Friday, March 16, 2012

၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ (ရုပ်/သံ)



၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ လုံထိန်းတွေရဲ့ လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့အပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ် အာရ်အိုင်တီကို ချီတက် ဆန္ဒပြစဉ် ပြည်လမ်း တံတားဖြူမှတ်တိုင်မှာ လုံထိန်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းခဲ့မှုတွေကြောင့် တံတားဖြူကနေ သွေးနီစွန်းထင်းပြီး တံတားနီအရေးအခင်းအဖြစ် အမှတ်ရစရာ သမိုင်းဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ အခုဆိုရင် ၂၄ နှစ်မြောက် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ ၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ မင်္ဂလာဒို့ရိုးရာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင်တွေ အပါအဝင် ပရိသတ် အယောက် ၅၀၀ ခန့် တက်ရောက် ခဲ့ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

မြန်မာပြည် စစ်အုပ်စုရဲ့ စစ်တပ်တွင်း မတရားတဲ့ လုပ်ရပ်တွေကို ရင်ဖွင့်လာတဲ့ ပြည်သူ့ တပ်မတော်သားကောင်း တဦး



source by : http://www.youtube.com/user/yamounnar

အပြည့်အစုံ ဖတ်ရန် ...

တံတားနီနေ့ ရန်ကုန်မှာ ပထမဆုံးအကြိမ် ကျင်းပ

မြန်မာနိုင်ငံမှာ ၈လေးလုံး လူထု အရေးတော်ပုံကြီးကို စတင်စေခဲ့တဲ့ ဖြစ်ရပ်တွေထဲက တခုဖြစ်တဲ့ ကျောင်းသားလှုပ်ရှားမှု အကြမ်းဖက် နှိမ်နင်းခံခဲ့ရတဲ့ တံတားနီနေ့အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မှာ ပထမဆုံးအကြမ် ဒီကနေ့ တရားဝင် ကျင်းပပါတယ်။

တံတားနီ နှစ်ပတ်လည် အခမ်းအနားကို တတ်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်


တံတားနီနေ့ ၂၄ နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် ဒို့ရိုးရာ စားသောက်ဆိုင်မှာ ကျင်းပတာဖြစ်ပြီး ဗကသ ကျောင်းသား လူငယ်များလည်း တက်ရောက်ခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက် ခဲ့ပါတယ်။

နောင် မျိုးဆက်သစ်တွေကို အရင် ကျောင်းသားဟောင်းတွေရဲ့ လှုပ်ရှားမှုတွေ၊ အတွေ့အကြုံတွေကို ဖြန့်ဝေပေးတဲ့အနေနဲ့ ဒီနေ့ တံတားနီနေ့ အခမ်းအနားကို ကျင်းပတာ ဖြစ်တယ်လို့ တံတားနီ အောင်သူလို့ လူသိများခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ် ၁၆ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ လှိုင်နယ်မြေ အာရ်စီတူး ကနေ ချီတက်လာတဲ့ ကျောင်းသားတွေကို စစ်တပ်က ဒု – တိုင်းမှူး အဆင့်ရှိ အရာရှိက အထက်နဲ့ ညှိနှိုင်းမယ်။ ခေတ္တငြိမ်သက်ပေးရန် ပြောဆိုပြီး စောင့်ဆိုင်းနေတဲ့ ကျောင်းသားတွေကို ၀င်ရောက် ရိုက်နှက်ခဲ့တဲ့ လိမ်လည်လှည့်ဖျားတဲ့ ဖြစ်ရပ်မျိုး ယနေ့ခေတ်မှာ မရှိစေချင်တော့ ဘူးလို့ ဆိုပါတယ်။

“အစိုးရတရပ်အနေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးတဲ့ အခါမှာ ရိုးရိုး သားသား သန့်သန့် ရှင်းရှင်း နဲ့ ဆွေးနွေးပွဲတွေကို ဖြစ်မြောက်အောင် ဖြစ်စေချင်တယ်။ ဥပမာ-တိုင်းရင်းသား အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက ဆွေးနွေးတဲ့ နေရာမှာ ရိုးသားဖြူစင်တဲ့ စိတ်နဲ့ဆွေးနွေးစေချင်တယ်။ အဲဒီ အသိလေး ရအောင်လည်း ကျနော်တို့ ပေးပါတယ်။”

ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေ က ကျောင်းသားခေါင်းဆောင်တွေ အဖမ်းမခံရေအာင် အာမခံခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝ အရောက်မှာ ကျောင်းသားတွေကို ဖမ်းခိုင်းခဲ့တဲ့ ဖြစ်ရပ်တွေက ရာထူး၊ အာဏာ တည်မြဲရေးအတွက် အာဏာရှင်ဆိုးကို သိက္ခာပုံအော ပေးအပ်တဲ့ မလုပ်သင့်တဲ့ ဖြစ်ရပ်တွေဟာ လက်ရှိမှာ မရှိသင့်တော့ဘူးလို့ ၈၈ ကျောင်းသားတွေက အခမ်းအနားမှာပြောပါတယ်။

အခမ်းအနား တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တံတားနီ ဖြစ်စဉ် ကာလမှာ ပါဝင် လှုပ်ရှားခဲ့သူတွေရဲ့ သစ္စာတရားကို ဂုဏ်ပြုလိုတဲ့အတွက် အခမ်းအနားကို တက်ရောက် လာတာလို့ ပြောကြား သွားပါတယ်။

အခမ်းအနားမှာ ကိုဖုန်းမော် ကျဆုံး ခဲ့ပြီးနောက် တံတားနီ အရေးအခင်း ဖြစ်ပေါ်လာပုံတွေကို ကျောင်းသား ခေါင်းဆောင်တွေက ပြန်ပြောင်း ဟောပြောခဲ့ပြီး ဖယာင်းတိုင် မီးထွန်းပြီး ကျန်ရှိနေသးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ပြေငြိမ်းဖို့ ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

Tuesday, March 13, 2012

မြန်မာ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး မိန့်ခွန်း(အသံဖိုင်)ရုပ်/သံ


အသံဖိုင်..(Hlaing Phyo Win)

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။

ဒီကနေ့ ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင် ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင် ခရီးစဉ်မှာလည်း စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရတရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”

ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှု ရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူ လူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”

ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အ၀ထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။

“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်း ညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်း ပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။

အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”

Ref/ Voa

Copy by : http://www.dawnmanhon.com

အပြည့်အစုံ ဖတ်ရန် ...

Monday, March 12, 2012

(၂၄)နှစ်ပြည့် ကိုဖုန်းမော် နှစ်ပတ်လည်နေ့ ၈၈မျိုးဆက်များကိုယ်စား ကိုမင်းကိုနိုင်၏ အမှာစကား (ရုပ်/သံ)

နိုင်ငံတကာတွင် ပူးတွဲကျင်းပပြုလုပ်ကြသော (၂၄)နှစ်ပြည့် ကိုဖုန်းမော် နှစ်ပတ်လည် မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့ အခမ်းအနားများသို့ ပေးပို့လာသော
၈၈မျိုးဆက်များကိုယ်စား ကိုမင်းကိုနိုင်၏ အမှာစကား (ရုပ်/သံ)



source by : http://www.youtube.com/user/aunghtun1

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သထုံ စည်းရုံးရေးခရီး (ရုပ်/သံ)



source by : http://www.youtube.com/user/mizzimanewsTV

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင် စည်းရုံးရေးခရီး (ရုပ်/သံ)



source by : http://www.youtube.com/user/mizzimanewsTV

အပြည့်အစုံ ဖတ်ရန် ...