Tuesday, March 23, 2010

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး FDB က NLD ကို အကြံပြုစာပို့

RFA | ၁၉၉ဝ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသားတွေ အားလုံး ရင်ဆိုင်နေရမဲ့ ပြဿနာလို့ ခံယူကြောင်း FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအဖွဲ့က ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ် ။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma FDB) အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်။ (Photo: RFA)

မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၅ ခုစလုံးကို လေ့လာကြည့်တဲ့အခါ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အပြီးတိုင် ပယ်ဖျက်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကျောခိုင်းလိုက်တဲ့ သဘောဆောင်ကြောင်း သုံးသပ်ထားပါတယ် ၊

စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေအတိုင်း လိုက်နာပြီး NLDက ပါတီမှတ်ပုံတင်သင့်လား ၊ နောက်ဆက်တွဲရလဒ်တွေကရော ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို FDB အဖွဲ့က မတ်လ ၂၁ ရက် နေ့စွဲနဲ့ အကြံပြုစာတစောင် NLD ပါတီကို ပေးပို့လိုက်ပါတယ်။

အဲဒီအကြံပြုစာနဲ့ပတ်သက်လို့ FDB အဖွဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန်




source by : http://www.rfa.org