြိုးဆွဲရာ လုံးလုံးလိုက်ကတဲ့ ကိုအေးလွင်တို့ ကျောင်းသားပါတီအဖွဲ့ကတော့ ခုကတည်းကိုက စည်းရုံးရေးတွေ စတင်နေပြီမဟုတ်လား။ တချို့တိုင်းရင်းသား အဖွဲ့အစည်းတချို့ကလည်း မပြေးသော်ကန်ရာရှိ ဆိုတဲ့အတိုင်း သူများ မိုးခါးရေသောက်ရင် ကိုယ်လည်းသောက်ရမယ် မူးမူး ရူးရူးပေါ့။ ခြေကျွံသွားမိလို့ နစ်နေတဲ့နွံထဲကနေ ရုန်းမထွက်နိုင်သေးတဲ့ အဖွဲ့အစည်းတွေကတော့ သိသိကြီးနဲ့ အမှားထပ်ကျူးလွန်ကြမယ့်ပုံပါ။
ပိုပြီး မျက်စိလည်သူ၊ မျက်စိလည်ဟန်ဆောင်သူတွေကတော့ ပါတီဖွဲ့စည်းခွင့်ဥပဒေတောင် မထုတ်ပြန်သေးဘူး။ ဘယ်လောက်လွတ်လပ်ခွင့်ရှိမလဲဆိုတာ မသိသေးဘဲနဲ့ အခွင့်ထူးအမျိုးမျိုးကို မျှော်ကိုးပြီး ပါတီဖွဲ့စည်းမယ်၊ ခွင့်ပြုချက်ရယူမယ် အစသဖြင့် လေပြေထိုးနေကြပါပြီ။ တချို့ဆိုရင် မျက်စိ၊ နား၊ ဦးနှောက် သူများထက် စိတ်ထင်တိုင်း ကျယ်ကျယ်ဖွင့်ထားနိုင်တဲ့ နေရာဒေသမှာ ရှိနေတာတောင် အပင်း၊ အကန်း၊ အအ အဖြစ်ခံပြီး ကနေဒါနိုင်ငံကတဆင့်တောင် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ညီညွတ်တဲ့နိုင်ငံရေး ပါတီဖွဲ့နေပါပြီ။ တရားဝင်ဖွဲ့စည်းခွင့်ကို သက်ဆိုင်ရာ သံရုံးကနေတဆင့် လျှောက်ထား အုံးမယ်တဲ့။
တချို့ အန်ဂျီအို ယောင်ယောင် နိုင်ငံရေးသမားတွေ၊ စားဖားတွေကတော့ ဥရောပသမဂ္ဂကြီးကို မျက်စိလည်အောင်လုပ်ပြီး ပြည်တွင်းကလူတွေကို နိုင်ငံရေးပါတီ ဖွဲ့စည်းပုံတွေ၊ ရွေးကောက်ပွဲ ကျင်းပရေးတွေအတွက် ပညာပေးစည်းရုံးရေး လုပ်မယ်ဆိုပြီး အိတ်ဖောင်းအောင် အစပြုသူ တွေကလည်း တစထက်တစ ထင်ထင်ရှားရှားထွက်ပေါ်လာပါပြီ။ ဘာမှမတတ်နိုင်တာနဲ့နှိုင်းယှဉ်ရင် ကိုယ့်ပြည်သူအတွက် နောက်ဆုံး မဖြစ်နိုင်တဲ့ မျက်ကန်း မျှော်လင့်ချက်ထားသူလည်း ရှိကြပါတယ်။
(၂)
ကျနော်တို့မှာ တကယ်ကိုပဲ အခြားရွေးချယ်စရာ ဘာမှ မရှိတော့ဘူးလား။
နအဖ ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကိုယ့်သတ်ကွင်းကို ကိုယ်ကိုယ်တိုင် တကယ်ဖန်တီးလမ်းပြပေးဖို့အပြင် နိုင်ငံရေးပြဿနာဖြေရှင်းဖို့ အခြားရွေးချယ်စရာ နည်းလမ်းတခုခု မရှိနိုင်တော့ဘူးလား။
၂ဝ၁ဝ ရွေးကောက်ပွဲပြီးသွားခဲ့ရင်၊ နအဖစစ်အုပ်စုက တရားဝင်အစိုးရဖြစ်သွားခဲ့ရင် ဆိုပြီးတော့ ကိုယ့်တပ်ပေါင်းစု၊ အဖွဲ့အစည်းတွေ ဘယ်လိုဆက်လက် ရပ်တည်ကြမလဲ ဆိုတာကို တွေးကြောက်ပြီး၊ ၂ဝ၁ဝ အလွန် ပြင်ဆင်ချက်တွေကြားထဲ နစ်မွန်းပြီး ရပ်တည်ချက်တွေဝေဝါးရင်း ပြည်သူလူထုတရပ်လုံး ဒုက္ခအတိကျရောက်စေမယ့် ရန်သူရဲ့ဗျူဟာကို ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းစဉ်ဟာ ကျနော်တို့အတွက် တကယ်မှန်ကန် သင့်မြတ်တဲ့ ရွေးချယ်ဆုံးဖြတ်ချက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကျနော်တို့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်သင့်တာတခုကတော့ နအဖ စစ်အုပ်စုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို တဖက်သတ်ကျင်းပပြီး ဘယ်လိုပဲ လူထုအာဏာကို အဓမ္မရယူသွားပါစေ၊ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လူထုကိုယ်စားပြု လုပ်ပိုင်ခွင့်တွေ၊ ဒီမိုကရေစီနဲ့ အမျိုးသားတော်လှန်ရေး လုပ်ပိုင်ခွင့်တွေ (Mandate) ဟာ ဘယ်လိုမှပျက်ပြယ်မသွားပါဘူး။ ကျနော်တို့ဟာ ပြည်သူလူထုဘက်က အစဉ်ရပ်တည်ပြီး တော်လှန်ရေးအောင်မြင်မယ့် လုပ်ငန်းစဉ်တွေကို ရပ်တည်ချက် ခိုင်ခိုင်မာမာတည်ဆောက်ရင်း လုပ်ကိုင်ဆောင်ရွက်စုစည်းကြမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကသာ ဒီတော်လှန်ရေးအလုပ်ကို အပြီးသတ်လုပ်ကိုင် သယ်ဆောင်ရမယ့် တကယ်တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တရားဝင် လုပ်ပိုင်ခွင့်ရှိသူတွေ ဖြစ်ပါတယ်။
နအဖ စစ်အုပ်စုဟာ ဘယ်လိုနည်းလမ်းနဲ့မှ ကျနော်တို့ရဲ့ လူထုကိုယ်စား တရားဝင် လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းပိတ်ပင်လို့ မရပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို ဘယ်လိုနည်းလမ်း ဗျူဟာနဲ့မှ ပပျောက်ချုပ်ငြိမ်း ပျက်စီးသွားအောင် လုပ်လို့မရပါဘူး။
အကောင်အထည်မဖော်ရသေးတဲ့ ၉ဝ ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်မှုကို ပျက်ပြယ်ချုပ်ငြိမ်းသွားအောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ လူထုကိုယ်စားပြုတဲ့ တော်လှန်ရေးလုပ်ဆောင်မှုကို တရားဝင်ချုပ်ငြိမ်း ရပ်တန့်သွားအောင် ဘယ်လိုမှလုပ်လို့မရပါဘူး။
အဲဒီလို တကယ်တမ်း ပျက်ပြယ်ချုပ်ငြိမ်း၊ တရားမဝင်၊ ရပ်တန့်သွားအောင် တကယ်လုပ်နိုင်တဲ့ သူတွေကတော့ တကယ်ကိုပဲ လက်ရှိတော်လှန်ရေးကြီးထဲမှာ ပါဝင်ထမ်းဆောင်တာဝန်ယူ နေကြတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ကျနော်တို့ကိုယ်တိုင်ပါပဲ။ နအဖ စစ်အုပ်စု မဟုတ်ပါဘူး။
(၃)
နအဖ လက်ကိုင်စွဲထားတဲ့ လမ်းပြမြေပုံအဆင့်ဆင့် အလုပ်မဖြစ်ဘဲ ရပ်တန့်သွားအောင်၊
စစ်မှန်တဲ့ လူထုဆန္ဒတောင်းဆိုမှုအတိုင်း ဖြစ်လာအောင်၊ တိုင်းရင်းသားပြည်သူလူထုကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်တဲ့ နအဖ တဖက်သတ်ရေးဆွဲပြီး လူထုဆန္ဒကို ဓားပြတိုက်အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြယ်အားလျှော့သွားအောင်၊ ပြည်သူလူထုနဲ့ နိုင်ငံတကာမိဘပြည်သူများရဲ့ ဆန္ဒကိုမျက်ကွယ်ပြုပြီး တဖက်သတ်ကျင်းပချင်တဲ့ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ နအဖစစ်အုပ်စုရဲ့ လမ်းကြောင်းကိုလွှဲပြောင်းပြီး အားလုံးပါဝင်ပတ်သက်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင် ကျနော်တို့မှာ ရပ်တည်ချက် ရေခံမြေခံကောင်းတွေ အများကြီးရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်း အကျင်းဖြစ်လာအောင်လုပ်ဖို့ တောင်းဆိုပြီး တရားဝင် သဘောထားထုတ်ပြန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ မှန်ကန်သင့်လျှော်တဲ့ သဘောထားရပ်တည်ချက်၊
တက်ကြွတဲ့နိုင်ငံရေးလှုပ်ရှားသူ၊ လူ့အခွင့်အရေးလှုပ်ရှားသူ ရဟန်းရှင်လူ၊ ကျောင်းသား လူငယ်၊ အဖွဲ့ချုပ်အဖွဲ့ဝင်၊ တိုင်းရင်းသားအင်အားစုတွေကို မတရားဖမ်းဆီး နှစ်ရှည်ထောင် ဒဏ်ချမှတ်တဲ့ နအဖစစ်အုပ်စုရဲ့ လတ်တလောလုပ်ရပ်၊ တိုင်းရင်းသားဒေသအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်မှု၊ နာဂစ်မုန်တိုင်းကိစ္စကို တာဝန်ယူမှုကင်းမဲ့စွာ၊ အကြင်နာတရားကင်းမဲ့စွာ ကိုင်တွယ်နေတဲ့ နအဖစစ်အုပ်စုကို မိဘပြည်သူနဲ့ နိုင်ငံတကာမိသားစုကြီးတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေတာတွေ…။
လက်ရှိပြည်တွင်း၊ ပြည်ပမှာ တက်တက်ကြွကြွလှုပ်ရှားနေကြတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများရဲ့ ရပ်တည်ချက် သဘောထားနဲ့ အဖွဲ့ချုပ်တောင်းဆိုချက်အပေါ် ဝိုင်းရံထောက်ပံ့မှုတွေ…။
တကယ်မိုးထဲရေထဲ အကျဉ်းအကျပ်ကြားမှာရှိတဲ့ အချို့တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေရဲ့ နအဖ စစ်အုပ်စု လမ်းပြမြေပုံလုပ်ငန်းစဉ်ကို နိုင်ငံရေးပရိယာယ်ကြွယ်ကြွယ် ငြင်းဆန်ကန့်ကွက်ပြီး၊ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် လမ်းကြောင်းပေးနေတဲ့ ရပ်တည်ချက်တွေ…။
ပြည်တွင်း ပြည်ပမှာရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအပြောင်းအလဲကို လိုလားတဲ့ ရဟန်းရှင်လူ မိဘပြည်သူတွေ အစရှိတဲ့အလွှာပေါင်းစုံကနေ လက်ရှိတော်လှန်ရေးကြီး ကျစ်လျစ်စုစည်းညီညွတ်ရေးအပေါ် တူညီတဲ့ တောင်းဆိုမှုတွေ…။
အစရှိတဲ့ရပ်တည်ချက်တွေဟာ နအဖ စစ်အုပ်စုကို စိန်ခေါ်နေတဲ့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် တကယ့်အားကောင်းချက်တွေပါ။ ဒီမူတွေ၊ ရပ်တည်ချက်တွေ အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး စုစည်းကျစ်လျစ်စွာနဲ့ ဝိုင်းတွန်းကြမယ်ဆိုရင် သေချာပါတယ် ကျနော်တို့ ဒီလက်တဆုပ်စာ စစ်အုပ်စုကို ဖယ်ရှားနိုင်ပါတယ်။
ကျနော်တို့ရဲ့မူ၊ ရပ်တည်ချက်တွေပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ဖို့လိုတာပါ။
