Saturday, January 22, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြင့်မြတ်သော၊ ဖြူစင်သော၊ တန်ဘိုးရှိသော အမှာစကားများ


source by : http://www.youtube.com/user/chochohtun

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်ဘီစီ သတင်းဌာနက မနက်တိုင်း ထုတ်လွှင့်တဲ့ တူဒေးအစီအစဉ် အင်တာဗျူး (အပိုင်း ၁၊အပိုင်း၂)



အပြည့်အစုံ ဖတ်ရန် ...

Friday, January 21, 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တရားဝင် တပ်ဆင်ခွင့် ရပြီ


(photo - AP on Dec 7, 2010)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တရားဝင် တပ်ဆင်ခွင့် ရပြီဟု သူ၏ လုံခြုံရေးအရာရှိ ဦးဝင်းထိန်က ကျိုဒို သတင်းဌာနကို ယနေ့ ပြောသည်။

အစိုးရ၏ အင်တာနက်ဌာန ရတနာပုံ တယ်လီပို့ ၀န်ထမ်းများက နေအိမ်သို့ လာရောက်ပြီး တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက ပေါ်ပေါက်လာသည့် ဆက်သွယ်ရေးဌာန၏ နောက်ဆုံးပေါ် အင်တာနက်လိုင်း ''McWill'' (MULTI Carrier Wireless Local Loop) ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ၀၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့် McWill အင်တာနက်ကို ပထမဆုံး တပ်ဆင်ခွင့် ရသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု အဓိပ္ပာယ် ရကြောင်း ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စမ်းသပ် သုံးစွဲခြင်း ရှိမရှိ မေးမြန်းရာ ယခု ချောင်းဆိုးသဖြင့် နေထိုင်မကောင်းကြောင်း၊ သက်သာလာမှ သုံးမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ဖြေကြားသည်။

ပြီးခဲ့သည့်နှစ်က ထိန်းသိမ်းခံရမှုမှ ပြန်လွတ်လာစဉ် အင်တာနက် သုံးခွင့် လျှောက်လွှာတင်ခဲ့သော်လည်း စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည်။

McWill အင်တာနက်လိုင်းအတွက် ၆ သိန်း ၁ သောင်း (ဒေါ်လာ ၇၂၀ ခန့်) ပေးသွင်းရသည်။ တနာရီအသုံးပြုခ ဒဿမ ၅ ဒေါ်လာခန့် ကျသင့်သည်ဟု ဆိုသည်။


source by :http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

ကြယ်တွေ ကောက်နေသူ


ကြယ်တွေ ကောက်နေသူ


ဟေမန္တဆောင်းတွေက

နွေထနောင်းရဲ့

ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။



အခါမဲ့မိုးနဲ့ 

ငိုချင်းတွေရဲ့ ချိုးကူသံကရော

လွမ်းသံနှောလေသလား သမီး ယမုံ။



ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်

ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်းတွေ

အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်

သား ဝသုန်သော်၊ တနေ့သော်

ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။



အနာဂတ်မှော်ရုံတော

သမီးထွေး နဒီသော် ရေ၊

အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း

ဒေါင်းအိုးဝေသံ

ခံစားစီးဆင်းရစ်ပေတော့။



အိပ်မက်တွေအောက်

မိုးသောက်အိမ်လို

လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်

ရဲဘော် သော်ဇင်၊ ကိုသန်းလွင် တယောက်

ကြယ်တွေ ကောက်နေလောက်ရောပေါ့။ ။



မောင်လွမ်းဏီ

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ခေါ် သော်ဇင် ကောင်းရာသုဂတိလားပါစေ။


source by :http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 19, 2011

ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

မကြာခင် စတင် ခေါ်ယူတော့မယ့် လွှတ်တော်အသစ် မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်တာဟာ ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ မကြာခင် လပိုင်းအတွင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ NLD က ဒီကနေ့ သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် က တင်ပြ ပေးထားပါတယ်။

ရွေးကောက်ပွဲပြီး နောက်ပိုင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေတွေဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အသစ်ရဲ့ ဥပဒေပြု အာဏာကို ထိပါးရာ ရောက်စေတဲ့အတွက် NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန် ကြေညာလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“NLD ရဲ့ သဘောထားက လွှတ်တော်ဆိုတာ ရွေးကောက်ပွဲတွေတောင် ပြီးသွားပြီ။ အဲတော့ လွှတ်တော်ရှိမယ်။ လွှတ်တော်က ဥပဒေပြုအာဏာ အမြင့်ဆုံး အာဏာပိုင်။ အဲဒီကို မရောက်ခင် ကြိုပြီးတော့ ထုတ်တာမျိုးက ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထားပါတယ်။”

