source by : http://www.youtube.com/user/DVBBurmese
Tuesday, February 28, 2012
မြစ်ဆုံဧ။်ကျေးဇူး ပဲ့တင်သံ(ရုပ်/သံ)
source by : http://www.youtube.com/user/DVBBurmese
Monday, February 27, 2012
ကမ္ဘာ့ ထိပ်တန်းစာရင်း ၀င်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ
ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။
ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကာပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။
ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ
၂။ ဂျော်ဒန်
၃။ ကိုးရီးယား
၎။ အစ္စရေး
၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။
ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက
၁။ ဗော်လဗီးယား
၂။ အင်ဂိုလာ
၃။ နမီးဘီးယား
၎။ ပါရာဂွေး
၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။
မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့် ဂေဟစနစ် ချွှတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံးစာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ ဥပဒေပြုအမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ်ပူပင်မှုတွေရှိခဲ့ပါတယ်။
စင်္ကာပူရဲ့ လေအေးစက်တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့ စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာရှိတဲ့ စိုက်ပျိုးနိုင်တဲ့မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။
စင်္ကာပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်း နေရတဲ့ ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့ ရေကိုဖြည့်ဆည်းပေးဖို့ သဘောတူထားပါတယ်။
စောပြည့်ညို
source by : http://www.maukkha.org
Saturday, February 25, 2012
ခက်အောင် လုပ်နေကြရင် ပိုခက်ကုန်လိမ့်မယ်....
ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ (၈၈) ကျောင်းသားတွေက လူထုကြားထဲ ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ ပိုလို့စိတ်ဝင်စားစရာတွေ သူတို့ လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။
လက်တလောကာလ မဟုတ်တဲ့ အရင် ကာလတွေကို မပြောပဲ မျက်မှောက်အခြေအနေကိုပဲ ဖြတ်ပြောရရင် ဒါဟာ.... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက် စဉ်းစားလာကြတာ၊ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီး နေတာဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျ ပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။
ဒီနေရာမှာပြန်ကြည့်ရင် ကျနော်တို့နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရရော၊ အတိုက်အခံတွေပါ ပွင့်လင်းမြင်သာမှုကို တကယ်တမ်း အကောင်အထည် ဖေါ်ရပါလိမ့်မယ်။ အစိုးရကို ပွင့်လင်းအောင်ပြောနေသလို ကိုယ်တိုင်လည်း ပွင့်လင်းမြင်သာမှု ရှိဘို့ လိုပါတယ်။ ဒီမိုကရေစီစံနစ်ရဲ့အနှစ်သာရထဲမှာ ပွင့်လင်းမြင်သာမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ အစိုးရတခုရဲ့ပွင့်လင်းမြင်သာမှုဟာ လူထုကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ လူထုကို မက်ဆေ့ခ်ျတွေ မှန်မှန်ပေးရပါမယ်၊ လူထုကို ဖုန်းကွယ် လုပ်ဆောင်နေသမျှ ဒါဟာ ဒီမိုကရေစီကို သွားနေပါတယ်လို့ ပြောလို့ မရပါဘူး။