အဲဒီလို ကျစ်လျစ်ခိုင်မာစွာ စုစည်းလိုက်မယ်ဆိုရင် ချိန်ဆနေတဲ့အချို့သော အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ၊ အကြောက်တရားများစွာကြားမှာ ရှင်သန်နေရတဲ့ ကျနော်တို့ရဲ့ ပြည်သူလူထုတွေ၊ ကျနော်တို့ကို ထောက်ခံချင်နေတဲ့ နိုင်ငံတကာ မိသားစုတွေ အစရှိတဲ့ ထောက်ခံမှုပေါင်းများစွာကို ကျနော်တို့ ရရှိကြမှာပါ။
အခုအချိန်မှာ ကျနော်တို့အတွက် အရေးကြီးတာက နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်ဆိုတဲ့ ရပ်တည်ချက်အပေါ် တစုတစည်းတည်း ရပ်တည်လှုပ်ရှားကြဖို့ပါ။ နအဖ သွားနေတဲ့လမ်းကြောင်းကိုပြောင်းလဲပြီး ဘက်ပေါင်းစုံပါဝင်နိုင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်လာအောင် စုစည်းလုပ်ဆောင် ကြဖို့ပါ။
(၄)
လွန်ခဲ့တဲ့ မေလလူထုဆန္ဒခံယူပွဲကို ကန့်ကွက်တဲ့လှုပ်ရှားမှုအပေါ် အခြေခံပြီး သုံးသပ်ကြည့်မယ်ဆိုရင်လည်း လက်ရှိ နအဖ စစ်အုပ်စုရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေအတွက် ဘယ်လိုမှ မှန်ကန်တဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်မလာနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။
မေလလူထုဆန္ဒခံယူပွဲဟာ တရားမျှတမှုလုံးဝမရှိခြင်း၊ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့များမပါရှိခြင်း၊ နအဖစစ်အုပ်စုတို့ရဲ့ ပြည်သူလူထုဆန္ဒကို မသမာတဲ့ နည်းလမ်းပေါင်းစုံဖြင့် တဖက်သတ်အနိုင်ယူခဲ့ခြင်းသာ ဖြစ်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု (၉၂) ရာခိုင်နှုန်းကျော် ထောက်ခံတယ်လို့ သူတို့ ဘယ်လိုပဲ လိမ်လည် ပြီး ကြေညာနေပါစေ အဲဒီအဖြေရလဒ်ဟာ တရားမဝင်ဘူး။ ဘယ်သူမှ အသိအမှတ် မပြုပါဘူး။
ကျနော်တို့ ပလောင်အလုပ်အဖွဲ့ရဲ့ မေလလူထုဆန္ဒခံယူပွဲဆန့်ကျင်ရေး လှုပ်ရှားမှု အတွေ့အကြုံအရ နအဖ စစ်အုပ်စုကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက် စိတ်ကူးယဉ်ဖို့ ဘယ်လိုမှ မသင့်တော်တဲ့အချက်တချို့တင်ပြချင်ပါတယ်။
ကျနော်တို့ဟာ နမ့်ဆန်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုန် အစရှိတဲ့ ပလောင်ပြည်သူတွေ နေထိုင်တဲ့ မြို့နယ်တွေမှာ မဲရုံမှူးတွေ၊ မဲရုံကြီးကြပ်ရေး အဖွဲ့တွေမှာ ကျနော်တို့စိတ်ချယုံကြည်ထားတဲ့လူတွေ မြောက်မြားစွာ မြှုပ်နှံစောင့်ကြပ် ခဲ့တာတောင်မှ နအဖစစ်အုပ်စုရဲ့ ညစ်ပတ်နည်းအမျိုးမျိုးနဲ့ လူထုဆန္ဒကို အတင်းအဓမ္မ ရယူခဲ့တာကို ကျနော်တို့ မဟန့်တားနိုင်ခဲ့ပါဘူး။ လူထုဆန္ဒခံယူပွဲပြီးသွားမှ စစ်အုပ်စု ဘယ်လိုနည်းလမ်းနဲ့ ညစ်ပတ်ခဲ့တယ်ဆိုတာကို အများပြည်သူသိအောင် ဖော်ထုတ်နိုင်တာ တခုပဲ လုပ်နိုင်ခဲ့တာပါ။
ဖွဲ့စည်းထားပေးတဲ့ ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ ဆန္ဒခံယူပွဲ လုပ်ထုံး လုပ်နည်း ဥပဒေတွေကို မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေဟာ လမ်းညွှန်ထားတဲ့ အတိုင်းမလုပ်ခဲ့ပါဘူး။ ပြီးတော့ မဲရုံမှူးနဲ့အဖွဲ့ဝင်အများစုဟာ ဆန္ဒခံယူပွဲလုပ်ထုံးလုပ်နည်းဥပဒေကိုလည်း ဖတ်ရှုနားလည်ထားခြင်း မရှိပါဘဲနဲ့ အထက်ကလာတဲ့ အမိန့်အတိုင်း မဲရုံကြီးကြပ်ပြီး လူထုဆန္ဒကို အဓမ္မလုယူခဲ့တာပါ။
ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် ဆန္ဒခံယူပွဲကျင်းပချိန်မှာ မဲရုံတွေမှာ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေဟာ ထောက်ခံမဲခြစ်ထားသော မဲပြားတွေ ထုတ်ပေးတာ၊ မဲရုံစောင့်တွေက မဲပေးသူတွေ ကိုယ်စား ထောက်ခံမဲခြစ်ပေးတာ၊ မဲရုံစောင့်တွေ မဲပေးတဲ့ လျှို့ဝှက်ခန်းအတွင်းထိ လိုက်လံကြည့်ရှု ကြတာ၊ ကိုယ်စားပြုမဲထည့်ကြတာ၊ မဲထည့်ပိုင်ခွင့်ကို အကြောင်းမဲ့ ကန့်သတ်ထိန်းချုပ်ခဲ့ကြတာ၊ နည်းအမျိုးမျိုးနဲ့ခြောက်လှန့်ပြီး ထောက်ခံမဲ ပေးခိုင်းတာ၊ ဆန္ဒပြုမဲပြားကို မဲပုံးထဲသို့မထည့်မီ မဲရုံမှူးတွေက စစ်ဆေးကြည့်ရှုခဲ့တာ၊ ကန့်ကွက်မဲတွေကိုပယ်ဖျက်ပြီး ထောက်ခံမဲအဖြစ် ပြောင်းလဲပစ်တာ၊ မဲပေးပိုင်ခွင့်ရှိသူတွေ မဲလာမပေးပေမယ့် မဲစာရင်းပြည့်အောင်ပြုလုပ်ခဲ့တာတွေ၊ မဲရုံကိုသတ်မှတ်ချိန်အထိ မကျင်းပဘဲ ပိတ်ချင်တဲ့အချိန် ပိတ်ပစ်တာ၊ မသမာတဲ့နည်းလမ်းတွေနဲ့ မဲရေတွက်ခဲ့တာ၊ မဲပေးပိုင်ခွင့်ရှိသူထက် မဲရလဒ်ပိုများနေတာ အစရှိတဲ့ မသမာတဲ့နည်းလမ်းအမျိုးမျိုးကို နေရာဒေသအလိုက် ခွဲခြားကျင့်သုံးသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
အချို့မဲရုံတွေမှာ ဖော်ပြတဲ့အချက်တွေထဲက အားလုံးမဟုတ်သည့်တိုင်အောင် မသမာနည်း (၄-၅) မျိုးကို မဲလာပေးတဲ့ မဲဆန္ဒရှင်များ အပေါ်မူတည်ပြီး သင့်တော်သလို အသုံးပြု ညစ်ပတ်သွားခဲ့ပါတယ်။ လွတ်လပ်မှုရှိပါတယ်လို့ဆိုထားတဲ့ မဲရုံတွေမှာတောင် မသမာတဲ့နည်းလမ်းအနည်းဆုံး (၃) မျိုး လောက်ကျင့်သုံးခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။
(ပလောင်အဖွဲ့ကထုတ်တဲ့ လူထုဆန္ဒကို ဆန့်ကျင်သည့်မဲပြားများ အစီရင်ခံစာမှာ www.palaungland.org မှာ အသေးစိတ်လေ့လာနိုင်ပါတယ်)
မေလလူထုဆန္ဒခံယူပွဲကနေ အဓိကသင်ခန်းစာယူချင်တာကတော့ နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပချင်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် ကျနော်တို့ ၁၉၉ဝ ပြည့်တုန်း ကလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် လူထုဘက် အမှန်တကယ် ရပ်တည်တဲ့ ပါတီတွေ မဲနိုင်ဖို့ အလားအလာ လုံးဝမရှိ၊ ဒါမှမဟုတ် အတော်နည်းပါလိမ့်မယ်။
ဖွဲ့စည်းပုံအရ (၂၅) ရာခိုင်နှုန်းရပြီးတဲ့အပြင် သူတို့ကို ထင်သလောက် စိန်ခေါ်မှုမလုပ်နိုင်တဲ့ ပါတီတွေကိုပဲ အနည်းအကျဉ်း မဲပေးနိုင်ပြီး၊ ရာနှုန်းပြည့်နီးပါး အနိုင်ရအောင်လုပ်မယ့် ကောက်ကျစ်တဲ့နည်းလမ်းတွေကို ရွေးကောက်ပွဲကျင်းပတဲ့အချိန်အတွင်းမှာ ကျနော်တို့ ဘယ်လိုမှ မတားဆီး၊ မကာကွယ်နိုင်ပါဘူး။ ဆန္ဒခံယူပွဲတုန်းကလိုပဲ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မတရားလုပ်တာတွေ အများသိအောင် ဖော်ထုတ်ပြနိုင်ခဲ့ရင်လည်း ကျနော်တို့ အများ ပြည်သူအတွက် ကောင်းကျိုးတွေရှိစေမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျိုး ဖော်ဆောင်နိုင်ဖို့ အခွင့်အလမ်း အတော်နည်းပါတယ်။
အဲဒီအချက်တွေက ကိစ္စမရှိပါဘူး။ ဘာမှမရတာနဲ့စာရင် သူတို့ဖွဲ့စည်းမယ့်အစိုးရထဲမှာ ကိုယ့်လူတွေ တရားဝင် မဲနိုင်တဲ့ ကိုယ်စားလှယ်ရပြီး ထောက်ပြ လှုပ်ရှားနိုင်သေးတာပဲ ဆိုပြီး တချီတပွဲ နွှဲချင်သေးတယ်ဆိုတဲ့ စဉ်းစားချက် လုပ်ငန်းစဉ်ကလည်း ဘယ်လိုမှ ရည်ရွယ်တဲ့အတိုင်း အတိုက်ခံလုပ်နိုင်မှာ မဟုတ်တာ သေချာပါတယ်။
အပစ်အခတ်ရပ်စဲရေးလုပ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ခါးသီးတဲ့သင်ခန်းစာ၊ စိတ်ပြောင်းပြီး အခြားပူးပေါင်းတဲ့ နည်းလမ်းနဲ့ ကြိုးပမ်းကြည့်ချင်တဲ့ ဘက်ပြောင်းလှုပ်ရှားတဲ့ နိုင်ငံရေးသမားတွေကို စစ်အုပ်စုဘယ်လို ခြယ်လှယ်ချုပ်ကိုင်ထားတယ်ဆိုတာ လုံလောက်တဲ့ ပေးဆပ်မှုသင်ခန်းစာတွေပါ။ နစ်နာတဲ့ပေးဆပ်မှုတွေ သိသိကြီးနဲ့ ထပ်ပြီး မဆုံးရှုံးသင့်တော့ပါဘူး။
(၅)
နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်ဆိုတာ ယနေ့ ကျနော်တို့ တော်လှန်ရေးအင်အားစုများ အတွက် အသက်သမျှ အရေးကြီးတဲ့တောင်းဆိုမှုဖြစ်ပါတယ်။ နအဖ စစ်အုပ်စုက ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ချေဖျက်ဖို့ ကျနော်တို့ ပြင်ဆင်မှုပေါင်းများစွာ လုပ်ရပါမယ်။
အဲဒီရွေးကောက်ပွဲကို ချေမှုန်းနိုင်ဖို့ ကျနော်တို့ဟာ ပြီးခဲ့တဲ့ မေလ လူထုဆန္ဒခံယူပွဲ ဆန့်ကျင်တုန်းက အတွေ့အကြုံတွေအပေါ် အခြေခံပြီး ထပ်မံ မှားယွင်းမှုတွေမဖြစ်အောင် အကျေအလည် ဆွေးနွေးပြင်ဆင်ရပါမယ်။
ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစု၊ အပစ်ရပ်အင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ရပ်တည်လှုပ်ရှားမှု…။
ပြည်ပမှာရှိတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အစရှိတဲ့နိုင်ငံရေးအင်အားစုတွေ၊ လူမှုအသင်း အပင်းတွေရဲ့ တိကျရှင်းလင်းပြီး ကျစ်လျစ်ခိုင်မာတဲ့ ရပ်တည်ချက်သဘောထားနဲ့ အချင်းချင်း ဟန်ချက်ညီတဲ့ စုစည်းတဲ့လှုပ်ရှားမှု…။
