Tuesday, March 31, 2009

မျိုးဆက်သစ်သင်္ကြန် (အော်ရီဂွန်)

မျိုးဆက်သစ်သင်္ကြန် (အော်ရီဂွန်)


လာမဲ့ ဧပြီလ(၁၁)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ရောက် မြန်မာလူငယ်တွေရဲ့ ရိုးရာအတာသင်္ကြန် ဖိတ်စာပါ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ရောက်နေ ကြသော်လည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုကိုတော့ တခုတ်တရ တမ်းတမိကြတာပါ။ မိဘတွေနဲ့အတူ အမေရိကားကို ရောက်လာကြတဲ့ ခလေးတွေ၊လူငယ်တွေကိုလဲ ရိုးရာသင်္ကြန်ရဲ့ အစဉ် အလာတွေကို ဆက်လက်လက်ဆင့်ကမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်သင်္ကြန်မဏ္ဍပ်ကို မွေးဖွားလိုက်ကြတယ် ဆိုပါတော့။ ဖိတ်စာမှာပါတဲ့ ပန်းချီလေးကိုတော့ ကျနော်တို့ရဲ့  ရဲဘော်ကြီး ပန်းချီသစ်နက်ဆူး ဘလော့ဂါ ဆူးပြတိုက် က နော်ဝေနိုင်ငံကနေ မေတ္တာနဲ့ရေးဆွဲပေးလိုက်တာပါ အထူးလဲကျေးဇူးတင်ရပါတယ်။


ဖိတ်စာမရကြပေမဲ့ ရပ်နီး၊ ရပ်ဝေးမှ မိတ်ဆွေတွေကိုလဲ မျှဝေလိုက်ပါတယ် မုဒိတာပွားနိုင်ကြ ပါစေ လာရောက်ဆင်နွှဲဘို့ကိုလဲ အားလုံးကိုဖိတ်ခေါ်ပါရစေ။ မြန်မာ့ရိုးရာအစားအစာ၊ ရိုးရာ သံချပ်၊ မြန်မာ့သမီးပျိုလေးတွေရဲ့ မြန်မာ့အက၊ တေးဂီတအစီအစဉ် စသည့်စသည်ဖြင့် တင်ဆက်၊ဆင်နွှဲကြမှာဖြစ်တဲ့အကြောင်း သတင်းပါးလိုက်ရပါတယ်။