Wednesday, August 19, 2009

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)တွင် မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များအား စွဲချက်တင်နိုင်ရေး သုံးသပ်ချက်

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)တွင်
မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များအား စွဲချက်တင်နိုင်ရေး
သုံးသပ်ချက်

အပြည့်အစုံ ဖတ်ရန် ...

Saturday, August 15, 2009

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ်ခြင်း သတင်းထုတ်ပြန်ချက်

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်များအား

အကောင်အထည်ဖေါ်ခြင်း သတင်းထုတ်ပြန်ချက်
UBST Statement ( 14-8-2009 )

အပြည့်အစုံ ဖတ်ရန် ...

ဘီဘီစီ ရဲ့ သောကြာနေ့ ညပိုင်း အစီအစဉ် ( နားဆင်ရန် )

ဘီဘီစီ ရဲ့ သောကြာနေ့ ညပိုင်း အစီအစဉ် ( နားဆင်ရန် )

နောက်ဆုံးရ သတင်းများ နားဆင်ရန် ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.bbc.co.uk/myanmar/news မှ
ကူးယူ မျှဝေ ပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ

ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ


သောကြာနေ့၊ သြဂုတ်လ 14 ရက် 2009 ခုနှစ် 17 နာရီ 22 မိနစ်


နယူးဒေလီ။ ။ ရှမ်းပြည် (အလယ်ပိုင်း) ရှိ ကျေးရွာပေါင်း ၄၀ ခန့်အား ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒေသတွင်း အခြေစိုက် စစ်တပ်များက မီးရှို့ခြင်း၊ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဒေသခံ ရွာသား တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခြင်း၊ ရွာ ၃၀ ခန့်အား အဓမ္မ ရွှေ့ပြောင်းခြင်းကြောင့် ရွာသားပေါင်း ထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်သွားခြင်း ဖြစ်သည်။

''လဲချားမြို့နယ် တတ်မောက် ကျေးရွာအုပ်စုထဲက ဝမ်ဟိုလွန်၊ ကွန်ဟုန်း၊ မောက်စမ်ရွာတွေလည်း ပါတယ်။ ရွာ ၁ဝ ရွာမီးရှို့ပြီးတော့ ကျန်ရွာ ၃ဝ လောက်ကို အဓမ္မ ရွှေ့ပြောင်းခိုင်းတယ်။ လူပေါင်း တသောင်းကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်’’ ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့ (Shan Human Rights Foundation) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်ဟမ်ဖ (Kham Harn Fah) က မဇ္ဈိမကို ပြောသည်။

ယခုလုပ်ရပ်သည် ပြီးခဲ့သည့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော SSA (တောင်ပိုင်း) နှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများတွင် စစ်တပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သည့် ဒေသတွင်း၌ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်သူများအား ယခုလို ဒုက္ခပေးခြင်းသည် 'ကြွက်မနိုင် ကျီမီးရှို့' သဘောဖြင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က မိုင်းနန်မြို့နယ် အခြေစိုက် စဗခ (စစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်) ၂ တွင် တပ်ခေါင်းဆောင်များ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်းအမျိုးသမီး၊ လူငယ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် လူမှုကူညီရေးနှင့်ဖွံ့ဖြိုးရေး စသည့် ရှမ်းအဖွဲ့အစည်း ၆ ဖွဲ့မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းခူစမ် (Sai Khur Hseng) က ‘‘ရွာသားတယောက် ပြန်ပြောပြတာက ရွာကို မီးရှို့နေတဲ့အချိန် စစ်ဗိုလ်က စကားပြောစက်နဲ့ အိမ်ဘယ်လောက် မီးရှို့ပြီးပြီဆိုတာ သတင်းပို့နေတယ်။ အထက်က မလုံလောက်သေးဘူးဆိုတော့ မီးထပ်ရှို့တယ်။ ဒါကိုကြည့်ရင် သူတို့ စနစ်တကျနဲ့လုပ်တာ ထင်ရှားနေတယ်” ဟု ပြောသည်။

စဗခ ၂ လက်အောက်ရှိ လွယ်လင် အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၉ ၊ ခလရ ၁၂ ၊ လဲချားအခြေစိုက် ခလရ ၆၄ ၊ ခြေမြန်တပ်ရင်း - ခမရ ၅၁၅ ၊ မိုးနဲအခြေစိုက် ခမရ ၂၄၈ နှင့် ခမရ ၅၁၃၊ ခမရ ၅၁၄ က ယခုလို မီးရှို့ခြင်းနှင့် နေအိမ်ရွှေ့ပြောင်းခိုင်းခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းဖြစ်ရပ် ၃ ရက်ကြာ ဖြစ်ပွားနေစဉ်အတွင်း လူသေဆုံးမှုများလည်း ရှိကြောင်း သူက ဆိုသည်။