နိုင်ငံတကာအစိုးရတွေကို ထိရောက်စွာစည်းရုံးလှုံ့ဆော်ဖို့ ရှင်းလင်းတိကျတဲ့ ရပ်တည်လှုပ်ရှားမှု…။
အဲဒီရပ်တည်လှုပ်ရှားမှုတွေကို တည်ဆောက်နိုင်ဖို့ဆိုတာ ရန်သူအပေါ် သဘောထား ရှင်းလင်းဖို့ လိုပါတယ်။ ဒါမှသာ နအဖရဲ့ရွေးကောက်ပွဲကို ကျနော်တို့ စုစည်းကျစ်လျစ်စွာနဲ့ ချေမှုန်းလမ်းကြောင်းလွှဲနိုင်မှာပါ။
နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ပြတ်ပြတ်သားသားဆန့်ကျင်ဖို့အတွက် အကြောင်းအရင်း ဖြစ်စဉ်တွေ များစွာရှိပါတယ်။
နအဖ စစ်အုပ်စုလျှောက်လှမ်းနေတဲ့ လမ်းပြမြေပုံအဆင့်တိုင်းဟာ စစ်မှန်တဲ့လူထုဆန္ဒ ထင်ဟပ်ဖော်ဆောင်မှုလုံးဝ မရှိတာ…။
တိုင်းရင်းသားပြည်သူလူထုကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်တဲ့ တဖက်သတ်ရေးဆွဲပြီး လူထုဆန္ဒကို ဓားပြတိုက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ လက်ခံကျင့်သုံးမယ်ဆိုရင် အဖွဲ့ချုပ် ခေါင်းဆောင် ဘဘ ဦးဝင်းတင် ပြောသလို “အဲဒီဖွဲ့စည်းပုံအတိုင်းသာသွားရင် အားလုံး ငရဲရောက်မယ်” ဆိုတဲ့အတိုင်း ပြည်သူလူထုတရပ်လုံးရဲ့ နေ့စဉ်ဘဝကို အာဏာရှင်တွေ စိတ်တိုင်းကျ ခြယ်လှယ်ဖိနှိပ်သွေးစုပ်ဖို့ ရည်ရွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတာ…။
အတိုက်အခံအင်အားစုအပေါ်၊ သဘောထားကွဲလွဲသူတွေအပေါ် ရဟန်းရှင်လူ၊ ကျောင်းသား၊ လူငယ်၊ နိုင်ငံရေးသမား၊ တိုင်းရင်းသား မခွဲခြားဘဲ အပြတ်သတ်ဖိနှိပ်ဖမ်းဆီး၊ တဖက်သတ် စီရင်ချက်ချပြီး ရာဇဝတ်မှုကျူးလွန်သူတွေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်နေတာ…။
၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိ လက်ခံအကောင်အထည်ဖော်ခွင့်ပြုဖို့ ငြင်းဆန်နေတာ…။
အစရှိတဲ့အကြောင်းအရာ အချက်အလက်တွေအပြင် အခြားမဖော်ပြနိုင်တဲ့ နအဖ စစ်အုပ်စုရဲ့မတရားတဲ့လုပ်ရပ်ပေါင်း မြောက်မြားစွာဟာ နအဖ စစ်အုပ်စုရဲ့ လက်ရှိကြိုးပမ်းနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တဖက်သတ်လုပ်ငန်းစဉ်တွေကို ကျနော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်ပြီး ပြတ်ပြတ်သားသားဆန့်ကျင်လှုပ်ရှားတာကလွဲလို့ အခြားနည်းလမ်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။
တိုင်းရင်းသားအင်အားစုတွေကော၊ အခြားအင်အားစုတွေပါ နအဖ ကျင်းပပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်ဆိုတာ ပြည်သူလူထုအတွက် ကောင်းကျိုးတွေထက် နောက်ဆက်တွဲဆိုးကျိုးတွေက မြောက်မြားစွာပါ…။
တိုင်းရင်းသားပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ခေါင်းဆောင်၊ အဖွဲ့အစည်း ဖြစ်တယ်လို့ ယုံကြည်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ လုံးဝမစဉ်းစားသင့်ပါ…။
ကျနော်တို့ရဲ့ လှုပ်ရှားမှုတိုင်း၊ ဆုံးဖြတ်ချက်တိုင်း၊ သဘောထားရပ်တည်ချက်တိုင်းဟာ နအဖ စစ်အုပ်စုရဲ့လမ်းပြမြေပုံလုပ်ငန်းစဉ်တွေကို အားဖြည့် ထောက်ပံ့ပေးစေမယ့် ပုံစံ အလားအလာမဖြစ်ဖို့ အထူးဂရုပြုကြရမှာပါ...။
ကျနော်တို့ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေအကြားမှာ နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ပြတ်ပြတ် သားသားဆန့်ကျင်ရမယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ကို ခိုင်ခိုင်မာချမှတ်ပြီး မြန်မာပြည်သူလူထုတရပ်လုံး အတိဒုက္ခဘဝကနေလွတ်မြောက်ဖို့ အဓိကရည်ရွယ်ရင်း တော်လှန်ရေးကြီးထဲမှာ ပါဝင်တဲ့လူ၊ အဖွဲ့အစည်းတိုင်းက နိုင်ငံရေးတာဝန်ရှိမှု၊ ရိုးသားမှု အခြေခံကနေ စုစည်းညီညွတ်စွာ ဝိုင်းတွန်းကြမယ်ဆိုရင် “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” လို့ ရိုးသားစွာ တိုက်တွန်းအကြံပြု ရေးသားလိုက်ပါတယ်။
ဘုန်းကျော် (လက်ဖက်မြေ) / ၉ ဇန်န၀ါရီ ၂၀၀၉
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။
Saturday, January 10, 2009
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
Friday, January 9, 2009
၂၀၀၉ လှုပ်ရှားမှု့ စတင်

ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့ က ယနေ့(၇.၁.၂၀၀၉)ရက်နေ့တွင် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် နှင့် ရှမ်းပြည် လူ့အခွင့်အရေးအဖွဲ့ တံဆိပ်ပါသောပရိတ်ကြီး(၁၁)သုတ်တရားစာအုပ်အလျှား x အနံ ( ၃.၅ x ၂.၂ )( ၉၀၀၀ )ထောင်ကို ပဲခူးမြို့ ၊ပြည်မြို့၊ တောင်ငူမြို့၊ မန္တလေးမြို့ ၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ နောင်ချိုမြို့၊ တောင်ကြီးမြို့ နှင့် ပြင်ဦးလွင်မြို့ တို့တွင် အဖွဲ့နှစ်ဖွဲ့ ပထမဦးဆုံး နှစ်သစ်လှုပ်ရှားမှုအဖြစ် နေ့လည်(၁)နာရီ အချိန်တွင် စတင် ခဲ့ကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန်။
လေးစားစွာဖြင့်
စိုင်းမျိုးဝင်း
အတွင်းရေးမှူး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
SHRG+FBF
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://komoethee.blogspot.com မှ ကူးယူ မျှဝေပါ၏ ။
Thursday, January 8, 2009
Tuesday, January 6, 2009
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် နှစ်သစ်သံန္နိဌာန်
Tuesday, 06 January 2009 19:14 မင်းဇင်
အကယ်၍ သမိုင်းတကျော့ ပြန်လည်ခဲ့ပါလျှင် အပျော်ရွှင် ဆုံးသူမှာ မြန်မာ စစ်အစိုးရသာ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးဆောင်မှု အောက်တွင် ကာလ ကြာရှည်စွာ အလုပ်ဖြစ်၊ အောင်ပွဲရခဲ့သော စစ်အစိုးရက ကစားနည်းဟောင်း၊ ဗျူဟာအဟောင်းများကိုသာ ပြန်လည် အသုံးချလိမ့်မည် ဖြစ်သည်။
စစ်အစိုးရ၏ ကစားပွဲ အစီအစဉ်တွင် မြင်သာသည့်နည်းတခုမှာ ရက်စက်ကြမ်းကြုတ်သည့် အင်အားအသုံးပြုမှုနှင့် ပြင်းပြင်း ထန်ထန်နှိပ်ကွပ်ခြင်းကို ပြောင်အသုံးချနေသည့် တချိန်တည်း၌ အခြားတဖက်တွင် နိုင်ငံရေးထိုးစစ်ဆင်ကာ အတိုက် အခံများကို အင်အားချိနဲ့စေရန် ပြုလုပ်ခြင်း၊ နိုင်ငံတကာဖိအားကို လျော့ကျစေရန် ကြိုးပမ်းနေခြင်းတို့ ဖြစ်သည်။
စစ်အစိုးရ၏ မူဝါဒချမှတ်သူများက ဤသို့အောင်ပွဲရရန်သေချာသည့် နည်းနာမျိုးကို တဖန်ပြန်လည် အသုံးပြုမည်ဟုသေချာ နေသည့်ကာလ၌ မလွဲမသွေ မေးရမည့် မေးခွန်းများရှိနေသည်။ ပထမမေးခွန်းမှာ ၎င်းတို့၏ အကြံအစည်ကို ဆန့်ကျင်တုန့်ပြန်ရန် မည်သို့လုပ်ဆောင်ကြမည်နည်း ဆိုသည့် မေးခွန်းဖြစ်ပြီး နောက်မေးခွန်းမှာ အရေးအကြီးဆုံး အချက်ဖြစ်သည့် နိုင်ငံရေး အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးဆွဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး စသည့် ရလဒ်များ ရရှိစေရန် မည်သို့ ဆက်လက် ဆောင်ရွက်ကြမည်နည်း ဟူသည့် မေးခွန်းဖြစ်သည်။
မြန်မာစစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း ဘ၀ဆုံးပါးရမည့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ၏ အရေးကို မည်သို့ ဆောင်ရွက်ကြမည်နည်း။ ၎င်းတို့အနက်မှ ၂၃၄ ဦးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများ အပြီးတွင်မှ ဖမ်းဆီးအကျဉ်းချခံခဲ့ရခြင်းဖြစ်ပြီး အများစုမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ၆၈ နှစ်စီ အသီသီး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူများ ဖြစ်သည်။
ယခုကဲ့သို့ ပြင်းထန်သည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရခြင်းမှာလည်း စစ်အစိုးရက အားစိုက်ကြိုးပမ်းနေသည့် “ဒီမို ကရေစီလမ်းပြမြေပုံ” အဆင့် ၇ ဆင့်၏ ပဉ္စမအဆင့်ဖြစ်သော လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာနိုင် သည့် အတိုက်အခံ အင်အားစုများကို ကြိုတင်ရှင်းလင်းထားခြင်းသာ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်မှု၏ ရည်ရွယ်ချက်မှာ ထိတ်လန့် တုန်လှုပ်သွားစေရန် စစ်ဆင်ရေးတခု ဆင်နွှဲခြင်းသာဖြစ်ပြီး လူထုများအကြား အကြောက်တရား လွှမ်းမိုးနေစေရန်နှင့် ရွေးကောက်ပွဲမတိုင်မီကာလတွင် အကြောက်တရား ကြီးစိုးနေ သည့် ၀န်းကျင်တခု ဖန်တီးထားရေးသာ ဖြစ်သည်။ စစ်အစိုးရက မျှော်လင့်ချက်ထားသည်မှာ မြန်မာနိုင်ငံရှိ ပြည်သူလူထု အဖို့ နိုင်ငံရေးနှင့် ကင်းကင်းနေစေရေးဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် သူတို့ စစ်အစိုးရ စိတ်ကြိုက် မဲခိုး၊ မဲလိမ် ချယ် လှယ်နိုင်စေရန် ဖြစ်သည်။