ရှင်းနေတာကတော့ လူထုကြီးဟာ ဒီမိုကရေစီစံနစ်ကို တကယ်လိုလားပါတယ်။ ဒါပေမဲ့ လူထုဟာ တကယ်ပွင့်လင်းတဲ့ အစိုးရတရပ်ကို မရရှိတာဟာ သိပ်နစ်နာ နေတော့တာပါပဲ။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန် အစိုးရဟာ ပွင့်လင်းမြင်သာမှုထက် စကားနှစ်မျိုး၊ လုပ်ဆောင်မှုနှစ်မျိုး၊ အမြင် နှစ်မျိုး ဖြစ်နေသယောင် ပြောပြောနေတာ တွေ့ရတယ်။ ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ခိုင်းတယ်၊ အောက်ခြေတပ်က မရပ်ဘူး။ ဒါ.. တခုတည်း ဥပမာပေးတာပါ။ ဥပမာပေးစရာတွေ အများသားပါ။
အစိုးရက ကောင်းပါတယ်။ တပ်က ပြောရတာ အမိန့် အောက်အခြေအထိ မရောက်သယောင် ပြောသံ တချို့ထွက်နေတယ်။ ဒါမဟုတ်ပါဘူး၊ တကယ်တမ်း သူတို့ လုပ်ချင်ရင် အကုန်ဖြစ်တဲ့ အခြေအနေပါ။ နှစ်မျိုးခွ ကစားလို့ အခုလိုဖြစ်နေတာ လူတိုင်းနီးပါး သိနေပါတယ်။
ဒီတော့ အနီးဆုံးပဲပြောကြရအောင် ၂၀၀၇ မှာ ဘုန်းကြီးတွေကို အကြမ်းဖက်တော့ ချက်ချင်း လုပ်ခဲ့တာပဲ၊ တလတောင် မကြာဘူး။ တချို့ဘုန်းကြီးကျောင်းတွေ စစ်တလင်းလိုတောင် ဖြစ်ခဲ့ကြတာပဲမလား။တပ်က ဘာဖြစ်လို့ လုပ်သလဲ၊ အမိန့်ကြောင့် လုပ်တာပါပဲ။ အထက်က ပွင့်ပွင့်လင်းလင်း အမိန့်မပေးလို့သာ ကချင်ကိစ္စက ကျန့်ကြာနေတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်တောင် အခုလူထုနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောနေသလို ဘာကြောင့် ရွေးကောက်ပွဲကနေ တက်လာတာပါပြောတဲ့ အစိုးရရဲ့သမ္မတက လူထုကို စကား မပြောရတာပါလဲ။ ကိုယ့်ပေါ်လစီအရ တိုက်ရိုက် တိုင်းပြည်နဲ့ လူထုကို မက်ဆေခ်ျ မပေးနိုင်တာ တွေ့ရတယ်။ ဒါပွင့်လင်းမှု မရှိတာပါပဲ။ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာ သမ္မတတွေဟာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရပါတယ်၊ အခြားအဆင့်ဆင့် ခေါင်းဆောင်တွေလည်း ထို့အတူပါပဲ။ အတိုက်အခံတွေက အစပါ။ ကျနော်တို့တိုင်းပြည်မှာ အတိုက်အခံတွေက လူထုနဲ့ထိတွေ့ နေသလောက် အစိုးရနဲ့ အာဏာရပါတီက ပွင့်လင်းမှု မရှိတဲ့ အခြေအနေအတိုင်း သွားနေတာပါပဲ။
ဒီတော့.... တခါတလေ သူတို့ စကားကြုံ ထုတ်ပြောနေတဲ့ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူးဆိုတာ ယုံကြည်ရ ခက်ခက်ပါပဲ။ ဥပဒေအရကို အာဏာသိမ်းခွင့်ပေးထားတော့ ဒီဥပဒေကိုက ပြသာနာဖြစ်စေနိုင်တဲ့ ဥပဒေဆိုတော့ တော်တော်သတိထားပြီး သုံးသပ် နေရတဲ့သဘောပါ။ အတိုက်အခံတွေ ခရီးသွားတာတောင် လိုက်နှောက်ယှက် နေရတဲ့အဖြစ် တယ်လဲ ဆိုးလှပါပကော။
လောလောဆယ်... ကျနော်တို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည့်က ရွေးကောက်ပွဲ လမ်းကြောင်းကနေတဆင့် ပါတီပြန်လည်ထူထောင်တာရော၊ လူထုနဲ့ ထိတွေတာရော လုပ်နေတယ်။ ဒေါ်စုအနေနဲ့ သူအတတ်နိုင်ဆုံး လမ်းကြောင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ အားမလို အားမရ ဖြစ်နေတဲ့သူတွေ တချို့ရှိနေပေမဲ့ ဒါသူ့အနေနဲ့ အကောင်းဆုံး စွန်းစားမှုလို့ ထင်ပါတယ်။
လူထုကလည်း တော်တော်အားကိုးနေတာ တွေ့ရတယ်။ ပြောရရင် ဒေါ်စု မပါပဲ မြန်မာ့နိုင်ငံရေးမှာ ဘာမှ လုပ်လို့ အဆင်မပြေလောက်ဘူးဆိုတာ အစိုးရရော၊ အတိုက်အခံ တော်တော်များများရော၊ နိုင်ငံတကာကပါ သိနေတဲ့ သဘောပါ။
ဒီနေရာမှာ ဒေါ်စုအနေနဲ့ ပွင့်လင်းမြင်သာတာ တချို့ ရှိပါတယ်။ မရှိတာလေးတွေလည်း ထောက်ပြ ချင်တာပါ။ ဒေါ်စုအနေနဲ့ ဒီကနေ့ အချိန်အထိ လူထုကို ထုတ်မပြောတဲ့ ကိစ္စတွေ ရှိပါတယ်။ ဦးသိန်းစိန်နဲ့ ဘာတွေ ဆွေးနွေးသဘောတူ ပါသလဲ၊ ဦးအောင်ကြည့်နဲ့ ဘာတွေဆွေးနွေးပြီး ဆွေးနွေးပွဲ ရလာဒ်အသေးစိတ်တွေက ဘာတွေပါလဲ၊ လူထုကို တိတိကျကျ ရှင်းပြဘို့ လိုပါတယ်။ ဦးအောင်ကြည် စာရွက်ကိုင်ပြီး ပြောသွားတာတွေ အင်မတန်မှ အပေါ်ယံဆန်ပါတယ်၊ လိုချင်တာ ဒါမျိုး မဟုတ်ပါဘူး။ အသေးစိတ် ထုတ်ပြန်ပေးဘို့ပါ။