အထူးသဖြင့်တော့ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် အခုလို ဥပဒေ မထုတ်ပြန်ခင် ပြည်သူလူထုရဲ့ သဘောထားကို အရင်ကောက်ခံပြီး လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တဲ့ ဥပဒေမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဥစ္စာ ပြည်သူ့လွှတ်တော်က မကြာခင် ပေါ်ပေါက်တော့မှာ။ ပြည်သူ့လွှတ်တော်ကသာ ဥပဒေပြုအာဏာ ရှိတယ်။ ဒီပေါ်ပေါက်ခါနီးမှ အခုလို ထုတ်တာက မသင့်လျော်ဘူး။ ပြီးတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေက ဆိုရင် ပြည်သူအများနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ၊ ဒီလိုကိစ္စမျိုးဟာ ပြည်သူတွေရဲ့ ဆန္ဒကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးတော့မှ ထုတ်ပြန်သင့်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထား ပေးတာပါ။”

NLD က ဒီကနေ့ ထုတ်ပြန်တဲ့ ပထမ ကြေညာချက်ထဲမှာတော့ စစ်အစိုးရက ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း ဥပဒေ၊ နည်းဥပဒေ ၂၆ ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် နေ့စဉ်ထုတ် သတင်းစာတွေကနေ ထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် အများပြည်သူတွေ သိရှိခွင့် မရခဲ့ဘဲ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိမှသာ သိရှိခွင့် ရခဲ့တာ၊ နောက် အများပြည်သူ အားလုံးနဲ့ဆိုင်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ စစ်ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် ရောင်းချပေးခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

အခုလို ဥပဒေတွေ ကြိုတင် ထုတ်ပြန်တာဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အနေနဲ့ ဥပဒေပြုအာဏာ မရှိဘူးဆိုတာ ပေါ်လွင်နေပြီး ဒီဥပဒေတိုင်းကို လွှတ်တော်ကိုယ်စားလှယ်တွေက ရှုထောင့်ပေါင်းစုံက သုံးသပ် ဝေဖန်ပြီးမှသာ ထုတ်ပြန်သင့်တာကြောင့် အခုလို ဥပဒေတွေ ထုတ်ပြန်နေတာဟာ လုံးဝ မသင့်လျော်ဘူးလို့ ဆိုပါတယ်။

NLD က ထုတ်ပြန်တဲ့ ဒုတိယ ကြေညာချက်မှာတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။ မကြာခင် လွှတ်တော်အသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမယ်ဆိုတဲ့ မူနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

ဒီဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်တဲ့နေ့မှာ စတင် အာဏာတည်ရမယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁(ခ) မှာ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် လွှတ်တော်မှာ ဥပဒေပြုရေးအာဏာ အပြည့်အ၀ မရှိဘူး ဆိုတာကို ထောက်ခံနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ ဆင့်ခေါ်ခွင့် ကင်းလွတ်သူများ ရှိတယ်လို့ ဖော်ပြထားတဲ့ အချက်ဟာလည်း ဒီဥပဒေ အတည်ဖြစ်လာပြီး နောက်ပိုင်း မသမာတဲ့ နည်းသုံးပြီး ကင်းလွတ်ခွင့် ပေးချင်သူကို ပေးလို့ရအောင် လမ်းဖွင့်ပေးထားသလို ဖြစ်နေတယ် စသဖြင့် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိထုတ်ပြန်တဲ့ ဥပဒေပြု အာဏာတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး NLD ဟာလည်း နိုင်ငံရေးပါတီ တခုအဖြစ် တည်ရှိနေတာကြောင့် အခုလို သဘောထား ထုတ်ပြန်တာ ဖြစ်တဲ့အကြောင်း ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“NLD က အခုလက်ရှိ ရှိတဲ့ နိုင်ငံရေးပါတီ တရပ်၊ အဲတော့ ဥပဒေပြု အာဏာတို့၊ အာဏာကြီး ၃ ရပ်တို့ဆိုတာ နိုင်ငံရေးကိစ္စတွေပဲလေ။ အဲတော့ နိုင်ငံရေးကိစ္စ တခုကို သဘောထား ထုတ်ပြန်တဲ့ သဘောပါ။”

မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက နိုင်ငံတော် ပြန်တမ်းအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အခု ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေ အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဖလူးစစ်ဒေသ နအဖ စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာများ(ရုပ်သံ)




source by : http://www.naytthit.net ( http://www.youtube.com/user/yamounnar )

အပြည့်အစုံ ဖတ်ရန် ...