နိုင်ငံတကာမှ ပြစ်တင်ရှုံ့ချမှုများမှာလည်း အချိန်မှန်မှန် ထွက်ပေါ်နေခဲ့ပြီး ယခုတခါ နောက်ထပ်တကြိမ် ပြစ်တင်ပြောဆိုနေ ပြန်ပြီ ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရှိ သတင်းအရင်းအမြစ်များ အဆိုအရ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်းက မြန်မာနိုင်ငံအရေး ဆောင်ရွက်နေသည့် သူ၏ သံတမန်ရေး လုပ်ငန်းများကိုပင် ဆိုင်းငံ့ထားရန် စဉ်းစားနေသည်ဟု ဆိုလာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်နှင့် ရုရှား နိုင်ငံတို့ကလည်း နေပြည်တော်ရှိ မြန်မာဗိုလ်ချုပ်ကြီးများကို ကုလ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်း ဆက်ဆံရန် ဖိအားများ ပေးနေကြသည်ဟု အတည်ပြု ပြောကြားကြသည်။ ထို့အပြင် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲမတိုင်မီ ပြင်းထန်လာမည့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို လျော့ကျသွားစေရန်အတွက် အပြုသဘော ဆောင်သည့် လိုက်လျောမှုများ ပြုရန်လည်း တိုက်တွန်းနားချနေကြသည်။
သမိုင်းက တကျော့ပြန်လည်လာပြီဟု ဆိုရမည်ဖြစ်သည်။ ယခုအချိန်သည် ဗိုလ်ချုပ်မှူးကြီးအနေနှင့် ၎င်းကိုထောက်ခံနေ ကြသည့် နိုင်ငံတကာ အင်အားစုများ ကျေနပ်စေရန် ၀ှက်ဖဲတချပ် ထုတ်သုံးရတော့မည့် အချိန် ဖြစ်နေပေပြီ။ ဖြစ်နိုင်ခြေ တခုမှာ အတိုက်အခံခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ခြေ ရှိနေသည်။ အနီးစပ်ဆုံး မေလ၊ သို့မဟုတ် နောက်အကျဆုံး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ပြန်လွှတ်ပေးလာဖွယ် ရှိသည်။ ဤသို့ လွှတ်ပေးခြင်းဖြင့် စစ်အစိုးရအဖို့ မျက်နှာသာရလာစရာ အကြောင်း ရှိနေပါသည်။
ပထမအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် တရုတ်၊ ရုရှား၊ အာဆီယံနိုင်ငံများနှင့် စစ်အစိုးရ ဘက်တော်သား ထောက်ခံနေသူများအကြား ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများ လျော့ကျသွားလိမ့်မည်ကို သူသိနေသည်။ မကြာသေးမီက ဖိနှိပ်ချေမှုန်းနေမှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်ပင် ထောက်ခံပြောဆိုပေးရန် ခပ်ခက်ခက် ဖြစ်နေကြရသည် မဟုတ်ပါလား။
အကယ်၍ စစ်အစိုးရကသာ ပါးနပ်လိမ္မာပါက ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သို့မဟုတ် အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင်ကို သူတို့ဘက် ပါလာအောင် ဆွဲဆောင်စည်းရုံး နိုင်ပါသေးသည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေးဆောင်ရွက်နေသည့် သံလုပ်ငန်းအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် လာမှုအပေါ် အောင်မြင်မှုတခုသဖွယ် ဂုဏ်ယူနေရန် ရှိပါသည်။
ဤသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် စနစ်တကျ ဖိနှိပ်ဖြိုခွဲချေမှုန်းရေး လုပ်နေသည့်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများကို ပါးနပ်စွာ ရှောင်လွှဲနိုင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ထောက်ခံ အသိအမှတ်ပြုရမည့် အခြေအနေမျိုးလည်း ဆိုက်စေနိုင်သည်။
စစ်အစိုးရ ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နည်းနည်းမျှ အပေးအယူမလုပ်ဘဲ လွှတ်ပေးလိုက်လျှင်လည်း ဖြစ်နိုင်သည်ကို သိကြသည်။ အကယ်၍ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်လျှင်သော်မှ ဒေါ်စုက ရွေးချယ်ရခက်လှသည့် အခြေအနေမျိုး ကြုံရနိုင်သည်။ စစ်အစိုးရကို ထပ်၍ ဝေဖန်မည်ဆိုလျှင်လည်း နောက်တကြိမ် အချုပ်ထဲ ပြန်၍ထည့်ထားခံရမည့် တ၀ဲလည်လည် သံသရာထဲ ပြန်ကျရောက်သွားလိမ့်မည်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုလျှင် မည်သို့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုးမှ ဆက်လက်ဖြစ်ထွန်းလာရန် မရှိ ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲမှုများ လုပ်နိုင်သည် ဆိုဦးတော့ စစ်တပ်က လွှမ်းမိုးထားသော လွှတ်တော်နှင့် ၂၀၁၀ နောက်ပိုင်း စစ်အစိုးရဆင်ထားသည့် ဖွဲ့စည်းပုံ အနေအထားတွင် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲ မှုများ လုပ်ဆောင်သွားရန်ပင် ဖြစ်နိုင်ခြေ မရှိပါ။
ထို့ကြောင့် မေးခွန်းများ ထပ်မံပေါ်ပေါက်လာပြန်သည်။ စစ်အစိုးရ၏ မဟာဗျူဟာကို အတိုက်အခံများက မည်သို့ တန်ပြန်ကြမည်နည်း၊ အရေးအပါဆုံး ရလဒ် ၂ ခုဖြစ်သည့် "နိုင်ငံရေး အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးဆွဲရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး" ရည်မှန်းချက်များ ရရှိစေရန် မည်သို့ ဆက်လက်ဆောင်ရွက်ကြမည်နည်း ဟူသည့် မေးခွန်းများ ဖြစ်သည်။
လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံရှိ အတိုက်အခံနိုင်ငံရေးပါတီများက မူအပေါ်ခိုင်ကျည်စွာ ရပ်တည်၍ ဤ ရပ်တည်ချက်ကြောင့် ဖြစ်လာသည့် အစွမ်းခွန်အားကို ပြသခဲ့ကြသည်။ ယခုတကြိမ်တွင်လည်း မူအပေါ်ရပ်တည်မှုကြောင့် ဖြစ်လာသည့် ခွန်အားအစွမ်းကို တဖန်ပြန်၍ ပြသရတော့မည့် အချိန် ဖြစ်နေပေပြီ။
သို့သော် အနည်းငယ် ကသိကအောင့်နိုင်လှသည့် အချက်ရှိနေသည်။ ၎င်းအချက်မှာ အတိုက်အခံအင်အားစုများက ခွန်အားအာဏာအဖြစ် ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စကို အဓိကထားအခြေခံကာ မဟာဗျူဟာ ချမှတ်ရေး ဖြစ်သည်။ အကယ်၍ စစ်အစိုးရက အတိုက်အခံ အင်အားစုများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မဆောင်ရွက်လျှင်၊ အတိုက်အခံများက ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြန်လည်သုံးသပ်နိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးမှု မပြုနိုင်လျှင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြား အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်လိမ့်မည် မဟုတ်ကြောင်း မူအရ တိတိလင်းလင်း ထုတ်ပြန်ကြေညာရန် လိုအပ်နေသည်။
ဤမဟာဗျူဟာမှာ အတိုက်အခံအင်အားစုများအကြား မိမိက မှန်သည့်ဘက်မှ ရပ်တည်သည်ဟု ရဲရဲယုံကြည်၍ စင်ပေါ်က နေနိုင်သော ဗျူဟာတရပ် ဖြစ်ရုံမျှမက အကောင်အထည်ရှိသည့် နိုင်ငံရေး ရလဒ် ၃ ခု ရနိုင်ရန်အတွက် ကစားစရာ ၀ှက်ဖဲတချပ်လည်း ဖြစ်နေသည်။
ပထမတချက်မှာ တနိုင်ငံလုံး အနှံ့အပြားရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်ခြေအင်အားစုများ၊ ထောက်ခံသူများကို ပြန်လည်တက်ကြွလာအောင် နှိုးဆော်နိုင်ရုံမျှမက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ဆုတ်၍ ခုခံစစ်ဆင်နေကာ စစ်အစိုးရနောက်က လိုက်၍ တုံ့ပြန်နေရုံသာ လုပ်နေသောကြောင့် ဘေးဖယ်၍ ကြည့်နေကြသည့် တရားဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများကိုပါ နိုင်ငံရေးဆွေးနွေးငြင်းခုန်မှုများအတွင်း ပြန်ဝင်လာအောင် ဆွဲဆောင် နိုင်စေလိမ့်မည် ဖြစ်သည်။
လူအများနှင့် ဆက်ဆံစကားပြောရန် အစဉ်သဖြင့် ရှောင်ဖယ်နေခဲ့သည့် NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေအနေနှင့်လည်း ကိုယ်တိုင်ကိုယ်ကျထွက်၍ မြန်မာဘာသာဖြင့် အသံလွှင့်နေသည့် ပြည်ပအခြေစိုက် ရေဒီယိုဌာနများတွင် ဤရပ်တည်ချက် မူဝါဒနှင့် ပတ်သက်၍ ပြောဆိုသင့်နေပြီ ဖြစ်သည်။ NLD ပါတီအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ထား ကြောင်းနှင့် ပါတီ၏ တောင်းဆိုချက်များက မည်သို့ ဖြစ်ကြောင်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေးပြောကြား သင့်ပြီ ဖြစ်သည်။