ဒီမိုကရေစီစံနစ်ကို တည်ဆောက်ချင်ရင် ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်တာနဲ့ သတင်း လွတ်လပ်ခွင့်ကို တည်ဆောက်တာကနေ စရတဲ့ သဘောရှိပါတယ်။ အခုလိုတွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြောင်းချင်တဲ့ ဆန္ဒရှိတဲ့ သူတွေကို ပြောတာပါ။ ဒီနေရာမှာ အစိုးရတရပ်အနေနဲ့ သိပ်အားနည်းတာ တွေ့ရပါတယ်။
ဒီတော့... အကျိုးဆက် အနေနဲ့ ဘာတွေဖြစ်လာသလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အဆင်ပြေပါ့မလား၊ ကြားဖြတ် ရွေးကောက်ပွဲ သန့်ရှင်း မျှတပါ့မလား၊ မကြာခင်က လွတ်လာတဲ့သူတွေ ပြန်ပြီးတော့ ဖမ်းမလား။ သို့လော သို့လော တွေးနေရတာပါ။ အစိုးရက ပိုတာဝန်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း တိုင်းပြည်တို တင်ပြလိုက်ပါ။ နိုင်ငံရေးလုပ်နေတဲ့ သူ ဘယ်သူ့ကိုမှ ပြန်မဖမ်းပါဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သွားမယ်၊ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူး။ ဒါတွေကြေငြာပေးရပါမယ်။
အစိုးရ ဘာဖြစ်လို့ မကြေငြာနိုင်တာလည်းဆိုတာ သုံးသပ်ကြည့်တော့ သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေအရကို လွဲနေတော့တာပါပဲ။ စစ်တပ်က အာဏာပြန်မသိမ်းစေရဘူး ပြောရအောင်လည်း ဥပဒေအရ သိမ်းခွင့် ပေးထားတဲ့အတွက် တချို့ကြုံတုန်း ပါးစပ်ကနေ နောက်မလှည့်တော့ပါဘူးလောက် ပြောနေတာပါပဲ။ ဒီတော့ ဆိုလိုချင်တာက ဥပဒေမှာကို ပြောင်းပြစ်၊ ပြင်ပြစ်ရမဲ့ဟာတွေ ရှိနေတာ သေချာပါတယ်။
ဒါကြောင့် ဒေါ်စုက တရားဥပဒေစိုးမိုးမှု တည်ဆောက်ဘို့ဆိုရင် လက်ရှိဥပဒေမှာ လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ပြစ်ရမယ်လို့ ပြောနေတာပါ။ ကျနော်ထင်တာ လူထုကြီးက ဒါကို သိပ်သဘောကျနေတာပါ၊ လူထုက အသေးစိတ် ထုတ်မပြောတတ်ပေမဲ့ ဘဝအရ သိနေတဲ့ သဘောပါ၊
နီးရာဓား ကြောက်ရတဲ့ ဘဝမှာ နှစ်ပေါင်းများစွာ နေလာကြရတာ လူထုပါ။
လက်တလော..ပြည်တွင်းငြိမ်းချမ်းရေးအသံတွေ သိပ်ထွက်နေပါတယ်။ ဒေါ်စုလည်း ပြောတယ်၊ ၈၈ တွေလည်း ပြောဆိုလှုပ်ရှားနေတယ်၊ အစိုးရကလည်း တဖွဲ့ချင်း အပစ်ရပ်ရေးတွေကို ကိုယ်စားလှယ် နှစ်ဖွဲ့နဲ့ လုပ်နေတယ်။
ရှင်းအောင် လုပ်ရမဲ့ဟာကို ရှုပ်အောင် လုပ်တော့ ပိုကြာနေတာပေါ့ဗျာ။
နိုင်ကျဉ်းကိစ္စရော၊ ပြည်တွင်းငြိမ်းချမ်းရေး ရော၊ နိုင်ငံတကာရောက် မြန်မာပြည်သားတွေကိစ္စရော တခါတည်းနဲ့ တော်တော်လေး ခရီးရောက်အောင် လုပ်ချင်ရင် အရင်ဆုံး တရားဝင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တပြည်လုံး အပစ်ရပ်စဲရေးကို အစိုးရကကြေငြာ လိုက်ဘို့ပါပဲ။
ဒေါ်စုနဲ့ ၈၈ တွေအပါအဝင် ငြိမ်းချမ်းရေး အင်အားစုတွေနဲ့ပါ လက်တွဲပြီး ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား ကော်မတီကိုဖွဲ့ပြီး လုပ်လိုက်ရင် သားရွှေအိုးထမ်းလာတဲ့ ကိန်းပါဗျာ။
အခုတော့ သမီးပေး၊ သားမက်ပေး လိုက်လုပ်နေတော့ ယာယီအပစ်ရပ်တာတွေတောင် ခဏခဏ ပြန်ဖြစ်နေတာတွေက ကြားနေရတာ တိုင်းပြည်အတွက် ရတက် မအေး လှပါဘူး။
နောက်များ ပြန်လှည့်သွားလို့ကတော့ သေပါရော ဆိုပါတော့ မြန်မာပြည်ပေါ့ဗျာ။
ကိုယဉ်ထွန်း(လူ့ဘောင်သစ်)
ဖေဖေါ်ဝါရီလ ၂၄ရက်၊၂၀၁၂။
Thursday, February 9, 2012
ABSDF(ကျောင်းသားတပ်မတော်) နှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ မှတ်တမ်းဓါတ်ပုံများ