မြန်မာပြည်သူများသို့ တပ်မတော်သားတဦး ရဲ့ အိတ်ဖွင့်ပေးစာ

၂၀၀၇ စက်တင်ဘာ

ကျနော်ကတော့ တပ်မတော် (ရေ) သို့ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဝင်ရောက် စစ်မှုထမ်းနေတဲ့ တပ်ကြပ်ကြီးတဦး ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့်မိသားစု ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ပိုင်အမှတ်၊ နာမည်တွေကို တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိတာကို နားလည်နိုင်မယ် ထင်ပါတယ်။

ယခု အချိန်အခါဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မြန်မာပြည်သူများ ဒုက္ခဆင်းရဲတွေနဲ့ ပြားပြားဝပ် နေရတာကို အထူးတလည်ပြောဖို့ မလိုအပ်ပါဘူး။ အလားတူ ဒုက္ခဆင်းရဲတွေကို မြန်မာပြည်သူတွေနဲ့တကွ ကျနော်တို့ (ကြည်း၊ ရေ၊ လေ) တပ်မတော်သားတွေပါ ခံစားနေရတာ နားလည်စေချင်ပါတယ်။

ကျနော်တို့ တပ်မတော်သားတွေထဲမှာလည်း အာဏာရှင်စနစ်ကို ရွံမုန်းသူ၊ မထောက်ခံသူ၊ လွပ်လပ်မှုကို လိုလားသူတွေ အများအပြားရှိနေပါတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာပြည်သူလူထုကြီး သိရှိ စေချင်ပါတယ်။

အာဏာရှင်စနစ်ကြောင့် တပ်မတော်သားဆိုလျှင် မုဒိမ်းကောင်၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသူ၊ လက်နက်အားကိုး အနိုင်ကျင့်သူ စတာတွေနဲ့တွဲပြီး ကြည့်မြင်သူတွေ များနေပါတယ်။ ဒီလို ဖြစ်ရပ်တွေဟာလည်း တကယ်ကိုရှိခဲ့တာပါ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်တွေနဲ့ တပ်မတော်သားအားလုံးကို မရောထွေး စေချင်ပါဘူး၊ မည်သည့် လူ့အဖွဲ့အစည်းမှာမဆို အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲပြီး ရှိနေကြတာပါ၊ အမည်းရှိသလို အဖြူ လည်းရှိနိုင်တာကို သတိချပ်စေချင်ပါတယ်။

ကျနော်တို့ တပ်မတော်သားတွေဟာ အာဏာရှင်စနစ်အတွက် လက်ကိုင်တုတ်အဖြစ် အသုံးပြုခံနေရတာ၊ အထောက်အပံ့ ဖြစ်နေစေတာကို ကိုယ်တိုင်ကိုယ်ကျ နားလည် ခံစားသိရှိပါတယ်။ ကျနော်တို့ တပ်မတော်သားတွေ ကိုယ်တိုင်လည်း ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီး ထားရာမှာနေ စေရာကိုသွား လို့၊ တင်ပြတောင်းဆိုခွင့်ဆိုတာ လုံးဝမရှိဘဲ အာဏာရှင်စနစ်အတွက် အသက်ပေး ဆောင်ရွက် နေကြရတာပါ။ (ကိုကိုးကျွန်း ကျွန်းပတ်လမ်း၊ ရေး – ထားဝယ်ရထားလမ်း စတာတွေဟာ တပ်မတော်သားတွေရဲ့ သွေး ချွေးတွေနဲ့ ပြုလုပ်ထားတဲ့ သာဓက အနည်းငယ်ပါ)

ဟိုးတချိန်က လူဖြူ ၊လူမည်း၊ လူမျိုးရေး၊ ဘာသာရေး စသဖြင့် ခွဲခြားမှုတွေ ဖြစ်ပွားခဲ့သလိုမျိုး ယနေ့ စစ် တပ်တွင်းမှာလည်း အရာရှိနဲ့ အခြားအဆင့် တစ်ဖက်သတ် ခွဲခြားခံနေရပြီး အောက်ဆုံးမှာ ရှိနေတဲ့ အခြား အဆင့် ကျနော်တို့ တပ်မတော်သားတွေဟာ ပြားပြားဝပ်နေအောင် ခွဲခြားနှိပ်ကွပ် ဆက်ဆံခံနေရတာပါ။

အာဏာရှင် စနစ်ချုပ်ငြိမ်းသွားစေဖို့အတွက် အခြေအနေ၊ အချိန်အခါ၊ အခွင့်အရေးတွေများ ပေါ်ခဲ့ မယ်ဆိုရင် မြန်မာပြည်သူတွေနဲ့အတူ တပ်မတော်သားတွေအများအပြား အာဏာရှင်စနစ် တိုက်ဖျက်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်ဆိုတာကို မြန်မာပြည်သူများ သိရှိနိုင်ကြပါစေ။

နောက်ဆုံးအနေနဲ့ ပန်ကြားလိုတာကတော့ အာဏာရှင်စနစ် တွန်းလှန်တဲ့တော်လှန်ရေးမှာ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြန်မာမျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်ပြီး တစည်းတလုံးတည်း ညီညွှတ်စွာ ပါဝင်နိုင်ကြပါစေ ခင်ဗျား။

စိုးသူရ

တပ်ကြပ်ကြီးစာရေးတဦး (တပ်မတော်ရေ)

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...