ပါတီခေါင်းဆောင်မှု အနေနှင့်လည်း မိမိတို့၏လှုပ်ရှားမှုသည် အရေးပါ အရာရောက်သည့်နေရာတွင် ရှိနေပြီးသားဟု အလွယ် ယူဆမထားသင့်ပါ။ သူတို့၏ ရည်မှန်းချက်များကို လူအများသိအောင် ဆောင်ရွက်ရန် လိုအပ်ပြီး ကျင့်ဝတ် ရေးရာအရ (မူအရ) ထိုးစစ်ဆင်ခြင်းအဖြစ် ရှင်းလင်းသေချာစွာ ဆောင်ရွက်သင့်သည်။ မြှင့်တင်သင့်သည်။
ဒုတိယအချက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းအားဖြင့် စစ်အစိုးရ၏ အင်အား အခြေခံများကို လျော့နည်းသွားစေ လိမ့်မည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုထားကြသည့် တိုင်းရင်း သား အင်အားစုများက ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်မည့် အရေးကို ပြန်၍ စဉ်းစားလာကြပါလိမ့်မည်။
စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သူတို့လိုလားသည့် အခွင့်အရေးများထက် များစွာနိမ့်နေကြောင်း တိုင်းရင်းသား အုပ်စုများကလည်း ကောင်းစွာ သဘောပေါက်ထားကြပါသည်။
ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စသဖြင့်သော အဖွဲ့များက သူတို့ ၏ အဆွယ်အပွားနိုင်ငံရေးပါတီများမှတဆင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ကြရန် ပြင်ဆင်မှု ရှိကောင်းရှိနေနိုင်သော် လည်း စစ်အစိုးရ အလိုကျ သူတို့က ထောက်ခံပံ့ပိုးပေးလိုက်ရသည့် အဖြစ်မျိုး မဖြစ်ရလေအောင် ကြိုးပမ်းနိုင်စေ ပါလိမ့်မည်။ အထူးသဖြင့် သူတို့၏လက်နက်ကိုင်တပ်များ လက်နက်ဖြုတ်ရေးကိစ္စများနှင့် ပတ်သက်လာသည့်အခါ စဉ်းစားစရာ အချက် အများအပြား ရှိနေပါလိမ့်မည်။
အတိုက်အခံ အဖွဲ့များက ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်ခြင်းအားဖြင့် တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့များက လည်း ဤအချက်ကြောင့် နိုင်ငံရေးအရ အကြောင်းပြချက် ရစေနိုင်ပြီး မဟာဗျူဟာမြောက် ကစားနိုင်မည့် အခွင့် အရေးတရပ်လည်း ပေါ်ပေါက်လာနိုင်သည်။ စစ်အစိုးရက NLD ကိစ္စနှင့် လုံးပန်းနေရင်း အချိန်ကုန်စေမည်ဖြစ်သော ကြောင့် စစ်အစိုးရက ဆောင်ရွက်လာမည့် လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်ကို အံတုဆန့်ကျင်ခွင့် ကြုံစေမည် ဖြစ်သည်။
ထိုအခြေအနေ ကြုံရပါက စစ်အစိုးရ၏ နိုင်ငံရေး ကစားကွက်ကို ပိုမို ရှုပ်ထွေးခက်ခဲလာစေမည် ဖြစ်သည်။ အဆိုးဆုံး အနေအထားအရ ဆိုလျှင် တချို့ဒေသများ၌ တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲများ ပြန်လည် ဖြစ် ပေါ်လာနိုင်ဖွယ်ပင် ရှိနေသည်။ သို့ဆိုလျှင် အင်အားကောင်းသည့် ၀၊ ကချင်အဖွဲ့အစည်းများ အခြေချနေကြသည့် တရုတ် -မြန်မာ နယ်စပ်၏ ပြန်လည်ပေါက်ကွဲလုနီး အခြေအနေအပေါ် မူတည်၍ တရုတ်နိုင်ငံကလည်း မြန်မာ့အရေးကို ပိုမို သတိကြီးကြီးထား ကိုင်တွယ်လာလိမ့်မည် ဖြစ်သည်။
ဤသို့ ကျင့်ဝတ်ရေးရာအရ အပေါ်စီးယူ၍ သပိတ်မှောက်သည့် ဗျူဟာကြောင့် အတိုက်အခံအင်အားစုများ ရလာနိုင်သည့် နိုင်ငံရေးအကျိုးအမြတ်တခုမှာ နိုင်ငံတကာ အင်အားစုများအပေါ်တွင် သိသိသာသာ ဖိအားဖြစ်ပေါ်လာစေနိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရ၏ "လမ်းပြမြေပုံ" ကို မြန်မြန်အဆုံးသတ်စေလိုသောကြောင့် အတိုက်အခံအဖွဲ့များကို သင့်လျော်သည့် တောင်းဆိုမှုများသာ လုပ်စေချင်နေုသော နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း စဉ်းစား ချင့်ချိန်ဖွယ် ရလာစေမည် ဖြစ်သည်။
သို့သော် ဤအခြေအနေများအားလုံး သက်ဝင် ဖြစ်ပေါ်မလာမီ အတိုက်အခံ နိုင်ငံရေးပါတီများအနေနှင့် ပျော့ပြောင်း ညင်သာမှုပြသရန် လိုနေပါသေးသည်။ စစ်အစိုးရ၏ လမ်းပြမြေပုံတခုလုံးကို လုံးဝငြင်းပယ်နေခြင်း မဟုတ်ကြောင်းကို လည်း သေချာရှင်းလင်း ပြောပြထားသင့်ပါသည်။
အကယ်၍ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် သဘောတူလာခဲ့ပါလျှင် အတိုက်အခံအဖွဲ့အစည်းများ အနေနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံကို ထောက်ခံရန် စဉ်းစားနိုင်ပါ သည်။ ထိုမျှမက အတိုက်အခံ အင်အားစုများက နိုင်ငံတကာ၏ စာနာမှုဆိုင်ရာ အကူအညီများကို မကန့်ကွက်ကြောင်း၊ ကြိုဆိုကြောင်းလည်း ကြိုတင်ရှင်းလင်းစွာ ပြောထားသင့်သည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆင်းရဲတွင်း နက်သထက် နက်လာနေပြီး ပိုမို ခက်ခဲကြပ်တည်းသည့် ကပ်ဘေးဆိုက်နေရပြီ ဖြစ်သောကြောင့်လည်း ဤသို့ အကူအညီများ ရရှိရန် လိုအပ်နေခြင်း ဖြစ်သည်။
ထိုအချက်များ အားလုံးကိုခြုံလျှင် ယခုအခြေအနေသည် အတိုက်အခံ အင်အားစုများအနေနှင့် ကျင့်ဝတ်ရေးရာအရ အမြင့် ဆုံးနေရာကို ယူ၍ သိမ်းပိုက်ရတော့မည့် အချိန် ဖြစ်သည်။ ဤသို့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အသာစီးရနေမှုကို ခွန်အားအာဏာနှင့် အခွင့်ကောင်းအဖြစ် ပြောင်းလဲ အသုံးချရမည် ဖြစ်သည်။ သို့သော်လည်း ဤရွေးချယ်လမ်းကို လျှောက်လှမ်းကြရမည့် အရေးမှာ မလွယ်ကူလှပါ။ စစ်အစိုးရက နည်းမျိုးစုံသုံး ညစ်ပတ်၍ အတိုက်အခံအင်အားစု များကို ဖြိုခွင်းချေမှုန်းမှုနှင့် ကြုံရနိုင်ပါသေးသည်။
တချို့သောဝေဖန်သူများက ဤနည်းဗျူဟာသည် မြန်မာအတိုက်အခံများအတွက် အသစ်မဟုတ်လှကြောင်း၊ အမှန်တရားဖက်က ရပ်သည့်မူကို ကိုင်ပြီး ကစားခဲ့သည့် ကစားပွဲတွင် ယခုတိုင် ရှုံးနိမ့်နေရသေးကြောင်း ဆိုလာနိုင်ပါသေးသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပျော့ပြောင်းသည့် သဘောထား ရပ်တည်ချက်များ အကြိမ်ကြိမ် ပြသခဲ့ပြီး အကျိုးမဖြစ်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ ယခုအချိန်တွင် အတိုက်အခံများက ဆောင်ရွက်ရန် လိုအပ်နေသည့် အချက်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မှန်ကန်သည့်၊ မူအရမှန်သည့် အပေါ်စီးအနေအထားကို ယူ၍ ပါးနပ်စွာ လူ အများ လက်ခံလာအောင် ဆောင်ရွက်ရေးပင် ဖြစ်သည်။ ဤမူကို မဟာဗျူဟာအဖြစ် အသွင်ပြောင်း၍ အချိန်ကိုက် သေချာ သတ်မှတ်ထားသည့် နိုင်ငံရေးရလဒ်များ ရရှိရေးအတွက် ပူးပေါင်းဆက်စပ်မှုရှိစွာ ဆောင်ရွက်ရေးပင် ဖြစ်သည်။
ဤအချက်သည်ပင် အတိုက်အခံများအတွက် ပထမဦးဆုံး ပင်မ ခွန်အားအာဏာဖြစ်ပြီး ဤလမ်းအတိုင်း ဆက်လျှောက် မည်ဟု ၂၀၀၉ ခုနှစ်အတွက် သံန္နိဌာန်ချမှတ် ဆောင်ရွက်သင့်ပေသည်။
မင်းဇင်ရေးသားသည့် New Year’s Resolutions for the NLD ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ကိုမင်းဇင်သည် ပြည်ပအခြေစိုက် မြန်မာသတင်းထောက် တဦးဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာ့ကလေ) သတင်းစာပညာ ကျောင်းတွင် စာသင်ကြား ပို့ချနေသည့်ဆရာ ဖြစ်ပါသည်။
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါ၏ ။
Sunday, January 4, 2009
ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း - ရေးသည်
(ဤဆောင်းပါးမှာ ဂျပန်ခေတ် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ပါရှိသော ဆောင်းပါးဖြစ်သည်)
၁၉၃၈ ခု၊အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စကို၎င်း၊ ကျွန်ုပ်၏ ရှေ့အလားအလာများကို၎င်း တပါတည်းအပြီးသတ်စွန့်လွှတ်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့်အခါမှစ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့်အရေးကို ကျွန်ုပ်၏ အသိဥာဏ်အတွင်း ထင်းကနဲ ပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉၄ဝခုလောက်၌ ကမ္ဘာစစ် ဖြစ်မည့်အရေးကို ကျွန်ုပ်တို့တစ်စုတွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက်ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီး များ၌ လုံးဝပြီးစီးမည်ဖြစ်သောကြောင့်လည်းကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့ လူစုမတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ပြောဆိုဆွေးနွေးကြ၏။
သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလြွဲဖစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန် အတိအကျကား ပြောဆိုနိုင်ခဲ့သည် မဟုတ်သော်လည်း မြူးနစ်မြို့၌ အင်္ဂလိပ်နန်းရင်းဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့ မထောက်နိုင်ရှာတော့ဘဲ ဟာရ်ဟစ်တလာ ကြေအေးနှစ်သိမ့်ရေးအတွက် ဦးနှိမ်လိုက်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သဲထိပ်ရင်ဖို သိရှိရ လေတော့၏။