‘‘တတ်မောက်ကျေးရွာ အုပ်စုထဲကပဲ ရွာသား ၃ ဦး မြန်မာစစ်တပ်က ပစ်သတ်ခံခဲ့ရတယ်။ နောက် အမျိုးသမီးတဦးက သူ့အိမ်ကို မီးရှို့နေတုန်း အိမ်ထဲကို ပစ္စည်းဝင်ယူတဲ့အတွက် သေနတ်နဲ့ပစ်ပြီး အိမ်သာကျင်းထဲ ပစ်ချလိုက်တယ်လို့ ကျနော်တို့ သတင်း ရတယ်ခင်ဗျ။ အမျိုးသား ၃ ယောက်ကတော့ သေတယ်။ အမျိုးသမီးကတော့ သေသလား၊ ရှင်သလား မသိရသေးဘူးခင်ဗျ’’ ဟု သူက ပြောသည်။

နေအိမ်များ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ဒေသခံအချို့သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးများထံတွင် သွားရောက် ခိုလှုံနေရပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြသည်။

ယခု အဖြစ်အပျက်သည် ၁၉၉၆-၉၈ ခုနှစ်အတွင်း ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းမှ လူပေါင်း ၃ သိန်းကျော် နေအိမ်များ အဓမ္မ ရွှေ့ပြောင်းခံခဲ့ရပြီးနောက် ၅ နှစ်အကြာတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပြုခဲ့ရာမှ နောက်တဖန် ယခုလို ထပ်မံဖြစ်ပွားခဲ့သည်။ ယခင်တကြိမ်နောက်ပိုင်း အကြီးမားဆုံး လူနေအိမ် ရွှေ့ပြောင်းခိုင်းမှုလည်း ဖြစ်သည်။

ယမန်နေ့က ရှမ်းအဖွဲ့အစည်း ၆ ဖွဲ့ ပူးပေါင်း၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် ပြုလုပ်ခဲ့ကြပြီး၊ အရပ်သားများအပေါ် ကြမ်းတမ်းရက်စက်သည့် ယခုလုပ်ရပ်အား ချက်ချင်း ရပ်တန့်ပြီး ဒေသခံရွာသားများအား ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, August 12, 2009

ကျောင်းသားတပ်မတော် ( မကဒတ ) မှ သဘောထား ထုတ်ပြန်ကြေငြာချက်

ကျောင်းသားတပ်မတော် ( မကဒတ ) မှ သဘောထား ထုတ်ပြန်ကြေငြာချက်

အပြည့်အစုံ ဖတ်ရန် ...

Tuesday, August 11, 2009

အမျိုးသားပြန်လည် သင့်မြတ်ရေး အဆိုပြုချက် ( ၂၀၀၉ ) နှင့် ပက်သက်၍ သဘောထားထုတ်ပြန် ကြေငြာချက်

သဘောထားထုတ်ပြန် ကြေငြာချက်






Statement Regarding National Reconciliation

(2009 )

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ရန်ရှိ

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ရန်ရှိ

Tuesday, 11 August 2009 19:17 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ်လိုက် ခြင်းနှင့် ပတ်သက်ပြီး အယူခံတင်ရန် ရှိကြောင်း ရှေ့နေကြီး ဦးကြည်ဝင်း ကပြောသည်။

“တဝက်လျှော့လျှော့ ဆိုင်ငံ့ ဆိုင်းငံ့ လူတယောက်ကို ပြစ်ဒဏ်ပေးတယ် ဆိုတာကတော့ အယူခံခွင့်တော့ ရှိတယ်”ဟု ဦးကြည်ဝင်းက ပြောဆိုသည်။

သို့သော် ယင်းအယူခံတင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ တိုင်ပင်ရန် လိုအပ်ကြောင်း လည်း ၎င်း ကဆိုသည်။

“ဒီနေ့က အင်္ဂါနေ့ဆိုတော့ ဒီအပတ်ထဲမှာပဲ ထပ်တွေ့ရင် ကောင်းမယ်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်”ဟု ဦးကြည်ဝင်းက ဆက်ပြောပြသည်။

ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ် ချုပ်ဖြင့် ဆိုင်းငံ့ပြစ် ဒဏ် သတ်မှတ်လိုက်ကြောင်း သိရသည်။

“၃ နှစ်ချတာတဲ့ ၊ အဲဒါကို ပြည်ထဲရေး အမိန့်နဲ့ ၁ နှစ် ခွဲ ကိုလျှော့ပေါ့ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ သတ်မှတ်လိုက်တယ်လို့ ပြောတယ်၊ မြန်မာ့ရုပ်သံကလည်း ကြေညာသွားတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ် ၍ လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေ ရေးအတွက်လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။

ယင်း ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချရာ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း ရဲ တပ်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ ချထားကြောင်း တွေ့မြင်ရသူ တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအားတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...