ABSDF(ကျောင်းသားတပ်မတော်) နှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်များ ယနေ့ညနေပိုင်းက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အသေးစိတ် အချက်အလက်များကို ဆွေးနွေးခြင်း မရှိသေးကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည် ဖော်ရေးကို ဦးတည်သည့် ပဏာမ တွေ့ဆုံခြင်းဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးခဲ့သူ ABSDF အဖွဲ့ ခေါင်းဆောင် ဦးမျိုးဝင်းက အခုလို ပြောသည်။
“နှစ်ဖက် တူညီတဲ့ အမြင်အပေါ်မှာ အခြေခံပြီးတော့မှ ငြိမ်းချမ်းရေး စားပွဲမှာ တန်းတူရည်တူ နိုင်ငံရေး ပြဿနာများကို ဆက်လက် ဆွေးနွေးသွားမယ် ဆိုတဲ့ သဘောထား ရယူနိုင်ရေးကို အဓိက ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။”
ထို့အပြင် အစိုးရသစ်မှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ သဘောထား ပြသမှုအပေါ် ကြိုဆိုလိုက်ပြီး ရှေ့ဆက်သွားနိုင်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျော်လင့်ကြောင်း ဆက်လက် ပြောဆိုသည်။
“အပြန်အလှန် ပွင့်ပွင့်လင်းလင်း ကျနော်တို့ အမြင် သဘောထားတွေ ဖလှယ် နိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဆွေးနွေးပွဲ ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာတော့ နောက်တဆင့် ဆွေးနွေးမှု အပေါ်မှာပဲ အခြေခံပြီးတော့ ဆုံးဖြတ်ရမှာပါ။”
အစိုးရနှင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များအကြား ပြည်နယ်အဆင့် ဆွေးနွေးပွဲ များတွင် အပစ်အခတ်ရပ်စဲရေး အဆင့် ရယူ နိုင်ခဲ့သော်လည်း ABSDF တပ်ဖွဲ့ အနေဖြင့် ဒေသတခု အပေါ် အခြေခံခြင်း မဟုတ်ဘဲ တနိုင်ငံလုံးကို ကိုယ်စားပြုထားသည့် အတွက် ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း တင်ပြခဲ့သည် ဟုလည်း ဆိုသည်။
အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးစောခင်စိုး က အဖွဲ့ကိုယ်စား လာရောက်ဆွေးနွေးခဲ့ပြီး ABSDF အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် (၅) ဦးနှင့် နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။
ပြည်ထာင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်းက ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သော်လည်း ဦးစောခင်စိုးမှတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည်။
ယနေ့ ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ခဲ့ခြင်း မရှိသော်လည်း နှစ်ဖက်ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့သည်။ သို့သော် တွေ့ဆုံမည့် နေ့ရက်ကိုမူ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့မှ လွန်ခဲ့သည့် ဇန္န၀ါရီလ (၁၀) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည့်အပေါ် ABSDF တပ်ဖွဲ့က ဇန္န၀ါရီလ (၁၇) ရက်နေ့က သဘောတူကြောင်း ပြန်ကြားလိုက်ပြီး ယနေ့ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။
ABSDF တပ်ဖွဲ့အား ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသများ သို့ ထွက်ခွာလာသည့် လူထုလူတန်းစား အလွှာအသီးသီး အပါအ၀င် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အတူ အစိုးရအား နှစ်ပေါင်း (၂၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်။
source by : http://www.nmg-news.com
Sunday, February 5, 2012
ကိုမင်းကိုနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သင်္ဃန်းကျွန်းရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား (ရုပ်/သံ)
source by : http://www.youtube.com/user/mgbamar1969