ကမ္ဘာစစ်ကြီးအမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေအနေကား အသို့နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း။ ဤပြဿနာများကားကျွန်ုပ်ရှေ့တွင် အလျှိုလျှို တသီကြီး ပေါ်လာလေတော့၏။ တခုတည်းသော အဓိဌါန်ကို ရုတ်ခြည်းပြုလိုက်၏။
ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့၊ နိုင်ငံရေး ဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏ နိုင်ငံ လွတ်လပ်ရေးအတွက်မနေမနား စွန့်စားလုံးပမ်းတော့အံ့။
ဤအဓိဌါန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း အခွင့်ထူး ရွှေလမ်းကြီး ဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ချိမ့်မည်နည်း။ ဟိသစ္စံ၊ ထိုစကားမှန်၏။ ကျွန်ုပ်အတွက် မှန်လှ၏။ ကျွန်ုပ်လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတေ့ွေ .ရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ အမြစ်ပါ နုတ်၍ချေတော့အံ့။ သခင်အစည်းအရုံးမှ တဆင့် နိုင်ငံလွတ်လပ်ရေး တိုက်ရန် တိုက်ပဲအွ တွင်းသို့ ကျွန်ုပ်စတင် သက်ဆင်းမိခဲ့လေသည်။
ကျွန်ုပ် သခင် ဘဝတွင်းဆင်းမိသည်နှင့် တပြိုင်နက် သပိတ်မှောက်မှု၊ စီတန်းလမ်းလျောက် အင်အားပြမှု တော်လှန်ရေးဒီလှိုင်းတံပိုးတို့သည် တနိုင်ငံလုံး ဖုံးလွှမ်းသွားခဲ့လေသည်။ ဗြိတိသျှ အစိုးရကလည်း ထကြွမှုများကို ငဲ့ညာမှုမရှိ ပြင်းထန်စွာ တန်ပြန် တိုက်လေတော့၏။ ကျွန်ုပ်နှင့်တကွ ကြံရာပါ ဖေါ်တသင်းသည် (ကျွန်ုပ်တို့ကို ဖမ်းချုပ် လိုက်သည့် အင်္ဂလိပ်မင်းကြီး စကားအတိုင်း သုံးရက) အစိုးရအဖွဲ့ကို အင်နှင့်အားနှင့် တော်လှန်လုပ်ကြံမှုဖြင့် အစစ်အဆေးမရှိ ရန်ကုန်ထောင်တွင်း အတန်ကြာမျှ အကျဉ်းချထားခြင်း ခံလိုက်ကြရ၏။
အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏ အနည်းငယ်မျှသော လက်ရာသည် ပါသည်မှန်၏။ ပြောပြ လောက်သောလက်ရာကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန်ယူနေပြီဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍ ပေါ်လာရမည့် မဝေးလှတော့သောဗမာ့လွတ်လပ်ရေးအရေးတော်ပုံကြီး၊မဟာအခါကြီးများအတွက် နိဒါန်း ကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင်မြင်မိတော့၏။
ဥရောပစစ်
ကျွန်ုပ်ထင်သကဲ့သို့ပင် အမှန်ပင် စစ်ဖြစ်ရတော့၏။ ၁၉၃၉ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပစစ် စတင် တိုက်လေသည်။ (ကျွန်ုပ်၏ အမှတ်အသား မမှားပါက) စစ်မကြေငြာမီ ၂ ရက်ကပင် တို့ဗမာအစည်းအရုံး ပြည်လုံးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးပွဲကို ကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ်ရေးကို ချစ်သူအားလုံးပါဝင်၍ တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော် ၏ ဆင်းရဲသား အစည်းအရုံးကို အခြေထားလျက် ဗမာ့ထွက်ရပ်ဂုဏ်းတခု တည်ထောင်ရန်ကို ဆုံးဖြတ်ခဲ့ကြလေသည်။
အမှန်ပေါ်ပေါက်လာတော့မည်ဖြစ်သော ကမ္ဘာစစ်ကို ကြိုတင်၍ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်၏။ ဤ ဆုံးဖြတ်ချက် အတိုင်းပင်ဗမာ့ထွက်ရပ်ဂုဏ်းကြီးကိုလည်း ဖွဲ့စည်းမိလေသည်။ ထိုဂုဏ်းကြီး ပြန့်ပွါးမှုအတွက် အနည်းငယ် မျှသာ စီမံရစဉ်မှာပင် ဗြိတိသျှ အစိုးရသည် နိုင်ငံအနှံ့ ဖမ်းဆီးချုပ်နှောင်မှုများကို စတင်ပြုလုပ်လုပ်ရကား အဖမ်းခံ ရသူများအထဲတွင် အရာရောက်သော ထွက်ရပ်ဂုဏ်း ခေါင်းဆောင်များ အားလုံးလောက် ပါဝင်သွားလေတော့သည်။

ကျွန်ုပ်ကား တယောက်တည်း လွတ်ကျန်ရစ်သည်။ ကျွန်ုပ်အား အမှန်ဖမ်းမည့် အရေးမှာလည်း လျှို့ဝှက်ထား ချက်ပင်ဆိုသော်လည်း အများသိပြီးဖြစ်လေပြီ။ ကျွန်ုပ်မှာလည်း ထိုအခါက အိန္ဒိယတွင် ရမ်ဂါကွန်ဂရက် အစည်းအဝေးတက်ရောက်၍ဂန္ဒီ၊ဂျဝါဟာလ်လာနေရူး၊ဆူဘတ်စ်ဘို့စ်အစရှိသောကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ဆုံ ပြီး ဗမာနိုင်ငံသို့ ပြန်ရောက်စဖြစ်၏။
အိန္ဒိယနိုင်ငံတွင် ကျွန်ုပ်တို့သွားလေရာတို့၌ နောက်က အစိုးရစုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက် နေကြောင်းသိခဲ့၏။ ဗမာနိုင်ငံသို့ ကျွန်ုပ်ပြန်ရောက်သည်ဆိုလျှင်ပင် ကျွန်ုပ်တို့ အိန္ဒိယတွင် လုပ်ကိုင်ခဲ့သမျှ ကိစ္စများ နှင့် ပတ်သက်သော အစီရင်ခံစာတို့ကို စီရင်စုတိုင်းရှိ အရာရှိကြီးများထံ ဝေငှပေးပို့ထားကြောင်း သိရှိရ၏။ သခင် အစည်းအရုံးကို မတရား အစည်းအရုံးအဖြစ် ကျေငြာလိမ့်မည်ဟူသော သတင်းများမှာလည်း ပြန့်လျက်ရှိလေသည်။
ပေါ်ပေါက်လျှက်ရှိသော အခြေအနေအားလုံးကို ခြုံ၍ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီးနောက် ပေါ်ပေါ် ထင်ထင် မနေဘဲ ခပ်လျှိုးလျှိုးနေခြင်းသာ ကောင်းမည်ဟု တွေးတောမိသည့်အလျောက် ကြုံလာမည့်အရေး ဟူသရွေ့ကို ရင်ဆိုင်ရန် အသင့် စီစဉ်ရလေသည်။ သို့သော်ကျွန်ုပ် စီစဉ်သရွေ့ကို အပြီးအစီးမစီစဉ်ရသေးမီ ကျွန်ုပ်၏ ရဲဘော် အားလုံးလောက်ပင် ထောင်တွင်းရောက်ကုန် ကြလေပြီ။
ခြေရာပျောက် လျှိုး၍နေရန်ကို လောလောဆယ် ကျွန်ုပ်စီမံရလေတော့၏။ ခြေရာဖျောက်မိပြီး မကြာမီပင် ကျွန်ုပ်အား ဖမ်းဆီးရန် ဝရမ်း ထွက်၍ လာလေတော့သည်။ ဆံခြည်တစ်လုံးခြား လွတ်မြောက်သွားရခြင်းတည်း။ ဤသို့သာ မလွတ်မြောက်ပါက ကမ္ဘာစစ်ကြီး တာရှည်သလောက်မျှသာမကမူဘဲ ကမ္ဘာ့အရှေ့ပိုင်းတွင် အင်္ဂလိပ် အခြေသေချာ တည်မြဲသည့် အချိန်ထိ ကျွန်ုပ်၏ ဘဝကို အကျဉ်းထောင်တွင် မြုပ်နှံခြင်း ပြုရတော့မည်ဖြစ်ရကား၊ အလုပ်မရှိ အချိန်အားသည်နှင့်အမျှ အရေးမပါသည့်ဒေါသကို မျိုသိပ်ကာသာ ဘာကိုမျှလုပ်နိုင်မည် မဟုတ်သော ဘဝသို့ ရောက်ရတော့မည်အမှန်။
ဤနေရာ၌ ကြားဖြတ်သဘောဖြင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကလေးကို ချုပ်၍ ပြောရဦးမည်ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေးသမား တယောက်အဖြစ် ရှောင်တိမ်းမနေရခင် ရန်ကုန်တက္ကသိုလ် သမဂ္ဂမှ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးတစ်ဦးအဖြစ်ရေွး ကောက်တင်မြောက်ခဲ့၏ ။ အစည်းအဝေးတစ်ကြိမ်မျှသာ တက်ရောက် နိုင်ခဲ့၏။ ထိုအချိန်မှာပင် ပြင်သစ်နိုင်ငံကြီး မလြွှဲပိုအက် ပျက်ပြားမည့် အရိပ်နမိတ်တို့သည် ထင်ရှားလာလေသည်။ ပြင်သစ် သမတ ဥက္ကဌ အမ်ရေနဒ်သည် ရုစဘဲ့လ်ထံသို့ နောက်ဆုံး အသနားခံလိုက်သော အခါတည်း။ထိုအခါက ဗမာနိုင်ငံ ပညာမင်းကြီးဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် ပုဂ္ဂိုလ် တဦးဖြစ်ခဲ့၏။
အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးအပြီးတွင် ကင်းဘဲလ်သည် ကျွန်ုပ်အား သူ့ကားနှင့် တင်ခေါ်ခဲ့၏။ အင်္ဂလိပ် အရံစာရင်းဝင် ဗိုလ်မှူးလေး(မေဂျာ) တယောက်ဖြစ်ရုံသာမက အလွန်ထက်လှသည်ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုးတယောက်က ကျွန်ုပ်အား ဤသို့ ကားနှင့်တင်ခေါ်ခြင်းမှာ အလွန်ထူးခြားလာလေသည်။ ပိုထူးခြားချက်ကား ကျွန်ုပ်ကဲ့သို့သော သံမဏိ ဗြိတိသျှ ဆန့်ကျင်ရေးသမား တယောက်ကို ယခု စစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့်အကြောင်း သနားစဖွယ် တုန်ယင်သော အသံဖြင့် တောင်းပန်ခြင်းပင် ဖြစ်လေသည်။ ကျွန်ုပ်က သူတောင်းပန်သကဲ့သို့ မလုပ်နိုင်သဖြင့် ဝမ်းနည်းလှကြောင်းနှင့် စကားချီကာ အင်္ဂလိပ် ဓနရှင်စနစ်ကို ဖြိုဖျက်ရန်သာကျွန်ုပ်လုပ်ရလိမ့်မည့် အကြောင်းကို ပြန်ပြောလိုက်ရ၏။
အရှေ့သို့
အရေးတော်ပုံကို ဆက်ရမည်ဆိုသော် ကျွန်ုပ်တို့ ထောင်အပြင်ဘက်တွင် ကျန်ရစ်သူတစုမှာ စုဝေးစည်းရုံး၍ လက်နက်စွဲကိုင်ကာ တော်လှန်ရေး ပြဿနာကို ဆွေးနွေးမိကြတော့သည်။ ကျွန်ုပ်တို့တွင် လက်နက်လည်းမရှိ၊ ဘယ်သို့ လက်နက်ရအောင် ရှာရမည်နည်း။ ဤ ပြဿနာသည် ပေါ်ပေါက်လာလေတော့၏။
နောက်တစ်လ နှစ်လ အခါက ကျွန်ုပ်တို့သည် ဝင်ရိုးတန်း သူလျှိုတစ်ယောက်နှင့် တွေ့ဆုံမိကြသဖြင့် နိုင်ငံတွင်းမှနေ၍ အုပ်ချုပ်ရေး ဖျက်ဆီးမှုများကို အနှံ့အပြားပြုလုပ်ကြရန် စီစဉ်ခဲ့ကြသေး၏။ သို့သော် ထိုအစီအစဉ် များအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုအတွင်းမှာပင် ကျွန်ုပ်တို့၏ အဆက်အသွယ်မှာ နှောင့်ယှက်မှုများကြောင့် ပျက်ပြားသွားရလေသည်။ နောက်ထပ်တဖန် အဆက်အသွယ်ရအောင် ကြံကြပါသေး၏။ ဆက်သွယ်ရေး တာဝန်ကျသော ရဲဘော်အချို့ အဖမ်းခံကြရပြန်သဖြင့် နောက်ထပ်တဖန် အဆက်အသွယ်ရရန် အရေးသည်လည်း ပျက်ပြားရပြန်လေသည်။
ဗမာ ရော်ဂျာကေးစ်တစ်ယောက် ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကျွန်ုပ်တို့အားလုံး သဘောကြိုက်ညီကြ၏။ ကျွန်ုပ်၏ ကိုယ်နှင့်အသက်ကို ပင် ဗမာရော်ဂျာကေးစ်အဖြစ်ယူရန် နိုင်ငံအတွက် စွန့်လှူလိုက်၏။
ထို့ကြောင့် ၁၉၄ဝ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ဂျာမဏီလေတပ်ကြီးက ရာဇဝင်တွင် မကြုံဘူးသော လေကြောင်းစစ်ပြွဲကီးဆင်နွှဲကာ လန်ဒန်မြို့ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာနိုင်ငံတော်ကို တရုပ်သင်္ဘောသားများ စီမံ ခန့်ခွဲ မောင်းနှင်သည့် နော်ဝေပိုင် သင်္ဘောပေါ်တွင် .ိတ်တဆိတ် ပုန်းအောင်းထွက်ခွါ လိုက်ပါသွားရလေတော့သည်။
ယခုအခါ တပ်ပေါင်းစု ဗိုလ်တစ်ဦး ဖြစ်နေပြီဖြစ်သော ရဲဘော်တစ်ဦးလည်း ကျွန်ုပ်တို့နှင့်အတူ ကူညီဖေါ် အဖြစ်ပါခဲ့၏။ ကျွန်ုပ်၏ ခရီးဆုံးဌါနမှာ အမွိုင်မြို့ဖြစ်၍ ထိုမြို့မှနေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာရှိသည့် ကိစ္စအများကို ခန့်ခွဲ စီမံရမည်ဖြစ်၏။
ကျွန်ုပ်အဖြစ်ကား သန်းခေါင်လကွယ် တောအုပ်လယ်၌ ရောက်သူပမာ ရှိနေတော့သည်။ ကျွန်ုပ်သွားရမည့် နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတခုမျှမသိ၊ ဆွေလည်းမရှိ၊ မျိုးလည်းမရှိ၊ ကမ္ဘာ့အရှေ့ပိုင်းသားသည် အရှေ့ပိုင်း အကြောင်း အတုအယောင် မျှလောက်သာသိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ။
တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေမဂ္ဂဇင်း စာတိုက်အဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဟောပြောချက်များကို နာကြားရ၏။ ထိုအခါ အသိဌာဏ်တစ်ခုသည် ကျွန်ုပ်ဦးနှောက်တွင်း ပွင်းလင်းလာ၏။ ထို့ကြောင့် သမဂ္ဂ ကျေညာချက်တွင်၎င်း၊ အိုးဝေမဂ္ဂဇင်းတွင်၎င်း နိုင်ငံတော် ပညာတော်သင်များအား အနောက်နိုင်ငံသို့ လွှတ်ရိုးလွှတ်စဉ်အတိုင်း မလွှတ်ဘဲ အရှေ့အာရှဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း၊ အရှေ့ကို ရှေ့ရှုသင့်ကြပြီ ဖြစ်ကြောင်းများကို ရေးသားခဲ့ဘူး၏။ ဗမာနိုင်ငံလုံးအနှံ့ သပိတ်မှောက်မှုများ ပေါ်ပေါက်လာပြီးနောက် ထိုအခါ ဝန်ကြီးချုပ်အဖွဲ့က ပညာတော်သင်များကို ဂျပန်သို့လွှတ်စ ပြုခဲ့လေသည်။
ကျွန်ုပ် သခင်ဖြစ်လာသည့်အခါတွင် ကျွန်ုပ်တို့ယနေ့တိုင် လမ်းလွှဲလိုက်လျှက် ရှိကြသည်ကို ထင်မြင်လာ၏။ အာရှနိုင်ငံရေးသဘောများကို နှံ့စပ်ချောက်ချားအောင် ရှာဖွေဆည်းပူးသင့်ပါလျှက် ကျွန်ုပ်တို့၏ အဖိုးထိုက်လှသော အချိန်များကို မဆီမဆိုင်လှသောအနောက်နိုင်ငံ အရေးများကို လေ့လာရခြင်းဖြင့် ဖြုန်းခဲ့ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ်တွင် ပညာဆည်းပူးစဉ်ကနိုင်ငံသမိုင်းကို ဘာသာတရပ်အဖြစ် ယူခ့မဲိ၏။ ထိုသမိုင်း မှာလည်း အနောက်ပိုင်းသမိုင်းသာတည်း။
ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမွေဖြစ်သော အလွန်ရှေးကျခဲ့သည့် ယဉ်ကျေးမှုကြီးများ ပေါက်ဖွါး တည်ထွန်းရာ တရုပ်နိုင်ငံကြီးနှင့်ခေတ်သစ်နိုင်ငံကြီးဖြစ်သော ဂျပန်စသောအရှေ့နိုင်ငံများ၏ အကြောင်းကိုကား ဝိုးဝါးမသေချာ မျှသာ သိခဲ့ရ၏။ မဟာ အရှေ့ အာရှအကြောင်း၊ အထူးသဖြင့် နပွန်သမိုင်းကို လေ့လာရန် စိတ်ပိုင်းဖြတ်မိချက်မှာ အထူးနှောင်းသွားလေသည်။ စာအုပ်ဆိုင်များရှိ စာအုပ်များမှာလည်း အင်္ဂလိပ်၊ အမေရိကန် ဝါဒဖြန့် စာအုပ်များ သာဖြစ်၏။ ဂျပန်သည် အင်္ဂလိပ်အား တိုက်ရမည်ဟူသော စာအုပ်တစ်အုပ်သာလျှင်ကျွန်ုပ်စိတ်ကြိုက်နှင့်တိုက်ဆိုင်မိသည်။ ဌိုစာအုပ်ဖတ်ပြီးသည်က စ၍ ဗမာ့လွတ်လပ်ရေးသည် အရှေ့ဘက်တွင်သာရှိ၏။ အရှေ့ရှိနိပွန်တို့နှင့်သာရှိ၏ဟူသော အချက်ကို ကျွန်ုပ်များစွာ ယုံကြည် နှလုံးသွင်းမိခဲ့တော့၏။တက္ကသိုလ်တွင်ရှိစဉ်ကလည်း (ခေတ်သစ် ဂျပန်၏ တစတစ တိုးတက်မှု)၊ (ခေတ်သစ်ဂျပန်)၊ (ဂျပန်နိုင်ငံဖြစ်) နှင့်နိုင်ငံခြားရေးရာဆိုင်ရာ အသင်းမှ ၃လတကြိမ်ထုတ်ဝေသည့် (ခေတ်ပြိုင်ဂျပန်) ခေါ် ဂျာနယ် စသော စာအုပ်များလောက်ကိုသာဖတ်ခဲ့ရဘူး၏။ ထို့ကြောင့်ပင် ကျွန်ုပ် အရှေ့သို့ ထွက်လာသည့်အရေးမှာ အမှောင်တိုက်တွင်း သက်ဆင်းသည်နှင့် တူလှ၏ဟု ကျွန်ုပ်ဆို၏။ လူငယ်တို့ တရှုးထိုး (တုံးတိုက်ကျားကိုက်)စိတ်၏ လှုံ့ဆော်မှု ကြောင့်သာ ထွက်ခဲ့မိခြင်းဖြစ်သတည်း။
အလုပ်အစီအစဉ်ဟူ၍ အတိအကျ ဘာမှရှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင်တတ်သမျှ ဥာဏ်ဖြင့် သာကြုံရမည့် အရေးဟူသရွေ့ကို စီမံအုပ်စီးရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန်လွှဲအပ်လိုက်ခြင်း ဖြစ်လေ သည်။ အဘယ်သို့ပင်ဖြစ်စေ ငါသည် အကယ်၍သေသွားသည့်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းသာဖြစ်သည်ဟု ကိုယ့်ကိုကိုယ် နှစ်သိမ့်ရတော့၏။ ၁၉၄ဝ ခုနှစ်၊သြဂုတ်လ ၂၄ ရက်တွင် အမွိုင်မြို့သို့ ရောက်ခဲ့လေသည်။
နိပွန်နိုင်ငံတွင်
အမွိုင်မြို့၌ ၂ လကြာစောင့်ဆိုင်းပြီးနောက် နိပွန် ဗိုလ်မးကလေးတစ်ဦး ကျွန်ုပ်တို့အား အခေါ်လွှတ်ကာ ဗမာနိုင်ငံရှိ ကျွန်ုပ်တို့၏ရဲဘော်များက ပို့လိုက်သော ကျွန်ုပ်တို့၏ ဓါတ်ပုံများကို ပြသလျှက် တိုင်ဝမ်ကျွန်းရှိ မစ္စတာ မီနာမီ ဆိုသူနှင့် တွေ့ကြုံလိုစိတ် ရှိမရှိမေးလေသည်။ တွေ့ရမည်ဆိုက အထူးဝမ်းမြောက်သည့် အကြောင်းပြောပြ သည်ကို အကြောင်းပြု၍ ကျွန်ုပ်တို့ တိုကျိုမြို့တော်သို့ ၁၉၄ဝ ခု၊နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်သွားလေ တော့သည်။
ဟနေဒါ လေယဉ်ပျံကွင်းတွင် ဗိုလ်မးကြီး (ဝါ) မစ္စတာမီနာမီသည် ကျွန်ုပ်တို့အား သူ့လက်ထောက်တဦးနှင့် အတူလာရောက်ကြိုဆိုလျှက် ရှိလေသည်။ ကာနယ် စူဇူကီးနှင့်အတူ ကျွန်ုပ်တို့သည် တိုကျိုမြို့တော်၌ ၃လကြာမျှ အလုပ်အစီအစဉ်များကို လုပ်ကိုင်စီစဉ်ကြပြီးနောက် ဂျပန်သင်္ဘောတစင်းဖြင့် ဗမာနိုင်ငံသို့ ပြန်ခ့၍ဲ ကျွန်ုပ်တို့၏ လုပ်စရာ လုပ်ငန်းများကို သိရှိစေခဲ့ရ၏။
ရန်ကုန်မြို့သို့ ၁၉၄၁ခု၊ မတ်လ ၃ ရက်တွင် ရောက်၍ မတ်လ ၉ ရက်နေ့ထိနေ၏ စစ်ပညာသင်ကြားရန် အတွက် ပထမ နိုင်ငံချစ်လုလင်တစုကို ကျွန်ုပ်နှင့် တပါတည်းခေါ်ဆောင်ခဲ့ကာ တိုကျိုမြို့သို့ သင်္ဘောဖြင့် ပြန်လာခဲ့၏။ မတ်လ၂၇ ရက်တွင် တိုကျိုမြို့သို့ရောက်ခဲ့သည်။ ၁ဝ ရက်ခန့်မျှ တိုကျိုတွင် နေပြီးနောက် စစ်အတတ်သင်ကြားရန် ဟိုင်နန်ကျွန်းသို့ ကျွန်ုပ်တို့တစ်စု ထက်ွခြဲ့ကလေသည်။
ဇူလိုင်လလောက်တွင် ဗမာနိုင်ငံတွင်းသို့ လက်နက်များ ပို့ဆောင်ရေးကို မစ္စတာစူဇူကီးနှင့်အတူ ဆောင်ရွက်ရန် ကျွန်ုပ် ဟိုင်နန်မှ ယိုးဒယားသို့ ထွက်ခဲ့လေသည်။ သို့သော် အင်ဒိုချိုင်းနားကို အတူပူးပေါင်း ကာကွယ်ရေး စာချုပ်တခု နိပွန်နှင့် ပြင်သစ်တို့ ချုပ်ဆိုပြီးသည့်အခါတွင်ကား နိုင်ငံချင်း ဆက်သွယ်ရေးသည် အတော်ပင် ပျက်ပြား ဆိုးရွားလာလေရကား ကျွန်ုပ်မှာ နောက်ပိတ်ဆုံး အစီအစဉ်များကိုအပြီးသတ် စီစဉ်ဆွေးနွေးပြုလုပ်ရန် ဟိုင်နန်သို့ပြန်ခဲ့ရ၏။ ထိုမှတဖန် တိုကျိုမြို့သို့သွားရပြန်လေသည်။ အောက်တိုဘာလ အတွင်း၌တဖန် ဘန်ကောက်သို့ ထွက်ခဲ့ရပြန်၏။ သို့သော် အရှေ့အာရှ စစ်မကျေငြာမီ ၂ ရက်လောက်တွင် ဆိုင်ဂွန်းမြို့သို့ ပြန်ပြေးခဲ့ရ၏။ စစ်ကျေငြာပြီးနောက် ယိုးဒယားနေ ဗမာများနှင့်ပင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းရန်အတွက် ဘန်ကောက်သို့ပြန်သွားရ၏။
ဗမာ့လွတ်လပ်ရေးတပ်မတော်
ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ကြောင်းသုံးကြောင်း ဖြန့်ကာ ဗမာနိုင်ငံအတွင်းသို့ ဝင်ခဲ့၏။ (တနင်္သာရီမှ ဝင်သည်)။မြောက်ဖက်၌ မဲဆောက်မြို့မ၎င်း၊ တပ်မကြီးသည် မြစ်သာမ၎င်း၊ ဝိတိုရိယအငူမှ၎င်း ဝင်ရောက်ခဲ့ကြ၏။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ရန်သူ့သံချပ်ကာ ကားများနှင့်ပင် ပဲခူးအနီး၌ တိုက်ကြရ၏။ မြိတ်မြို့ကို သိမ်းခဲ့၏။ ထားဝယ်သိမ်းရန်ကို နိပွန်တို့အား တွဲဖက်ကူညီပေးခဲ့၏။ ဟင်္သာတတွင်၎င်း၊ ဖျာပုံတွင်၎င်း တိုက်ပဲမျွားကို နွှဲလိုက်သေး၏။ မြစ်ဝကျွန်းပေါ် တစ်ခုလုံးကို သိမ်းရာတွင် ပုသိမ်၊ မြောင်းမြတို့ကို သိမ်းနိုင်ခဲ၏။
ဒေးဒရဲ၌ လေယဉ်ပျံနှစ်စင်းကို ပစ်ချခဲ့၏။ ရွှေတောင်တိုက်ပွဲတွင်ကား ပြင်းထန်ရွတ်ချွံစွာ တိုက်ခိုက်ကြ၏။ ရွှေကျင်မှာလည်းတိုက်ခဲ့သည်။ အထက်နိုင်ငံ သိမ်းယူတိုက်ခိုက်ရေးတွင် ရန်သူများအား စစ်ပရိယာယ်ဆင်၍ ဝိုင်းမိအောင် နိပွန်တပ်မတော်ကြီးအားကူညီရာ၌ ဧရာဝတီအနောက်ကြောင်း ချီတက်ကူညီပေးခဲ့၏။ နိပွန်တို့နှင့်အတူ တိုက်ကာ ရခိုင်ကို သိမ်းကြ၏။ နိုင်ငံတွင်း ငြိမ်ဝိပ်ပိပြားမှုကိုတဖက်တလမ်း ကူညီဆောင်ရွက်လိုက်ရပြန်၏။
ဗမာ့ကာကွယ်ရေးတပ်မတော်
အမြဲတမ်း စစ်တပ်ကြီး တစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ ခု၊ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ ကာကွယ်ရေး တပ်မတော် ဟူ၍ ပြောင်းလဲဖဲ့စွ ည်းလိုက်လေသည်။ ကျွန်ုပ်မှာ ထို တပ်မတော်၏ ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ရ၏။ ဗမာ့ကာကွယ်ရေး တပ်မတော်သည် ယခုအခါ စစ်မျက်နှာ၌ နိပွန်တို့နှင့် အတူ တွဲဖက် တိုက်ခိုက်နေပေပြီ။
ငါတို့၏လုပ်ငန်း
ဗမာနိုင်ငံ၏ ကြမ္မာနှင့်ပတ်သက်၍ ကျွန်ုပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှု မရရှိခဲ့ပေ။ အိပ်မက်များတွင်မှာပင် ကျွန်ုပ်သည် ကျွန်ုပ်၏ မလွတ်လပ်သော နိုင်ငံအတွက် ယောင်ယမ်းငိုခဲ့၏။ ဒေါသထွက်ခဲ့မိ၏။ ယခုအခါ ဗမာနိုင်ငံတော်သည် လွတ်လပ်ပြီဖြစ်သဖြင့် အထူးနှစ်သိမ့် ကျေနပ်ရတော့၏။
သို့သော် ဗမာနိုင်ငံတော်သည် အန္တရယ် ထူပြောလှသော ကန္တာရကြီးကို လုံးဝကျော်လွန်ပြီ မဟုတ်သေး။ စစ်ကြီးကား တိုက်လျှက်ရှိသေး၏။ အရေးတော်ပုံကြီး၏ သည်းထန်သော ဝေဒနာကြီးကို ကျွန်ုပ်တို့ နိုင်ငံသည် ခံရဆဲဖြစ်၏။ အရေးတော်ပုံ အောင်ပြီ ဟူသော ကြွေးကြော်သံကို ကျွန်ုပ်တို့ အော်ကြရန် မသင့်သေး။ ဗမာတိုင်း ဗမာတိုင်းအတွက် ကြီးလေးလှသော တာဝန်များသည် ရှေ့တွင်အများအပြားပင် ရှိကြကုန်၏။ ထိုတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်မှ အရေးတော်ပုံ လုံးဝအောင်မြင်မည်ဖြစ်၏။
ဤသို့အချက်အခြာ သေရေးရှင်ရေး အခါကြီးမျိုးတွင် အစိုးရ၏ ဥာဏ်စွမ်းဥာဏ်စ တစ်ခုတည်း အပေါ်မှာသာ အားကိုးမည့်အစား မိမိတို့၏ ဥာဏ်စွမ်းဥာဏ်စ၊ မိမိတို့ဖာသာ စည်းရုံးမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှုများ အပေါ်တွင် အားထားဆောင်ရွက်ကြရန် ဗမာတိုင်း၊ ဗမာတိုင်းနားလည်သင့်၏။ နိုင်ငံသူ ပူးပေါင်းဆောင်ရွက်မှုမရှိသော အစိုးရသည် အချည်းအနှီးသာဖြစ်၏။ အထူးသဖြင့် လမ်းပန်းအဆက်သွယ် ပျက်ပြား၍ အရာရာရှားပါးလှ သော ခေတ်ဆိုးအခါမျိုးတွင် နိုင်ငံသူ ကူညီယိုင်းပင်းမှု မရှိပါက အစိုးရမှာ ဘာကိုမျှ တတ်နိုင်မည် မဟုတ်။
လက်တေ့ထွ င်ရှားသော သာဓက တခုကိုပြအံ့။ နိုင်ငံနှင့်အနှံ့ ပြန့်ကာရှိသော ဓါးပြမှုများကို ကြည့်ပါကုန်။ မြို့ရွာများကို ဓါးပြဘေးရန်မှ ကာကွယ်ရန်အတွက် ရဲအဖ့၏ွဲ အကာအကွယ်ချည်း အားကိုးနေမည်ထက် မိမိတို့ အချင်းချင်း စည်းလုံးကာကွယ်မှုကို ပိုအားထားရမည် မဟုတ်ပါလော။ အသေးအဖွဲကစ အစိုးရလိုက်၍ စွက်နိုင်မည် မဟုတ်ချေ။ မြို့တိုင်းရွာတိုင်းတွင် မြို့သား၊ ရွာသားများသည်မြို့ရွာကာကွယ်ရေးအဖွဲ့များဖွဲ့စည်း ကာကွယ်နိုင် ရမည်။ မိမိရွာနှင့်ဆိုင်ရာ နယ်တွင်းမှ၊ မိမိမြို့နှင့် ဆိုင်ရာနယ်တွင်းမှ လူဆိုးကို မိမိတို့ဘာသာ ထိန်းသိမ်းစောင့်ရှောက် နိုင်ပါစေ။ ကာကွယ်ရေး၊ စည်းကမ်းသေဝပ်ရေး၊ စောင့်ရှောက်ကူညီရေး၊ မိမိတို့ကိုယ်ကိုကိုယ် အားထားယုံကြည်ရေး၊ လတ်တလော အရေးကြီးသည့် လေကြောင်းရန် ကာကွယ်ရေး၊ မီးသတ်ရေးများကို မြို့တိုင်းရွာတိုင်း ကိုယ့်လူ ကိုယ်ညွန်ကြား သင်ပြနိုင်ကြပါစေ။
ဖေါ်ပြခဲ့သည်တို့မှာ စောင့်ရှောက်ရန်ရှိသမျှ ကိစ္စများမှ တခုတည်းမျှကိုသာ အကြမ်းအားဖြင့် ဖေါ်ပြခြင်း ဖြစ်၏။ အကြမ်းသက်သက် မျှသာ ဖြစ်သည်ကို သတိပြုလော့။ တို့ဗမာတိုင်း ကိုယ့်ရွာအတွက် တာဝန်ကို၎င်း၊ ကိုယ့်နိုင်ငံနှင့် ဆိုင်ရာ တာဝန်ကို၎င်း ကိုယ့်ဖာသာ တွေးဆ ထားပါလေ။ အရေးကြုံလျှင် ကိုယ့်တာဝန်ကိုယ် ကျေပွန်ရန် အဆင်သင့်ရှိပါစေ။
ဤသို့ စည်းလုံးမှု၊ ကူညီယိုင်းပင်း ဆောင်ရွက်မှုရှိသော လူမျိုးသည် ဓါးပြဘေးရန်လောက်ကိုသာမဟုတ်၊ ကိုယ့်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်မည့် ရန်သူများကိုသော်မှ ခုခံနိုင်စွမ်းမည်ဖြစ်ကြောင်းကို (နယ်တစ်နယ်ကို တိုက်ခိုက်သိမ်းယူရန် လွယ်သော်လည်း၊လူမျိုး တစ်မျိုးကို သိမ်းသွင်းရန်မှာ မလွယ်) ဟူသော သေနင်္ဂပရိယာယ်ကျမ်းတွင် အတိအလင်းလာရှိသည့် ဆိုရိုးစကားတစ်ခုက ထင်ရှားစေလေပြီ။ ။
ဗိုလ်ချုပ်အောင်ဆန်း
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.nguyinpyin.net မှ ကူးယူ မျှဝေပါ၏ ။

Friday, January 2, 2009
(၆၁)နှစ်မြောက် မြန်မာပြည် လွတ်လပ်ရေးနေ့ နှင့် နအဖ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေး သဘောထားကြေညာချက်
Independence Day Statement by FBF
Global Action for
“Let's unite for Democratic Federal Union of
4th January, 2009 will mark the 61st anniversary of Independence Day for Burma. Since the fall of Mandalay Kingdom, People of Burma have never given up their fight to regain their independence. Thousands of people have sacrificed their lives. Why? They had only one hope to have a chance for the future generations to enjoy the fruits of independence.
However, People of Burma have not had this chance until now. They have been under the most oppressive and brutal regime in the world. Despite of their liberation from foreign colonization, they have not yet liberated from the dictatorial oppression of their own people. Without genuine liberation, no one can enjoy the fruits of independence. To have a genuine liberation, Burma must be established as a federal union that will guarantee democratic rights to all citizens and political equality for all ethnic nationalities.
Therefore, we call upon the People of Burma and overseas Burmese people around the world to the global action for the second struggle for national independence to establish a Democratic Federal Union of Burma. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.
“Add your voice to a call for Democratic Federal Union of Burma”
Independence campaign
www.globalactionforburma.blogspot.com
Please contact the following persons for detailed information.
Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye , Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893, Email: kokoaung_dfbjp@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Ko Kyaw Than (India), Burma Democratic Groups, Phone +91-9810601506
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Ms. Khin Ma Ma Myo, Tel: +44 1224 524 077, Email: khinmamamyo@gmail.com
(Independence campaign is a results-oriented coalition dedicated to second struggle for national independence)
ဒုတိယ လွတ်လပ်ရေး တိုက်ပွဲ
ပေးပို့သူ ။ ။ မခင်မမမျိုး
တင်ပြသူ ။ ။ နော်မန်